တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည် စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည် စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ – ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါပြီး ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံသို့ ရောက်ရှိကြပြီး စက်ရုံအစည်း အဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံ၏ဖွဲ့စည်းပုံ၊ စက်များ တပ်ဆင်ထားရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများ၊ စက်ရုံဝန်ထမ်းများ၏ သက်သာချောင်ချိရေးဆောင်ရွက်ပေးမှု၊ အဆောက်အဦပိုင်းနှင့် ရေ၊ မီး စနစ်တကျရှိအောင် လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံအတွင်း၌ စက်များ စွမ်းအားပြည့်လည်ပတ်နိုင်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများကလည်း စွမ်းအားပြည့်လုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း၊ ဈေးကွက်တွင် မိမိတို့စက်ရုံထုတ်ပစ္စည်းများ အရည်အသွေးအရ၊ ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် စီမံဆောင်ရွက်ပြီး စက်ရုံပိုင်းမှ ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ ဖြန့်ချိရေးအပိုင်းမှလည်း ဈေးကွက်လိုအပ်ချက်၊ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပမှ သွင်းကုန်များကို လျှော့ချနိုင်ပါက တိုင်းပြည်၏စီးပွားရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်သောကြောင့် ပြည်ပမှ အဝတ်အထည်များနှင့်ယှဉ်ပြိုင်ရောင်းချနိုင်သည့်အဆင့်ရှိအောင် လုပ်ဆောင်သွားကြ ရမည်ဖြစ် ကြောင်း၊ Textile ပညာရှင်များ၊ ဆိုးဆေးဆိုင်ရာပညာရှင်များ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ ပညာရှင်များနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပညာရှင်များကို စဉ်ဆက်မပြတ်မွေးထုတ် ပေးရမည်ဖြစ်ပြီး လိုအပ်ပါက ပြည်ပနိုင်ငံများသို့ပါ စေလွှတ်သင်ကြားပေးသွားရမည်ဖြစ် ကြောင်းဖြင့် မှာကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် စက်ရုံထုတ်ပစ္စည်းများအား ကြည့်ရှု၍ ပိတ်စအသားနှင့် ဆေးအရောင်ခိုင်ခံ့မှုရှိရေး၊ ချုပ်ရိုးချုပ်သား ကောင်းမွန်ရေး၊ အခြားပြင်ပထုတ်အရည်အသွေးကောင်းမွန်သည့် ပိတ်စ၊ အဝတ်အထည်များနှင့် နှိုင်းယှဉ်လေ့လာပြီး မိမိစက်ရုံထုတ်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရေး စီမံဆောင်ရွက်ကြရန် မှာကြားဆွေးနွေးခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူသည်။

အဆိုပါ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)အနေဖြင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးဝတ် အဝတ်အထည်အမျိုးမျိုး၊ အိပ်ယာခင်း၊ ပုဝါအစရှိသည့် တစ်ကိုယ်ရေသုံး အဝတ်အထည်ပစ္စည်းအမျိုးမျိုးနှင့် ဒေသန္တရဈေးကွက်ဝင် အဝတ်အထည်များကို အရောင်အသွေး ဒီဇိုင်းစုံလင်ပြီး အရည်အသွေးပြည့်မီစွာဖြင့် ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင် တော်လှန်ရေးပန်းခြံ ပြုပြင်ထိန်းသိမ်းမှုအခြေအနေများအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခြံအတွင်း မုဒ်ဦးများ၊ သစ်ပင်ပန်းမန်များ၊ ရုပ်တုများ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် လာရောက်အပန်းဖြေကြသူများ စိတ်နှလုံးချမ်းမြေ့မှုရှိစေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်သည်များအား မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တပ္မေတာ္ခ်ည္မွ်င္ႏွင့္ အထည္ စက္႐ုံ(သမိုင္း)သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးတို႔လိုက္ပါၿပီး ယေန႔ေန႔လယ္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္ရွိ တပ္မေတာ္ခ်ည္မွ်င္ႏွင့္အထည္စက္႐ုံ(သမိုင္း)သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ စက္႐ုံသို႔ ေရာက္ရွိၾကၿပီး စက္႐ုံအစည္း အေဝးခန္းမတြင္ စက္႐ုံမႉးက စက္႐ုံ၏ဖြဲ႕စည္းပုံ၊ စက္မ်ား တပ္ဆင္ထားရွိမႈႏွင့္ ကုန္ထုတ္လုပ္မႈ အေျခအေနမ်ား၊ စက္႐ုံဝန္ထမ္းမ်ား၏ သက္သာေခ်ာင္ခ်ိေရးေဆာင္႐ြက္ေပးမႈ၊ အေဆာက္အဦပိုင္းႏွင့္ ေရ၊ မီး စနစ္တက်ရွိေအာင္ လုပ္ေဆာင္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံအတြင္း၌ စက္မ်ား စြမ္းအားျပည့္လည္ပတ္ႏိုင္ရမည္ျဖစ္သကဲ့သို႔ ဝန္ထမ္းမ်ားကလည္း စြမ္းအားျပည့္လုပ္ေဆာင္ၾက ရမည္ျဖစ္ေၾကာင္း၊ ေဈးကြက္တြင္ မိမိတို႔စက္႐ုံထုတ္ပစၥည္းမ်ား အရည္အေသြးအရ၊ ေဈးႏႈန္းအရ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေအာင္ စီမံေဆာင္႐ြက္ၿပီး စက္႐ုံပိုင္းမွ ထုတ္လုပ္မႈအရည္အေသြးေကာင္းမြန္ေအာင္ ႀကိဳးစားလုပ္ေဆာင္ရမည္ျဖစ္သကဲ့သို႔ ျဖန႔္ခ်ိေရးအပိုင္းမွလည္း ေဈးကြက္လိုအပ္ခ်က္၊ ျပည္တြင္း လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ေအာင္ စီမံေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္ပမွ သြင္းကုန္မ်ားကို ေလွ်ာ့ခ်ႏိုင္ပါက တိုင္းျပည္၏စီးပြားေရးကိုအေထာက္အကူျပဳႏိုင္မည္ျဖစ္ေသာေၾကာင့္ ျပည္ပမွ အဝတ္အထည္မ်ားႏွင့္ယွဥ္ၿပိဳင္ေရာင္းခ်ႏိုင္သည့္အဆင့္ရွိေအာင္ လုပ္ေဆာင္သြားၾက ရမည္ျဖစ္ ေၾကာင္း၊ Textile ပညာရွင္မ်ား၊ ဆိုးေဆးဆိုင္ရာပညာရွင္မ်ား၊ စက္ပစၥည္းပိုင္းဆိုင္ရာ ပညာရွင္မ်ားႏွင့္ လွ်ပ္စစ္ပိုင္းဆိုင္ရာပညာရွင္မ်ားကို စဥ္ဆက္မျပတ္ေမြးထုတ္ ေပးရမည္ျဖစ္ၿပီး လိုအပ္ပါက ျပည္ပႏိုင္ငံမ်ားသို႔ပါ ေစလႊတ္သင္ၾကားေပးသြားရမည္ျဖစ္ ေၾကာင္းျဖင့္ မွာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ခင္းက်င္းျပသထားသည့္ စက္႐ုံထုတ္ပစၥည္းမ်ားအား ၾကည့္ရႈ၍ ပိတ္စအသားႏွင့္ ေဆးအေရာင္ခိုင္ခံ့မႈရွိေရး၊ ခ်ဳပ္႐ိုးခ်ဳပ္သား ေကာင္းမြန္ေရး၊ အျခားျပင္ပထုတ္အရည္အေသြးေကာင္းမြန္သည့္ ပိတ္စ၊ အဝတ္အထည္မ်ားႏွင့္ ႏႈိင္းယွဥ္ေလ့လာၿပီး မိမိစက္႐ုံထုတ္ပစၥည္းမ်ား အရည္အေသြးေကာင္းမြန္ေရး စီမံေဆာင္႐ြက္ၾကရန္ မွာၾကားေဆြးေႏြးခဲ့သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက္႐ုံအတြင္း လုပ္ငန္း ေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား လွည့္လည္ၾကည့္ရႈစစ္ေဆးကာ စက္႐ုံဝန္ထမ္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ စက္႐ုံမႉးက လက္ခံရယူသည္။

အဆိုပါ တပ္မေတာ္ခ်ည္မွ်င္ႏွင့္အထည္စက္႐ုံ(သမိုင္း)အေနျဖင့္ အမ်ိဳးသား၊ အမ်ိဳးသမီးႏွင့္ ကေလးဝတ္ အဝတ္အထည္အမ်ိဳးမ်ိဳး၊ အိပ္ယာခင္း၊ ပုဝါအစရွိသည့္ တစ္ကိုယ္ေရသုံး အဝတ္အထည္ပစၥည္းအမ်ိဳးမ်ိဳးႏွင့္ ေဒသႏၲရေဈးကြက္ဝင္ အဝတ္အထည္မ်ားကို အေရာင္အေသြး ဒီဇိုင္းစုံလင္ၿပီး အရည္အေသြးျပည့္မီစြာျဖင့္ ေဈးႏႈန္းသက္သာစြာ ထုတ္လုပ္ေရာင္းခ်လ်က္ရွိေၾကာင္း သိရွိရသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သမိုင္းဝင္ ေတာ္လွန္ေရးပန္းၿခံ ျပဳျပင္ထိန္းသိမ္းမႈအေျခအေနမ်ားအား သြားေရာက္လွည့္လည္ ၾကည့္ရႈစစ္ေဆးခဲ့ၿပီး ပန္းၿခံအတြင္း မုဒ္ဦးမ်ား၊ သစ္ပင္ပန္းမန္မ်ား၊ ႐ုပ္တုမ်ား သန႔္ရွင္းသာယာလွပမႈရွိေစေရး၊ ေရစီးေရလာ ေကာင္းမြန္ ေစေရးႏွင့္ လာေရာက္အပန္းေျဖၾကသူမ်ား စိတ္ႏွလုံးခ်မ္းေျမ့မႈရွိေစေရးတို႔အတြက္ စနစ္တက် ထိန္းသိမ္းေစာင့္ေရွာက္သြားရန္ လိုအပ္သည္မ်ားအား မွာၾကားခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။