တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၂)နှစ်မြောက်တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၄ 

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၂)နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့(၇၂) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာ စကားပြောကြားသည်။ 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ အငြိမ်းစားတပ်မေ တာ်အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များတက်ရောက်ကြသည်။ 

အခမ်းအနား အစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က စစ်ေရယာဉ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက်ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများ အားလွှဲပြောင်းပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)က တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်သည်။

ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော် အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော် ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များ အား အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သော စစ်ရေယာဉ်(မုတ္တမ)၊ ကမ်းရိုးတန်းသယ်ယူပို့ဆောင်ရေး ရေယာဉ်(မြစ်ကြီးနား)၊ ၂၇ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်များ၊ ၂၆ မီတာ ပင်လယ်သွား တွဲ၊ဆွဲ ရေယာဉ်များနှင့် ၂၀ မီတာ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် များအား ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဘက်စုံသုံးထောက်ပံ့ရေးရေယာဉ် (Multi Purpose Vessel-MPSV) ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။ ထိုအချိန်တွင် စစ်ရေယာဉ်-ရန်တိုင်းအောင်နှင့် စစ်ရေယာဉ်-ရန်ကြီးအောင်တို့မှ အမြောက်(၁၉)ချက် ပစ်ဖောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ဂုဏ်ပြုအလေးပြုကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်သော ဖရီးဂိတ်စစ်ရေယာဉ်-ကျန်စစ်သား၊ ဖရီးဂိတ်စစ်ရေယာဉ်-ဆင်ဖြူရှင်၊ ကော်ဗက် စစ်ရေယာဉ်-တပင်ရွှေထီး၊ ကော်ဗက်စစ်ရေ ယာဉ်-ဘုရင့်နောင်နှင့် အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက်ဂုဏ်ပြုအလေးပြုပစ်ခတ်ထားသည့် ပထမဆုံးအမြောက်ကျည်ဆံ ခွံအား အထိမ်းအမှတ်လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုချီတက်အလေးပြု ခဲ့ကြသည့် စစ်ရေယာဉ်များနှင့် တပ်တော်ဝင်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များ အတွက် ဂုဏ်ပြုလက်ဆောင်များအားပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြ သည်။ ထို့နောက် တပ်တော်ဝင်ရေယာဉ်များတည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက် ခဲ့သည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အားပေးအပ်ချီးမြှင့်ရာ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်သန့်စင် လေးကလက်ခံရယူသည်။ 

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြား ရာ၌ ယနေ့သည် တပ်မတော်(ရေ)အတွက် သမိုင်းသစ်စခဲ့သည့် နေ့တစ်နေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးမားဆုံး ဘက်စုံသုံးထောက်ပံ့ရေးရေယာဉ်ကြီးအပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ မိမိတို့၏ တပ်မတော်(ရေ)ကို သာမန်ရေ တပ်မှ နိုင်ငံတကာအဆင့် ဝင်ဆန့်နိုင်သည့် ပင်လယ်ပြာတပ်မတော်အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ ရေတပ်သင်္ဘောကျင်းအနေဖြင့် ဖရီးဂိတ်စစ် ရေယာဉ် မှစ၍ ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက်ငွေကြေး ကုန်ကျမှုကိုလျှော့ချနိုင်ခြင်းသည် တပ်မတော်(ရေ)အတွက် ဂုဏ်ယူနိုင်ခြင်းပင်ဖြစ် ကြောင်း၊ သင်္ဘောကျင်းဌာနချုပ်ကို အဆင့်မြှင့်တင်ခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိသောကြောင့် အနာဂတ်တွင်ယခုထက် အရည်အသွေးပိုမိုကောင်းမွန်သည့်၊ စွမ်းရည်ပိုမို ကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက်တည်ဆောက်နိုင်မည်ဖြစ်သလို ယခင်ကတည်ဆောက်ခဲ့သည့် စစ်ရေယာဉ်နှင့် တိုက်ရေယာဉ်များ တည်ဆောက်ခဲ့သည့် အတွေ့အကြုံများရယူပြီး ပိုမိုကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက် တည်ဆောက်သွားနိုင်ရမည်ဟု ယုံကြည်ကြောင်း၊ စစ်ရေယာဉ်တည်ဆောက်ရေး လုပ်ငန်း သည် အဘက်ဘက်မှတွက်ချက်၍ ရေကြောင်းစစ်ဆင်ရေးမှူးများနှင့် တည်ဆောက် ရေးစွမ်းပကားမြင့်မားသူများပူးပေါင်းပြီး အမှားမခံဆောင်ရွက် တည်ဆောက်ရသည် ဖြစ်သောကြောင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် ရေတပ် သင်္ဘော ကျင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များအား အထူးချီးကျူးပါကြောင်း၊ တပ်မတော်(ရေ)၏ ရှိရင်းစွဲကောင်းမွန်သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်း၍ နိုင်ငံတော်က အားကိုးရသည့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် တပ်မတော်(ရေ) ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အမှတ်(၃)ရေတပ်ဆိပ်ခံတံတားမှ ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ် ရတနာပုံဖြင့်ထွက်ခွာကြသည်။ 

ထိုသို့သွားရောက်စဉ် စစ်ရေယာဉ်ပေါ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က (၇၂)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကိတ်မုန့်လှီးခြင်းအား ဆောင်ရွက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(လေ)များနှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းက (၇၂)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်များအား အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်သည်။ 

ထို့နောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၂)နှစ်မြောက်တပ်မတော်(ရေ) အထိမ်းအမှတ်ပြခန်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ်အလိုက်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည် ။ ၎င်း နောက် တပ်မတော်(ရေ)စစ်တီးဝိုင်းတပ်ဖွဲ့၏ တီးမှုတ် ဖျော်ဖြေမှုများအားကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်သည်။အဆိုပါ (၇၂)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ပြခန်းများတွင် ရေတပ် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ရေတပ်အသုံးအဆောင်ပစ္စည်းများနှင့်ရေယာဉ်ပုံစံငယ်များ၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်ထုတ်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ ဒေသ ထွက်ကုန်များနှင့် မြန်မာ့ရိုးရာအစားအစာများကိုခင်းကျင်းပြသရောင်းချလျက်ရှိသည်။ 

 (Zawgyi Version)

(၇၂)ႏွစ္ေျမာက္တပ္မေတာ္(ေရ)ေန႔ အထိမ္းအမွတ္ စစ္ေရယာဥ္မ်ား တပ္ေတာ္ဝင္ျခင္း အခမ္းအနား က်င္းပျပဳလုပ္ 

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၄ 

၁၉၄၇ ခုႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္တြင္ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့ေသာ တပ္မေတာ္(ေရ)သည္ ယေန႔တြင္ (၇၂)ႏွစ္တင္းတင္းျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ယေန႔(၇၂) ႏွစ္ေျမာက္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔တြင္ စစ္ေရယာဥ္မ်ားတပ္ေတာ္ဝင္ျခင္း အခမ္းအနားအား ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၃)ေရတပ္ဆိပ္ခံတံတား၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ဂုဏ္ျပဳအမွာ စကားေျပာၾကားသည္။ 

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဝန္ႀကီး ဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ား၊ အၿငိမ္းစားတပ္ေမ တာ္အရာရွိႀကီးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ေရတပ္စခန္းဌာနခ်ဳပ္မႉးမ်ား၊ တပ္မေတာ္(ေရ)မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကသည္။ 

အခမ္းအနား အစီအစဥ္အရ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္က စစ္ေ ရယာဥ္ဆိုင္ရာအခ်က္အလက္မ်ားအား ရွင္းလင္းတင္ျပသည္။ ထို႔ေနာက္ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္ ဌာနခ်ဳပ္မႉးက ဗ်ဴဟာစစ္ေရယာဥ္စုမႉးထံ စစ္ေရယာဥ္မ်ားႏွင့္ပတ္သက္ေသာ စာ႐ြက္စာတမ္းမ်ား အားလႊဲေျပာင္းေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)က တပ္ေတာ္ဝင္အခမ္းအနားအထိမ္းအမွတ္ စစ္ေရယာဥ္ပုံစံငယ္မ်ားကို ဂါရဝျပဳ ေပးအပ္သည္။ 

ထို႔ေနာက္ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ)က တပ္ေတာ္ဝင္စစ္ေရယာဥ္မ်ားအျဖစ္ ေၾကညာျခင္း၊ ႏိုင္ငံေတာ္ အလံလႊင့္တင္ျခင္း၊ တပ္မေတာ္(ေရ)အလံလႊင့္တင္ျခင္း၊ တပ္ေတာ္ ဝင္အလံလႊင့္တင္ျခင္း၊ ေခါင္းေလာင္း(၈)ခ်က္တီးျခင္းႏွင့္ တပ္ေတာ္ဝင္လုပ္ငန္းစဥ္မ်ား အား အစီအစဥ္အတိုင္းေဆာင္႐ြက္ၾကသည္။ 

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ တပ္ေတာ္ဝင္ စစ္ေရယာဥ္မ်ားျဖစ္ေသာ စစ္ေရယာဥ္(မုတၱမ)၊ ကမ္း႐ိုးတန္းသယ္ယူပို႔ေဆာင္ေရး ေရယာဥ္(ျမစ္ႀကီးနား)၊ ၂၇ မီတာ အျမန္သြားကင္းလွည့္ေရယာဥ္မ်ား၊ ၂၆ မီတာ ပင္လယ္သြား တြဲ၊ဆြဲ ေရယာဥ္မ်ားႏွင့္ ၂၀ မီတာ ျမစ္တြင္းသြားကင္းလွည့္ေရယာဥ္ မ်ားအား ၾကည့္ရႈစစ္ေဆးသည္။ 

ထို႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဘက္စုံသုံးေထာက္ပံ့ေရးေရယာဥ္ (Multi Purpose Vessel-MPSV) ေပၚရွိ အေလးျပဳခံစင္ျမင့္မွေန၍ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူသည္။ ထိုအခ်ိန္တြင္ စစ္ေရယာဥ္-ရန္တိုင္းေအာင္ႏွင့္ စစ္ေရယာဥ္-ရန္ႀကီးေအာင္တို႔မွ အေျမာက္(၁၉)ခ်က္ ပစ္ေဖာက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အား ဂုဏ္ျပဳအေလးျပဳၾကသည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳတပ္ဖြဲ႕အား စစ္ေဆးသည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ဖရီးဂိတ္စစ္ေရယာဥ္-ေအာင္ေဇယ် ဦးေဆာင္ေသာ ဖရီးဂိတ္စစ္ေရယာဥ္-က်န္စစ္သား၊ ဖရီးဂိတ္စစ္ေရယာဥ္-ဆင္ျဖဴရွင္၊ ေကာ္ဗက္ စစ္ေရယာဥ္-တပင္ေ႐ႊထီး၊ ေကာ္ဗက္စစ္ေရ ယာဥ္-ဘုရင့္ေနာင္ႏွင့္ အျမန္သြားတိုက္ခိုက္ေရးေရယာဥ္မ်ားက Single Line Formation ပုံစံျဖင့္ ပုံျပဳေမာင္းႏွင္ၿပီး ခ်ီတက္အေလးျပဳၾကသည္။ 

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က အေျမာက္ပစ္ေဖာက္ဂုဏ္ျပဳအေလးျပဳပစ္ခတ္ထားသည့္ ပထမဆုံးအေျမာက္က်ည္ဆံ ခြံအား အထိမ္းအမွတ္လက္ေဆာင္အျဖစ္ ဂါရဝျပဳေပးအပ္သည္။ 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳခ်ီတက္အေလးျပဳ ခဲ့ၾကသည့္ စစ္ေရယာဥ္မ်ားႏွင့္ တပ္ေတာ္ဝင္စစ္ေရယာဥ္မ်ားမွ အရာရွိ၊ စစ္သည္မ်ား အတြက္ ဂုဏ္ျပဳလက္ေဆာင္မ်ားအားေပးအပ္ရာ တာဝန္ရွိသူမ်ားကလက္ခံရယူၾက သည္။ ထို႔ေနာက္ တပ္ေတာ္ဝင္ေရယာဥ္မ်ားတည္ေဆာက္ခဲ့ခ်ိန္တြင္ ပါဝင္ေဆာင္႐ြက္ ခဲ့သည့္ အရာရွိ၊ စစ္သည္မ်ားအတြက္ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား အားေပးအပ္ခ်ီးျမႇင့္ရာ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မႉး ဗိုလ္ခ်ဳပ္သန႔္စင္ ေလးကလက္ခံရယူသည္။ 

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကားေျပာၾကား ရာ၌ ယေန႔သည္ တပ္မေတာ္(ေရ)အတြက္ သမိုင္းသစ္စခဲ့သည့္ ေန႔တစ္ေန႔ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ အႀကီးမားဆုံး ဘက္စုံသုံးေထာက္ပံ့ေရးေရယာဥ္ႀကီးအပါအဝင္ စစ္ေရယာဥ္မ်ား တပ္ေတာ္ဝင္ႏိုင္ခဲ့ေၾကာင္း၊ မိမိတို႔၏ တပ္မေတာ္(ေရ)ကို သာမန္ေရ တပ္မွ ႏိုင္ငံတကာအဆင့္ ဝင္ဆန႔္ႏိုင္သည့္ ပင္လယ္ျပာတပ္မေတာ္အဆင့္ေရာက္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ ေရတပ္သေဘၤာက်င္းအေနျဖင့္ ဖရီးဂိတ္စစ္ ေရယာဥ္ မွစ၍ ေရယာဥ္မ်ိဳးစုံကို တည္ေဆာက္ႏိုင္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းျပည္အတြက္ေငြေၾကး ကုန္က်မႈကိုေလွ်ာ့ခ်ႏိုင္ျခင္းသည္ တပ္မေတာ္(ေရ)အတြက္ ဂုဏ္ယူႏိုင္ျခင္းပင္ျဖစ္ ေၾကာင္း၊ သေဘၤာက်င္းဌာနခ်ဳပ္ကို အဆင့္ျမႇင့္တင္ျခင္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ ရွိေသာေၾကာင့္ အနာဂတ္တြင္ယခုထက္ အရည္အေသြးပိုမိုေကာင္းမြန္သည့္၊ စြမ္းရည္ပိုမို ေကာင္းမြန္သည့္ စစ္ေရယာဥ္မ်ားကို ဆက္လက္တည္ေဆာက္ႏိုင္မည္ျဖစ္သလို ယခင္ကတည္ေဆာက္ခဲ့သည့္ စစ္ေရယာဥ္ႏွင့္ တိုက္ေရယာဥ္မ်ား တည္ေဆာက္ခဲ့သည့္ အေတြ႕အႀကဳံမ်ားရယူၿပီး ပိုမိုေကာင္းမြန္သည့္ စစ္ေရယာဥ္မ်ားကို ဆက္လက္ တည္ေဆာက္သြားႏိုင္ရမည္ဟု ယုံၾကည္ေၾကာင္း၊ စစ္ေရယာဥ္တည္ေဆာက္ေရး လုပ္ငန္း သည္ အဘက္ဘက္မွတြက္ခ်က္၍ ေရေၾကာင္းစစ္ဆင္ေရးမႉးမ်ားႏွင့္ တည္ေဆာက္ ေရးစြမ္းပကားျမင့္မားသူမ်ားပူးေပါင္းၿပီး အမွားမခံေဆာင္႐ြက္ တည္ေဆာက္ရသည္ ျဖစ္ေသာေၾကာင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့သည့္ ေရတပ္ သေဘၤာ က်င္းဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္မ်ားအား အထူးခ်ီးက်ဴးပါေၾကာင္း၊ တပ္မေတာ္(ေရ)၏ ရွိရင္းစြဲေကာင္းမြန္သည့္ အစဥ္အလာေကာင္းမ်ားကို ထိန္းသိမ္း၍ ႏိုင္ငံေတာ္က အားကိုးရသည့္ တိုက္စြမ္းရည္၊ တိုက္စြမ္းအားရွိသည့္ တပ္မေတာ္(ေရ) ျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္သြားၾကေစလိုေၾကာင္းျဖင့္ မွာၾကားသည္။

ဆက္လက္ၿပီး ညေနပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ား သည္ အမွတ္(၃)ေရတပ္ဆိပ္ခံတံတားမွ ဧရာဝတီေရတပ္စခန္းဌာနခ်ဳပ္သို႔ စစ္ေရယာဥ္ ရတနာပုံျဖင့္ထြက္ခြာၾကသည္။ 

ထိုသို႔သြားေရာက္စဥ္ စစ္ေရယာဥ္ေပၚ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတို႔က (၇၂)ႏွစ္ေျမာက္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳကိတ္မုန႔္လွီးျခင္းအား ေဆာင္႐ြက္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစားကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)မ်ားႏွင့္ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားအား ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက (၇၂)ႏွစ္ေျမာက္ တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္တံဆိပ္မ်ားအား အမွတ္တရလက္ေဆာင္အျဖစ္ေပးအပ္သည္။ 

ထို႔ေနာက္ ဧရာဝတီေရတပ္စခန္းဌာနခ်ဳပ္ရွိ (၇၂)ႏွစ္ေျမာက္တပ္မေတာ္(ေရ) အထိမ္းအမွတ္ျပခန္းအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးၿပီး တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ လက္မွတ္ေရးထိုးကာ အထိမ္းအမွတ္ျပခန္းမ်ားႏွင့္ ေရတပ္စခန္းဌာနခ်ဳပ္အလိုက္ျပခန္းမ်ားအား လွည့္လည္ၾကည့္ရႈၾကသည္ ။ ၎ ေနာက္ တပ္မေတာ္(ေရ)စစ္တီးဝိုင္းတပ္ဖြဲ႕၏ တီးမႈတ္ ေဖ်ာ္ေျဖမႈမ်ားအားၾကည့္ရႈအားေပးၿပီး ဂုဏ္ျပဳဆုေငြမ်ားေပးအပ္သည္။ 

အဆိုပါ (၇၂)ႏွစ္ေျမာက္တပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔ျပခန္းမ်ားတြင္ ေရတပ္ သမိုင္းမွတ္တမ္းဓာတ္ပုံမ်ား၊ ေရတပ္အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ေရယာဥ္ပုံစံငယ္မ်ား၊ စာအုပ္အေရာင္းဆိုင္ႏွင့္ တပ္မေတာ္ထုတ္လူသုံးကုန္ပစၥည္းအေရာင္းဆိုင္မ်ား၊ ေဒသ ထြက္ကုန္မ်ားႏွင့္ ျမန္မာ့႐ိုးရာအစားအစာမ်ားကိုခင္းက်င္းျပသေရာင္းခ်လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။