တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊Quang Ninh ပြည်နယ်ရှိ Ha Long Bay အတွင်း လှည့်လည်ကြည့်ရှုလေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊Quang Ninh ပြည်နယ်ရှိ Ha Long Bay အတွင်း လှည့်လည်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ‘ဒီဇင်ဘာ  ၂၀

 ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ Quang Ninh ပြည်နယ်၊ Cam Pha မြို့ရှိ Ha Long Bay (ဟလောင်း ပင်လယ်အော်) အတွင်း အပျော်စီးရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဟနွိုင်းမြို့မှ မော်တော်ယာဉ် များဖြင့် ထွက်ခွာခဲ့ပြီး Ha Long ဆိပ်ကမ်းသို့ရောက်ရှိကြသည်။ ထို့နောက် Ha Long Bay အတွင်း အပျော်စီးရေယာဉ်ဖြင့် လှည့်လည်၍  သဘာဝအတိုင်းဖြစ်တည်နေသော ထုံးကျောက်တောင်များ၊ လှိုဏ်ဂူများ၊ ပုံသဏ္ဍန်မျိုးစုံရှိသော ကျွန်းများနှင့် သာယာ လှပသော သဘာဝရှုခင်းများကို ကြည့်ရှု လေ့လာခဲ့ကြသည်။

အဆိုပါ Ha Long Bay (ဟလောင်း ပင်လယ်အော်)သည် လွန်ခဲ့သော နှစ်ပေါင်း သန်း ၅၀၀ ခန့်တွင် စတင်ပေါ်ပေါက်လာသည့် နေရာတစ်ခုဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၆၀၀ ခန့်ကျယ်ဝန်းကာ ကျွန်းငယ်ပေါင်း ၂၀၀၀ ခန့်အထိရှိကြောင်း၊ အဓိက ဧရိယာ စတုရန်းမိုင် ၁၂၉ မိုင်အတွင်း၌ ကျွန်းငယ်ပေါင်း ၃၃၄ ကျွန်းရှိပြီး အချို့သောကျွန်းများ ရှိ ထုံးကျောက်လှိုဏ်ဂူများသည် လွန်ခဲ့သောနှစ်ပေါင်း သန်း ၂၀ ခန့်မှ စတင်၍ အပူပိုင်း စွတ်စိုရာသီဥတု အခြေအနေများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ Ha Long Bay တွင် ဒေသရင်း ပန်းမျိုးစိတ် ၁၄ မျိုးနှင့် ဇီဝမျိုးစိတ် ၆၀ ခန့်ရှိပြီး သမိုင်းသုတေသီ များ၏ လေ့လာချက်များအရ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းခန့်မှ စတင်၍ လူသား များနေထိုင်ခဲ့သည့် အထောက်အထားများ တွေ့ရှိရကြောင်း၊ Ha Long ၏ အဓိပ္ပါယ် Ha (ဆင်းသည်) Long (နဂါး) ဖြစ်ပြီး နဂါးရေထဲသို့ဆင်းသည်ဟု အဓိပ္ပါယ်ရ ကြောင်းနှင့် ဟနွိုင်းမြို့အား ယခင်က Thang Long (နဂါးပျံတက်သွားသည့် နေရာ) ဟုလည်း ခေါ်ဆိုခဲ့ကြကြောင်း၊ Ha Long Bay သည် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်း ဦးရာသီ၊ ဆောင်းရာသီဟူ၍ ရာသီဥတု ၄ မျိုးရှိပြီး သာယာလှပသည့် သဘာဝရှုခင်း များ၏ စွဲဆောင်မှုများကြောင့် ကမ္ဘာလှည့်ခရီးသည် သန်းပေါင်းများစွာလာရောက် လည်ပတ်ကြပြီး UNESCO ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်နေရာတစ်ခုလည်းဖြစ်သည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊Quang Ninh ျပည္နယ္ရွိ Ha Long Bay အတြင္း လွည့္လည္ၾကည့္႐ႈေလ့လာ

ေနျပည္ေတာ္၊ ‘ဒီဇင္ဘာ  ၂၀

ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ Quang Ninh ျပည္နယ္၊ Cam Pha ၿမိဳ႕ရွိ Ha Long Bay (ဟေလာင္း ပင္လယ္ေအာ္) အတြင္း အေပ်ာ္စီးေရယာဥ္ျဖင့္ လွည့္လည္ ၾကည့္ ႐ႈေလ့လာၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဗီယက္နမ္ႏုိင္ငံ ဆိုင္ရာ ျမန္မာႏုိင္ငံသံ႐ုံးမွ သံအမတ္ႀကီး ဦးေက်ာ္စုိး၀င္း၊ ျမန္မာစစ္သံ (ၾကည္း၊ ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ ေအာင္ေဇယ်ႏွင့္ တာ၀န္ရွိသူမ်ားလိုက္ပါ၍ ဟႏိြဳင္းၿမိဳ႕မွ ေမာ္ေတာ္ယာဥ္ မ်ားျဖင့္ ထြက္ခြာခဲ့ၿပီး Ha Long ဆိပ္ကမ္းသုိ႕ေရာက္ရွိၾကသည္။ ထုိ႕ေနာက္ Ha Long Bay အတြင္း အေပ်ာ္စီးေရယာဥ္ျဖင့္ လွည့္လည္ ၍  သဘာ၀အတုိင္းျဖစ္တည္ေနေသာ ထုံးေက်ာက္ေတာင္မ်ား၊ လႈိဏ္ဂူမ်ား၊ ပုံသ႑န္မ်ဳိးစုံရွိေသာ ကြၽန္းမ်ားႏွင့္ သာယာ လွပေသာ သဘာ၀႐ႈခင္းမ်ားကုိ ၾကည့္႐ႈ ေလ့လာခဲ့ၾကသည္။

အဆုိပါ Ha Long Bay (ဟေလာင္း ပင္လယ္ေအာ္)သည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း သန္း ၅၀၀ ခန္႕တြင္ စတင္ေပၚေပါက္လာသည့္ ေနရာတစ္ခုျဖစ္ၿပီး စတုရန္းမုိင္ေပါင္း ၆၀၀ ခန္႕က်ယ္၀န္းကာ ကြၽန္းငယ္ေပါင္း ၂၀၀၀ ခန္႕အထိရွိေၾကာင္း၊ အဓိက ဧရိယာ စတုရန္းမုိင္ ၁၂၉ မုိင္အတြင္း၌ ကြၽန္းငယ္ေပါင္း ၃၃၄ ကြၽန္းရွိၿပီး အခ်ဳိ႕ေသာကြၽန္းမ်ား ရွိ ထုံးေက်ာက္လိႈဏ္ဂူမ်ားသည္ လြန္ခဲ့ေသာႏွစ္ေပါင္း သန္း ၂၀ ခန္႕မွ စတင္၍ အပူပုိင္း စြတ္စုိရာသီဥတု အေျခအေနမ်ားေၾကာင့္ ျဖစ္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္း၊ Ha Long Bay တြင္ ေဒသရင္း ပန္းမ်ဳိးစိတ္ ၁၄ မ်ဳိးႏွင့္ ဇီ၀မ်ဳိးစိတ္ ၆၀ ခန္႕ရွိၿပီး သမုိင္းသုေတသီ မ်ား၏ ေလ့လာခ်က္မ်ားအရ လြန္ခဲ့ေသာ ႏွစ္ေပါင္းတစ္သိန္းခန္႕မွ စတင္္၍ လူသား မ်ားေနထုိင္္ခဲ့သည့္ အေထာက္အထားမ်ား ေတြ႕ရွိရေၾကာင္း၊ Ha Long ၏ အဓိပၸါယ္ Ha (ဆင္းသည္) Long (နဂါး) ျဖစ္ၿပီး နဂါးေရထဲသို႕ဆင္းသည္ဟု အဓိပၸါယ္ရ ေၾကာင္းႏွင့္ ဟႏိြဳင္းၿမိဳ႕အား ယခင္က Thang Long (နဂါးပ်ံတက္သြားသည့္ ေနရာ) ဟုလည္း ေခၚဆုိခဲ့ၾကေၾကာင္း၊ Ha Long Bay သည္ ေႏြဦးရာသီ၊ ေႏြရာသီ၊ ေဆာင္း ဦးရာသီ၊ ေဆာင္းရာသီဟူ၍ ရာသီဥတု ၄ မ်ဳိးရွိၿပီး သာယာလွပသည့္ သဘာ၀႐ႈခင္း မ်ား၏ စြဲေဆာင္မႈမ်ားေၾကာင့္ ကမၻာလွည့္ခရီးသည္ သန္းေပါင္းမ်ားစြာလာေရာက္ လည္ပတ္ၾကၿပီး UNESCO ကမၻာ့မွတ္တမ္းအေမြအႏွစ္ စာရင္း၀င္ေနရာတစ္ခုလည္း ျဖစ္သည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။