တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

နေပြည်တော်၊ ဇန်နဝါရီ ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General VONG PISEN အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကို တို့တက်ရောက်ကြပြီး ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကမ္ဘောဒီးယား ဘုရင့်ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဒုတိယကာကွယ်ရေးဦးစီးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံစစ်သံမှူး Colonel Keo Cheysothearith နှင့် ကမ္ဘောဒီးယားတပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထို့နောက် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံသံတမန် ဆက်ဆံရေးသည် ၁၉၅၅ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ယခုနှစ်တွင် ၆၅ နှစ်ပြည့်မြောက်မည်ဖြစ်သဖြင့် ထူးခြားသည့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း၊ အဆွေတော်သည် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ချစ်ကြည်ရေးခရီး လာရောက်သည့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာစေရေးအတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ နွေးထွေးစွာကြိုဆိုခဲ့ပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းများရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ပြည့်မြောက်မည့် ၆၅ နှစ်ပြည့် သံတမန်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ထူးခြားကောင်းမွန်အောင် ဆောင်ရွက်သွားရန် စိတ်အားထက်သန်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း ကျေးဇူးတင် ရှိပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများကို အကြီးအကဲများ အဆင့်သာမက အောက်ခြေအဆင့်အထိ ဆောင်ရွက်သွားရမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ခဲယမ်း မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများတွင် သတင်းအချက် အလက်ဖလှယ်ရေးများ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေး ခရီးစဉ်များမှတစ်ဆင့် ပိုမိုရင်းနှီးသည့် ဆက်ဆံရေးများကို ဖော်ဆောင်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မွန်-ခမာအနွယ်ဝင်များဖြစ်ပြီး နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုနှင့် ရုပ်ရည်သွင်ပြင်လက္ခဏာတို့တွင် တူညီမှုရှိပြီး ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့် အခြေအနေများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အပြင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် CLMV လေးနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဖွံ့ဖြိုးရေးတွင်လည်း ပါဝင်သည့်အတွက် ပိုမိုလေးနက်ရင်းနှီးသည့် ဆက်ဆံရေးရှိသည့်အခြေနေများ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် နိုင်ငံရေးအခြေအနေများကို ကမ္ဘောဒီးယားနိုင်ငံက နားလည်ပြီး မြန်မာနိုင်ငံဘက်မှ အပြည့်အဝထောက်ခံ ရပ်တည်ပေးလျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတိုင်းတွင် တပ်မတော်သည် နိုင်ငံ၏အစိတ်အပိုင်း၊ ပြည်သူ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် တပ်မတော်ပိုင်းဆိုင်ရာနှင့် ကာကွယ်ရေးပိုင်း ဆိုင်ရာများတွင် ဆက်ဆံမှုများခိုင်မာရေးသည် နိုင်ငံချင်းဆက်ဆံရေးတွင် အဓိကအရေးပါသည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ထေရဝါဒဗုဒ္ဓသာသနာဆိုင်ရာ ကူးလူးဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန်၊ လေ့ကျင့်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးပညာ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ခဲယမ်း မှောင်ခိုကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး ကဏ္ဍများတွင် သတင်းအချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အထိမ်းအမှတ်တံဆိပ်နှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General VONG PISEN အား ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကဳိဆို

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General VONG PISEN အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို လုိက္လံၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားအား အျပန္အလွန္ မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ ကေမၻာဒီးယားႏိုင္ငံဆုိင္ရာ ျမန္မာႏိုင္ငံစစ္သံမွဴး ဗိုလ္မွဴးခ်ဳပ္ ၀င္းကိုကို တုိ႔တက္ေရာက္ၾကၿပီး ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကေမၻာဒီးယား ဘုရင့္ၾကည္းတပ္၊ ေရတပ္၊ ေလတပ္တို႔မွ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္မ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ကေမၻာဒီးယားႏုိင္ငံစစ္သံမွဴး Colonel Keo Cheysothearith ႏွင့္ ကေမၻာဒီးယားတပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထုိသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-ကေမၻာဒီးယား ႏွစ္ႏိုင္ငံသံတမန္ ဆက္ဆံေရးသည္ ၁၉၅၅ ခုႏွစ္ကတည္းက စတင္ခဲ့ၿပီး ယခုႏွစ္တြင္ ၆၅ ႏွစ္ျပည့္ေျမာက္မည္ျဖစ္သျဖင့္ ထူးျခားသည့္ ခရီးစဥ္တစ္ခုျဖစ္ပါေၾကာင္း၊ အေဆြေတာ္သည္ ျမန္မာႏိုင္ငံသို႔ ပထမဦးဆံုး ခ်စ္ၾကည္ေရးခရီး လာေရာက္သည့္ ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ျဖစ္ပါေၾကာင္းႏွင့္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးျမင့္ခုိင္မာေစေရးအတြက္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္ သြားေရာက္ျခင္းမ်ား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ဧည့္သည္ေတာ္ ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သို႔ ေႏြးေထြးစြာႀကိဳဆိုခဲ့ၿပီး ဧည့္၀တ္ေက်ပြန္မႈမ်ားအတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတုိ႔ႏွစ္ႏိုင္ငံသည္ ေကာင္းမြန္သည့္ ဆက္ဆံေရးသမိုင္းေၾကာင္းမ်ားရွိခဲ့ၿပီး ယခုႏွစ္ ဇူလိုင္လ ၁၂ ရက္တြင္ ျပည့္ေျမာက္မည့္ ၆၅ ႏွစ္ျပည့္ သံတမန္ဆက္ဆံေရး အထိမ္းအမွတ္အျဖစ္ ထူးျခားေကာင္းမြန္ေအာင္ ေဆာင္ရြက္သြားရန္ စိတ္အားထက္သန္လ်က္ရွိပါေၾကာင္း၊ ႏွစ္ႏိုင္ငံအက်ိဳးတူ ပူးေပါင္းေဆာင္ရြက္မႈမ်ားအတြက္လည္း ေက်းဇူးတင္ ရွိပါေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကားတြင္လည္း ပူးေပါင္းေဆာင္ရြက္မႈမ်ား၊ ေတြ႕ဆံုေဆြးေႏြးမႈမ်ားကို အႀကီးအကဲမ်ား အဆင့္သာမက ေအာက္ေျခအဆင့္အထိ ေဆာင္ရြက္သြားရမည္ျဖစ္ၿပီး နယ္စပ္ျဖတ္ေက်ာ္ မႈခင္းႏွိမ္နင္းေရး၊ အၾကမ္းဖက္မႈတုိက္ဖ်က္ေရး၊ လူကုန္ကူးမႈတုိက္ဖ်က္ေရး၊ မူးယစ္ေဆး၀ါးႏွိမ္နင္းေရး၊ လက္နက္ခဲယမ္း ေမွာင္ခိုကူးသန္းေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးႏွင့္ ေလ့က်င့္ေရးဆိုင္ရာမ်ားတြင္ သတင္းအခ်က္ အလက္ဖလွယ္ေရးမ်ား ပူးေပါင္းေဆာင္ရြက္သြားၾကမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္ၾကား ခ်စ္ၾကည္ေရး ခရီးစဥ္မ်ားမွတစ္ဆင့္ ပိုမိုရင္းႏွီးသည့္ ဆက္ဆံေရးမ်ားကို ေဖာ္ေဆာင္သြားၾကရမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ျမန္မာႏိုင္ငံႏွင့္ ကေမၻာဒီးယားႏိုင္ငံတုိ႔သည္ မြန္-ခမာအႏြယ္၀င္မ်ားျဖစ္ၿပီး ေနာက္ခံသမုိင္းေၾကာင္း၊ ယဥ္ေက်းမႈဓေလ့ထံုးစံမ်ား၊ ေထရ၀ါဒဗုဒၶဘာသာ ကိုးကြယ္မႈႏွင့္ ႐ုပ္ရည္သြင္ျပင္လကၡဏာတုိ႔တြင္ တူညီမႈရွိၿပီး ေကာင္းမြန္သည့္ ဆက္ဆံေရးရွိသည့္ အေျခအေနမ်ား၊ အာဆီယံအဖြဲ႕၀င္ႏိုင္ငံမ်ား ျဖစ္သည့္အျပင္ ကေမၻာဒီးယား၊ လာအို၊ ျမန္မာ၊ ဗီယက္နမ္ CLMV ေလးႏိုင္ငံသည္ မဲေခါင္ျမစ္၀ွမ္းဖြံ႕ၿဖိဳးေရးတြင္လည္း ပါ၀င္သည့္အတြက္ ပိုမိုေလးနက္ရင္းႏွီးသည့္ ဆက္ဆံေရးရွိသည့္အေျခေနမ်ား၊ ျမန္မာႏိုင္ငံတြင္ ႀကံဳေတြ႕ေနရသည့္ ႏိုင္ငံေရးအေျခအေနမ်ားကို ကေမၻာဒီးယားႏိုင္ငံက နားလည္ၿပီး ျမန္မာႏိုင္ငံဘက္မွ အျပည့္အ၀ေထာက္ခံ ရပ္တည္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ႏိုင္ငံတိုင္းတြင္ တပ္မေတာ္သည္ ႏိုင္ငံ၏အစိတ္အပိုင္း၊ ျပည္သူ၏ အစိတ္အပိုင္းျဖစ္သည့္အတြက္ တပ္မေတာ္ပိုင္းဆုိင္ရာႏွင့္ ကာကြယ္ေရးပိုင္း ဆုိင္ရာမ်ားတြင္ ဆက္ဆံမႈမ်ားခိုင္မာေရးသည္ ႏိုင္ငံခ်င္းဆက္ဆံေရးတြင္ အဓိကအေရးပါသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံကုန္သြယ္ေရးႏွင့္ ေထရ၀ါဒဗုဒၶသာသနာဆိုင္ရာ ကူးလူးဆက္သြယ္ေဆာင္ရြက္မႈမ်ား တိုးျမႇင့္ႏိုင္ေရး၊ ကေမၻာဒီးယားႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္ ႀကိဳးပမ္းေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံ၌ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာ၀ရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ အေလးထားေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားအား က်ယ္က်ယ္ျပန္႔ျပန္႔ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးၾကၿပီး တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရးတုိးျမႇင့္ေဆာင္ရြက္ရန္၊ ေလ့က်င့္ေရး၊ စစ္ဘက္ဆုိင္ရာ ေဆးပညာ၊ အားကစားႏွင့္ ယဥ္ေက်းမႈဆိုင္ရာမ်ားတြင္ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ရန္၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးႏွင့္ နယ္စပ္ျဖတ္ေက်ာ္မႈခင္းႏွိမ္နင္းေရး၊ လူကုန္ကူးမႈတုိက္ဖ်က္ေရး၊ မူးယစ္ေဆး၀ါးႏွိမ္နင္းေရး၊ လက္နက္ခဲယမ္း ေမွာင္ခိုကူးသန္းေရာင္း၀ယ္မႈ တိုက္ဖ်က္ေရး က႑မ်ားတြင္ သတင္းအခ်က္အလက္ဖလွယ္ေရး ပူးေပါင္းေဆာင္ရြက္ရန္ သေဘာတူညီမႈမ်ား ရရွိခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကေမၻာဒီးယား ဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ အထိမ္းအမွတ္တံဆိပ္ႏွင့္အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။