(၇၅) နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော်တည်ထောင်သည့်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ဗီယက်နမ် နိုင်ငံဝန်ကြီးချုပ်အား သွားရောက်တွေ့ဆုံ၊ အာဆီယံနိုင်ငံတပ်မတော်များကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကား ပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေ ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရုံးသို့ သွားရောက်၍ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက်အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅) နှစ် မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော်တည်ထောင်သည့်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် Mr. Nguyen Xuan Phuc အား ဂါရဝပြုတွေ့ဆုံသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံအလိုက် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်က အမှာ စကား ပြောကြားသည်။

ယင်းနောက် အာဆီယံနိုင်ငံတပ်မတော်များကိုယ်စား မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc (ငုယင်စွမ်းဖု)နှင့် တွေ့ ဆုံပွဲသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများမှ ကာကွယ် ရေးဝန်ကြီးများ၊ ဒုတိယကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်များနှင့် စစ်ဦးစီးအရာရှိချုပ်များ၊ ကိုယ်စားလှယ်တော်ကြီးများအားလုံးကို နှုတ်ခွန်းဆက်သပါ ကြောင်း၊ မိမိတို့၏ မိတ်ဆွေနိုင်ငံဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ၃၀ နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် ၇၅ နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော် တည်ထောင်သည့်နေ့အခမ်းအနား တွေ့ဆုံပွဲ၌ အာဆီယံနိုင်ငံများ၏ တပ်မတော်များ ကိုယ်စား စကားပြောခွင့်ရသည့်အတွက်ဂုဏ်ယူပါကြောင်းနှင့် ကမ္ဘာတည်သ၍ မိတ်ဆွေ ဗီယက်နမ်နိုင်ငံနှင့်အတူ မိတ်ဆွေနိုင်ငံများအားလုံး တည်တံ့ခိုင်မြဲဖွံ့ဖြိုးတိုးတက်ပါစေ ကြောင်းဖြင့် ဦးစွာဆန္ဒပြု ပြောကြားသည်။

ဆက်လက်ပြီး မိမိတို့ အရှေ့တောင်အာရှနိုင်ငံအများစုသည် အမျိုးမျိုးသော နယ်ချဲ့ကိုလိုနီစနစ်လက်အောက်မှ ကြိုးစားရုန်းကန်နိုးထပြီး မိမိတို့နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာအတွက် ကြိုးပမ်းခဲ့ရသူများဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံတိုင်းတွင် ဂုဏ်ယူဖွယ်ရာသမိုင်း၊ လေးစားဖွယ်ရာ စွန့်လွှတ်စွန့်စားရမှုတို့ရှိကြပါကြောင်း၊ ထို့အတူ ဗီယက်နမ်နိုင်ငံနှင့် ဗီယက်နမ်တပ်မတော်သည်လည်း နိုင်ငံ့လွတ်လပ်ရေး၊ ပြည်သူ့လွတ်လပ် ရေး တို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပါကြောင်း၊ သာမာန်ထက်ထူးကဲသည့် ကြိုးစား အားထုတ်မှုများ ရုန်းကန်လှုပ်ရှားမှုများနှင့် ဗီယက်နမ်ပြည်သူများ၏ဘဝကို အချုပ် အခြာအာဏာပိုင်နိုင်ငံသားများအဖြစ် မြှင့်တင်ပေးခဲ့ရပါကြောင်း၊ ဗီယက်နမ် ပြည်သူများနှင့်် ဗီယက်နမ်တပ်မတော်တို့၏ လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စား အနစ်နာခံကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ကမ္ဘာ့စစ်သမိုင်းတွင် ယနေ့တိုင် ထင်ရှား လျက်ရှိသည့် ဒိန်ဗင်ဖူး တိုက်ပွဲ၊ တက်ထိုးစစ် (Tet Offensive) ၊ ဆိုင်းဂုံတိုက်ပွဲ (The Fall of Saigon) တို့က သက်သေခံလျက်ရှိပါကြောင်း။

ဗီယက်နမ်ပြည်သူများနှင့် ဗီယက်နမ်တပ်မတော်တို့သည် နိုင်ငံ့လွတ်လပ်ရေး အတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သကဲ့သို့ လက်ရှိတွင်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တက်ညီ၊ လက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်ခြင်းသည် ချီးကျူးစရာ ဖြစ်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ် အထိ နှစ်စဉ် (၇) ရာခိုင်နှုန်းခန့် ဆက်တိုက်ဖွံ့ဖြိုး တိုးတက်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ် နှောင်းပိုင်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလ၌ပင် ၂၀၁၀ ပြည့်နှစ်ကျော် နှစ်များ အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို (၆.၈) ရာခိုင်နှုန်းဝန်းကျင်တွင် ဆက်လက်ထိန်းသိမ်း ထားနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ စာရင်းဇယားများအရ ဆင်းရဲမွဲတေမှုနှုန်းထားကို လျှင်လျှင်မြန်မြန် လျှော့ချနိုင်ခဲ့သကဲ့သို့ အလုပ်လက်မဲ့ နှုန်းထားကိုလည်း (၁) ရာခိုင်နှုန်း ခန့်သာ ရှိတော့သည်အထိ လျှော့ချနိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရပြီး အရှေ့တောင် အာရှတွင် ထွန်းသစ်လာသည့် ကျားတစ်ကောင်၏အားကို ထင်ထင်ရှားရှားတွေ့နိုင်မည် ဖြစ်ကြောင်း။ နိုင်ငံတော်ကို လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းနိုင်သည့် စွန့်လွှတ် စွန့်စားသည့် ရဲစွမ်းသတ္တိရှိသကဲ့သို့ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်သည့် တည်ဆောက်ရေးစွမ်းအား ရှိသူများလည်း ဖြစ်ပါကြောင်း။

မိမိတို့ အာဆီယံနိုင်ငံများသည် တူညီသည့်လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ နီးစပ်သည့်ယဉ်ကျေးမှုနှင့် ခင်မင်ဖွယ် လူမှုအသိုက်အဝန်းများရှိကြသည့် နိုင်ငံများ ဖြစ်ကြပါကြောင်း၊ အာဆီယံ၏ရည်မှန်းချက် ဖြစ်သည့် (One Vision, One Identity, One Community) ကို အကောင်အထည်ဖော်နေသူများ ဖြစ်ကြပါကြောင်း၊ ယင်းသို့ အကောင်အထည်ဖော်ရာတွင် မိမိတို့ တပ်မတော်အချင်းချင်းသည်လည်း ကျရာအခန်း ကဏ္ဍက စည်းလုံးညီညွတ်စွာ၊ ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ၃၀ နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် ၇၅ နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော်တည်ထောင်သည့်နေ့ အခမ်းအနား၌ ဗီယက်နမ်နိုင်ငံ၊ ဗီယက်နမ်ပြည်သူတို့နှင့် ဗီယက်နမ်တပ်မတော်တို့၏ ဂုဏ်ရောင် ပိုမိုထွန်းပြောင်ပါစေကြောင်း အာဆီယံတပ်မတော်များကိုယ်စား မိမိမှ လှိုက်လှဲစွာ ဆန္ဒ မွန်ပြုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယစစ်ဦးစီးအရာရှိချုပ် Rear Admiral Viktor Nikolayevich Lina ကအမှာစကားပြောကြားပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။ ယင်းနောက် ဗီယက်နမ်ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးသည်။

ဆက်လက်ပြီး ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟနွိုင်းမြို့ရှိ Melia Hotel ၌ပြုလုပ်သည့် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီး အရာရှိချုပ်က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက်အမျိုးသား ကာကွယ် ရေးနေ့နှင့် (၇၅)နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော်တည်ထောင်သည့်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

ဦးစွာ ဗီယက်နမ်ပြည်သူ့တပ်မတော်၊ အမျိုးသားကာကွယ်ရေးဝန်ကြီး General Ngo Xuan Lich နှင့် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang တို့က ညစာစားပွဲသို့ တက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်နိုင်ငံအလိုက် ကိုယ်စားလှယ်များအား ခင်မင်ရင်းနှီးစွာကြိုဆို နှုတ်ဆက်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်က နှုတ်ခွန်း ဆက်စကားပြောကြားပြီး တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ နှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ် အတွင်း ဗီယက်နမ်တပ်မတော်ဖျော်ဖြေရေးအဖွဲ့က အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေ ခဲ့ကြသည်။

(Zawgyi Version)

(၇၅) ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္တည္ေထာင္သည့္ေန႔ အခမ္းအနားသို႔ တက္ေရာက္လာသည့္ ႏုိင္ငံအသီးသီးမွကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္မ်ား ဗီယက္နမ္ ႏုိင္ငံ၀န္ႀကီးခ်ဳပ္အား သြားေရာက္ေတြ႕ဆုံ၊ အာဆီယံႏုိင္ငံတပ္မေတာ္မ်ားကုိယ္စား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အမွာစကား ေျပာၾကား

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၀

ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႕ညေန ပုိင္းတြင္ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ၀န္ႀကီးခ်ဳပ္႐ုံးသုိ႕ သြားေရာက္၍ ဗီယက္နမ္ ဆိုရွယ္လစ္ သမၼတႏိုင္ငံ၏ (၃၀)ႏွစ္ေျမာက္အမ်ဳိးသားကာကြယ္ေရးေန႕ႏွင့္ (၇၅) ႏွစ္ ေျမာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္တည္ေထာင္သည့္ေန႔ အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ အာဆီယံအဖြဲ႕၀င္ႏုိင္ငံမ်ား၊ ႐ုရွားႏုိင္ငံႏွင့္ တ႐ုတ္ႏုိင္ငံတုိ႕မွ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္အတူ ဗီယက္နမ္ဆုိရွယ္လစ္သမၼတ ႏုိင္ငံ၀န္ႀကီးခ်ဳပ္ Mr. Nguyen Xuan Phuc အား ဂါရ၀ျပဳေတြ႕ဆုံသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႏုိင္္ငံအလုိက္ ကုိယ္စားလွယ္အဖြဲ႕ ေခါင္းေဆာင္မ်ားအား ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ၀န္ႀကီးခ်ဳပ္က ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္သည္။ ထုိ႕ေနာက္ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ၀န္ႀကီးခ်ဳပ္က အမွာ စကား ေျပာၾကားသည္။

ယင္းေနာက္ အာဆီယံႏုိင္ငံတပ္မေတာ္မ်ားကုိယ္စား ျမန္မာ့တပ္မေတာ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ဗီယက္နမ္ ဆုိရွယ္လစ္သမၼတႏုိင္ငံ ၀န္ႀကီးခ်ဳပ္ Mr. Nguyen Xuan Phuc (ငုယင္စြမ္းဖု)ႏွင့္ ေတြ႕ ဆုံပြဲသုိ႕ တက္ေရာက္လာၾကသည့္ အာဆီယံႏုိင္ငံမ်ားႏွင့္ မိတ္ေဆြႏုိင္ငံမ်ားမွ ကာကြယ္ ေရး၀န္ႀကီးမ်ား၊ ဒုတိယကာကြယ္ေရး၀န္ႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ စစ္ဦးစီးအရာရွိခ်ဳပ္မ်ား၊ ကုိယ္စားလွယ္ေတာ္ႀကီးမ်ားအားလုံးကုိ ႏႈတ္ခြန္းဆက္သပါ ေၾကာင္း၊ မိမိတုိ႕၏ မိတ္ေဆြႏုိင္ငံျဖစ္သည့္ ဗီယက္နမ္ဆုိရွယ္လစ္သမၼတႏုိင္ငံ၏ ၃၀ ႏွစ္ေျမာက္ အမ်ဳိးသားကာကြယ္ေရးေန႕ႏွင့္ ၇၅ ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ တည္ေထာင္သည့္ေန႕အခမ္းအနား ေတြ႕ဆုံပြဲ၌ အာဆီယံႏုိင္ငံမ်ား၏ တပ္မေတာ္မ်ား ကုိယ္စား စကားေျပာခြင့္ရသည့္အတြက္ဂုဏ္ယူပါေၾကာင္းႏွင့္ ကမၻာတည္သ၍ မိတ္ေဆြ ဗီယက္နမ္ႏုိင္ငံႏွင့္အတူ မိတ္ေဆြႏုိင္ငံမ်ားအားလုံး တည္တံ့ခုိင္ၿမဲဖြံ႕ၿဖိဳးတုိးတက္ပါေစ ေၾကာင္းျဖင့္ ဦးစြာဆႏၵျပဳ ေျပာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႕ အေရွ႕ေတာင္အာရွႏုိင္ငံအမ်ားစုသည္ အမ်ဳိးမ်ဳိးေသာ နယ္ခ်ဲ႕ကုိလုိနီစနစ္လက္ေအာက္မွ ႀကိဳးစား႐ုန္းကန္ႏုိးထၿပီး မိမိတုိ႕ႏုိင္ငံလြတ္လပ္ေရးနဲ႕ အခ်ဳပ္အျခာအာဏာအတြက္ ႀကိဳးပမ္းခဲ့ရသူမ်ားျဖစ္ပါေၾကာင္း၊ အာဆီယံႏုိင္ငံတုိင္းတြင္ ဂုဏ္ယူဖြယ္ရာသမုိင္း၊ ေလးစားဖြယ္ရာ စြန္႕လႊတ္စြန္႕စားရမႈတုိ႕ရွိၾကပါေၾကာင္း၊ ထုိ႕အတူ ဗီယက္နမ္ႏုိင္ငံႏွင့္ ဗီယက္နမ္တပ္မေတာ္သည္လည္း ႏုိင္ငံ့လြတ္လပ္ေရး၊ ျပည္သူ႕လြတ္လပ္ ေရး တုိ႕အတြက္ ခက္ခက္ခဲခဲ ႀကိဳးပမ္းခဲ့ရပါေၾကာင္း၊ သာမာန္ထက္ထူးကဲသည့္ ႀကိဳးစား အားထုတ္မႈမ်ား ႐ုန္းကန္လႈပ္ရွားမႈမ်ားႏွင့္ ဗီယက္နမ္ျပည္သူမ်ား၏ဘ၀ကုိ အခ်ဳပ္ အျခာအာဏာပုိင္ႏုိင္ငံသားမ်ားအျဖစ္ ျမႇင့္တင္ေပးခဲ့ရပါေၾကာင္း၊ ဗီယက္နမ္ ျပည္သူမ်ားႏွင့္္ ဗီယက္နမ္တပ္မေတာ္တုိ႕၏ လြတ္လပ္ေရးအတြက္ စြန္႕လႊတ္စြန္႕စား အနစ္နာခံႀကိဳးပမ္းေဆာင္ရြက္ခဲ့မႈမ်ားကုိ ကမၻာ့စစ္သမိုင္းတြင္ ယေန႕တုိင္ ထင္ရွား လ်က္ရွိသည့္ ဒိန္ဗင္ဖူး တုိက္ပြဲ၊ တက္ထုိးစစ္ (Tet Offensive) ၊ ဆုိင္းဂုံတုိက္ပြဲ (The Fall of Saigon) တုိ႕က သက္ေသခံလ်က္ရွိပါေၾကာင္း။

ဗီယက္နမ္ျပည္သူမ်ားႏွင့္ ဗီယက္နမ္တပ္မေတာ္တုိ႕သည္ ႏုိင္ငံ့လြတ္လပ္ေရး အတြက္ စြန္႕လႊတ္စြန္႕စား တုိက္ပြဲ၀င္ခဲ့သကဲ့သုိ႕ လက္ရွိတြင္လည္း ႏုိင္ငံေတာ္ဖြံ႕ၿဖိဳး တုိးတက္ေရးအတြက္ တက္ညီ၊ လက္ညီ ႀကိဳးပမ္းေဆာင္ရြက္ႏုိင္ျခင္းသည္ ခ်ီးက်ဴးစရာ ျဖစ္ပါေၾကာင္း၊ ဗီယက္နမ္ႏုိင္္ငံ၏ စီးပြားေရးသည္ ၂၀၀၀ ျပည့္ႏွစ္မွ ၂၀၀၅ ခုႏွစ္ အထိ ႏွစ္စဥ္ (၇) ရာခုိင္ႏႈန္းခန္႕ ဆက္တုိက္ဖြံ႕ၿဖိဳး တုိးတက္္လာခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္ ေႏွာင္းပုိင္း ကမၻာ့စီးပြားေရး အက်ပ္အတည္းကာလ၌ပင္ ၂၀၁၀ ျပည့္ႏွစ္ေက်ာ္ ႏွစ္မ်ား အထိ စီးပြားေရးဖြံ႕ၿဖိဳးတုိးတက္မႈကုိ (၆.၈) ရာခုိင္ႏႈန္း၀န္းက်င္တြင္ ဆက္လက္ထိန္းသိမ္း ထားႏုိင္သည္ကုိ ေတြ႕ရွိရပါေၾကာင္း၊ စာရင္းဇယားမ်ားအရ ဆင္းရဲမြဲေတမႈႏႈန္းထားကုိ လွ်င္လွ်င္ျမန္ျမန္ ေလွ်ာ့ခ်ႏုိင္ခဲ့သကဲ့သုိ႕ အလုပ္လက္မဲ့ ႏႈန္းထားကုိလည္း (၁) ရာခုိင္ႏႈန္း ခန္႕သာ ရွိေတာ့သည္အထိ ေလွ်ာ့ခ်ႏုိင္ခဲ့သည္ကုိ ေလ့လာေတြ႕ရွိရၿပီး အေရွ႕ေတာင္ အာရွတြင္ ထြန္းသစ္လာသည့္ က်ားတစ္ေကာင္၏အားကုိ ထင္ထင္ရွားရွားေတြ႕ႏုိင္မည္ ျဖစ္ေၾကာင္း။ ႏုိင္ငံေတာ္ကုိ လြတ္လပ္ေရးရရွိေအာင္ ႀကိဳးပမ္းႏုိင္သည့္ စြန္႕လႊတ္ စြန္႕စားသည့္ ရဲစြမ္းသတၱိရွိသကဲ့သုိ႕ ႏုိင္ငံေတာ္ကုိ ဖြံ႔ၿဖိဳးတုိးတက္ေအာင္ ေဆာင္ရြက္ ႏုိင္သည့္ တည္ေဆာက္္ေရးစြမ္းအား ရွိသူမ်ားလည္း ျဖစ္ပါေၾကာင္း။

မိမိတုိ႕ အာဆီယံႏုိင္ငံမ်ားသည္ တူညီသည့္လြတ္လပ္ေရး ႀကိဳးပမ္းမႈသမုိင္း၊ နီးစပ္သည့္ယဥ္ေက်းမႈႏွင့္ ခင္မင္ဖြယ္ လူမႈအသုိက္အ၀န္းမ်ားရွိၾကသည့္ ႏုိင္ငံမ်ား ျဖစ္ၾကပါေၾကာင္း၊ အာဆီယံ၏ရည္မွန္းခ်က္ ျဖစ္သည့္ (One Vision, One Identity, One Community) ကို အေကာင္အထည္ေဖာ္ေနသူမ်ား ျဖစ္ၾကပါေၾကာင္း၊ ယင္းသုိ႕ အေကာင္အထည္ေဖာ္ရာတြင္ မိမိတုိ႕ တပ္မေတာ္အခ်င္းခ်င္းသည္လည္း က်ရာအခန္း က႑က စည္းလုံးညီၫြတ္စြာ၊ ခ်စ္ၾကည္ရင္းႏွီးစြာ ေဆာင္ရြက္သြားရမွာ ျဖစ္ပါေၾကာင္း၊ ဗီယက္နမ္ဆုိရွယ္လစ္သမၼတႏုိင္ငံ၏ ၃၀ ႏွစ္ေျမာက္ အမ်ဳိးသားကာကြယ္ေရးေန႕ႏွင့္ ၇၅ ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္တည္ေထာင္သည့္ေန႕ အခမ္းအနား၌ ဗီယက္နမ္ႏုိင္ငံ၊ ဗီယက္နမ္ျပည္သူတုိ႕ႏွင့္ ဗီယက္နမ္တပ္မေတာ္တုိ႕၏ ဂုဏ္ေရာင္ ပုိမုိထြန္းေျပာင္ပါေစေၾကာင္း အာဆီယံတပ္မေတာ္မ်ားကုိယ္စား မိမိမွ လိႈက္လွဲစြာ ဆႏၵ မြန္ျပဳအပ္ပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထုိ႕ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ဒုတိယစစ္ဦးစီးအရာရွိခ်ဳပ္ Rear Admiral Viktor Nikolayevich Lina ကအမွာစကားေျပာၾကားၿပီး ဗီယက္နမ္ဆိုရွယ္လစ္ သမၼတႏိုင္ငံ၊ ၀န္ႀကီးခ်ဳပ္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားသည္။ ယင္းေနာက္ ဗီယက္နမ္၀န္ႀကီးခ်ဳပ္က အမွတ္တရလက္ေဆာင္မ်ားေပးအပ္ၿပီး စုေပါင္းမွတ္တမ္း ဓာတ္ပုံ႐ုိက္ကူးသည္။

ဆက္လက္ၿပီး ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဟႏြဳိင္းၿမဳိ႕ရွိ Melia Hotel ၌ျပဳလုပ္သည့္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီး အရာရွိခ်ဳပ္က ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၏ (၃၀)ႏွစ္ေျမာက္အမ်ဳိးသား ကာကြယ္ ေရးေန႕ႏွင့္ (၇၅)ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္တည္ေထာင္သည့္ေန႔ အခမ္းအနားသို႔ တက္ေရာက္လာသည့္ ႏုိင္ငံအသီးသီးမွ ကိုယ္စားလွယ္မ်ားအား တည္ခင္းဧည့္ခံသည့္ ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္သည္။

ဦးစြာ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္၊ အမ်ဳိးသားကာကြယ္ေရး၀န္ႀကီး General Ngo Xuan Lich ႏွင့္ စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Giang တုိ႕က ညစာစားပြဲသို႔ တက္ေရာက္လာၾကသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ႏိုင္ငံအလိုက္ ကိုယ္စားလွယ္မ်ားအား ခင္မင္ရင္းႏွီးစြာႀကဳိဆို ႏႈတ္ဆက္ၿပီး အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကသည္။ ထို႔ေနာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္က ႏႈတ္ခြန္း ဆက္စကားေျပာၾကားၿပီး တက္ေရာက္လာသည့္ ႏုိင္ငံအသီးသီးမွ ကိုယ္စားလွယ္မ်ား ႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ထုိ႕ေနာက္ ဂုဏ္ျပဳညစာကိုအတူတကြ သုံးေဆာင္ၾကၿပီး ညစာသုံးေဆာင္ေနစဥ္ အတြင္း ဗီယက္နမ္တပ္မေတာ္ေဖ်ာ္ေျဖေရးအဖြဲ႕က အဆိုအကမ်ားျဖင့္ ဧည့္ခံေဖ်ာ္ေျဖ ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။