တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက်အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅)နှစ်မြောက် ဗီယက်နမ် ပြည်သူ့ တပ်မတော်တည်ထောင်သည့်နေ့အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၁

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန (K-2000) ၌ ပြုလုပ်သည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက်အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅)နှစ် မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော်တည်ထောင်သည့်နေ့အခမ်းအနားသို့ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Nguyen Xuan Phuc ၊ ဒုတိယသမ္မတ Mrs. Dang Thi Ngoc Thinh ၊ အမျိုးသားလွှတ်တော်ဥက္ကဌ H.E. Mrs. Nguyen Thi Kim Ngan ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရအဖွဲ့နှင့်ပါတီအကြီးအကဲများ၊ ဗီယက်နမ်ပြည်သူ့တပ်မတော်မှအကြီးအကဲများ၊ အငြိမ်းစားအရာရှိကြီးများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူ တက်ရောက်သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန (K-2000) သို့ ရောက်ရှိကြရာ ဗီယက်နမ်ပြည်သူ့တပ်မတော်၊ အမျိုးသားကာကွယ်ရေးဝန်ကြီး General Ngo Xuan Lich က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို သည်။ ထို့နောက် ဗီယက်နမ်ပြည်သူ့တပ်မတော်တွင် အသုံးပြုလျက်ရှိသည့် ကာကွယ်ရေး ဆိုင်ရာ စစ်လက်နက်ပစ္စည်းများ၊ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ထုတ်လုပ်ထားရှိသည့် ကာကွယ်ရေးပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှု လေ့လာကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် နိုင်ငံအလိုက် ကိုယ်စားလှယ်များနှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅)နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်တည်ထောင်သည့်နေ့ အခမ်းအနားသို့ပါဝင်တက်ရောက်ပြီး တက်ရောက် လာကြသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ယင်းနောက် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ သမိုင်းကြောင်းအကျဉ်း၊ ဗီယက်နမ်ပြည်သူ့တပ်မတော်ပေါ်ပေါက်လာမှု၊ အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးတွဲ ဆောင်ရွက်နေမှု၊ ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများအား Video Clip များ၊ ဗီယက်နမ်တပ်မတော်ဖျော်ဖြေရေးအဖွဲ့၏ တေးသရုပ်ဖော်အက များဖြင့် တင်ဆက်ပြသကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ဗီယက်နမ် ပြည်သူ့တပ်မတော်၊ အမျိုးသားကာကွယ်ရေးဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ပါတီမှတာဝန်ရှိသူ တစ်ဦးတို့က (၃၀)နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅)နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော်တည်ထောင်သည့်နေ့အထိမ်းအမှတ် အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

 

(Unicode Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဗီယက္နမ္ဆိုရွယ္လစ္ သမၼတႏိုင္ငံ၏ (၃၀)ႏွစ္ေျမာက္အမ်ိဳးသားကာကြယ္ေရးေန႔ႏွင့္ (၇၅)ႏွစ္ေျမာက္ ဗီယက္နမ္ ျပည္သူ႔ တပ္မေတာ္တည္ေထာင္သည့္ေန႔အခမ္းအနားသို႔ တက္ေရာက္

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၁

ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ ပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန (K-2000) ၌ ျပဳလုပ္သည့္ ဗီယက္နမ္ ဆိုရွယ္လစ္သမၼတႏိုင္ငံ၏ (၃၀)ႏွစ္ေျမာက္အမ်ိဳးသားကာကြယ္ေရးေန႔ႏွင့္ (၇၅)ႏွစ္ ေျမာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္တည္ေထာင္သည့္ေန႔အခမ္းအနားသို႔ ဗီယက္နမ္ ဆိုရွယ္လစ္သမၼတႏိုင္ငံဝန္ႀကီးခ်ဳပ္ Mr. Nguyen Xuan Phuc ၊ ဒုတိယသမၼတ Mrs. Dang Thi Ngoc Thinh ၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌ H.E. Mrs. Nguyen Thi Kim Ngan ၊ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံအစိုးရအဖြဲ႕ႏွင့္ပါတီအႀကီးအကဲမ်ား၊ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္မွအႀကီးအကဲမ်ား၊ အၿငိမ္းစားအရာရွိႀကီးမ်ား၊ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ ႐ုရွားႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္မ်ား၊ တာဝန္ရွိသူမ်ား၊ ဖိတ္ၾကားထားေသာဧည့္သည္ေတာ္မ်ားႏွင့္အတူ တက္ေရာက္သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဗီယက္နမ္ႏိုင္ငံ ဆိုင္ရာ ျမန္မာႏိုင္ငံသံ႐ုံးမွ သံအမတ္ႀကီး ဦးေက်ာ္စိုးဝင္း၊ ျမန္မာစစ္သံ (ၾကည္း၊ ေရ၊ေလ) ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇယ်ႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ဟႏြိဳင္းၿမိဳ႕ရွိ ဗီယက္နမ္ႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန (K-2000) သို႔ ေရာက္ရွိၾကရာ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္၊ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီး General Ngo Xuan Lich က ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆို သည္။ ထို႔ေနာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္တြင္ အသုံးျပဳလ်က္ရွိသည့္ ကာကြယ္ေရး ဆိုင္ရာ စစ္လက္နက္ပစၥည္းမ်ား၊ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္မွ ထုတ္လုပ္ထားရွိသည့္ ကာကြယ္ေရးပစၥည္းႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား ခင္းက်င္းျပသထားမႈမ်ားကို ၾကည့္ရႈ ေလ့လာၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕ဝင္မ်ားသည္ ႏိုင္ငံအလိုက္ ကိုယ္စားလွယ္မ်ားႏွင့္အတူ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၏ (၃၀)ႏွစ္ေျမာက္ အမ်ိဳးသားကာကြယ္ေရးေန႔ႏွင့္ (၇၅)ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႔ တပ္မေတာ္တည္ေထာင္သည့္ေန႔ အခမ္းအနားသို႔ပါဝင္တက္ေရာက္ၿပီး တက္ေရာက္ လာၾကသူမ်ားႏွင့္ ရင္းရင္းႏွီးႏွီးႏႈတ္ဆက္သည္။ ယင္းေနာက္ ဗီယက္နမ္ဆိုရွယ္လစ္ သမၼတႏိုင္ငံ၏ သမိုင္းေၾကာင္းအက်ဥ္း၊ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ေပၚေပါက္လာမႈ၊ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ မိတ္ေဆြႏိုင္ငံမ်ားႏွင့္ ေလ့က်င့္ေရးဆိုင္ရာမ်ားတြင္ ပူးတြဲ ေဆာင္႐ြက္ေနမႈ၊ ကာကြယ္ေရးဆိုင္ရာ ေလ့က်င့္ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား Video Clip မ်ား၊ ဗီယက္နမ္တပ္မေတာ္ေဖ်ာ္ေျဖေရးအဖြဲ႕၏ ေတးသ႐ုပ္ေဖာ္အက မ်ားျဖင့္ တင္ဆက္ျပသၾကသည္။

ထို႔ေနာက္ အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ ဗီယက္နမ္ဆိုရွယ္လစ္ သမၼတႏိုင္ငံမွ တာဝန္ရွိသူမ်ား၊ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၊ ႐ုရွားႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္မ်ားအား တစ္ဦးခ်င္းမိတ္ဆက္ေပးသည္။ ဗီယက္နမ္ ျပည္သူ႔တပ္မေတာ္၊ အမ်ိဳးသားကာကြယ္ေရးဝန္ႀကီး၊ ဝန္ႀကီးခ်ဳပ္ႏွင့္ ပါတီမွတာဝန္ရွိသူ တစ္ဦးတို႔က (၃၀)ႏွစ္ေျမာက္ အမ်ိဳးသားကာကြယ္ေရးေန႔ႏွင့္ (၇၅)ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္တည္ေထာင္သည့္ေန႔အထိမ္းအမွတ္ အမွာစကားမ်ား အသီးသီးေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။