တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်  ဒီဇင်ဘာ  ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး  H.E. Mr. Chhouk Bunna အား ယနေ့ညနေပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီးမြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံစစ်သံမှူး Col. Keo Cheysothearith နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု (၆၅) နှစ် ပြည့်မြောက်မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြင့်ခိုင်မာအောင်  ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများ ဖြစ်သည့် နိုင်ငံတကာနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ဘက်မလိုက်ဘဲငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စသောမူများအတိုင်း တပ်မတော်ကအလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အားကစား၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းများအပြင် ကုန်သွယ်ရေး၊စီးပွားရေးဆိုင်ရာများနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ျမန္မာႏုိင္ငံဆုိင္ရာ ကေမၻာဒီးယားႏုိင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္  ဒီဇင္ဘာ  ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္  ျမန္မာႏုိင္ငံ ဆုိင္ရာ ကေမၻာဒီးယားႏုိင္ငံသံအမတ္ႀကီး  H.E. Mr. Chhouk Bunna အား ယေန႔ညေနပိုင္း တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီးျမန္မာႏုိင္ငံဆုိင္ရာ ကေမၻာဒီးယားႏုိင္ငံသံအမတ္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ကေမၻာဒီးယားႏုိင္ငံစစ္သံမွဴး Col. Keo Cheysothearith ႏွင့္ တာ၀န္ ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာ၌ ၂၀၂၀ ျပည့္ႏွစ္တြင္ ႏွစ္ႏုိင္ငံ သံတမန္ဆက္ဆံမႈ (၆၅) ႏွစ္ ျပည့္ေျမာက္မည္ျဖစ္ၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရးပုိမုိတုိးျမင့္ခုိင္မာေအာင္  ဆက္လက္ေဆာင္ရြက္သြားမည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ႏုိင္ငံျခားေရးမူ၀ါဒမ်ား ျဖစ္သည့္ ႏုိင္ငံတကာႏွင့္ မိတ္၀တ္မပ်က္ဆက္ဆံေရး၊ ဘက္မလုိက္ဘဲၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထုိင္ေရး စေသာမူမ်ားအတုိင္း တပ္မေတာ္ကအေလးထားလုိက္နာ ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံႏွင့္ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား အားကစား၊ ယဥ္ေက်းမႈ၊ ခရီးသြားလုပ္ငန္းမ်ားအျပင္ ကုန္သြယ္ေရး၊စီးပြားေရးဆုိင္ရာမ်ားႏွင့္ အျခားနယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပိုမိုတုိးျမႇင့္ေဆာင္ရြက္ႏိုင္မည့္ အေျခအေန မ်ားအား ခင္မင္ရင္းႏွီးစြာ ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ကေမၻာဒီးယားႏိုင္ငံသံအမတ္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္ အလွန္ေပးအပ္ကာ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။