(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

ချစ်ခင်လေးစားရပါသော ကချင်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ-

ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်ကျရောက်သော (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့မှာ ကချင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းများဖြင့် နှုတ်ခွန်း ဆက်သအပ်ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီးနောက် ၆ ရက်အကြာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပဲ ကချင်ပြည်နယ်အစိုးရ အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နှစ်စဉ် ဇန်နဝါရီလ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ကျင်းပခဲ့တာ ယခုဆိုရင်(၇၂)နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ များနဲ့ပြည့်လွှမ်းနေတဲ့ သွေးချင်းတို့ရဲ့ဌာနေတစ်ခုဖြစ်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာလည်း ကချင်ပြည်နယ်သား တိုင်းရင်းသားမျိုးချစ်များရဲ့ သူရသတ္တိအစွမ်းကို အံ့မခန်းမှတ်တမ်းတင်ခဲ့ရပါတယ်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ဂျိန်းဖော့၊ အဇီး(ဇိုင်ဝါး)၊ လရှီ(လာချိတ်)၊ လီဆူ၊ ရဝမ်နှင့် မရူ(လောဝေါ်)စတဲ့ ကချင် မျိုးနွယ်စုများ၊ ရှမ်း၊ ချင်း၊ ပလောင်၊ နာဂ၊ ဗမာစတဲ့ တိုင်းရင်းသားမျိုးနွယ်စုများအတွက် ဂုဏ်ယူစရာ သဘာဝရင်းမြစ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များစွာကိုလည်း ကချင်ပြည်နယ်ကပိုင်ဆိုင်ထား ပါတယ်။

ခါကာဘိုရာဇီအပါအဝင် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထွတ်များနဲ့ တန်ဖိုးမဖြတ်နိုင်အောင် ထူးခြားလှတဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေများ၊ ကမ္ဘာမှာအကောင်းဆုံးဖြစ်တဲ့ ကျောက်စိမ်းရတနာများ၊ မြန်မာနိုင်ငံရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာဒေသ၊ ထူးခြားဆန်းပြားလှတဲ့ အင်းတော်ကြီး ရေအိုင်နှင့် ရွှေမ ဉ္ဇူဘုရား၊ တိုင်းရင်းသား မျိုးနွယ်စု တစ်ခုချင်းစီရဲ့ အစဉ်အလာကြီးမားပြီး ချစ်စရာကောင်းတဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများစတဲ့ ဂုဏ်ယူစရာများဟာ ကချင်ပြည်နယ်အတွက် သာမက မြန်မာနိုင်ငံကိုပါ ကမ္ဘာကျော်စေတဲ့ ပုံရိပ်များပဲဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးဟာ ပြည်နယ်၊ တိုင်းဒေသကြီးများနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းရင်းသား မျိုးနွယ်စုများအားလုံးဟာလည်း နိုင်ငံအနှံ့ ပျံ့နှံ့မှီတင်းနေထိုင်ကြတာဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းဒေသကြီးများ အားလုံးမှာလည်း ကချင်ပြည်နယ်လိုပဲ နိုင်ငံတော်အတွက် ဂုဏ်ယူစရာ သဘာဝကိုယ်စီရှိထား၊ ပိုင်ဆိုင် ထားကြပါတယ်။ ဒီပြည်ထောင်စုကြီးကို ကျွန်တော်တို့ရဲ့ ဘိုးဘွား၊ မိဘများက အသက်သွေးချွေးများစွာ ပေးဆပ်စွန့်လွှတ်ပြီးတည်ဆောက်ပေးခဲ့တာဖြစ်လို့ ဒီနေ့၊ ဒီအချိန်မှာ ကျွန်တော်တို့အားလုံး ဘိုးဘွား အမွေအနှစ်အဖြစ် ပိုင်ဆိုင်ခွင့် ရနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်အပါအဝင် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီး မပြိုကွဲ၊ မပျက်စီးအောင်ထိန်းသိမ်း စောင့်ရှောက် ကြရမှာ ကျွန်တော်တို့အားလုံးရဲ့ မွေးရာပါ သမိုင်းပေးတာဝန်ကြီးဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းစောင့် ရှောက်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်ကတော့ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား များအားလုံး၊ နိုင်ငံသားများအားလုံး ဥမကွဲ၊ သိုက်မပျက် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ရှိ နေကြဖို့ပဲဖြစ် ပါတယ်။

သမိုင်းအစဉ်အလာကြီးမားပြီး ပြည်ထောင်စုစိတ်ဓာတ်ထက်သန်လှသော ကချင်ပြည်နယ်အတွင်း နေထိုင်ကြ သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ သွေးချင်း များအားလုံး အမိမြန်မာနိုင်ငံတော်ကြီးရဲ့ တည်ငြိမ်အေး ချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ ကိုအခြေခံ၍ ကမ္ဘာတည်သရွေ့ မြန်မာတည်ရှိနေအောင် စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြ ပါစေကြောင်း ထပ်မံဆုမွန်ကောင်း ပို့သအပ်ပါတယ်ခင်ဗျား။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

(၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေပးပို႔သည့္သဝဏ္လႊာ

ခ်စ္ခင္ေလးစားရပါေသာ ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား ခင္ဗ်ာ-

ယေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔တြင္က်ေရာက္ေသာ (၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔မွာ ကခ်င္ျပည္နယ္ အတြင္း မွီတင္းေနထိုင္ၾကပါေသာ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏ က်န္းမာျခင္း ေကာင္းက်ိဳးမဂၤလာအျဖာျဖာတို႔ႏွင့္ ျပည့္စုံၾကပါေစေၾကာင္း ဆုမြန္ေကာင္းမ်ားျဖင့္ ႏႈတ္ခြန္း ဆက္သအပ္ပါတယ္။

၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႔ ျမန္မာႏိုင္ငံလြတ္လပ္ေရးရရွိ ၿပီးေနာက္ ၆ ရက္အၾကာ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာပဲ ကခ်င္ျပည္နယ္အစိုးရ အဖြဲ႕ကို ဖြဲ႕စည္းေဆာင္႐ြက္ႏိုင္ခဲ့တဲ့အတြက္ ႏွစ္စဥ္ ဇန္နဝါရီလ ၁၀ ရက္ေန႔ကို ကခ်င္ျပည္နယ္ေန႔အျဖစ္သတ္မွတ္က်င္းပခဲ့တာ ယခုဆိုရင္(၇၂)ႏွစ္ ျပည့္ေျမာက္ ခဲ့ၿပီျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ဟာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံအတြက္ ဂုဏ္ယူစရာ မ်ားနဲ႔ျပည့္လႊမ္းေနတဲ့ ေသြးခ်င္းတို႔ရဲ႕ဌာေနတစ္ခုျဖစ္ပါတယ္။ လြတ္လပ္ေရး ႀကိဳးပမ္းမႈသမိုင္းမွာလည္း ကခ်င္ျပည္နယ္သား တိုင္းရင္းသားမ်ိဳးခ်စ္မ်ားရဲ႕ သူရသတၱိအစြမ္းကို အံ့မခန္းမွတ္တမ္းတင္ခဲ့ရပါတယ္။ ကခ်င္ျပည္နယ္အတြင္း မွီတင္းေနထိုင္ၾကတဲ့ ဂ်ိန္းေဖာ့၊ အဇီး(ဇိုင္ဝါး)၊ လရွီ(လာခ်ိတ္)၊ လီဆူ၊ ရဝမ္ႏွင့္ မ႐ူ(ေလာေဝၚ)စတဲ့ ကခ်င္ မ်ိဳးႏြယ္စုမ်ား၊ ရွမ္း၊ ခ်င္း၊ ပေလာင္၊ နာဂ၊ ဗမာစတဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားအတြက္ ဂုဏ္ယူစရာ သဘာဝရင္းျမစ္မ်ား၊ ယဥ္ေက်းမႈဆိုင္ရာ အေမြအႏွစ္မ်ားစြာကိုလည္း ကခ်င္ျပည္နယ္ကပိုင္ဆိုင္ထား ပါတယ္။

ခါကာဘိုရာဇီအပါအဝင္ ျမန္မာႏိုင္ငံရဲ႕ အျမင့္ဆုံးေတာင္ထြတ္မ်ားနဲ႔ တန္ဖိုးမျဖတ္ႏိုင္ေအာင္ ထူးျခားလွတဲ့ သဘာဝပတ္ဝန္းက်င္အေျခအေနမ်ား၊ ကမာၻမွာအေကာင္းဆုံးျဖစ္တဲ့ ေက်ာက္စိမ္းရတနာမ်ား၊ ျမန္မာႏိုင္ငံရဲ႕ အဓိကအသက္ေသြးေၾကာျဖစ္တဲ့ ဧရာဝတီျမစ္ႀကီး ျမစ္ဖ်ားခံရာေဒသ၊ ထူးျခားဆန္းျပားလွတဲ့ အင္းေတာ္ႀကီး ေရအိုင္ႏွင့္ ေ႐ႊမ ၪၨဴဘုရား၊ တိုင္းရင္းသား မ်ိဳးႏြယ္စု တစ္ခုခ်င္းစီရဲ႕ အစဥ္အလာႀကီးမားၿပီး ခ်စ္စရာေကာင္းတဲ့ ႐ိုးရာ ယဥ္ေက်းမႈ ဓေလ့ထုံးစံမ်ားစတဲ့ ဂုဏ္ယူစရာမ်ားဟာ ကခ်င္ျပည္နယ္အတြက္ သာမက ျမန္မာႏိုင္ငံကိုပါ ကမာၻေက်ာ္ေစတဲ့ ပုံရိပ္မ်ားပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံေတာ္ႀကီးဟာ ျပည္နယ္၊ တိုင္းေဒသႀကီးမ်ားနဲ႔ ဖြဲ႕စည္းထားတာျဖစ္ၿပီး တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားအားလုံးဟာလည္း ႏိုင္ငံအႏွံ႔ ပ်ံ႕ႏွံ႔မွီတင္းေနထိုင္ၾကတာျဖစ္ပါတယ္။ ျပည္နယ္၊ တိုင္းေဒသႀကီးမ်ား အားလုံးမွာလည္း ကခ်င္ျပည္နယ္လိုပဲ ႏိုင္ငံေတာ္အတြက္ ဂုဏ္ယူစရာ သဘာဝကိုယ္စီရွိထား၊ ပိုင္ဆိုင္ ထားၾကပါတယ္။ ဒီျပည္ေထာင္စုႀကီးကို ကြၽန္ေတာ္တို႔ရဲ႕ ဘိုးဘြား၊ မိဘမ်ားက အသက္ေသြးေခြၽးမ်ားစြာ ေပးဆပ္စြန႔္လႊတ္ၿပီးတည္ေဆာက္ေပးခဲ့တာျဖစ္လို႔ ဒီေန႔၊ ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔အားလုံး ဘိုးဘြား အေမြအႏွစ္အျဖစ္ ပိုင္ဆိုင္ခြင့္ ရေနတာျဖစ္ပါတယ္။

ကခ်င္ျပည္နယ္အပါအဝင္ ကြၽန္ေတာ္တို႔ရဲ႕ ျပည္ေထာင္စုႀကီး မၿပိဳကြဲ၊ မပ်က္စီးေအာင္ထိန္းသိမ္း ေစာင့္ေရွာက္ ၾကရမွာ ကြၽန္ေတာ္တို႔အားလုံးရဲ႕ ေမြးရာပါ သမိုင္းေပးတာဝန္ႀကီးျဖစ္ပါတယ္။ ဒီလိုထိန္းသိမ္းေစာင့္ ေရွာက္ႏိုင္ဖို႔အတြက္ အဓိကလိုအပ္ခ်က္ကေတာ့ ျမန္မာႏိုင္ငံအတြင္းမွီတင္းေနထိုင္ၾကတဲ့ တိုင္းရင္းသား မ်ားအားလုံး၊ ႏိုင္ငံသားမ်ားအားလုံး ဥမကြဲ၊ သိုက္မပ်က္ စည္းစည္းလုံးလုံး ညီညီ ၫြတ္ၫြတ္ရွိ ေနၾကဖို႔ပဲျဖစ္ ပါတယ္။

သမိုင္းအစဥ္အလာႀကီးမားၿပီး ျပည္ေထာင္စုစိတ္ဓာတ္ထက္သန္လွေသာ ကခ်င္ျပည္နယ္အတြင္း ေနထိုင္ၾက သည့္ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမ ေသြးခ်င္း မ်ားအားလုံး အမိျမန္မာႏိုင္ငံေတာ္ႀကီးရဲ႕ တည္ၿငိမ္ေအး ခ်မ္းေရး၊ စည္းလုံး ညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ျပည္ေထာင္စုစိတ္ဓာတ္၊ မ်ိဳးခ်စ္စိတ္ဓာတ္တို႔ ကိုအေျခခံ၍ ကမာၻတည္သေ႐ြ႕ ျမန္မာတည္ရွိေနေအာင္ စည္းလုံးညီၫြတ္စြာျဖင့္ ျပည္ေထာင္စုအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ႏိုင္ၾက ပါေစေၾကာင္း ထပ္မံဆုမြန္ေကာင္း ပို႔သအပ္ပါတယ္ခင္ဗ်ား။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။