တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂၁

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လည်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ မိသားစုများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)စစ်သံမှူး ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် ဇနီး၊ သံရုံး၊ စစ်သံရုံးတို့မှ မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ဗီယက်နမ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်း မိတ်ဆွေဟောင်းနိုင်ငံများ ဖြစ်ကြပြီး ကောင်းမွန်လျက်ရှိသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် အစိုးရနှင့် တပ်မတော်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး မောင်းနှင်အားသည် အဓိကကျသောကြောင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန် ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်အောင် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် မိမိနိုင်ငံ၏ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း ဦးစွာ မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေးပါသောကြောင့် သံရုံး၊ စစ်သံရုံး မိသားစုများတွင် နိုင်ငံ့တာဝန် ထမ်းဆောင် နေသူများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ လာရောက်သည့် မြန်မာ့အသိုင်းအဝိုင်းနှင့် ခရီးသွားပြည်သူ များကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ သံရုံး၊ စစ်သံရုံး မိသားစုများအပြင် ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထားသင်ယူသွားကြရန်လိုအပ်ပြီး အမြဲမပြတ် လေ့လာအားထုတ်နေရမည်ဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်ကြပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှကြိုးစားဆောင်ရွက်ကြစေ လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်း များနှင့် ချီးမြှင့်ငွေများအားပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးနှင့်ဇနီး၊ သံရုံး၊ စစ်သံရုံး မိသားစုများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံးမိသားစုများက နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။

(Unicode Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ ဗီယက္နမ္ႏိုင္ငံဆိုင္ရာျမန္မာႏိုင္ငံ သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားမ်ားအားေတြ႕ဆုံ

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၁

ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔ေန႔လည္ပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ ျမန္မာသံ႐ုံး၊ စစ္သံ႐ုံးတို႔မွ မိသားစုမ်ားႏွင့္ ပညာေတာ္သင္သင္တန္းသားမ်ားအား ေတြ႕ဆုံ အမွာစကားေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္အတူ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကၿပီး ဗီယက္နမ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွ သံအမတ္ႀကီး ဦးေက်ာ္စိုးဝင္းႏွင့္ ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇယ်ႏွင့္ ဇနီး၊ သံ႐ုံး၊ စစ္သံ႐ုံးတို႔မွ မိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ဗီယက္နမ္ ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ မိတ္ေဆြေကာင္း မိတ္ေဆြေဟာင္းႏိုင္ငံမ်ား ျဖစ္ၾကၿပီး ေကာင္းမြန္လ်က္ရွိသည့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ပိုမိုတိုးတက္ခိုင္မာေအာင္ ေဆာင္႐ြက္ ၾကရမည္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးရရွိေရး အတြက္ အစိုးရႏွင့္ တပ္မေတာ္မွ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို စဥ္ဆက္မျပတ္ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စီးပြားေရး ေမာင္းႏွင္အားသည္ အဓိကက်ေသာေၾကာင့္ မိမိႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္ႏိုင္ငံ အက်ိဳးတူ စီးပြားေရးလုပ္ငန္းမ်ား၊ ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းမ်ား အခြင့္အလမ္းရရွိေစေရး သံတမန္ ဆက္ဆံေရးမွတစ္ဆင့္ ဝိုင္းဝန္းႀကိဳးပမ္းရမည္ျဖစ္ေၾကာင္း၊ မိမိႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ႏိုင္ငံ့အက်ိဳးစီးပြားတိုးတက္ေအာင္ ႏိုင္ငံ့ဝန္ထမ္းေကာင္းပီသစြာျဖင့္ ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္းႏွင့္ မိမိႏိုင္ငံ၏ဂုဏ္ကိုျမႇင့္တင္ရမည္ျဖစ္ေၾကာင္း ဦးစြာ မွာၾကားသည္။

ဆက္လက္ၿပီး ႏိုင္ငံအခ်င္းခ်င္း ဆက္ဆံေရးတြင္ သံတမန္ဆက္ဆံေရးသည္ မ်ားစြာအေရးပါေသာေၾကာင့္ သံ႐ုံး၊ စစ္သံ႐ုံး မိသားစုမ်ားတြင္ ႏိုင္ငံ့တာဝန္ ထမ္းေဆာင္ ေနသူမ်ားအေနျဖင့္ စည္းလုံးညီၫြတ္စြာျဖင့္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံမွ လာေရာက္သည့္ ျမန္မာ့အသိုင္းအဝိုင္းႏွင့္ ခရီးသြားျပည္သူ မ်ားကို တတ္စြမ္းသေ႐ြ႕ ကူညီေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ သံ႐ုံး၊ စစ္သံ႐ုံး မိသားစုမ်ားအျပင္ ပညာေတာ္သင္ သင္တန္းသားမ်ားအေနျဖင့္လည္း သင္ၾကားေပးသည့္ အတတ္ပညာမ်ားကို အေလးအနက္ထားသင္ယူသြားၾကရန္လိုအပ္ၿပီး အၿမဲမျပတ္ ေလ့လာအားထုတ္ေနရမည္ျဖစ္ေၾကာင္း၊ အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာ ေနထိုင္ၾကၿပီး မိမိႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တစ္ဖက္တစ္လမ္းမွႀကိဳးစားေဆာင္႐ြက္ၾကေစ လိုေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား၊ လက္ေဆာင္ပစၥည္း မ်ားႏွင့္ ခ်ီးျမႇင့္ေငြမ်ားအားေပးအပ္ရာ သံအမတ္ႀကီးႏွင့္ဇနီး၊ စစ္သံမႉးႏွင့္ဇနီး၊ သံ႐ုံး၊ စစ္သံ႐ုံး မိသားစုမ်ားက လက္ခံရယူခဲ့ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားက ေန႔လည္စာျဖင့္ တည္ခင္း ဧည့္ခံခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။