တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတက်ရောက်ချီးမြှင့်

နေပြည်တော် ၊ ဒီဇင်ဘာ- ၁၇

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ သင်တန်းဆင်းအရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် ဆေးတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ မြဝတီတေးဂီတနှင့် အငြိမ့်အဖွဲ့တို့၏ တေးသံသာများ၊ ယိမ်းအကများ၊ အငြိမ့်များဖြင့် ဂုဏ်ပြု ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၀)သင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားတက္ေရာက္ခ်ီးျမႇင့္

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ- ၁၇

တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၀) သင္တန္းဆင္း ဂုဏ္ျပဳညစာ စားပြဲအခမ္းအနားကို ယေန႔ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ေဆးတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ ခန္းမေဆာင္ႀကီး၏ စုေဝးခန္းမ၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါသင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ တိုင္းမႉးမ်ား၊ တပ္မေတာ္ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ ဖိတ္ၾကား ထားသည့္ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းအရာရွိမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သင္တန္းဆင္း အရာရွိမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ သင္တန္းဆင္းအရာရွိမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္ ေဆးတကၠသိုလ္ ဂုဏ္ျပဳစစ္တီးဝိုင္းတပ္ဖြဲ႕၏ ဂုဏ္ျပဳတီးမႈတ္မႈအား ၾကည့္ရႈအားေပးၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဘြဲ႕ႏွင္းသဘင္ခန္းမေဆာင္၌ ျမဝတီေတးဂီတႏွင့္ အၿငိမ့္အဖြဲ႕တို႔၏ ေတးသံသာမ်ား၊ ယိမ္းအကမ်ား၊ အၿငိမ့္မ်ားျဖင့္ ဂုဏ္ျပဳ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ၾကည့္ရႈအားေပးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။