တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ CETC ကုမ္ပဏီ၏ အမှတ်(၃၄)သုတေသနဌာနသို့ သွားရောက်လေ့လာ

နေပြည်တော်၊ နိုဝင်ဘာ – ၂၂

တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) သို့ တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကွေ့လင်မြို့ရှိ China Electronic Technology (Group) Corporation (CETC) ကုမ္ပဏီ၏ အမှတ်(၃၄) သုတေသနဌာနသို့ သွား ရောက်လေ့လာကြည့်ရှုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Senior Colonel Xiong Shaowei၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ဇော်ဦးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ (CETC) ကုမ္ပဏီ အမှတ် (၃၄) သုတေသနဌာနသို့ ရောက်ရှိကြရာ (CETC) ကုမ္ပဏီ တွဲဘက်ဥက္ကဌ Mr. Zhu Chogjin နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမ တွင် (CETC) ကုမ္ပဏီတွဲဘက်ဥက္ကဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသော စစ်ဘက်အီလက်ထရောနစ် နည်းပညာ ဆိုင်ရာပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ယင်းနောက် အမှတ်(၃၄) သုတေသနဌာနမှ ထုတ်လုပ်ထားရှိသော အီလက်ထရောနစ် နည်းပညာဆိုင်ရာ ပစ္စည်းများနှင့် ဆက်သွယ်ရေးဆိုင်ရာတွင်အသုံးပြုသည့် Troposcatter ယာဉ်အားလေ့လာကြည့်ရှုရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိ သူများက ရှင်းလင်းပြသခဲ့သည်။ ထို့နောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် (CETC) ကုမ္ပဏီတွဲဘက်ဥက္ကဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့ တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕ CETC ကုမၸဏီ၏ အမွတ္(၃၄)သုေတသနဌာနသုိ႕ သြားေရာက္ေလ့လာ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၂

တ႐ုတ္ႏုိင္ငံတြင္က်င္းပျပဳလုပ္ခဲ့သည့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) သုိ႔ တက္ေရာက္ခဲ့ေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္ လႈိင္ ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႕ နံနက္ပုိင္းတြင္ ေကြ႕လင္ၿမိဳ႕ရွိ China Electronic Technology (Group) Corporation (CETC) ကုမၸဏီ၏ အမွတ္(၃၄) သုေတသနဌာနသုိ႕ သြား ေရာက္ေလ့လာၾကည့္႐ႈၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံ စစ္သံမွဴး Senior Colonel Xiong Shaowei၊ တ႐ုတ္ႏုိင္ငံဆုိင္ရာျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးခ်ဳပ္ ေဇာ္ဦးႏွင့္အဖြဲ႕၀င္မ်ား လုိက္ပါ၍ (CETC) ကုမၸဏီ အမွတ္ (၃၄) သုေတသနဌာနသုိ႕ ေရာက္ရွိၾကရာ (CETC) ကုမၸဏီ တြဲဘက္ဥကၠဌ Mr. Zhu Chogjin ႏွင့္အဖြဲ႕၀င္မ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႕ေနာက္ အစည္းအေ၀းခန္းမ တြင္ (CETC) ကုမၸဏီတြဲဘက္ဥကၠဌက ႀကိဳဆုိႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ကုမၸဏီမွ တာ၀န္ရွိသူတစ္ဦးက ကုမၸဏီမွ ထုတ္လုပ္လ်က္ရွိေသာ စစ္ဘက္အီလက္ထေရာနစ္ နည္းပညာ ဆုိင္ရာပစၥည္းမ်ားႏွင့္ပတ္သက္၍ ရွင္းလင္း တင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က သိရွိလုိသည္မ်ား ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့သည္။

ယင္းေနာက္ အမွတ္(၃၄) သုေတသနဌာနမွ ထုတ္လုပ္ထားရွိေသာ အီလက္ထေရာနစ္ နည္းပညာဆုိင္ရာ ပစၥည္းမ်ားႏွင့္ ဆက္သြယ္ေရးဆုိင္ရာတြင္အသုံးျပဳသည့္ Troposcatter ယာဥ္အားေလ့လာၾကည့္႐ႈရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ျပန္လည္ေမးျမန္းေဆြးေႏြးမႈအေပၚ တာ၀န္ရွိ သူမ်ားက ရွင္းလင္းျပသခဲ့သည္။ ထုိ႕ေနာက္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးၾကကာ တပ္မေတာ္္ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ (CETC) ကုမၸဏီတြဲဘက္ဥကၠဌတုိ႕သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။