နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင် ၄ မြင်နှင့် နိုင်ငံတကာအမြင်တို့ ပေါင်းစပ်တွေးခေါ်၍ နိုင်ငံတော်အဆင့်မူဝါဒများချမှတ်ရာတွင် တိုင်းပြည်၏ပကတိအခြေ အနေမှန်များ၊ မဖြစ်မနေထည့်သွင်းစဉ်းစားဆောင်ရွက်ရမည့်အချက်များအား ဂရုပြု ဆောင်ရွက်ရန်လို

နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင် ၄ မြင်နှင့် နိုင်ငံတကာအမြင်တို့ ပေါင်းစပ်တွေးခေါ်၍ နိုင်ငံတော်အဆင့်မူဝါဒများချမှတ်ရာတွင် တိုင်းပြည်၏ပကတိအခြေ အနေမှန်များ၊ မဖြစ်မနေထည့်သွင်းစဉ်းစားဆောင်ရွက်ရမည့်အချက်များအား ဂရုပြု ဆောင်ရွက်ရန်လို

နေပြည်တော် နိုဝင်ဘာ  ၂၉

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့်နိုင်ငံရေးအမြင်၊ ကာကွယ်ရေးအမြင်၊ စီးပွားရေးအမြင်နှင့် အုပ်ချုပ်ရေးအမြင်များကို နိုင်ငံတကာအမြင်နှင့် နှိုင်းယှဉ်ပေါင်းစပ်တွေးခေါ်၍ မှန်ကန်သောအယူအဆများ၊ တိကျပြတ်သားသောဆုံးဖြတ် ချက်များ၊ နိုင်ငံတော်အဆင့်မူဝါဒများ ချမှတ်နိုင်ရေးအတွက် တိုင်းပြည်၏ပကတိ အခြေအနေမှန်များကိုသိရှိပြီး မှန်ကန်သော အတွေးအခေါ် များရရှိစေရန်၊ အတွေးအခေါ်မမှားစေရန်သင်တန်းတွင်ဆွေးနွေးမှုများ၊ ရေးသားမှုများ၊ ဖတ်ရှုလေ့လာ မှတ်သားခြင်းများကို အမြင် ၄ မြင်ဖြင့် ထည့်သွင်းစဉ်းစားတွက်ချက်၍ ကြိုးစားလုပ်ဆောင်ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ သင်တန်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ ကျောင်းအုပ်ကြီးနှင့် နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံရေးအမြင်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အောင်မြင်လျက် ရှိသောအခြား နိုင်ငံများကကျင့်သုံးသည့် နည်းလမ်းများကိုအတုယူရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ နှင့် ကိုက်ညီမှုရှိ၊ မရှိ သေချာစွာ စဉ်းစားဆောင်ရွက်ရမည် ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်ပေါင်းစုံထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ တိုင်းပြည်သည်နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစသည့်မောင်းနှင်အား ၃ ခုဖြင့် ရပ်တည်ရခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးအရအားကောင်းပြီး စီးပွားရေးနှင့်ကာကွယ်ရေးပိုင်းတွင် အားနည်းနေ၍ မရကြောင်း၊ အချို့နိုင်ငံများတွင် ကာကွယ်ရေးအင်အားကောင်းပြီး နိုင်ငံရေးအင်အား မကောင်းသဖြင့် နိုင်ငံတကာဆက်ဆံရေးတွင်အားနည်းပြီး စီးပွားရေးမကောင်းသည် ကိုတွေ့မြင်ရကြောင်း၊ မိမိတို့ နိုင်ငံကို လွတ်လပ်ရေးမရမီကာလနှင့်လွတ်လပ်ရေးရပြီး ကာလဟူ၍နှစ်ခုခွဲကြည့်ပါက ယခင်ကဘုရင် စနစ်ဖြင့်သွားခဲ့ပြီး လွတ်လပ်ရေးရပြီး ကာလတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှစပြီး ဗဟိုဦးစီး စနစ်ဖြင့်သွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ကြောင်း၊  ထိုသို့ ကျင့်သုံးခဲ့ရာတွင်အမြင်မတူကွဲပြားခြားနားမှုများရှိမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ် နှင့် အရင်းရှင်စနစ်တို့အားပြိုင်မှုများရှိခဲ့ပြီး ကိုလိုနီစနစ်တွင်ဖိနှိပ်ခံလူတန်းစားများသည် ဆိုရှယ်လစ် အယူအဆများကို လက်ခံကျင့်သုံးလာခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် တစ်နိုင်ငံလုံး ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေးစနစ်များကြောင့် တိုင်းပြည်တွင် တောင်တန်းဒေသ အုပ်ချုပ်ရေး၊ ၉၁ ဌာနအုပ်ချုပ်ရေး၊ ခွဲရေး၊ တွဲရေး ပြဿနာများ ဖြစ်ပေါ်ကာ နိုင်ငံရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့တွင်  ခေါင်းဆောင်များ အပေါ်မူတည်၍ အမြင်မတူကွဲပြားခြင်းများဖြစ်ပေါ်ခဲ့သည် ကို သတိပြုရမှာဖြစ်ကြောင်း။

ကိုလိုနီခေတ်တွင် အလုပ်သမားများ၊ ကူလီများအဖြစ် အင်္ဂလိပ်တို့က ခေါ်သွင်း လာသော ချစ်တီးများ၊ ဘင်္ဂါလီများ ရောက်ရှိလာခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး ယင်းနှစ်တွင်ပင် ICJ တွင်ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုအချိန်က မြန်မာနိုင်ငံ၏ တိုင်းရင်းသားများတွင် ရိုဟင်ဂျာဟုလည်းကောင်း၊ ဘင်္ဂါလီဟုလည်းကောင်း ပါဝင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ၁၉၇၄-၁၉၇၅ ခုနှစ်တွင် ဟင်္သာ စီမံချက်ဆောင်ရွက်ခဲ့ရာတွင်လည်း သတင်းစာ၊ ဆောင်းပါးများ အားလုံးက ဘင်္ဂါလီဟုသာ သုံးစွဲဖော်ပြခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုအချိန် ကာလကပင် လူဝင်မှုဆိုင်ရာ  အပါအဝင်ပြဿနာပေါင်းစုံရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

လွတ်လပ်ရေးရရှိပြီးနောက်တွင် ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ် ကာလများအတွင်း နိုင်ငံတော်၏ နယ်နိမိတ်များ အားလုံးနီးပါးကို တိုင်းတာအတည် ပြုနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ နယ်နိမိတ်များနှင့်ပတ်သက်၍ တိုင်းရင်းသားအားလုံးကကန့်ကွက်မှုမရှိခဲ့ဘဲ နိုင်ငံပိုင်နက်ကို လက်ခံ ခဲ့ကြကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင်လည်း နိုင်ငံရေးအယူကွဲပြားမှု၊ တိုင်းရင်းသားအရေး ကွဲပြားမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ရာ ယနေ့အထိ ဖြေရှင်းနေရဆဲ ဖြစ်ပြီး ထိုသို့ဖြတ်သန်းခဲ့သည့်သမိုင်းကြောင်းဆိုင်ရာ အတွေ့အကြုံများအရ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားများအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့်အချက်သုံးချက်၊ တို့တာဝန်အရေးသုံးပါးကို ဖော်ထုတ်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အသက်သွေးချွေးများစွာပေးဆပ်ခဲ့ပြီး ဆုံးရှုံးခဲ့သည့်လွတ်လပ်ရေးကို ပြန်လည် ရယူထားရခြင်းဖြစ်သည့်အတွက် အတိတ်ကိုသင်ခန်းစာရယူပြီး ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်အပါအဝင်၊နိုင်ငံသားအားလုံးက ထိန်းသိမ်း ကာကွယ်ရမည်ဖြစ်ကြောင်း။

လက်ရှိအခြေအနေတွင် နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းရန်အတွက် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းရမည်ဖြစ်ပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည်ဖြစ် ကြောင်း၊ ဥပမာအားဖြင့် မြန်မာ့ရိုးရာတွင်ဧည့်သည်လာပါက ကွမ်း၊ ဆေး၊ လက်ဖက် ဖြင့်ဧည့်ခံ သည်မှာ ရှေးယခင်ကတည်းက အစဉ်အလာဖြစ်သော်လည်း ယနေ့ခေတ်ကာလတွင် ကွမ်း၊ ဆေးလိပ် တို့ သည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ကို တွေ့ရှိရသဖြင့် ရိုးရာ အစဉ်အလာ များကို ခေတ်ကာလနှင့်လိုက်လျောညီထွေစွာပြင်ဆင်သင့်တာကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မည်သို့ပင် ဆောင်ရွက်သည်ဖြစ်စေ တရားဥပဒေနှင့်အညီဖြစ်ရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။

နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး၊ သမိုင်းကြောင်း အခြေအနေတို့အရ  လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒများ ကျင့်သုံးနေကြောင်း၊ နိုင်ငံတကာဆက်ဆံရေး၌ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူဟူ၍မရှိဘဲ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အကောင်းဆုံးဆက်ဆံရေးဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံကို ရွေးချယ်ပိုင်ခွင့်မရှိသည်ကို နားလည်ရမည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ နှင့်စိတ်တူ သဘောတူဖြစ်သည့်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ခိုင်မာစွာရပ်တည်ဆောင်ရွက်၍ မှန်ကန်သည့် ဆုံးဖြတ်ချက် များ ချမှတ်နိုင်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

စီးပွားရေးအမြင်နှင့်ပတ်သက်၍ ပြောကြားရာတွင် စီးပွားရေးသည်နိုင်ငံ၏အဓိက မောင်းနှင်အား ဖြစ်သည်နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊လူတိုင်းသည်မိမိတို့ဘဝဖွံ့ဖြိုးတိုးတက် ရန်လိုလားသကဲ့သို့ နိုင်ငံတိုင်းသည်လည်း မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အား ပြည့်စုံလုံလောက်မှု၊ သယ်ယူပို့ဆောင်ရေး ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်မှုနှင့် စည်းကမ်းတကျလုပ်ကိုင်တတ်သော လူသား အရင်းအမြစ်ပြည့်စုံမှု တို့အပေါ်မူတည်ကြောင်း၊ လျှပ်စစ်စွမ်းအားသည် အရေးကြီးပြီး နည်းပညာများ မည်သို့ပင် တိုးတက်နေသည်ဖြစ်စေ လျှပ်စစ်စွမ်းအား ပြည့်စုံလုံလောက်မှုမရှိပါက အဆင်မပြေနိုင် ကြောင်း၊ နိုင်ငံတွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့်ရေအား၊ နေအား၊ လေစွမ်းအားတို့ နယ်ပယ် မျိုးစုံတွင်ရှိသော်လည်း အကြောင်းအမျိုးမျိုးဖြင့်ကန့်ကွက်မှုများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှုများကိုနည်းစနစ်တကျဖြစ်စေရေးနှင့် ပြည်သူများနားလည်လက်ခံနိုင်ရေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးကောင်းမွန်မှုသည် စီးပွားရေးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်ပြီး ရေလမ်း၊ ကားလမ်း၊ ရထားလမ်း၊ လေကြောင်း စသည်ဖြင့် ရှိရာတွင် ရထားလမ်းများနှင့် ပင်လယ် ကမ်းရိုးတန်းရှည်ပြီး မြစ်ချောင်းပေါများသော မိမိတို့နိုင်ငံအတွက် ရေကြောင်း ပို့ဆောင် ရေးကို အကျိုးရှိစွာအသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်သည် သတင်းနှင့် နည်းပညာခေတ် ဖြစ်သဖြင့် ဆက်သွယ်မှုစနစ်သည်လျင်မြန်စွာပြောင်းလဲတိုးတက်နေ သည်ကို အမီလိုက်နိုင်ရမည် ဖြစ်ပြီး ဆက်သွယ်ရေးလုံခြုံမှုကိုလည်း သတိပြုရန်လိုအပ် ကြောင်း ရှင်းလင်းပြောကြားသည်။

တိုင်းပြည်တိုးတက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျပြီး စာတတ် နေရုံဖြင့်မရဘဲ အတတ်ပညာများရှိရန်၊ စည်းကမ်းတကျ လုပ်ကိုင် လိုစိတ်ရှိရန်၊ အဆင့်မြင့်ပညာအထိ သင်ကြားရေးနှင့်အတန်းပညာအလိုက် အမှန်တကယ်တတ်မြောက်ရန် တန်းစဉ်ကူးပြောင်းမှုမြင့်မား စေရန်၊ အဆင့်မြင့်ပညာတတ်များမွေးထုတ်ရေး အားပေးကြရန်လိုအပ်ကြောင်း၊ ဒေသအလိုက် ပညာတတ်များ ထွက်ပေါ်လာစေရေး အတွက် နိုင်ငံအဝှမ်းတက္ကသိုလ် ကောလိပ်ပေါင်းများစွာ ဖွင့်လှစ် ထားပြီး ယခုအခါ ပုဂ္ဂလိကပညာသင်ကြားမှုများပါ ပေါ်ထွန်းလာပြီဖြစ်၍ မိမိတို့ဒေသနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါ်ထွက်လာရေး အားပေးရန်နှင့်  ပေါ်ထွက်လာသည့် လူသားအရင်းအမြစ်များကို မှန်မှန်ကန်ကန် အသုံးချရမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

နိုင်ငံ၏တိုးတက်မှုသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားတိုးတက်မှုအပေါ် တွင်အဓိကကျပြီး မြို့ပြနှင့်ကျေးလက်ကွာဟမှုကြီးမားလာပါက မြို့ပြများတွင် လူဦးရေသိပ်သည်းလာမည်ဖြစ်ပြီး ပြဿနာများစွာ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ စီးပွားရေး တိုးတက်အောင် အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးအပြင် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ၊ ကုန်ကြမ်းပို့ကုန်အစား ကုန်ချောပို့ကုန်များ ထုတ်လုပ်တင်ပို့ ခြင်းဖြင့် အကျိုးအမြတ်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ကြောင်း၊ ဥပမာအားဖြင့်  သစ်အလုံးလိုက်တင်ပို့ခြင်းအစား သစ်ခွဲသားများတင်ပို့ခြင်းဖြင့် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်လာပြီး လုပ်သားများဝင်ငွေရရှိစေခြင်း ဘေးထွက်ပစ္စည်းများကို အသုံးပြုနိုင်ခြင်းစသည့် အကျုးိများရရှိနိုင်ကြောင်း၊ အထည်ချုပ်လုပ်ငန်းကဲ့သို့သော မီးခိုးတိတ် စီးပွားရေးလုပ်ငန်းများနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် သဘာဝကို မပျက်စီးစေသည့် ဆွဲဆောင်မှု များပြုလုပ်ရန်လိုကြောင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာကို မထိခိုက်စေသည့် ဆွဲဆောင်မှု များဖြင့် ခရီးသွားလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးကျင့်သုံး ဆောင်ရွက်ကြသည့် နိုင်ငံတိုင်းတွင်အစိုးရ၏အခန်းကဏ္ဍရှိနေသည်ဆိုခြင်းကို လေ့လာတွေ့ရှိရ ကြောင်း၊ အချို့သောလုပ်ငန်းများတွင် အချိန်အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်က ဝင်ရောက် လုပ်ကိုင်ပေးရမည်ဖြစ်ပြီး ဈေးကွက်စီးပွားရေး အခြေအနေကောင်းများ ပီပီပြင်ပြင်ဖန်တီးနိုင်မှသာလျှင် အစိုးရ၏အခန်းကဏ္ဍကို တစ်ဖြည်းဖြည်းပြောင်းလဲ လျှော့ချသွားရမည်ဖြစ်ကြောင်း၊ အခွန်အခများ ကောက်ခံရာတွင် မှန်ကန်မျှတမှုရှိရန်နှင့် ပေးရန်တာဝန်ရှိသူများကမှန်ကန်စွာ ပေးသွင်းရေး၊ သွင်းကုန် လျှော့ချနိုင်ရေးအတွက်ပြည်တွင်းဖြစ်ကိုအားပေး၍ စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

အုပ်ချုပ်ရေးအမြင်နှင့်ပတ်သက်၍ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့်သွားနေသည့် အတွက် တည်ငြိမ် အေးချမ်းပြီး ညီညွတ်မျှတသည့်အုပ်ချုပ်ရေးစနစ်ဖြစ်ရန်၊ ဥပဒေ၊ စည်းကမ်းများကိုလေးစား လိုက်နာရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲစနစ်ဖြင့် လူအများဆန္ဒအပေါ်ဆောင်ရွက်ကြရသဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများဖြစ်ရန်လိုပြီး ဆင်ခြင်တုံတရားဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးဆိုသည်မှာ အများကရွေးချယ်သည့် အစိုးရ၊ အုပ်ချုပ်သူအဖွဲ့အစည်းမှ တရားမျှတသည့်စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရန်အရေးကြီးကြောင်း၊ ဖဆပလခေတ်တွင် ပြည်တော်သာစီမံကိန်းကို ဆောင်ရွက်ခဲ့သော်လည်း ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများ ကြောင့် မအောင်မြင်ဘဲ စီမံကိန်းပျက်ပြားခဲ့ရကြောင်း၊ ဒီမိုကရေစီခိုင်မာအားကောင်းရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရန်၊ အုပ်ချုပ်သူများကောင်းရန်လိုကြောင်း၊ ပါတီနိုင်ငံရေးများ ပါသော အုပ်ချုပ်မှုစနစ်မျိုးဖြစ်နေပါကအဆင်မပြေကြောင်း၊ ဒီမိုကရေစီတွင်ယှဉ်ပြိုင် ဘက်အတိုက်အခံပါတီ များရှိမည်ဖြစ်ကြောင်း၊ ပါတီနိုင်ငံရေးပါသောအုပ်ချုပ်ရေး ဆောင်ရွက်ပါက အုပ်ချုပ်ရေးကို အတိုက်အခံလုပ်မှာဖြစ်ကြောင်း၊ အာဏာရပါတီကလည်း အာဏာရရှိရေး၊ အာဏာတည်မြဲရေးကို ကြိုးစားမည်သာဖြစ်၍ မည်သို့မျှသဟဇာတမဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တည်ငြိမ်အေးချမ်းရန်၊ ညီညွတ်မျှတသည့် အုပ်ချုပ်ရေးဖြစ်ရန်လိုကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးများ တိုးတက်ကောင်းမွန် ရန် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးသည် အရေးကြီးပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်လိုအပ်သဖြင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁၊ ၂၊ ၃၊ ၅) တို့တွင် လုပ်ပိုင်ခွင့်များ ပြဌာန်းပြီးဖြစ်၍ အကျိုးရှိရှိအသုံးချရန်နှင့် အားနည်းချက်၊ လိုအပ်ချက်များရှိပါက ဥပဒေနှင့်အညီ ပြင်ဆင်ဖြည့်စွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့သည် ပိုင်းခြားကျင့်သုံးမှု၊ အပြန်အလှန်ထိန်းကျောင်းမှုတို့ ရှိရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

ကာကွယ်ရေးအမြင်နှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး ဟု ခွဲခြားသိမြင်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ  Lawfull Police တို့က တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကို တာဝန်ယူပြီး လုံခြုံရေး အဖွဲ့အစည်းများက(Armed Police  အပါအဝင်) ပါဝင်ကူညီပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတာဝန်ကို Lawfull Police နှင့် အရေးကြီးသည့်နေရာများကို   Armed Police များက တာဝန်ယူပြီးလိုအပ်ပါက တပ်မတော် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ကာကွယ်ရေးတာဝန်ကို  တပ်မတော်က အဓိက တာဝန်ယူပြီး လိုအပ်ပါက Armed Police နှင့် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ပေးကြရမည်ဖြစ်ကြောင်း၊  ကာကွယ်ရေးတည်ဆောက်မှုသည် ယခုလုပ် ယခုရခြင်း မဟုတ်ဘဲ လူအင်အား၊ လက်နက်အင်အား၊ စိတ်ဓာတ်အင်အားတို့ဖြင့် တည်ဆောက်ရကြောင်း၊ စိတ်ဓာတ် မကောင်းပါက လူအင်အား၊ လက်နက်အင်အား မည်မျှပင်ကောင်းသည်ဖြစ်စေ အရေးနိမ့်မည်သာ ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းအထီးတည်းနေ၍မရကြောင်း၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးများကို အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့်စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရမည်ဖြစ်ကြောင်း၊ အမျိုးသား ယဉ်ကျေးမှု စရိုက် လက္ခဏာကို ပြည်သူနှင့်ပူးပေါင်း၍ ထိန်းသိမ်းခြင်းသည် အမျိုးသားရေးတာဝန်ကို ကာကွယ်ခြင်းပင်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကာကွယ်ရေးတို့တွင် ပြည်သူ ပူးပေါင်းပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ပကတိအခြေအနေ၊ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများအပေါ်မူတည်၍ ကာကွယ်ရေး တည်ဆောက်မှု အခြေအနေများအား သိရှိနားလည်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံကာကွယ် ရေးတွင် ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ မအောင်မြင်နိုင်ကြောင်းပြောကြားသည်။

ဆက်လက်ပြီး သတင်းနှင့်နည်းပညာ Information Technology နှင့်ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးတာဝန်များထမ်းဆောင်ရာတွင် IT နည်းပညာများနှင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်ပြီး နားလည်တတ်ကျွမ်းအောင်လေ့လာရမည်ဖြစ်ကာ လက်တွေ့လည်း ကျင့်သုံးနိုင်ရမည်ဖြစ်ကြောင်း၊ IT  နည်းပညာသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုက အခြေအနေနှင့် ယခုအခြေအနေ များစွာကွာခြားလျက်ရှိကြောင်း၊ အာကာသနည်းပညာများ သည်လည်း တစ်ဟုန်ထိုး ဖွံ့ဖြိုး တိုးတက်လာသဖြင့် ကမ္ဘာကြီးသည် ပိုမိုကျဉ်းမြောင်းလာပြီး ဆက်သွယ်မှုစနစ်များ မြန်ဆန်လာခဲ့ကြောင်း၊ IT နည်းပညာကို အသုံးချရာတွင်လည်း မိမိယဉ်ကျေးမှုနှင့် လုံခြုံမှုများကို ကျိုးပေါက်ထိခိုက်မှုမရှိအောင် အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ အမြင်လေးမြင်ဖြစ်သည့်နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးများဖြင့်စဉ်းစား ဆောင်ရွက်ကြရာတွင်လည်း ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်အသုံးချ၍ တိုးတက်အောင် ဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

(Zawgyi One)

ႏုိင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရး အျမင္ ၄ ျမင္ႏွင့္ ႏုိင္ငံတကာအျမင္တုိ႕ ေပါင္းစပ္ေတြးေခၚ၍ ႏုိင္ငံေတာ္အဆင့္မူ၀ါဒမ်ားခ်မွတ္ရာတြင္ တုိင္းျပည္၏ပကတိအေျခ အေနမွန္မ်ား၊ မျဖစ္မေနထည့္သြင္းစဥ္းစားေဆာင္ရြက္ရမည့္အခ်က္မ်ားအား ဂ႐ုျပဳ ေဆာင္ရြက္ရန္လုိ

ေနျပည္ေတာ္ ႏုိ၀င္ဘာ  ၂၉

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္၏ ရည္မွန္းခ်က္ျဖစ္သည့္ႏိုင္ငံေရးအျမင္၊ ကာကြယ္ေရးအျမင္၊ စီးပြားေရးအျမင္ႏွင့္ အုပ္ခ်ဳပ္ေရးအျမင္မ်ားကို ႏိုင္ငံတကာအျမင္ႏွင့္ ႏႈိင္းယွဥ္ေပါင္းစပ္ေတြးေခၚ၍ မွန္ကန္ေသာအယူအဆမ်ား၊ တိက်ျပတ္သားေသာဆုံးျဖတ္ ခ်က္မ်ား၊ ႏိုင္ငံေတာ္အဆင့္မူ၀ါဒမ်ား ခ်မွတ္ႏိုင္ေရးအတြက္ တိုင္းျပည္၏ပကတိ အေျခအေနမွန္မ်ားကိုသိရွိၿပီး မွန္ကန္ေသာ အေတြးအေခၚ မ်ားရရွိေစရန္၊ အေတြးအေခၚမမွားေစရန္သင္တန္းတြင္ေဆြးေႏြးမႈမ်ား၊ ေရးသားမႈမ်ား၊ ဖတ္႐ႈေလ့လာ မွတ္သားျခင္းမ်ားကို အျမင္ ၄ ျမင္ျဖင့္ ထည့္သြင္းစဥ္းစားတြက္ခ်က္၍ ႀကဳိးစားလုပ္ေဆာင္ၾကရမည္ ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႕နံနက္ ပုိင္းတြင္ ႏုိင္ငံေတာ္ကာကြယ္ေရးတကၠသုိလ္၊ သင္တန္းခန္းမ၌ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ နည္းျပအရာရွိႀကီးမ်ား၊ သင္တန္းသားအရာရွိႀကီးမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ၫႇိႏႈိင္းကြပ္ကဲ ေရးမွဴး(ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ႏုိင္ငံေတာ္ကာကြယ္ေရး တကၠသုိလ္မွ ေက်ာင္းအုပ္ႀကီးႏွင့္ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေရးအျမင္ႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားရာတြင္ ေအာင္ျမင္လ်က္ ရွိေသာအျခား ႏုိင္ငံမ်ားကက်င့္သုံးသည့္ နည္းလမ္းမ်ားကုိအတုယူရာတြင္ ျမန္မာႏုိင္ငံ၏ ပကတိအေျခအေနမွန္မ်ား ႏွင့္ ကုိက္ညီမႈရွိ၊ မရွိ ေသခ်ာစြာ စဥ္းစားေဆာင္ရြက္ရမည္္ ျဖစ္ၿပီး တိုင္းျပည္ဖြံ႕ၿဖဳိးတိုးတက္ရန္အတြက္ ဘက္ေပါင္းစုံထည့္သြင္းစဥ္းစားရန္ လိုအပ္ေၾကာင္း၊ တိုင္းျပည္သည္ႏိုင္ငံေရး၊ စီးပြားေရး၊ ကာကြယ္ေရးစသည့္ေမာင္းႏွင္အား ၃ ခုျဖင့္ ရပ္တည္ရျခင္းျဖစ္ၿပီး တစ္ခုႏွင့္တစ္ခု ခိ်တ္ဆက္ေနရမည္ ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးအရအားေကာင္းၿပီး စီးပြားေရးႏွင့္ကာကြယ္ေရးပိုင္းတြင္ အားနည္းေန၍ မရေၾကာင္း၊ အခ်ဳိ႕ႏိုင္ငံမ်ားတြင္ ကာကြယ္ေရးအင္အားေကာင္းၿပီး ႏိုင္ငံေရးအင္အား မေကာင္းသျဖင့္ ႏိုင္ငံတကာဆက္ဆံေရးတြင္အားနည္းၿပီး စီးပြားေရးမေကာင္းသည္ ကိုေတြ႕ျမင္ရေၾကာင္း၊ မိမိတို႔ ႏိုင္ငံကို လြတ္လပ္ေရးမရမီကာလႏွင့္လြတ္လပ္ေရးရၿပီး ကာလဟူ၍ႏွစ္ခုခြဲၾကည့္ပါက ယခင္ကဘုရင္ စနစ္ျဖင့္သြားခဲ့ၿပီး လြတ္လပ္ေရးရၿပီး ကာလတြင္ ပါလီမန္ဒီမိုကေရစီစနစ္ က်င့္သုံးခဲ့ေၾကာင္း၊ ၁၉၆၂ ခုႏွစ္မွစၿပီး ဗဟိုဦးစီး စနစ္ျဖင့္သြားခဲ့ၿပီး ၂၀၁၁ ခုႏွစ္မွစ၍ ပါတီစုံဒီမိုကေရစီစနစ္ကိုက်င့္သုံးခဲ့ေၾကာင္း၊  ထိုသို႔ က်င့္သုံးခဲ့ရာတြင္အျမင္မတူကြဲျပားျခားနားမႈမ်ားရွိမည္ျဖစ္ေၾကာင္း၊ ဆိုရွယ္လစ္စနစ္ ႏွင့္ အရင္းရွင္စနစ္တို႔အားၿပဳိင္မႈမ်ားရွိခဲ့ၿပီး ကိုလိုနီစနစ္တြင္ဖိႏွိပ္ခံလူတန္းစားမ်ားသည္ ဆိုရွယ္လစ္ အယူအဆမ်ားကို လက္ခံက်င့္သုံးလာခဲ့ေၾကာင္း၊ ၁၈၈၆ ခုႏွစ္တြင္ တစ္ႏိုင္ငံလုံး ကိုလိုနီႏိုင္ငံျဖစ္ခဲ့ၿပီး ကိုလိုနီအစိုးရ၏ ေသြးခြဲအုပ္ခ်ဳပ္ေရးစနစ္မ်ားေၾကာင့္ တိုင္းျပည္တြင္ ေတာင္တန္းေဒသ အုပ္ခ်ဳပ္ေရး၊ ၉၁ ဌာနအုပ္ခ်ဳပ္ေရး၊ ခြဲေရး၊ တြဲေရး ျပႆနာမ်ား ျဖစ္ေပၚကာ ႏိုင္ငံေရး၊ ကာကြယ္ေရး၊ အုပ္ခ်ဳပ္ေရးတို႔တြင္  ေခါင္းေဆာင္မ်ား အေပၚမူတည္၍ အျမင္မတူကြဲျပားျခင္းမ်ားျဖစ္ေပၚခဲ့သည္ ကုိ သတိျပဳရမွာျဖစ္ေၾကာင္း။

ကုိလုိနီေခတ္တြင္ အလုပ္သမားမ်ား၊ ကူလီမ်ားအျဖစ္ အဂၤလိပ္တုိ႕က ေခၚသြင္း လာေသာ ခ်စ္တီးမ်ား၊ ဘဂၤါလီမ်ား ေရာက္ရွိလာခဲ့ေၾကာင္း၊ ျမန္မာႏုိင္ငံသည္ ၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေရးရရွိၿပီး ယင္းႏွစ္တြင္ပင္ ICJ တြင္ပါ၀င္ လက္မွတ္ေရးထုိးခဲ့ေၾကာင္း၊ ထုိအခ်ိန္္က ျမန္မာႏုိင္ငံ၏ တုိင္းရင္းသားမ်ားတြင္ ႐ုိဟင္ဂ်ာဟုလည္းေကာင္း၊ ဘဂၤါလီဟုလည္းေကာင္း ပါ၀င္ခဲ့ျခင္းမရွိခဲ့ေၾကာင္း၊ ၁၉၇၄-၁၉၇၅ ခုႏွစ္တြင္ ဟသၤာ စီမံခ်က္ေဆာင္ရြက္ခဲ့ရာတြင္လည္း သတင္းစာ၊ ေဆာင္းပါးမ်ား အားလုံးက ဘဂၤါလီဟုသာ သုံးစြဲေဖာ္ျပခဲ့သည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ထုိအခ်ိန္ ကာလကပင္ လူ၀င္မႈဆုိင္ရာ  အပါအ၀င္ျပႆနာေပါင္းစုံရွိခဲ့သည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း။

လြတ္လပ္ေရးရရွိၿပီးေနာက္တြင္ ပါလီမန္ေခတ္၊ ေတာ္လွန္ေရးေကာင္စီေခတ္ ကာလမ်ားအတြင္း ႏုိင္ငံေတာ္၏ နယ္နိမိတ္မ်ား အားလုံးနီးပါးကုိ တုိင္းတာအတည္ ျပဳႏုိင္ခဲ့ေၾကာင္း၊ ႏုိင္ငံေတာ္၏ နယ္နိမိတ္မ်ားႏွင့္ပတ္သက္၍ တုိင္းရင္းသားအားလုံးကကန္႕ကြက္မႈမရွိခဲ့ဘဲ ႏုိင္ငံပုိင္နက္ကုိ လက္ခံ ခဲ့ၾကေၾကာင္း၊ လြတ္လပ္ေရးရရွိၿပီးေနာက္ပုိင္းတြင္လည္း ႏိုင္ငံေရးအယူကြဲျပားမႈ၊ တုိင္းရင္းသားအေရး ကြဲျပားမႈမ်ားေၾကာင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ေပၚခဲ့ရာ ယေန႔အထိ ေျဖရွင္းေနရဆဲ ျဖစ္ၿပီး ထုိသုိ႕ျဖတ္သန္းခဲ့သည့္သမုိင္းေၾကာင္းဆုိင္ရာ အေတြ႕အႀကဳံမ်ားအရ ႏုိင္ငံေတာ္၏ အမ်ဳိးသား အက်ိဳးစီးပြားမ်ားအတြက္ ျပည္ေထာင္စုမၿပဳိကြဲေရး၊ တုိင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပဳိကြဲေရးႏွင့္ အခ်ဳပ္အျခာ အာဏာတည္တံ့ခိုင္ၿမဲေရးဟူသည့္အခ်က္သုံးခ်က္၊ တုိ႕တာ၀န္အေရးသုံးပါးကုိ ေဖာ္ထုတ္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ အသက္ေသြးေခြၽးမ်ားစြာေပးဆပ္ခဲ့ၿပီး ဆုံး႐ႈံးခဲ့သည့္လြတ္လပ္ေရးကို ျပန္လည္ ရယူထားရျခင္းျဖစ္သည့္အတြက္ အတိတ္ကိုသင္ခန္းစာရယူၿပီး ဒို႔တာ၀န္အေရးသုံးပါးကို တပ္မေတာ္အပါအ၀င္၊ႏိုင္ငံသားအားလုံးက ထိန္းသိမ္း ကာကြယ္ရမည္ျဖစ္ေၾကာင္း။

လက္ရွိအေျခအေနတြင္ ႏိုင္ငံေရးအရ တည္ၿငိမ္မႈႏွင့္ ဒို႔တာ၀န္အေရးသုံးပါးကို ထိန္းသိမ္းရန္အတြက္ တပ္မေတာ္အေနျဖင့္ အမ်ဳိးသားႏိုင္ငံေရးအခန္းက႑တြင္ ဆက္လက္ပါ၀င္ေနရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ထိန္းသိမ္းသင့္တာကို ထိန္းသိမ္းရမည္ျဖစ္ၿပီး ျပင္ဆင္သင့္တာကို ျပင္ဆင္ရမည္ျဖစ္ ေၾကာင္း၊ ဥပမာအားျဖင့္ ျမန္မာ့႐ိုးရာတြင္ဧည့္သည္လာပါက ကြမ္း၊ ေဆး၊ လက္ဖက္ ျဖင့္ဧည့္ခံ သည္မွာ ေရွးယခင္ကတည္းက အစဥ္အလာျဖစ္ေသာ္လည္း ယေန႔ေခတ္ကာလတြင္ ကြမ္း၊ ေဆးလိပ္ တုိ႕ သည္ က်န္းမာေရးကုိ ဆုိး႐ြားစြာထိခုိက္ေစႏုိင္သည္ကုိ ေတြ႕ရွိရသျဖင့္ ႐ုိးရာ အစဥ္အလာ မ်ားကုိ ေခတ္ကာလႏွင့္လိုက္ေလ်ာညီေထြစြာျပင္ဆင္သင့္တာကို ျပင္ဆင္ရမည္ျဖစ္ေၾကာင္း၊ မည္သုိ႕ပင္ ေဆာင္ရြက္သည္ျဖစ္ေစ တရားဥပေဒႏွင့္အညီျဖစ္ရန္လုိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ႏိုင္ငံျခားေရးမူ၀ါဒႏွင့္ ႏိုင္ငံတကာဆက္ဆံေရးအေျခအေနမ်ားႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ျမန္မာႏိုင္ငံ၏ ပထ၀ီႏိုင္ငံေရး၊ သမုိင္းေၾကာင္း အေျခအေနတို႔အရ  လြတ္လပ္၍ တက္ၾကြေသာ ႏိုင္ငံျခားေရးမူ၀ါဒကို က်င့္သုံးလ်က္ရွိၿပီး ကမၻာ့ႏိုင္ငံမ်ားႏွင့္ မိတ္၀တ္မပ်က္ဆက္ဆံေရးမူ၀ါဒမ်ား က်င့္သုံးေနေၾကာင္း၊ ႏိုင္ငံတကာဆက္ဆံေရး၌ အၿမဲတမ္းမိတ္ေဆြ၊ အၿမဲတမ္းရန္သူဟူ၍မရွိဘဲ အထူးသျဖင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ အေကာင္းဆုံးဆက္ဆံေရးျဖစ္ေအာင္ ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ အိမ္နီးခ်င္းႏိုင္ငံကို ေရြးခ်ယ္ပိုင္ခြင့္မရွိသည္ကို နားလည္ရမည္ျဖစ္ၿပီး အိမ္နီးခ်င္းႏုိင္ငံမ်ား ႏွင့္စိတ္တူ သေဘာတူျဖစ္သည့္ကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ၏ အမ်ဳိးသားအက်ဳိးစီးပြားအတြက္ ခိုင္မာစြာရပ္တည္ေဆာင္ရြက္၍ မွန္ကန္သည့္ ဆုံးျဖတ္ခ်က္ မ်ား ခ်မွတ္ႏိုင္ရန္လုိအပ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

စီးပြားေရးအျမင္ႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ စီးပြားေရးသည္ႏိုင္ငံ၏အဓိက ေမာင္းႏွင္အား ျဖစ္သည္ႏွင့္အညီ စီးပြားေရးဖြံ႕ၿဖဳိးတိုးတက္ရန္လိုအပ္ေၾကာင္း၊လူတုိင္းသည္မိမိတို႔ဘ၀ဖြံ႕ၿဖဳိးတိုးတက္ ရန္လိုလားသကဲ့သို႔ ႏိုင္ငံတုိင္းသည္လည္း မိမိတို႔ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရးကို လိုလားၾကေၾကာင္း၊ ႏိုင္ငံတစ္ခုဖြံ႕ၿဖဳိးတိုးတက္ရန္အတြက္ လွ်ပ္စစ္ဓာတ္အား ျပည့္စုံလုံေလာက္မႈ၊ သယ္ယူပို႔ေဆာင္ေရး ေကာင္းမြန္မႈ၊ ဆက္သြယ္ေရးစနစ္ေကာင္းမြန္မႈႏွင့္ စည္းကမ္းတက်လုပ္ကိုင္တတ္ေသာ လူသား အရင္းအျမစ္ျပည့္စုံမႈ တို႔အေပၚမူတည္ေၾကာင္း၊ လွ်ပ္စစ္စြမ္းအားသည္ အေရးႀကီးၿပီး နည္းပညာမ်ား မည္သို႔ပင္ တိုးတက္ေနသည္ျဖစ္ေစ လွ်ပ္စစ္စြမ္းအား ျပည့္စုံလုံေလာက္မႈမရွိပါက အဆင္မေျပႏိုင္ ေၾကာင္း၊ ႏိုင္ငံတြင္လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္သည့္ေရအား၊ ေနအား၊ ေလစြမ္းအားတို႔ နယ္ပယ္ မ်ဳိးစုံတြင္ရွိေသာ္လည္း အေၾကာင္းအမ်ဳိးမ်ဳိးျဖင့္ကန္႔ကြက္မႈမ်ားေၾကာင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ မႈမ်ားကိုနည္းစနစ္တက်ျဖစ္ေစေရးႏွင့္ ျပည္သူမ်ားနားလည္လက္ခံႏုိင္ေရး ေဆာင္ရြက္ရန္ လုိအပ္မည္ ျဖစ္ေၾကာင္း၊ သယ္ယူပို႔ေဆာင္ေရးေကာင္းမြန္မႈသည္ စီးပြားေရးတိုးတက္မႈကို အေထာက္အကူ ျဖစ္ေစႏိုင္ၿပီး ေရလမ္း၊ ကားလမ္း၊ ရထားလမ္း၊ ေလေၾကာင္း စသည္ျဖင့္ ရွိရာတြင္ ရထားလမ္းမ်ားႏွင့္ ပင္လယ္ ကမ္း႐ိုးတန္းရွည္ၿပီး ျမစ္ေခ်ာင္းေပါမ်ားေသာ မိမိတို႔ႏိုင္ငံအတြက္ ေရေၾကာင္း ပို႔ေဆာင္ ေရးကို အက်ဳိးရွိစြာအသုံးျပဳႏိုင္ရန္လုိအပ္ေၾကာင္း၊ ယေန႔ေခတ္သည္ သတင္းႏွင့္ နည္းပညာေခတ္ ျဖစ္သျဖင့္ ဆက္သြယ္မႈစနစ္သည္လ်င္ျမန္စြာေျပာင္းလဲတိုးတက္ေန သည္ကို အမီလိုက္ႏိုင္ရမည္ ျဖစ္ၿပီး ဆက္သြယ္ေရးလုံၿခဳံမႈကိုလည္း သတိျပဳရန္လုိအပ္ ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

တိုင္းျပည္တိုးတက္ေရးအတြက္ လူသားအရင္းအျမစ္ဖြံ႕ၿဖဳိးတိုးတက္ေရးသည္ အဓိကက်ၿပီး စာတတ္ ေန႐ုံျဖင့္မရဘဲ အတတ္ပညာမ်ားရွိရန္၊ စည္းကမ္းတက် လုပ္ကိုင္ လိုစိတ္ရွိရန္၊ အဆင့္ျမင့္ပညာအထိ သင္ၾကားေရးႏွင့္အတန္းပညာအလိုက္ အမွန္တကယ္တတ္ေျမာက္ရန္ တန္းစဥ္ကူးေျပာင္းမႈျမင့္မား ေစရန္၊ အဆင့္ျမင့္ပညာတတ္မ်ားေမြးထုတ္ေရး အားေပးၾကရန္လိုအပ္ေၾကာင္း၊ ေဒသအလုိက္ ပညာတတ္မ်ား ထြက္ေပၚလာေစေရး အတြက္ ႏိုင္ငံအ၀ွမ္းတကၠသိုလ္ ေကာလိပ္ေပါင္းမ်ားစြာ ဖြင့္လွစ္ ထားၿပီး ယခုအခါ ပုဂၢလိကပညာသင္ၾကားမႈမ်ားပါ ေပၚထြန္းလာၿပီျဖစ္၍ မိမိတုိ႕ေဒသႏွင့္ ႏိုင္ငံ ဖြံ႕ၿဖဳိးတိုးတက္ေရးအတြက္ ပညာတတ္မ်ားေပၚထြက္လာေရး အားေပးရန္ႏွင့္  ေပၚထြက္လာသည့္ လူသားအရင္းအျမစ္မ်ားကို မွန္မွန္ကန္ကန္ အသုံးခ်ရမည္ျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းမ်ား ရွာေဖြ ေဆာင္ရြက္ ေပးရမည္ျဖစ္ေၾကာင္း။

ႏိုင္ငံ၏တိုးတက္မႈသည္ ေက်းလက္ေနျပည္သူမ်ား၏ လူမႈစီးပြားတိုးတက္မႈအေပၚ တြင္အဓိကက်ၿပီး ၿမဳိ႕ျပႏွင့္ေက်းလက္ကြာဟမႈႀကီးမားလာပါက ၿမဳိ႕ျပမ်ားတြင္ လူဦးေရသိပ္သည္းလာမည္ျဖစ္ၿပီး ျပႆနာမ်ားစြာ ရင္ဆုိင္ေျဖရွင္းရမည္ျဖစ္သည့္အတြက္ ေက်းလက္ေနျပည္သူမ်ား၏ စီးပြားေရး တိုးတက္ေအာင္ အေလးထား ေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ စုိက္ပ်ဳိးေရးအျပင္ ေမြးျမဴေရးကို အေျခခံသည့္ ကုန္ထုတ္လုပ္မႈမ်ား၊ ကုန္ၾကမ္းပို႔ကုန္အစား ကုန္ေခ်ာပို႔ကုန္မ်ား ထုတ္လုပ္တင္ပုိ႕ ျခင္းျဖင့္ အက်ဳိးအျမတ္ႏွင့္အလုပ္အကိုင္အခြင့္အလမ္းမ်ား ပိုမိုရရွိလာႏုိင္ေၾကာင္း၊ ဥပမာအားျဖင့္  သစ္အလုံးလုိက္တင္ပုိ႕ျခင္းအစား သစ္ခြဲသားမ်ားတင္ပုိ႕ျခငး္ျဖင့္ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ အလုပ္အကုိင္ အခြင့္အလမ္းမ်ားေပၚေပါက္လာၿပီး လုပ္သားမ်ား၀င္ေငြရရွိေစျခင္း ေဘးထြက္ပစၥည္းမ်ားကုိ အသုံးျပဳႏုိင္ျခင္းစသည့္ အက်ဳးိမ်ားရရွိႏုိင္ေၾကာင္း၊ အထည္ခ်ဳပ္လုပ္ငန္းကဲ့သို႔ေသာ မီးခိုးတိတ္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ကမၻာလွည့္ခရီးသြားလုပ္ငန္းတြင္ သဘာ၀ကို မပ်က္စီးေစသည့္ ဆြဲေဆာင္မႈ မ်ားျပဳလုပ္ရန္လုိေၾကာင္း၊ အမ်ဳိးသားယဥ္ေက်းမႈစ႐ိုက္ လကၡဏာကို မထိခိုက္ေစသည့္ ဆြဲေဆာင္မႈ မ်ားျဖင့္ ခရီးသြားလုပ္ငန္းတိုးတက္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ေစ်းကြက္စီးပြားေရးက်င့္သုံး ေဆာင္ရြက္ၾကသည့္ ႏုိင္ငံတုိင္းတြင္အစုိးရ၏အခန္းက႑ရွိေနသည္ဆုိျခင္းကုိ ေလ့လာေတြ႕ရွိရ ေၾကာင္း၊ အခ်ဳိ႕ေသာလုပ္ငန္းမ်ားတြင္ အခ်ိန္အတိုင္းအတာတစ္ခုအထိ ႏိုင္ငံေတာ္က ၀င္ေရာက္ လုပ္ကိုင္ေပးရမည္ျဖစ္ၿပီး ေစ်းကြက္စီးပြားေရး အေျခအေနေကာင္းမ်ား ပီပီျပင္ျပင္ဖန္တီးႏုိင္မွသာလွ်င္ အစိုးရ၏အခန္းက႑ကို တစ္ျဖည္းျဖည္းေျပာင္းလဲ ေလွ်ာ့ခ်သြားရမည္ျဖစ္ေၾကာင္း၊ အခြန္အခမ်ား ေကာက္ခံရာတြင္ မွန္ကန္မွ်တမႈရွိရန္ႏွင့္ ေပးရန္တာ၀န္ရွိသူမ်ားကမွန္ကန္စြာ ေပးသြင္းေရး၊ သြင္းကုန္ ေလွ်ာ့ခ်ႏုိင္ေရးအတြက္ျပည္တြင္းျဖစ္ကိုအားေပး၍ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ ေအာင္ ေဆာင္ရြက္ရန္ လုိအပ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

အုပ္ခ်ဳပ္ေရးအျမင္ႏွင့္ပတ္သက္၍ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္ျဖင့္သြားေနသည့္ အတြက္ တည္ၿငိမ္ ေအးခ်မ္းၿပီး ညီၫြတ္မွ်တသည့္အုပ္ခ်ဳပ္ေရးစနစ္ျဖစ္ရန္၊ ဥပေဒ၊ စည္းကမ္းမ်ားကိုေလးစား လိုက္နာရန္လုိအပ္ေၾကာင္း၊ ေရြးေကာက္ပြဲစနစ္ျဖင့္ လူအမ်ားဆႏၵအေပၚေဆာင္ရြက္ၾကရသျဖင့္ လြတ္လပ္၍တရားမွ်တေသာ ေရြးေကာက္ပြဲမ်ားျဖစ္ရန္လိုၿပီး ဆင္ျခင္တံုတရားျဖင့္ စီမံခန္႕ခြဲ အုပ္ခ်ဳပ္ရန္လိုအပ္ေၾကာင္း၊ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးဆိုသည္မွာ အမ်ားကေရြးခ်ယ္သည့္ အစိုးရ၊ အုပ္ခ်ဳပ္သူအဖြဲ႕အစည္းမွ တရားမွ်တသည့္စီမံခန္႔ခြဲမႈျဖင့္ ေဆာင္ရြက္ရေၾကာင္း၊ ဒီမိုကေရစီစနစ္ က်င့္သုံးရာတြင္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းရန္အေရးႀကီးေၾကာင္း၊ ဖဆပလေခတ္တြင္ ျပည္ေတာ္သာစီမံကိန္းကို ေဆာင္ရြက္ခဲ့ေသာ္လည္း ျပည္တြင္းလက္နက္ကိုင္ ေသာင္းက်န္းမႈမ်ား ေၾကာင့္ မေအာင္ျမင္ဘဲ စီမံကိန္းပ်က္ျပားခဲ့ရေၾကာင္း၊ ဒီမိုကေရစီခိုင္မာအားေကာင္းရန္အတြက္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းရန္၊ အုပ္ခ်ဳပ္သူမ်ားေကာင္းရန္လိုေၾကာင္း၊ ပါတီႏိုင္ငံေရးမ်ား ပါေသာ အုပ္ခ်ဳပ္မႈစနစ္မ်ဳိးျဖစ္ေနပါကအဆင္မေျပေၾကာင္း၊ ဒီမိုကေရစီတြင္ယွဥ္ၿပဳိင္ ဘက္အတိုက္အခံပါတီ မ်ားရွိမည္ျဖစ္ေၾကာင္း၊ ပါတီႏိုင္ငံေရးပါေသာအုပ္ခ်ဳပ္ေရး ေဆာင္ရြက္ပါက အုပ္ခ်ဳပ္ေရးကို အတိုက္အခံလုပ္မွာျဖစ္ေၾကာင္း၊ အာဏာရပါတီကလည္း အာဏာရရွိေရး၊ အာဏာတည္ၿမဲေရးကို ႀကဳိးစားမည္သာျဖစ္၍ မည္သို႔မွ်သဟဇာတမျဖစ္ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ဒီမိုကေရစီစနစ္တြင္ တည္ၿငိမ္ေအးခ်မ္းရန္၊ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္ေရးျဖစ္ရန္လိုေၾကာင္း၊ ႏုိင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးမ်ား တိုးတက္ေကာင္းမြန္ ရန္ တိုင္းျပည္တည္ၿငိမ္ ေအးခ်မ္းေရးသည္ အေရးႀကီးၿပီး လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းရန္လိုအပ္သျဖင့္ ၿငိမ္းခ်မ္းေရးကုိ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ႏွင့္ပတ္သက္ၿပီးဖြဲ႕စည္းပံုအေျခခံဥပေဒ ဇယား (၁၊ ၂၊ ၃၊ ၅) တို႕တြင္ လုပ္ပိုင္ခြင့္မ်ား ျပဌာန္းၿပီးျဖစ္၍ အက်ဳိးရွိရွိအသံုးခ်ရန္ႏွင့္ အားနည္းခ်က္၊ လုိအပ္ခ်က္မ်ားရွိပါက ဥပေဒႏွင့္အညီ ျပင္ဆင္ျဖည့္စြက္ရမည္ျဖစ္ေၾကာင္း၊ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးတို႕သည္ ပုိင္းျခားက်င့္သုံးမႈ၊ အျပန္အလွန္ထိန္းေက်ာင္းမႈတုိ႕ ရွိရန္ လုိအပ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ကာကြယ္ေရးအျမင္ႏွင့္ ပတ္သက္၍ တရားဥပေဒစုိးမုိးေရးႏွင့္ အုပ္ခ်ဳပ္ေရး၊ လုံၿခဳံေရး၊ ကာကြယ္ေရး ဟု ခြဲျခားသိျမင္ရမည္ျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား  Lawfull Police တုိ႕က တရားဥပေဒစုိးမုိးေရးႏွင့္ အုပ္ခ်ဳပ္ေရးကုိ တာ၀န္ယူၿပီး လုံၿခဳံေရး အဖြဲ႕အစညး္မ်ားက(Armed Police  အပါအ၀င္) ပါ၀င္ကူညီေပးရမည္ျဖစ္ေၾကာင္း၊ လုံၿခဳံေရးတာ၀န္ကုိ Lawfull Police ႏွင့္ အေရးႀကီးသည့္ေနရာမ်ားကုိ   Armed Police မ်ားက တာ၀န္ယူၿပီးလုိအပ္ပါက တပ္မေတာ္ အဖြဲ႕အစည္းမ်ားက ကူညီေဆာင္ရြက္ရ မည္ျဖစ္ေၾကာင္း၊ ကာကြယ္ေရးတာ၀န္ကုိ  တပ္မေတာ္က အဓိက တာ၀န္ယူၿပီး လုိအပ္ပါက Armed Police ႏွင့္ ျပည္သူတစ္ရပ္လုံးက ၀ုိင္း၀န္းကူညီ ေပးၾကရမည္ျဖစ္ေၾကာငး္၊  ကာကြယ္ေရးတည္ေဆာက္မႈသည္ ယခုလုပ္ ယခုရျခင္း မဟုတ္ဘဲ လူအင္အား၊ လက္နက္အင္အား၊ စိတ္ဓာတ္အင္အားတို႕ျဖင့္ တည္ေဆာက္ရေၾကာင္း၊ စိတ္ဓာတ္ မေကာင္းပါက လူအင္အား၊ လက္နက္အင္အား မည္မွ်ပင္ေကာင္းသည္ျဖစ္ေစ အေရးနိမ့္မည္သာ ျဖစ္ေၾကာင္း၊ ႏုိင္ငံတစ္ႏုိင္ငံတည္းအထီးတည္းေန၍မရေၾကာင္း၊ ေဒသအတြင္း တည္ၿငိမ္ေအးခ်မ္းမႈကို အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ သက္ဆိုင္ရာ က႑မ်ားအလိုက္ ပူးေပါင္းေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ သဘာ၀ေဘးအႏၲရာယ္ကာကြယ္ေရး၊ ကူညီကယ္ဆယ္ေရးမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ား၊ မိတ္ေဆြႏိုင္ငံမ်ားႏွင့္စိတ္တူကုိယ္တူ ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ရမည္ျဖစ္ေၾကာင္း၊ အမ်ဳိးသား ယဥ္ေက်းမႈ စ႐ိုက္ လကၡဏာကို ျပည္သူႏွင့္ပူးေပါင္း၍ ထိန္းသိမ္းျခင္းသည္ အမ်ဳိးသားေရးတာ၀န္ကို ကာကြယ္ျခင္းပင္ျဖစ္ေၾကာင္း၊ တရားဥပေဒစိုးမိုးေရး၊ လံုၿခံဳေရး၊ ကာကြယ္ေရးတို႔တြင္ ျပည္သူ ပူးေပါင္းပါ၀င္မွသာ ေအာင္ျမင္မည္ျဖစ္ေၾကာင္း၊ တိုင္းျပည္၏ ပကတိအေျခအေန၊ ႏိုင္ငံတကာ ဆက္ဆံေရးအေျခအေနမ်ားအေပၚမူတည္၍ ကာကြယ္ေရး တည္ေဆာက္မႈ အေျခအေနမ်ားအား သိရွိနားလည္ရန္လိုအပ္ေၾကာင္းႏွင့္ ႏိုင္ငံကာကြယ္ ေရးတြင္ ျပည္သူႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမရွိဘဲ မေအာင္ျမင္ႏိုင္ေၾကာင္းေျပာၾကားသည္။

ဆက္လက္ၿပီး သတင္းႏွင့္နည္းပညာ Information Technology ႏွင့္ပတ္သက္၍ ႏိုင္ငံေရး၊ စီးပြားေရး၊ ကာကြယ္ေရးတာ၀န္မ်ားထမ္းေဆာင္ရာတြင္ IT နည္းပညာမ်ားႏွင့္ လက္တြဲလုပ္ေဆာင္ရမည္ျဖစ္ၿပီး နားလည္တတ္ကြၽမ္းေအာင္ေလ့လာရမည္ျဖစ္ကာ လက္ေတြ႕လည္း က်င့္သံုးႏိုင္ရမည္ျဖစ္ေၾကာင္း၊ IT  နည္းပညာသည္ အရွိန္အဟုန္ျဖင့္ ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိၿပီး လြန္ခဲ့သည့္ ဆယ္စုႏွစ္ ၂ ခုက အေျခအေနႏွင့္ ယခုအေျခအေန မ်ားစြာကြာျခားလ်က္ရွိေၾကာင္း၊ အာကာသနည္းပညာမ်ား သည္လည္း တစ္ဟုန္ထိုး ဖြံ႕ၿဖိဳး တိုးတက္လာသျဖင့္ ကမၻာႀကီးသည္ ပိုမိုက်ဥ္းေျမာင္းလာၿပီး ဆက္သြယ္မႈစနစ္မ်ား ျမန္ဆန္လာခဲ့ေၾကာင္း၊ IT နည္းပညာကို အသံုးခ်ရာတြင္လည္း မိမိယဥ္ေက်းမႈႏွင့္ လံုၿခံဳမႈမ်ားကို က်ဳိးေပါက္ထိခိုက္မႈမရွိေအာင္ အထူးဂ႐ုျပဳရမည္ျဖစ္ေၾကာင္း၊ အျမင္ေလးျမင္ျဖစ္သည့္ႏိုင္ငံေရး၊ ကာကြယ္ေရး၊ စီးပြားေရးႏွင့္ အုပ္ခ်ဳပ္ေရးမ်ားျဖင့္စဥ္းစား ေဆာင္ရြက္ၾကရာတြင္လည္း ေခတ္မီနည္းပညာမ်ားျဖင့္ ေပါင္းစပ္အသံုးခ်၍ တိုးတက္ေအာင္ ေဆာင္ရြက္ သြားၾကရန္လိုေၾကာင္းျဖင့္ ရွင္းလင္းေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။