တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့ တပ်မတော် လေတပ်ဦးစီးချုပ် Colonel Khamlek SENGPHACHANH ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့ တပ်မတော် လေတပ်ဦးစီးချုပ်နှင့်အတူ ဒုတိယလေတပ်ဦးစီးချုပ်နှင့် တပ်မတော်(လေ) ဦးစီးရုံးအကြီးအကဲ Lt.Colonel Boundom BOUPHALIVANH ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံစစ်သံမှူး Colonel Touy VILAKET နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီး ချင်းကောင်း နိုင်ငံများဖြစ်ကြပြီး ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ လေတပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင် ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ လာအိုျပည္သူ႕တပ္မေတာ္ ေလတပ္ဦးစီးခ်ဳပ္အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္ ဇန္န၀ါရီ ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လာအိုျပည္သူ႕ တပ္မေတာ္ ေလတပ္ဦးစီးခ်ဳပ္ Colonel Khamlek SENGPHACHANH ယေန႕ ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး လာအိုျပည္သူ႕ တပ္မေတာ္ ေလတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယေလတပ္ဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ေလ) ဦးစီး႐ံုးအႀကီးအကဲ Lt.Colonel Boundom BOUPHALIVANH ၊ ျမန္မာႏိုင္ငံဆုိင္ရာ လာအုိႏုိင္ငံစစ္သံမွဴး Colonel Touy VILAKET ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾက သည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံႏွင့္ လာအုိႏုိင္ငံတုိ႕သည္ မိတ္ေဆြေကာင္း၊ အိမ္နီး ခ်င္းေကာင္း ႏိုင္ငံမ်ားျဖစ္ၾကၿပီး ဆက္ဆံေရးေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ ေလတပ္ဆုိင္ရာပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရးဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရးဆုိင္ရာကိစၥရပ္မ်ားအား ခင္မင္ ရင္းႏွီးစြာ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအိုျပည္သူ႕တပ္မေတာ္ ေလတပ္ဦးစီးခ်ဳပ္ တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။