တပ်မတော်(လေ)၏ဖွဲ့စည်းတည်ထောင်မှု(၇၂)နှစ်မြောက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်းပကား မြင့်မားစေရန်အတွက် JF-17 B ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak-130 အပေါ့စားတိုက်လေယာဉ် ၆ စင်းနှင့် MI-35 P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ် စခန်းဌာနချုပ်၌ ကျင်းပပြုလုပ် သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး လေတပ်စခန်းဌာနချုပ်မှူးများ၊ မိထ္ထီလာတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော်(လေ) မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားစတင်ရာတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်များတပ်တော်ဝင်အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားများပြုလုပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း သည် တပ်မတော်(လေ)ရှိ အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာ ရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည် ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကြည်း၊ ရေ၊ လေ တပ်မတော်များကို ခေတ်မီပြီး အင်အားတောင့်တင်းစေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်တစ်ရပ် ပိုင်ဆိုင်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ တပ်မတော်ကို ကမ္ဘာ့နိုင်ငံများနည်းတူ နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိပြီး တပ်မတော်(လေ)ကိုလည်း အင်အား တောင့်တင်း ပြီး နည်းပညာ အဆင့်အတန်းမြင့်မားသည့် လေကြောင်းစွမ်းအားပိုင်ဆိုင်သော တပ်မတော်(လေ) အဖြစ် ရောက်ရှိရန် တည်ဆောက်လျက်ရှိကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် ရင်ဆိုင်ကြုံတွေ့ ရနိုင်သည့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း လေတပ်များနှင့် ရင်ပေါင် တန်းနိုင်အောင် ထိရောက်သော လေကြောင်းစွမ်းအား၊ လေကြောင်းအာကာသစွမ်းအား ပိုင်ဆိုင်သော တပ်မတော်(လေ)နှင့် ကျစ်လျစ်ပြီး စွမ်းရည် ထက်မြက်သည့် တပ်မတော် (လေ) ဖြစ်စေရန် ရည်မှန်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း။

ယနေ့ခေတ်သည် သိပ္ပံနှင့် နည်းပညာသာမက သတင်းနှင့် ဆက်သွယ်ရေးနည်း ပညာများ လျင်မြန်စွာ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည့်အတွက် စစ်မှုရေးရာများသည်လည်း ပြောင်းလဲလျက်ရှိကြောင်း၊ ခေတ်သစ်စစ်ပွဲ အောင်နိုင်ရန်အတွက် နည်းပညာများနှင့် လိုက်လျော ညီထွေ ပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို လေ့လာနေရမည်ဖြစ်ကြောင်း၊ (၂၁) ရာစုစစ်မြေပြင်တွင် နည်းပညာသာလွန်သည့် တပ်မတော်ကသာ စစ်ပွဲကို အောင်နိုင်မည် ဖြစ်ကြောင်း၊ စစ်ဆင်ရေး၏ ရလဒ်သည် လေ့ကျင့်ရေးအပေါ် မူတည်သည့် အတွက် တပ်မတော်(လေ) အနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ရှိသော တပ်မတော်(လေ) ဖြစ်ရန် တစ်ဦးချင်းနှင့် အဖွဲ့ လိုက် တိုက်ပွဲဝင်လေ့ကျင့်ရေးများကို စနစ်တကျလေ့ကျင့်သွားရန် လိုအပ်ကြောင်း၊ စွမ်းအားရှိသည့် တပ်မတော်(လေ)ဖြစ်ရန်အတွက် လေယာဉ်များကို အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီလေယာဉ်များ ဖြည့်တင်းပေးခြင်း စသည်တို့ကို ပြုလုပ်ပေးခဲ့ကြောင်း။

လေသူရဲ ရွေးချယ်မှုတွင် အရေးကြီးသည့် ပင်ကိုယ် ပါရမီစမ်းသပ်မှု၊ ဆေးစစ်မှုများကို လေကြောင်း ဆေးပညာ ဗဟိုဌာန(Aeromedical Centre) တွင် ခေတ်မီ အထောက်အကူပြု စက်ပစ္စည်းများဖြင့် နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြားပေးခြင်း၊ စစ်ဆေးခြင်းနှင့် သုတေသနပြုလုပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း၊ လေသူရဲမွေးထုတ်မှုစနစ်ကိုလည်း နိုင်ငံတကာလေတပ်များ၏ သင်ရိုးညွှန်းတမ်းများနှင့် နှိုင်းယှဉ်ပြီး အခြေခံ၊ အကြိုတန်းမြင့်နှင့် တန်းမြင့်သင်တန်းတို့ဖြင့် သင်ကြား ပို့ချပေးနိုင်ပြီ ဖြစ်ကြောင်း။

တပ်မတော်(လေ)တွင် ပထမဆုံး အသုံးပြုခဲ့သည့် Tiger Moth လေယာဉ် အမျိုးအစားမှစပြီး အသံထက်မြန်သည့် ဂျက်တိုက်လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ စသည့် ခေတ်မီ မျိုးဆက်သစ် လေယာဉ်၊ ရဟတ်ယာဉ်များစွာကို ဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ တပ် မတော်(လေ)၏ ဆောင်ပုဒ်ဖြစ်သည့် “တက်နိုင်ဖျားရောက်” ဆိုသည့် အတိုင်း တစ်ဦးချင်းကအစ အစုအဖွဲ့အလိုက်အဆုံး Professional နှင့် Efficiency ဖြစ်စေရန် အမြဲ လေ့လာ၊ လေ့ကျင့်၊ လိုက်နာနေရန်လိုအပ်ကြောင်း၊ လေသူရဲများ အနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှု အရည်အသွေးကို အမြဲထိန်းသိမ်းနိုင်ရန် လေ့ကျင့်နေရမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်မှုကိုလည်း အမြဲတမ်းထိန်းသိမ်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့တပ်၊ အဖွဲ့အစည်းအလိုက် စွမ်းရည်ရှိအောင် ကြိုးပမ်းဆောင်ရွက် နေသကဲ့သို့ ဒို့တာဝန် အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာမည့်် မည်သည့် အန္တရာယ်မျိုး ကိုမဆို အမျိုးသားရေး တာဝန်အဖြစ် ကျရာ အခန်းကဏ္ဍမှ ဆောင်ရွက်နိုင်ရေးအတွက် “အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမည်” ဆိုသည့် မြဲသုံးမြဲဖြင့် ပြည့်စုံနေရန် လိုအပ် ကြောင်း။

တပ်မတော်သည် နိုင်ငံအပေါ်ကျရောက်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပ အန္တရယ်များကို ကာကွယ်ရန် အဓိကတာဝန်ရှိကြောင်း၊ (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူနှင့် လက်တွဲပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ကြရာတွင် အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် (လေ) တပ်ဖွဲ့အနေဖြင့် မြေပြင်၊ ရေပြင် တပ်ဖွဲ့များနှင့် ပေါင်းစပ်တိုက်ပွဲဝင်ရာမှ ရဲရဲဝံ့ဝံ့ အသက်ပေးလှူ တိုက်ပွဲဝင်မှု၊ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့မှုများကြောင့် အောင်မြင်မှုများစွာရရှိခဲ့ကြောင်း၊ ယင်းသို့ တိုက်ပွဲဝင်ခဲ့ကြသည့် တိုက်ပွဲဝင် လေသူရဲများ၊ စစ်သည်များ၊ တိုက်ပွဲအောင်နိုင်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြသည့် မြေပြင် အရာရှိ၊ စစ်သည်များ၊ ကြီးကြပ်ကွပ်ကဲသူများအားလုံးကို ချီးကျူးမှတ်တမ်းတင်ပါကြောင်း။

လက်ရှိကာလတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရား၊ လမ်းပန်းဆက်သွယ် ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်စိမ်နှင့် အကျိုးစီးပွားများကို အကြမ်းဖက် တိုက်ခိုက်မှုများ၊ တရားမဝင် လက်နက်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ သစ်ခိုးထုတ်မှုများ စသည့် သမားရိုးကျ မဟုတ်သည့် စိန်ခေါ်မှုများသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်လျက် ရှိကြောင်း၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး စသည့် သဘာ၀ ဘေးအန္တရာယ် ကျရောက်မှုများကလည်း ပြည်သူလူထု လုံခြုံမှုအပေါ် ခြိမ်းခြောက်လျက် ရှိကြောင်း၊ လူသားချင်း စာနာထောက်ထားမှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief) လုပ်ငန်းများဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် စနစ်တကျ ဖွ့ဲစည်းထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် အားသာသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကလုပ်ငန်းတာဝန် ကြီး ၃ ရပ်တွင်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန် လုပ်ဆောင်ရန်ဟူ၍ ပါဝင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လည်း နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟု ပါရှိကြောင်း၊ တပ်မတော်(လေ)သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အတွေ့အကြုံပေါင်း မြောက်မြားစွာရရှိထားသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်အခါမရွေးဖြစ်ပေါ်နိုင်ခြင်းကြောင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ပူးတွဲ လေ့ကျင့်ခန်းများ အမြဲမပြတ် ပြုလုပ်နေရန်လိုအပ်ကြောင်း။

တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်း အားလုံး ယုံကြည်မှု မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာနတို့နှင့် လက်ရှိဆွေးနွေးဆဲအခြေအနေများ ဆက်လက် ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သမိုင်းတွင် တစ်ကြိမ်မျှ မရရှိ ခဲ့ဖူးသည့် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအား တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် (၉)လကြာ ရပ်ဆိုင်းပေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် အခါတွင် မိမိလူမျိုး၊ ပြည်နယ်၊ ဒေသ၊ အဖွဲ့အစည်းတစ်ခုတည်းအတွက်ကိုသာ မကြည့်ဘဲ ပြည်ထောင်စုဆိုသည့် We are Myanmar ဆိုသည့် တစ်ပေါင်းတစ်စည်းတည်း စိတ်များဖြင့် ညှိနှိုင်းဆွေးနွေးသွားမှသာလျှင် အလုပ်ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဆီယံအသိုက်အဝန်းတွင် နောက်ကျ ကျန်လျက် ရှိနေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေခြင်းထက် အတိတ်အပေါ် သင်ခန်းစာဖော်ထုတ်ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားကြရမည့်အချိန် ရောက်နေပြီဖြစ်သည်ဟု ပြောကြားလိုကြောင်း။

ယနေ့ JF-17 B ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်၊ Yak-130 အပေါ့စား တိုက်လေယာဉ် နှင့် MI-35 P တိုက်ခိုက်ရေးရဟတ်ယာဉ်များ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)အတွက် လေကြောင်းစွမ်းအား တိုးမြှင့်ပေးရာ ရောက်သကဲ့သို့ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးပိုင်း တွင်လည်း စွမ်းရည်ပိုမို တိုးတက်လာစေမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များအား တပ်တော်ဝင်အဖြစ်ကြေညာသည်။ ၎င်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် လေယာဉ်၊ ရဟတ်ယာဉ်ပုံစံငယ် များအားပေးအပ်သည်။

ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုးသရုပ်ပြ ပျံသန်းခြင်းများပြသကြရာ ဦးစွာအချိန်ကိုက်ပျံသန်းအလေးပြုခြင်းအစီအစဉ်အရ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်းမှ နိုင်ငံတော်အလံနှင့် တပ်မတော်အလံ အသီးသီး ချိတ်ဆွဲပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စင်းတို့က အစောင့် လိုက်ပါ၍ အုပ်ဖွဲ့ပျံသန်းခြင်း၊ ရဟတ်ယာဉ် ၅ စင်းတို့က (Composite Arrow Head Formation) မြားဦးပုံသဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ အပေါ့စားသယ်ယူပို့ဆောင်ရေး လေယာဉ် ၃ စင်းနှင့် ရဟတ်ယာဉ် ၂ စင်းတို့က (Composite Arrow Head Formation) မြားဦးပုံသဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ အမောင်းသင်လေယာဉ် ၇ စင်းတို့က (Arrow Head Formation) မြားဦးပုံသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၁ စင်းနှင့် ဂျက်တိုက်လေယာဉ် ၄ စင်းတို့က (Composite Arrow Head Formation) မြားဦးပုံ သဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ လေ့ကျင့်ရေး ဂျက်တိုက် လေယာဉ် ၅ စင်းတို့က နိုင်ငံတော်အလံ ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးများထုတ်လွှင့်၍ (Arrow Head Formation) မြားဦးသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းပြီးနောက် (Fan Break) ယပ်တောင်ပုံသဏ္ဍာန် ဖြန့်ထွက်ပျံသန်းခြင်းနှင့် (Head-On Pass) လေယာဉ်နှစ်စင်း မျက်နှာချင်းဆိုင်သရုပ်ပြပျံသန်းခြင်း၊ ဘက်စုံသုံး အပေါ့စားဂျက်တိုက်လေယာဉ် ၃ စင်းတို့က (Vic Formation)အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍန်အုပ်ဖွဲ့ပျံသန်းခြင်းနှင့် Left Echelon ပုံစံအုပ်ဖွဲ့ပျံသန်းခြင်းတို့ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ပျံသန်းအလေးပြုကြသည်။

ယင်းနောက် လေယာဉ်ကျွမ်းထိုးသရုပ်ပြအစီအစဉ်အား ဆက်လက်ပြသရာ Right Echelon ပုံစံ အုပ်ဖွဲ့ပျံသန်းခြင်း၊ (Dive and Combat Turn) ဦးစိုက်နိမ့်ဆင်းလျက် နောက်သို့ ရုတ်ချည်း ကွေ့ပျံသည့် စစ်ကစားမှုပုံစံဖြင့် သရုပ်ပြပျံသန်းခြင်းနှင့် Two Ship Break off နှစ်စင်းခွဲထွက် ပျံသန်းသရုပ်ပြခြင်း၊ Head-On Pass လေယာဉ်နှစ်စင်း မျက်နှာချင်းဆိုင် လေယာဉ်ပြေးလမ်း အလယ်တွင် စုံလျက် ဒေါင်လိုက်ကျွမ်းထိုးပြီး မီးကျည်များထုတ်လွှတ် သရုပ်ပြပျံသန်းခြင်း၊ ဘက်စုံသုံး တိုက်လေယာဉ် ၄ စင်းတို့က Box Formation ပုံစံဖြင့် ရေပြင်ညီ အင်္ဂလိပ်အက္ခရာ 8 ပုံသဏ္ဍန် သရုပ်ပြပျံသန်းခြင်းနှင့် (Combat Turn) နောက်ဘက်သို့ ရုတ်ချည်းပြန်လှည့် သရုပ်ပြပျံသန်းခြင်း၊ ဘေးလှိမ့် ကျွမ်းထိုးသရုပ်ပြသခြင်း၊ Fan Break ယပ်တောင်ပုံသဏ္ဍာန် ဖြန့်ထွက်ပျံသန်း သရုပ်ပြသခြင်း၊ လေယာဉ်တစ်စင်းက Low Fly Past ခေါ် အနှေးပျံသန်းခြင်းတို့ဖြင့် သရုပ်ပြသကြသည်။

ဆက်လက်၍ ဇီဝီတဒါနငှက်လွှတ်ခြင်းဆောင်ရွက်ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ငှက်အကောင်ရေ ၇၂ ကောင်တို့အား ဘေးမဲ့လွှတ်ပေးကြပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် တပ်တော်ဝင်လေယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့သည်။

 (Zawgyi Version)

တပ္မေတာ္(ေလ)၏ဖြဲ႕စည္းတည္ေထာင္မႈ(၇၂)ႏွစ္ျေမာက္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ား တပ္ေတာ္ဝင္အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၅

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ တပ္မေတာ္(ေလ)၏ (၇၂)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားတြင္ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္၏ ေလေၾကာင္းစြမ္းပကား ျမင့္မားေစရန္အတြက္ JF-17 B ဘက္စုံသုံးတိုက္ခိုက္ေရးေလယာဥ္ ၂ စင္း၊ Yak-130 အေပါ့စားတိုက္ေလယာဥ္ ၆ စင္းႏွင့္ MI-35 P တိုက္ခိုက္ေရးရဟတ္ယာဥ္ ၂ စီး၊ စုစုေပါင္း ေလယာဥ္၊ ရဟတ္ယာဥ္ ၁၀ စင္း တပ္ေတာ္ဝင္ျခင္း အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ မိတၳီလာတပ္နယ္ရွိ ေလေၾကာင္းအတတ္သင္ ေလတပ္ စခန္းဌာနခ်ဳပ္၌ က်င္းပျပဳလုပ္ သည္။

အဆိုပါ အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ေလတပ္စခန္းဌာနခ်ဳပ္မႉးမ်ား၊ မိထၳီလာတပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ တပ္မေတာ္(ေလ) မွ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ အခမ္းအနားစတင္ရာတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က ေလယာဥ္မ်ားတပ္ေတာ္ဝင္အခမ္းအနားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္း တင္ျပသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ယခုကဲ့သို႔ ေလယာဥ္၊ ရဟတ္ယာဥ္မ်ား တပ္ေတာ္ဝင္အခမ္းအနားမ်ားျပဳလုပ္၍ ျဖည့္ဆည္း ေဆာင္႐ြက္ေပးျခင္း သည္ တပ္မေတာ္(ေလ)ရွိ အရာရွိ၊ စစ္သည္မ်ား၏ စိတ္ဓာတ္အင္အားကို ျမႇင့္တင္ေပးရာ ေရာက္သကဲ့သို႔ တပ္မေတာ္အတြက္ တိုက္စြမ္းအား၊ တိုက္စြမ္းရည္ တိုးတက္ျမင့္မားေအာင္ အေထာက္အကူျပဳေစမည္ ျဖစ္ေၾကာင္း။

ကမာၻ႔ႏိုင္ငံ အသီးသီးတြင္ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္အတြက္ ၾကည္း၊ ေရ၊ ေလ တပ္မေတာ္မ်ားကို ေခတ္မီၿပီး အင္အားေတာင့္တင္းေစရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း၊ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္သည့္ ေခတ္မီတပ္မေတာ္တစ္ရပ္ ပိုင္ဆိုင္ျခင္းသည္ ေဒသတြင္း ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးႏွင့္ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ မရွိမျဖစ္ လိုအပ္ခ်က္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာ့ တပ္မေတာ္ကို ကမာၻ႔ႏိုင္ငံမ်ားနည္းတူ ႏိုင္ငံေတာ္ကို စြမ္းအားျပည့္ ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္အတြက္ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္သည့္ ေခတ္မီ မ်ိဳးခ်စ္ တပ္မေတာ္အျဖစ္ တည္ေဆာက္လ်က္ရွိၿပီး တပ္မေတာ္(ေလ)ကိုလည္း အင္အား ေတာင့္တင္း ၿပီး နည္းပညာ အဆင့္အတန္းျမင့္မားသည့္ ေလေၾကာင္းစြမ္းအားပိုင္ဆိုင္ေသာ တပ္မေတာ္(ေလ) အျဖစ္ ေရာက္ရွိရန္ တည္ေဆာက္လ်က္ရွိေၾကာင္း၊ ထိုသို႔ တည္ေဆာက္ရာတြင္ ရင္ဆိုင္ႀကဳံေတြ႕ ရႏိုင္သည့္ ၿခိမ္းေျခာက္မႈမ်ား၊ စိန္ေခၚမႈမ်ားကို ေအာင္ျမင္စြာ ရင္ဆိုင္ေျဖရွင္းႏိုင္ေရးအတြက္ ေဒသတြင္း ေလတပ္မ်ားႏွင့္ ရင္ေပါင္ တန္းႏိုင္ေအာင္ ထိေရာက္ေသာ ေလေၾကာင္းစြမ္းအား၊ ေလေၾကာင္းအာကာသစြမ္းအား ပိုင္ဆိုင္ေသာ တပ္မေတာ္(ေလ)ႏွင့္ က်စ္လ်စ္ၿပီး စြမ္းရည္ ထက္ျမက္သည့္ တပ္မေတာ္ (ေလ) ျဖစ္ေစရန္ ရည္မွန္းတည္ေဆာက္သြားရမည္ျဖစ္ေၾကာင္း။

ယေန႔ေခတ္သည္ သိပၸံႏွင့္ နည္းပညာသာမက သတင္းႏွင့္ ဆက္သြယ္ေရးနည္း ပညာမ်ား လ်င္ျမန္စြာ အရွိန္အဟုန္ျဖင့္ တိုးတက္ေျပာင္းလဲေနသည့္အတြက္ စစ္မႈေရးရာမ်ားသည္လည္း ေျပာင္းလဲလ်က္ရွိေၾကာင္း၊ ေခတ္သစ္စစ္ပြဲ ေအာင္ႏိုင္ရန္အတြက္ နည္းပညာမ်ားႏွင့္ လိုက္ေလ်ာ ညီေထြ ေျပာင္းလဲေနသည့္ စစ္မဟာဗ်ဴဟာ၊ စစ္နည္းဗ်ဴဟာမ်ားကို ေလ့လာေနရမည္ျဖစ္ေၾကာင္း၊ (၂၁) ရာစုစစ္ေျမျပင္တြင္ နည္းပညာသာလြန္သည့္ တပ္မေတာ္ကသာ စစ္ပြဲကို ေအာင္ႏိုင္မည္ ျဖစ္ေၾကာင္း၊ စစ္ဆင္ေရး၏ ရလဒ္သည္ ေလ့က်င့္ေရးအေပၚ မူတည္သည့္ အတြက္ တပ္မေတာ္(ေလ) အေနျဖင့္ တိုက္စြမ္းရည္၊ တိုက္စြမ္းအား ရွိေသာ တပ္မေတာ္(ေလ) ျဖစ္ရန္ တစ္ဦးခ်င္းႏွင့္ အဖြဲ႕ လိုက္ တိုက္ပြဲဝင္ေလ့က်င့္ေရးမ်ားကို စနစ္တက်ေလ့က်င့္သြားရန္ လိုအပ္ေၾကာင္း၊ စြမ္းအားရွိသည့္ တပ္မေတာ္(ေလ)ျဖစ္ရန္အတြက္ ေလယာဥ္မ်ားကို အဆင့္ျမႇင့္တင္ျခင္း၊ ေခတ္မီေလယာဥ္မ်ား ျဖည့္တင္းေပးျခင္း စသည္တို႔ကို ျပဳလုပ္ေပးခဲ့ေၾကာင္း။

ေလသူရဲ ေ႐ြးခ်ယ္မႈတြင္ အေရးႀကီးသည့္ ပင္ကိုယ္ ပါရမီစမ္းသပ္မႈ၊ ေဆးစစ္မႈမ်ားကို ေလေၾကာင္း ေဆးပညာ ဗဟိုဌာန(Aeromedical Centre) တြင္ ေခတ္မီ အေထာက္အကူျပဳ စက္ပစၥည္းမ်ားျဖင့္ ႏိုင္ငံတကာအဆင့္မီ ေလ့က်င့္သင္ၾကားေပးျခင္း၊ စစ္ေဆးျခင္းႏွင့္ သုေတသနျပဳလုပ္ျခင္းမ်ား ေဆာင္႐ြက္ေပးႏိုင္ၿပီျဖစ္ေၾကာင္း၊ ေလသူရဲေမြးထုတ္မႈစနစ္ကိုလည္း ႏိုင္ငံတကာေလတပ္မ်ား၏ သင္႐ိုးၫႊန္းတမ္းမ်ားႏွင့္ ႏႈိင္းယွဥ္ၿပီး အေျခခံ၊ အႀကိဳတန္းျမင့္ႏွင့္ တန္းျမင့္သင္တန္းတို႔ျဖင့္ သင္ၾကား ပို႔ခ်ေပးႏိုင္ၿပီ ျဖစ္ေၾကာင္း၊

တပ္မေတာ္(ေလ)တြင္ ပထမဆုံး အသုံးျပဳခဲ့သည့္ Tiger Moth ေလယာဥ္ အမ်ိဳးအစားမွစၿပီး အသံထက္ျမန္သည့္ ဂ်က္တိုက္ေလယာဥ္မ်ား၊ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္မ်ား၊ တိုက္ခိုက္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္မ်ား စသည့္ ေခတ္မီ မ်ိဳးဆက္သစ္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားစြာကို ဝယ္ယူျဖည့္တင္းေပးႏိုင္ခဲ့ေၾကာင္း၊ တပ္ မေတာ္(ေလ)၏ ေဆာင္ပုဒ္ျဖစ္သည့္ “တက္ႏိုင္ဖ်ားေရာက္” ဆိုသည့္ အတိုင္း တစ္ဦးခ်င္းကအစ အစုအဖြဲ႕အလိုက္အဆုံး Professional ႏွင့္ Efficiency ျဖစ္ေစရန္ အၿမဲ ေလ့လာ၊ ေလ့က်င့္၊ လိုက္နာေနရန္လိုအပ္ေၾကာင္း၊ ေလသူရဲမ်ား အေနျဖင့္ မိမိတို႔၏ ကြၽမ္းက်င္မႈ အရည္အေသြးကို အၿမဲထိန္းသိမ္းႏိုင္ရန္ ေလ့က်င့္ေနရမည္ျဖစ္ၿပီး က်န္းမာႀကံ့ခိုင္မႈကိုလည္း အၿမဲတမ္းထိန္းသိမ္း ေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ မိမိတို႔တပ္၊ အဖြဲ႕အစည္းအလိုက္ စြမ္းရည္ရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ ေနသကဲ့သို႔ ဒို႔တာဝန္ အေရးသုံးပါးကို ထိပါးေႏွာင့္ယွက္လာမည့္္ မည္သည့္ အႏၲရာယ္မ်ိဳး ကိုမဆို အမ်ိဳးသားေရး တာဝန္အျဖစ္ က်ရာ အခန္းက႑မွ ေဆာင္႐ြက္ႏိုင္ေရးအတြက္ “အၿမဲတမ္းေလ့က်င့္ရမည္၊ အၿမဲတမ္း စစ္ေရးသတိရွိရမည္၊ အၿမဲတမ္း တိုက္ပြဲဝင္အသင့္ျဖစ္ရမည္” ဆိုသည့္ ၿမဲသုံးၿမဲျဖင့္ ျပည့္စုံေနရန္ လိုအပ္ ေၾကာင္း။

တပ္မေတာ္သည္ ႏိုင္ငံအေပၚက်ေရာက္လာႏိုင္သည့္ ျပည္တြင္း၊ ျပည္ပ အႏၲရယ္မ်ားကို ကာကြယ္ရန္ အဓိကတာဝန္ရွိေၾကာင္း၊ (ၾကည္း၊ ေရ၊ ေလ) တပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ ျပည္သူႏွင့္ လက္တြဲၿပီး ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ၾကရာတြင္ အသက္၊ ေသြး၊ ေခြၽး မ်ားစြာ ေပးဆပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္ (ေလ) တပ္ဖြဲ႕အေနျဖင့္ ေျမျပင္၊ ေရျပင္ တပ္ဖြဲ႕မ်ားႏွင့္ ေပါင္းစပ္တိုက္ပြဲဝင္ရာမွ ရဲရဲဝံ့ဝံ့ အသက္ေပးလႉ တိုက္ပြဲဝင္မႈ၊ စြန႔္စြန႔္စားစား တိုက္ပြဲဝင္ခဲ့မႈမ်ားေၾကာင့္ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့ေၾကာင္း၊ ယင္းသို႔ တိုက္ပြဲဝင္ခဲ့ၾကသည့္ တိုက္ပြဲဝင္ ေလသူရဲမ်ား၊ စစ္သည္မ်ား၊ တိုက္ပြဲေအာင္ႏိုင္ေရးအတြက္ အားႀကိဳးမာန္တက္ေဆာင္႐ြက္ခဲ့ၾကသည့္ ေျမျပင္ အရာရွိ၊ စစ္သည္မ်ား၊ ႀကီးၾကပ္ကြပ္ကဲသူမ်ားအားလုံးကို ခ်ီးက်ဴးမွတ္တမ္းတင္ပါေၾကာင္း။

လက္ရွိကာလတြင္ ႏိုင္ငံေတာ္အစိုးရ၏ အုပ္ခ်ဳပ္မႈ ယႏၲရား၊ လမ္းပန္းဆက္သြယ္ ေရး၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္စိမ္ႏွင့္ အက်ိဳးစီးပြားမ်ားကို အၾကမ္းဖက္ တိုက္ခိုက္မႈမ်ား၊ တရားမဝင္ လက္နက္ကုန္သြယ္မႈမ်ား၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈမ်ား၊ သစ္ခိုးထုတ္မႈမ်ား စသည့္ သမား႐ိုးက် မဟုတ္သည့္ စိန္ေခၚမႈမ်ားသည္ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးအေပၚ ၿခိမ္းေျခာက္လ်က္ ရွိေၾကာင္း၊ မီးေဘး၊ ေရေဘး၊ ေလေဘး၊ မိုးႀကိဳးေဘး၊ ငလ်င္ေဘး၊ ဆူနာမီေဘး၊ ေျမၿပိဳေဘး၊ မိုးေခါင္ေရရွားေဘး စသည့္ သဘာ၀ ေဘးအႏၲရာယ္ က်ေရာက္မႈမ်ားကလည္း ျပည္သူလူထု လုံၿခဳံမႈအေပၚ ၿခိမ္းေျခာက္လ်က္ ရွိေၾကာင္း၊ လူသားခ်င္း စာနာေထာက္ထားမႈႏွင့္ ေဘးအႏၲရာယ္ ကယ္ဆယ္ေရး (Humanitarian Assistance and Disaster Relief) လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ တပ္မေတာ္အေနျဖင့္ စနစ္တက် ဖြ႕ဲစည္းထားေသာ အဖြဲ႕အစည္းျဖစ္သည့္အတြက္ အားသာသည့္ အဖြဲ႕အစည္း တစ္ခုျဖစ္ေၾကာင္း၊ တပ္မေတာ္၏ အဓိကလုပ္ငန္းတာဝန္ ႀကီး ၃ ရပ္တြင္လည္း ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္ လုပ္ေဆာင္ရန္ဟူ၍ ပါဝင္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ လည္း ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအတြက္ ေဘးအႏၲရာယ္က်ေရာက္လာလွ်င္ တပ္မေတာ္က ကူညီေဆာင္႐ြက္ရမည္ဟု ပါရွိေၾကာင္း၊ တပ္မေတာ္(ေလ)သည္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းမ်ား၊ သဘာဝေဘးအႏၲရာယ္ကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားတြင္ အေတြ႕အႀကဳံေပါင္း ေျမာက္ျမားစြာရရွိထားသည္ကို ေတြ႕ျမင္ရမည္ ျဖစ္ေၾကာင္း၊ သဘာဝေဘးအႏၲရာယ္ဆိုသည္မွာ အခ်ိန္အခါမေ႐ြးျဖစ္ေပၚႏိုင္ျခင္းေၾကာင့္ ကူညီ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ေစရန္ ပူးတြဲ ေလ့က်င့္ခန္းမ်ား အၿမဲမျပတ္ ျပဳလုပ္ေနရန္လိုအပ္ေၾကာင္း။

တပ္မေတာ္အေနျဖင့္ ေဒသခံတိုင္းရင္းသားျပည္သူမ်ား၏ ၿငိမ္းခ်မ္းေရးအေပၚ ေမွ်ာ္လင့္ခ်က္၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ပတ္သက္ေနသည့္ အဖြဲ႕အစည္း အားလုံး ယုံၾကည္မႈ ျမင့္မားစြာျဖင့္ ေဆာင္႐ြက္ႏိုင္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနတို႔ႏွင့္ လက္ရွိေဆြးေႏြးဆဲအေျခအေနမ်ား ဆက္လက္ ေဆာင္႐ြက္ႏိုင္ေရးတို႔အတြက္ ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္သမိုင္းတြင္ တစ္ႀကိမ္မွ် မရရွိ ခဲ့ဖူးသည့္ တစ္ဖက္သတ္ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးအား တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမ ၅ ခုတြင္ (၉)လၾကာ ရပ္ဆိုင္းေပးခဲ့ေၾကာင္း၊ ေတြ႕ဆုံေဆြးေႏြး အေျဖရွာသည့္ အခါတြင္ မိမိလူမ်ိဳး၊ ျပည္နယ္၊ ေဒသ၊ အဖြဲ႕အစည္းတစ္ခုတည္းအတြက္ကိုသာ မၾကည့္ဘဲ ျပည္ေထာင္စုဆိုသည့္ We are Myanmar ဆိုသည့္ တစ္ေပါင္းတစ္စည္းတည္း စိတ္မ်ားျဖင့္ ညႇိႏႈိင္းေဆြးေႏြးသြားမွသာလွ်င္ အလုပ္ျဖစ္ႏိုင္မည္ျဖစ္ေၾကာင္း၊ မိမိတို႔ ႏိုင္ငံတြင္ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားၿပီး တည္ၿငိမ္ေအးခ်မ္းမႈ မရွိသည့္အတြက္ ဖြံ႕ၿဖိဳးတိုးတက္မႈ ေဆာင္႐ြက္ႏိုင္ျခင္းမရွိဘဲ အာဆီယံအသိုက္အဝန္းတြင္ ေနာက္က် က်န္လ်က္ ရွိေနသည္ကို ေတြ႕ၾကရမည္ျဖစ္ေၾကာင္း၊ အတိတ္ကို လက္ညႇိဳးထိုးၿပီး အျပစ္ရွာေနျခင္းထက္ အတိတ္အေပၚ သင္ခန္းစာေဖာ္ထုတ္ၿပီး ႏိုင္ငံတိုးတက္ဖြံ႕ၿဖိဳးေရးအတြက္ ေဆာင္႐ြက္သြားၾကရမည့္အခ်ိန္ ေရာက္ေနၿပီျဖစ္သည္ဟု ေျပာၾကားလိုေၾကာင္း။

ယေန႔ JF-17 B ဘက္စုံသုံးတိုက္ခိုက္ေရးေလယာဥ္၊ Yak-130 အေပါ့စား တိုက္ေလယာဥ္ ႏွင့္ MI-35 P တိုက္ခိုက္ေရးရဟတ္ယာဥ္မ်ား တပ္ေတာ္ဝင္ႏိုင္ျခင္းသည္ တပ္မေတာ္(ေလ)အတြက္ ေလေၾကာင္းစြမ္းအား တိုးျမႇင့္ေပးရာ ေရာက္သကဲ့သို႔ တပ္မေတာ္၏ ႏိုင္ငံေတာ္ကာကြယ္ေရးပိုင္း တြင္လည္း စြမ္းရည္ပိုမို တိုးတက္လာေစမည္ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ စစ္ဦးစီးအရာရွိခ်ဳပ္(ေလ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္က ေလယာဥ္မ်ားအား တပ္ေတာ္ဝင္အျဖစ္ေၾကညာသည္။ ၎ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က ေလယာဥ္မ်ား တပ္ေတာ္ဝင္အထိမ္းအမွတ္ အမွတ္တရ လက္ေဆာင္ပစၥည္းအျဖစ္ ေလယာဥ္၊ ရဟတ္ယာဥ္ပုံစံငယ္ မ်ားအားေပးအပ္သည္။

ထို႔ေနာက္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ား သ႐ုပ္ျပအုပ္ဖြဲ႕ပ်ံသန္းအေလးျပဳျခင္းႏွင့္ ကြၽမ္းထိုးသ႐ုပ္ျပ ပ်ံသန္းျခင္းမ်ားျပသၾကရာ ဦးစြာအခ်ိန္ကိုက္ပ်ံသန္းအေလးျပဳျခင္းအစီအစဥ္အရ တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၂ စင္းမွ ႏိုင္ငံေတာ္အလံႏွင့္ တပ္မေတာ္အလံ အသီးသီး ခ်ိတ္ဆြဲၿပီး တိုက္ခိုက္ေရး ရဟတ္ယာဥ္ ၂ စင္းတို႔က အေစာင့္ လိုက္ပါ၍ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ ရဟတ္ယာဥ္ ၅ စင္းတို႔က (Composite Arrow Head Formation) ျမားဦးပုံသ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အေပါ့စားသယ္ယူပို႔ေဆာင္ေရး ေလယာဥ္ ၃ စင္းႏွင့္ ရဟတ္ယာဥ္ ၂ စင္းတို႔က (Composite Arrow Head Formation) ျမားဦးပုံသ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အေမာင္းသင္ေလယာဥ္ ၇ စင္းတို႔က (Arrow Head Formation) ျမားဦးပုံသ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အလတ္စားသယ္ယူ ပို႔ေဆာင္ေရးေလယာဥ္ ၁ စင္းႏွင့္ ဂ်က္တိုက္ေလယာဥ္ ၄ စင္းတို႔က (Composite Arrow Head Formation) ျမားဦးပုံ သ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ ေလ့က်င့္ေရး ဂ်က္တိုက္ ေလယာဥ္ ၅ စင္းတို႔က ႏိုင္ငံေတာ္အလံ ကိုယ္စားျပဳသည့္ အဝါေရာင္၊ အစိမ္းေရာင္၊ အနီေရာင္မီးခိုးမ်ားထုတ္လႊင့္၍ (Arrow Head Formation) ျမားဦးသ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းၿပီးေနာက္ (Fan Break) ယပ္ေတာင္ပုံသ႑ာန္ ျဖန႔္ထြက္ပ်ံသန္းျခင္းႏွင့္ (Head-On Pass) ေလယာဥ္ႏွစ္စင္း မ်က္ႏွာခ်င္းဆိုင္သ႐ုပ္ျပပ်ံသန္းျခင္း၊ ဘက္စုံသုံး အေပါ့စားဂ်က္တိုက္ေလယာဥ္ ၃ စင္းတို႔က (Vic Formation)အဂၤလိပ္အကၡရာ V ပုံသ႑န္အုပ္ဖြဲ႕ပ်ံသန္းျခင္းႏွင့္ Left Echelon ပုံစံအုပ္ဖြဲ႕ပ်ံသန္းျခင္းတို႔ျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အား ပ်ံသန္းအေလးျပဳၾကသည္။

ယင္းေနာက္ ေလယာဥ္ကြၽမ္းထိုးသ႐ုပ္ျပအစီအစဥ္အား ဆက္လက္ျပသရာ Right Echelon ပုံစံ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ (Dive and Combat Turn) ဦးစိုက္နိမ့္ဆင္းလ်က္ ေနာက္သို႔ ႐ုတ္ခ်ည္း ေကြ႕ပ်ံသည့္ စစ္ကစားမႈပုံစံျဖင့္ သ႐ုပ္ျပပ်ံသန္းျခင္းႏွင့္ Two Ship Break off ႏွစ္စင္းခြဲထြက္ ပ်ံသန္းသ႐ုပ္ျပျခင္း၊ Head-On Pass ေလယာဥ္ႏွစ္စင္း မ်က္ႏွာခ်င္းဆိုင္ ေလယာဥ္ေျပးလမ္း အလယ္တြင္ စုံလ်က္ ေဒါင္လိုက္ကြၽမ္းထိုးၿပီး မီးက်ည္မ်ားထုတ္လႊတ္ သ႐ုပ္ျပပ်ံသန္းျခင္း၊ ဘက္စုံသုံး တိုက္ေလယာဥ္ ၄ စင္းတို႔က Box Formation ပုံစံျဖင့္ ေရျပင္ညီ အဂၤလိပ္အကၡရာ 8 ပုံသ႑န္ သ႐ုပ္ျပပ်ံသန္းျခင္းႏွင့္ (Combat Turn) ေနာက္ဘက္သို႔ ႐ုတ္ခ်ည္းျပန္လွည့္ သ႐ုပ္ျပပ်ံသန္းျခင္း၊ ေဘးလွိမ့္ ကြၽမ္းထိုးသ႐ုပ္ျပသျခင္း၊ Fan Break ယပ္ေတာင္ပုံသ႑ာန္ ျဖန႔္ထြက္ပ်ံသန္း သ႐ုပ္ျပသျခင္း၊ ေလယာဥ္တစ္စင္းက Low Fly Past ေခၚ အေႏွးပ်ံသန္းျခင္းတို႔ျဖင့္ သ႐ုပ္ျပသၾကသည္။

ဆက္လက္၍ ဇီဝီတဒါနငွက္လႊတ္ျခင္းေဆာင္႐ြက္ၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက ငွက္အေကာင္ေရ ၇၂ ေကာင္တို႔အား ေဘးမဲ့လႊတ္ေပးၾကၿပီးေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ တပ္ေတာ္ဝင္ေလယာဥ္မ်ားအား အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းေပးၾကသည္။ ထို႔ေနာက္ တပ္ေတာ္ဝင္ေလယာဥ္မ်ားအား လွည့္လည္ၾကည့္ရႈၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သ႐ုပ္ျပအုပ္ဖြဲ႕ပ်ံသန္းမႈတြင္ ပါဝင္ေသာ ေလသူရဲမ်ားအား ဂုဏ္ျပဳႏႈတ္ဆက္စကားေျပာၾကားၿပီး ဂုဏ္ျပဳခ်ီးျမႇင့္ ေငြမ်ားေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။