တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နောင်တရားမြို့ရှိ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ – ၂

မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လူသားအရင်းအမြစ်သည် အရေးအကြီးဆုံးဖြစ်သဖြင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် မျိုးဆက်သစ်များ မွေးထုတ်ပေးရန်အတွက် ပညာရေးကို အားပေးကြရန်လိုကြောင်း၊ မြေသယံဇာတများစွာရှိသည့် အတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းကိုပါ ဆောင်ရွက်ကြစေလိုပြီး သမ္မာ အာဇီဝနည်းလမ်းများဖြင့် မိမိဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲပြုလုပ်မည့် နောင်တရားမြို့၊ ရတနာရန်နိုင်စေတီသို့ရောက်ရှိကြရာ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ခင်းကျင်း ပြသထားသည့် ဒေသထွက် သီးနှံများနှင့် သီးနှံထွက်ကုန်ပစ္စည်းများအား ကြည့်ရှုကြပြီး အပြန်အလှန်ဆွေးနွေးကြသည်။ ယင်းနောက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာတွင် ပင်လောင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက် များနှင့် ဒေသအတွင်း စီးပွားရေးအခြေအနေများနှင့် ဒေသခံပြည်သူများက ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက် များကိုအသီးသီး တင်ပြကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားရာတွင် တပ်မတော်၏တာဝန်မှာ နိုင်ငံတော် ကာကွယ်ရန်ဖြစ်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ရန်၊ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အတွက်လည်း တာဝန်ရှိကြောင်း၊ ထို့ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ အကျိုးစီးပွားအတွက် တပ်မတော်က တတ်နိုင်သမျှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပင်လောင်းမြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသော ဒေသတစ်ခုဖြစ်ပြီး အာလူး၊ လက်ဖက်၊ စပါး၊ မြေပဲ၊ ပဲစင်းငုံ၊ အစေ့ထုတ်ပြောင်း၊ ပဲပုတ်နှင့် ယာကွန်တို့ကို စိုက်ပျိုးကြသည်ဟု သိရှိရပါကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာသုံးစွဲမှုများကို ဆင်ခြင်သုံးစွဲကြစေလိုကြောင်း၊ ဓာတ်မြေသြဇာ သည် လူသားတို့၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သောကြောင့် သဘာဝဓာတ်မြေသြဇာ ကိုသာ စနစ်တကျ သုံးစွဲကြစေလိုကြောင်း၊ ပင်လောင်းဒေသသည် မြေသယံဇာတများစွာရှိသည့် အတွက် စိုက်ပျိုးရေးအပြင် မွေးမြူရေးကိုပါ ဆောင်ရွက်နိုင်သည့်ဒေသဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နို့ထွက်ပစ္စည်းလိုအပ်ချက် ဒေါ်လာ သန်း ၁၀၀ ကျော်ဘိုးကို နှစ်စဉ် ပြည်ပမှ တင်သွင်း ရလျက် ရှိကြောင်း၊ ထို့ကြောင့် နို့စားနွား၊ အသားစားနွား မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှနို့ထွက်ပစ္စည်းလိုအပ်ချက်ကို လျှော့ချနိုင်မည်ဖြစ်ပြီး နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားထွက် ကုန်များထုတ်လုပ်ခြင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်မှုကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်နွားချေးမှ ရရှိသော သဘာ၀ ဓာတ်မြေသြဇာနှင့် တီကောင်မြေဆွေးများကိုလည်းစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန် ၊ မွေးမြူရေးထုတ်ကုန်များကို အရည်အသွေးပြည့်မီစွာဖြင့် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ တိုက်ရိုက်တင်ပို့ရန် အတွက် ဟဲဟိုးလေယာဉ်ကွင်းကို အသုံးပြုနိုင်သည့် အခွင့်အလမ်း ရှိနေပြီဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်ပြီး ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများသည် ကင်ဆာရောဂါများကို ဖြစ်စေနိုင် သောကြောင့် အတတ်နိုင်ဆုံး မသုံးစွဲကြစေလိုကြောင်း၊ ပိုးသတ်ဆေးများကို မသုံးမဖြစ် အသုံးပြု ရပါက သတ်မှတ်စံချိန်စံညွှန်းများ အတိုင်းသာ စနစ်တကျ သုံးစွဲရန်လိုကြောင်း၊ လူတိုင်းသည် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားကြသော်လည်း သမ္မာအာဇီဝနည်းဖြင့်သာ မိမိအကျိုး၊ ဒေသအကျိုးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားပြည့်စုံလုံ လောက်ခြင်း၊ ဆက်သွယ်မှုစနစ်ကောင်းမွန်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်းနှင့် စည်းကမ်းတကျလုပ်ဆောင်တက်သော လူသားအရင်းအမြစ် ပြည့်စုံမှုတို့လိုအပ်ပါကြောင်း၊ ထိုအထဲတွင် လူသားအရင်းအမြစ်သည် အရေးအကြီးဆုံးဖြစ်ပြီး အတတ်ပညာ၊ အသိပညာနှင့် ပြည့်စုံသူများ မွေးထုတ်ပေးရမည်ဖြစ်ကြောင်း၊ အတတ်ပညာသည် အင်ဂျင်နီယာပညာ၊ ဆရာဝန်ပညာ၊ စိုက်ပျိုးရေးပညာ စသည့် သင်ကြားရသည့် ပညာရပ်များဖြစ်ပြီး အသိပညာသည် ဖြတ်သန်းလာသည့် အတွေ့အကြုံများ ဖြစ်ကြောင်း၊ ငယ်စဉ်ကပင် ကလေးငယ်များအား ကျောင်းထားစေလိုပြီး အတန်းစဉ် ကူးပြောင်းမှုရာခိုင်နှုန်းမြင့်မားရန်လည်း လိုအပ်ကြောင်း၊ ပင်လောင်းဒေသတွင်လည်း ပညာတတ်များ ထွက်ပေါ်လာရန်လိုအပ်ပြီး ဒေသအတွက်လက်တွေ့ လိုအပ်ချက်များအပေါ် မူတည်၍ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ တစ်ဆင့်ပြီးတစ်ဆင့် ဖွင့်လှစ်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လို ကြောင်းပြောကြားသည်။

ထို့ပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင်လည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများနှင့်် အခြားကဏ္ဍများတွင်လည်း ပအိုဝ်းလူမျိုးများ၊ ဒေသခံများ ဝင်ရောက် ပါဝင် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ စားကုန်၊ သောက်ကုန်၊ သုံးကုန် ပစ္စည်းများကို ဒေသတွင်းထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အထူးသဖြင့် စားကုန်အတွက် ရေခံ၊ မြေခံ အခြေခံရှိပြီးသားဖြစ်၍ အထွက်နှုန်းကောင်း အောင်ကြိုးစားကြ ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ရေ၊ အစာ၊ ဆေးကို လူသားများကဲ့သို့ သင့်တင့် လျောက်ပတ်အောင် သုံးစွဲပေးရမည်ဖြစ်ပြီး စနစ်တကျ ပြုပြင်ထိန်းသိမ်းခြင်းများဖြင့် အထွက်နှုန်း တိုးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိရိုးဖလာ နည်းလမ်းများကိုသာ ဖက်တွယ်နေ၍မရဘဲ ခေတ်မီနည်းစနစ်များဖြင့် အထွက်နှုန်းနှင့် အရည်အသွေး ကောင်းစေနိုင်မည့် နည်းလမ်းများကို သင်ယူသုံးစွဲရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင် ထုတ်ယူသုံးစွဲမှုတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေး၊ လူမှုစီးပွားဘဝကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်မည့်အကြောင်းအရာများမှအပ ကန့်ကွက်မှုများကို စဉ်းစား ဆောင်ရွက်ကြစေလို ကြောင်း၊ လျှပ်စစ်စွမ်းအား မရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေနိုင်သဖြင့် လျှပ်စစ်စွမ်းအားကို အကျိုးရှိရှိထုတ်လုပ်သုံးစွဲကြစေလိုကြောင်း၊ ထင်းသုံးစွဲမှုများသည် ရာသီဥတုကို ဖောက်ပြန်စေနိုင်သော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်၍ ရပ်မိရပ်ဖများ၏ အစီအမံဖြင့် တစ်အုပ်တစ်မ သစ်တော၊ ထင်းစိုက်ခင်းများကို ဆောင်ရွက်ပြီး သစ်ပင်စိုက်ပျိုးကြစေလိုကြောင်း၊

အချုပ်အားဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးကို အားပေးရန် လိုပြီး အသိပညာ၊ အတတ်ပညာများ ပြည့်စုံသော ပညာရှင်များပေါ်ထွက်စေရေး ကြိုးစားအားပေးကြစေလိုကြောင်း၊ တိုင်းပြည်အတွက်လည်း ကြိုးစားကြစေလိုကြောင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာကို ထိန်းသိမ်းနိုင်မည်ဆိုပါက စည်းလုံးညီညွတ်မှု ရရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှုမရှိ၊ ဥပဒေကိုလေးစားလိုက်နာမှုမရှိပါက တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်မှုများသာ ဖြစ်လာနိုင် ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် စား သောက်ဖွယ်ရာ များအားပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဒေသထွက်သီးနှံများအား လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်တရားမြို့၊ နောင်ဘုရားကုန်းသို့ သွားရောက်၍ နောင်ပီ၊ ပေါ့အင်၊ လွယ်မော ကျေးရွာအုပ်စုများမှ လက်ဖက်စိုက်ဒေသခံတောင်သူများအား တွေ့ဆုံကာ လက်ဖက်သီးနှံနှင့် ယာကွန်သီးနှံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဖက်ခြောက်စက်ရုံဆောက်လုပ်နိုင်မည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေနာင္တရားၿမိဳ႕ရွိ ေဒသခံ ျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂

မိမိေဒသ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ အဓိကလုိအပ္ခ်က္ျဖစ္သည့္ လူသားအရင္းအျမစ္သည္ အေရးအႀကီးဆုံးျဖစ္သျဖင့္ အသိပညာ၊ အတတ္ပညာႏွင့္ ျပည့္စုံသည့္ မ်ဳိးဆက္သစ္မ်ား ေမြးထုတ္ေပးရန္အတြက္ ပညာေရးကုိ အားေပးၾကရန္္လုိေၾကာင္း၊ ေျမသယံဇာတမ်ားစြာရွိသည့္ အတြက္ စုိက္ပ်ဳိးေရးလုပ္ငန္းႏွင့္တြဲဖက္၍ ေမြးျမဴေရးလုပ္ငန္းကုိပါ ေဆာင္ရြက္ၾကေစလုိၿပီး သမၼာ အာဇီ၀နည္းလမ္းမ်ားျဖင့္ မိမိေဒသတစ္ခုလုံး ဖြံ႕ၿဖိဳးတုိးတက္ေအာင္ ေဆာင္ရြက္ၾကေစလုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႕မြန္းလြဲပုိင္းတြင္ ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ပင္ေလာင္းၿမိဳ႕နယ္၊ ေနာင္တရားၿမိဳ႕ရွိ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါ ေတြ႕ဆုံပြဲသုိ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႔ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဥကၠ႒ ဦးခြန္စံလြင္၊ ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ဌာနဆုိင္ရာ၀န္ထမ္းမ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေတြ႕ဆုံပြဲျပဳလုပ္မည့္ ေနာင္တရားၿမိဳ႕၊ ရတနာရန္ႏုိင္ေစတီသို႕ေရာက္ရွိၾကရာ ဦးစီးဥကၠ႒ ဦးခြန္စံလြင္ႏွင့္ ေဒသခံျပည္သူမ်ားက လႈိက္လႈိက္လွဲလွဲႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႕ေနာက္ ခင္းက်င္း ျပသထားသည့္ ေဒသထြက္ သီးႏွံမ်ားႏွင့္ သီးႏွံထြက္ကုန္ပစၥည္းမ်ားအား ၾကည့္႐ႈၾကၿပီး အျပန္အလွန္ေဆြးေႏြးၾကသည္။ ယင္းေနာက္ ေဒသခံျပည္သူမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံရာတြင္ ပင္ေလာင္းၿမိဳ႕နယ္၊ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးက ေဒသဆုိင္ရာအခ်က္အလက္ မ်ားႏွင့္ ေဒသအတြင္း စီးပြားေရးအေျခအေနမ်ားႏွင့္ ေဒသခံျပည္သူမ်ားက ေဒသတြင္း စုိက္ပ်ဳိးေရးဆုိင္ရာႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးဆုိင္ရာ လုိအပ္ခ်က္ မ်ားကုိအသီးသီး တင္ျပၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ျပန္လည္ ေဆြးေႏြးေျပာၾကားရာတြင္ တပ္မေတာ္၏တာ၀န္မွာ ႏုိင္ငံေတာ္ ကာကြယ္ရန္ျဖစ္ၿပီး ျပည္သူလူထု၏ အက်ဳိးစီးပြားကုိ ေဖာ္ေဆာင္ရန္၊ အသက္အုိးအိမ္ စည္းစိမ္ကုိ ကာကြယ္ေစာင့္ေရွာက္ရန္ အတြက္လည္း တာ၀န္ရွိေၾကာင္း၊ ထုိ႕ေၾကာင့္ ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ျပည္သူမ်ား၏ အက်ိဳးစီးပြားအတြက္ တပ္မေတာ္က တတ္ႏုိင္သမွ် ကူညီပံ့ပုိးေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ပင္ေလာင္းၿမိဳ႕နယ္သည္ စုိက္ပ်ိဳးေရးကုိ အေျခခံေသာ ေဒသတစ္္ခုျဖစ္ၿပီး အာလူး၊ လက္ဖက္၊ စပါး၊ ေျမပဲ၊ ပဲစင္းငုံ၊ အေစ့ထုတ္ေျပာင္း၊ ပဲပုတ္ႏွင့္ ယာကြန္တုိ႕ကုိ စုိက္ပ်ဳိးၾကသည္ဟု သိရွိရပါေၾကာင္း၊ ထုိသုိ႕စုိုက္ပ်ိဳးရာတြင္ ဓာတ္ေျမၾသဇာသုံးစြဲမႈမ်ားကုိ ဆင္ျခင္သုံးစြဲၾကေစလုိေၾကာင္း၊ ဓာတ္ေျမၾသဇာ သည္ လူသားတုိ႕၏ က်န္းမာေရးကုိ အႏၲရာယ္ျဖစ္ေစႏုိင္ေသာေၾကာင့္ သဘာ၀ဓာတ္ေျမၾသဇာ ကုိသာ စနစ္တက် သုံးစြဲၾကေစလုိေၾကာင္း၊ ပင္ေလာင္းေဒသသည္ ေျမသယံဇာတမ်ားစြာရွိသည့္ အတြက္ စုိက္ပ်ိဳးေရးအျပင္ ေမြးျမဴေရးကုိပါ ေဆာင္ရြက္ႏုိင္သည့္ေဒသျဖစ္ေၾကာင္း၊ မိမိတုိ႕ႏုိင္ငံတြင္ ႏုိ႕ထြက္ပစၥည္းလုိအပ္ခ်က္ ေဒၚလာ သန္း ၁၀၀ ေက်ာ္ဘုိးကုိ ႏွစ္စဥ္ ျပည္ပမွ တင္သြင္း ရလ်က္ ရွိေၾကာင္း၊ ထုိ႕ေၾကာင့္ ႏုိ႕စားႏြား၊ အသားစားႏြား ေမြးျမဴေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ျခင္းျဖင့္ ျပည္ပမွႏုိ႕ထြက္ပစၥည္းလုိအပ္ခ်က္ကုိ ေလွ်ာ႕ခ်ႏုိင္မည္ျဖစ္ၿပီး ႏုိ႕ႏွင့္ႏုိ႕ထြက္ပစၥည္းမ်ား၊ အသားထြက္ ကုန္မ်ားထုတ္လုပ္ျခင္းျဖင့္ ေဒသဖြံ႕ၿဖိဳး တုိးတက္မႈကုိ ရရွိေစႏုိင္မည္ျဖစ္ေၾကာင္း၊ ထုိ႕ျပင္ႏြားေခ်းမွ ရရွိေသာ သဘာ၀ ဓာတ္ေျမၾသဇာႏွင့္ တီေကာင္ေျမေဆြးမ်ားကုိလည္းစုိက္ပ်ဳိးေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳႏုိင္ေၾကာင္း၊ စုိက္ပ်ဳိးေရးထုတ္ကုန္ ၊ ေမြးျမဴေရးထုတ္ကုန္မ်ားကုိ အရည္အေသြးျပည့္မီစြာျဖင့္ ျပည္ပသုိ႕ တင္ပုိ႕ႏုိင္သည္အထိ ထုတ္လုပ္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ျပည္ပသုိ႕ တုိက္႐ုိက္တင္ပုိ႕ရန္ အတြက္ ဟဲဟုိးေလယာဥ္ကြင္းကုိ အသုံးျပဳႏုိ္င္သည့္ အခြင့္အလမ္း ရွိေနၿပီျဖစ္ေၾကာင္း ေျပာၾကား သည္။

ဆက္လက္ၿပီး ဓာတ္ေျမၾသဇာမ်ားႏွင့္ ပုိးသတ္ေဆးမ်ားသည္ ကင္ဆာေရာဂါမ်ားကုိ ျဖစ္ေစႏုိင္ ေသာေၾကာင့္ အတတ္ႏုိင္ဆုံး မသုံးစြဲၾကေစလုိေၾကာင္း၊ ပုိးသတ္ေဆးမ်ားကုိ မသုံးမျဖစ္ အသုံးျပဳ ရပါက သတ္မွတ္စံခ်ိန္စံၫႊန္းမ်ား အတုိင္းသာ စနစ္တက် သုံးစြဲရန္လုိေၾကာင္း၊ လူတုိင္းသည္ မိမိေဒသ ဖြံ႕ၿဖိဳးတုိးတက္ေရးကို လုိလားၾကေသာ္လည္း သမၼာအာဇီ၀နည္းျဖင့္သာ မိမိအက်ဳိး၊ ေဒသအက်ဳိးကို ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ ေဒသတစ္ခု၊ ႏုိင္ငံတစ္ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ လွ်ပ္စစ္စြမ္းအားျပည့္စုံလုံ ေလာက္ျခင္း၊ ဆက္သြယ္မႈစနစ္ေကာင္းမြန္ျခင္း၊ လမ္းပန္း ဆက္သြယ္ေရးေကာင္းမြန္ျခင္းႏွင့္ စည္းကမ္းတက်လုပ္ေဆာင္တက္ေသာ လူသားအရင္းအျမစ္ ျပည့္စုံမႈတုိ႕လုိအပ္ပါေၾကာင္း၊ ထုိအထဲတြင္ လူသားအရင္းအျမစ္သည္ အေရးအႀကီးဆုံးျဖစ္ၿပီး အတတ္ပညာ၊ အသိပညာႏွင့္ ျပည့္စုံသူမ်ား ေမြးထုတ္ေပးရမည္ျဖစ္ေၾကာင္း၊ အတတ္ပညာသည္ အင္ဂ်င္နီယာပညာ၊ ဆရာ၀န္ပညာ၊ စုိက္ပ်ဳိးေရးပညာ စသည့္ သင္ၾကားရသည့္ ပညာရပ္မ်ားျဖစ္ၿပီး အသိပညာသည္ ျဖတ္သန္းလာသည့္ အေတြ႕အႀကဳံမ်ား ျဖစ္ေၾကာင္း၊ ငယ္စဥ္ကပင္ ကေလးငယ္မ်ားအား ေက်ာင္းထားေစလုိၿပီး အတန္းစဥ္ ကူးေျပာင္းမႈရာခုိင္ႏႈန္းျမင့္မားရန္လည္း လုိအပ္ေၾကာင္း၊ ပင္ေလာင္းေဒသတြင္လည္း ပညာတတ္မ်ား ထြက္ေပၚလာရန္လုိအပ္ၿပီး ေဒသအတြက္လက္ေတြ႕ လုိအပ္ခ်က္မ်ားအေပၚ မူတည္၍ စုိက္ပ်ဳိးေမြးျမဴေရးဆုိင္ရာ ေက်ာင္းမ်ား၊ ေကာလိပ္မ်ား၊ တကၠသုိလ္မ်ား တစ္ဆင့္ၿပီးတစ္ဆင့္ ဖြင့္လွစ္ႏုိင္ေရး စဥ္းစားေဆာင္ရြက္ရန္လုိ ေၾကာင္းေျပာၾကားသည္။

ထုိ႕ျပင္ အုပ္ခ်ဳပ္ေရးပုိင္းဆုိင္ရာမ်ားတြင္လည္း ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ အုပ္ခ်ဳပ္ေရးပုိင္း ဆုိင္ရာမ်ားႏွင့္္ အျခားက႑မ်ားတြင္လည္း ပအုိ၀္းလူမ်ဳိးမ်ား၊ ေဒသခံမ်ား ၀င္ေရာက္ ပါ၀င္ လုပ္ကုိင္ေဆာင္ရြက္ႏုိင္ေရးအတြက္ ႀကိဳးစားၾကရမည္ျဖစ္ေၾကာင္း၊ စားကုန္၊ ေသာက္ကုန္၊ သုံးကုန္ ပစၥည္းမ်ားကုိ ေဒသတြင္းထုတ္လုပ္ႏုိင္ေအာင္ ေဆာင္ရြက္ၾကရမည္ျဖစ္ၿပီး အထူးသျဖင့္ စားကုန္အတြက္ ေရခံ၊ ေျမခံ အေျခခံရွိၿပီးသားျဖစ္၍ အထြက္ႏႈန္းေကာင္း ေအာင္ႀကိဳးစားၾက ရမည္ျဖစ္ေၾကာင္း၊ စုိက္ပ်ဳိးေရးတြင္ ေရ၊ အစာ၊ ေဆးကုိ လူသားမ်ားကဲ့သုိ႕ သင့္တင့္ ေလ်ာက္ပတ္ေအာင္ သုံးစြဲေပးရမည္ျဖစ္ၿပီး စနစ္တက် ျပဳျပင္ထိန္းသိမ္းျခင္းမ်ားျဖင့္ အထြက္ႏႈန္း တုိးေအာင္္ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိ႐ုိးဖလာ နည္းလမ္းမ်ားကုိသာ ဖက္တြယ္ေန၍မရဘဲ ေခတ္မီနည္းစနစ္မ်ားျဖင့္ အထြက္ႏႈန္းႏွင့္ အရည္အေသြး ေကာင္းေစႏုိင္မည့္ နည္းလမ္းမ်ားကုိ သင္ယူသုံးစြဲရမည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ အဓိကလုိအပ္ခ်က္ျဖစ္သည့္ လွ်ပ္စစ္စြမ္းအင္ ထုတ္ယူသုံးစြဲမႈတြင္လည္း သဘာ၀ပတ္၀န္းက်င္ႏွင့္ က်န္းမာေရး၊ လူမႈစီးပြားဘ၀ကုိ ဆုိးဆုိး႐ြား႐ြား ထိခုိက္ေစႏုိင္မည့္အေၾကာင္းအရာမ်ားမွအပ ကန္႕ကြက္မႈမ်ားကုိ စဥ္းစား ေဆာင္ရြက္ၾကေစလုိ ေၾကာင္း၊ လွ်ပ္စစ္စြမ္းအား မရွိပါက စီးပြားေရးဖြံ႕ၿဖိဳးတုိးတက္မႈကုိ ေနာက္က်ေစႏုိင္သျဖင့္ လွ်ပ္စစ္စြမ္းအားကုိ အက်ဳိးရွိရွိထုတ္လုပ္သုံးစြဲၾကေစလုိေၾကာင္း၊ ထင္းသုံးစြဲမႈမ်ားသည္ ရာသီဥတုကုိ ေဖာက္ျပန္ေစႏုိင္ေသာ္လည္း လုိအပ္ခ်က္မ်ား ရွိေနဆဲျဖစ္၍ ရပ္မိရပ္ဖမ်ား၏ အစီအမံျဖင့္ တစ္အုပ္တစ္မ သစ္ေတာ၊ ထင္းစုိက္ခင္းမ်ားကုိ ေဆာင္ရြက္ၿပီး သစ္ပင္စုိက္ပ်ဳိးၾကေစလုိေၾကာင္း၊

အခ်ဳပ္အားျဖင့္ မိမိေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ စုိက္ပ်ဳိးေမြးျမဴေရးကုိ စနစ္တက်ျဖင့္ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ ပညာေရးကုိ အားေပးရန္ လုိၿပီး အသိပညာ၊ အတတ္ပညာမ်ား ျပည့္စုံေသာ ပညာရွင္မ်ားေပၚထြက္ေစေရး ႀကိဳးစားအားေပးၾကေစလုိေၾကာင္း၊ တုိင္းျပည္အတြက္လည္း ႀကိဳးစားၾကေစလုိေၾကာင္း၊ အမ်ဳိးသားယဥ္ေက်းမႈစ႐ုိက္လကၡဏာကုိ ထိန္းသိမ္းႏုိင္မည္ဆုိပါက စည္းလုံးညီၫြတ္မႈ ရရွိမည္ျဖစ္ၿပီး ဖံြ႕ၿဖိဳးတုိးတက္မည္ျဖစ္ေၾကာင္း၊ စည္းကမ္းလုိက္နာမႈမရွိ၊ ဥပေဒကုိေလးစားလုိက္နာမႈမရွိပါက တုိးတက္မႈမရွိဘဲ ဆုတ္ယုတ္မႈမ်ားသာ ျဖစ္လာႏုိင္ ေၾကာင္း ေဆြးေႏြးေျပာၾကားသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံျပည္သူမ်ားအတြက္ စား ေသာက္ဖြယ္ရာ မ်ားအားေပးအပ္ရာ ပအုိ၀္းကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဥကၠ႒ ဦးခြန္စံလြင္ႏွင့္ တာ၀န္ရွိသူမ်ားက လက္ခံရယူၾကၿပီး ေဒသထြက္သီးႏွံမ်ားအား လက္ေဆာင္အျဖစ္ျပန္လည္ေပးအပ္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ခဲ့သည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေနာင္တရားၿမိဳ႕၊ ေနာင္ဘုရားကုန္းသုိ႕ သြားေရာက္၍ ေနာင္ပီ၊ ေပါ့အင္၊ လြယ္ေမာ ေက်းရြာအုပ္စုမ်ားမွ လက္ဖက္စုိက္ေဒသခံေတာင္သူမ်ားအား ေတြ႕ဆုံကာ လက္ဖက္သီးႏွံႏွင့္ ယာကြန္သီးႏွံ တန္ဖုိးျမင့္ထုတ္ကုန္မ်ား ထုတ္လုပ္ျဖန္႕ျဖဴးမႈ အေျခအေနမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ လက္ဖက္ေျခာက္စက္႐ုံေဆာက္လုပ္ႏုိင္မည့္ အေျခအေနမ်ားအား အျပန္အလွန္ေဆြးေႏြးခဲ့ၾကၿပီး တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။