၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီး ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 

၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီး ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁ 

နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားဂေါက်သီးရိုက်အားကစားသမားများပေါ်ထွက်လာ စေရန်နှင့် တပ်မတော်သားများ၏ ဂေါက်သီးရိုက်အားကစားအဆင့်အတန်းမြင့်မားလာ စေရန်ရည်ရွယ်ချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ရေ၊ လေ)ဂေါက်သီးရိုက်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည်။ 

၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ရေ၊ လေ) ဂေါက်သီး ရိုက်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော် ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့၌ ကျင်းပပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တံခွန်စိုက်ဆုကို အသင်းလိုက် (အကျောမဲ့)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် (၆၄၃) ချက်ဖြင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အသင်းကလည်းကောင်း၊ အသင်းလိုက်(အကျောပေး)ပြိုင်ပွဲ တွင် စုစုပေါင်းအသားတင်ရိုက်ချက် (၅၄၀)ချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အသင်း ကလည်းကောင်း အသီးသီးဆွတ်ခူးရရှိသွားသည်။ 

ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။ 

အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစား သမားများနှင့် ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 

ဆုများ ချီးမြှင့်ရာတွင် အဝေးဆုံးရိုက်ချက် (Long Drive) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် ဒုတိယ နေ့လိုင်းနှင့်အနီးဆုံး ရိုက်ချက်ဆုရရှိသူများကို စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကလည်းကောင်း၊ ပထမနေ့လိုင်းနှင့် အနီးဆုံးရိုက်ချက်ဆု၊ ဒုတိယနေ့လိုင်းနှင့် အနီးဆုံးရိုက်ချက်ဆုနှင့် ဒုတိယနေ့ကျင်းနှင့် အနီး ဆုံးရိုက်ချက်ဆုရရှိသူများကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက လည်းကောင်း၊ ပထမနေ့ကျင်း နှင့်အနီးဆုံးရိုက်ချက်ဆု၊ ဒုတိယနေ့ ကျင်းနှင့်အနီးဆုံးရိုက်ချက်ဆုနှင့် တစ်ဦးချင်း (အကျောပေး) အကောင်း ဆုံးဆုရရှိသူများကို ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကလည်းကောင်း၊ တစ်ဦးချင်း (အကျောမဲ့) အကောင်းဆုံးဆု၊ Par အများဆုံးဆု၊ Birdie အများဆုံးဆုနှင့် တစ်ဦးချင်း (အကျောပေး)ပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆု ရရှိသူများကို ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လည်းကောင်း၊ တစ်ဦးချင်း(အကျောပေး) ပြိုင်ပွဲတွင် ပထမဆု၊ တစ်ဦးချင်း(အကျောမဲ့) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ အသင်းလိုက်(အကျောပေး)ပြိုင်ပွဲနှင့် (အကျောမဲ့) ပြိုင်ပွဲတို့တွင် တတိယဆုရရှိသူများကို ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ 

ဆက်လက်၍ အသင်းလိုက်(အကျောပေး)ပြိုင်ပွဲနှင့်(အကျောမဲ့)ပြိုင်ပွဲတို့တွင် ဒုတိယဆုရရှိသူများကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆုများ ပေးအပ်ချီးမြှင့်သည်။ 

ထို့နောက် အသင်းလိုက်(အကျောပေး)ပြိုင်ပွဲတွင် စုစုပေါင်းအသားတင်ရိုက်ချက် (၅၄၀)ချက်ဖြင့် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အသင်းနှင့် အသင်းလိုက် (အကျောမဲ့)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် (၆၄၃) ချက်ဖြင့် ပထမဆုရရှိသည့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တံခွန်စိုက်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

(Zawgyi Version)

၂၀၁၉-၂၀၂၀ ျပည္႕ႏွစ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) ေဂါက္သီး ႐ုိက္ၿပဳိင္ပြဲ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၁

ႏုိင္ငံ့ဂုဏ္ေဆာင္ တပ္မေတာ္သားေဂါက္သီး႐ုိက္အားကစားသမားမ်ားေပၚထြက္လာ ေစရန္ႏွင့္ တပ္မေတာ္သားမ်ား၏ ေဂါက္သီး႐ုိက္အားကစားအဆင့္အတန္းျမင့္မားလာ ေစရန္ရည္ရြယ္ခ်က္ျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ)ေဂါက္သီး႐ုိက္ၿပိဳင္ပြဲကုိ ႏွစ္စဥ္က်င္းပျပဳလုပ္လ်က္ရွိသည္။

၂၀၁၉-၂၀၂၀ ျပည့္ႏွစ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား တပ္မေတာ္ (ၾကည္း၊ေရ၊ ေလ) ေဂါက္သီး ႐ိုက္ၿပိဳင္ပြဲကို တုိင္းစစ္ဌာနခ်ဳပ္အသီးသီးမွ ၿပိဳင္ပြဲ၀င္အသင္း ၁၇ သင္းျဖင့္ ဇန္န၀ါရီ ၃၀ ရက္ႏွင့္ ၃၁ ရက္တုိ႔တြင္ ေနျပည္ေတာ္ ေဂါက္ကြင္းႏွင့္ ေရျပာေဂါက္ကြင္းတုိ႕၌ က်င္းပျပဳလုပ္ခဲ့ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား တံခြန္စုိက္ဆုကုိ အသင္းလုိက္ (အေက်ာမဲ့)ၿပိဳင္ပြဲတြင္ စုစုေပါင္း႐ုိက္ခ်က္ (၆၄၃) ခ်က္ျဖင့္ အလယ္ပုိင္း တုိင္းစစ္ဌာနခ်ဳပ္ အသင္းကလည္းေကာင္း၊ အသင္းလုိက္(အေက်ာေပး)ၿပိဳင္ပြဲ တြင္ စုစုေပါင္းအသားတင္႐ုိက္ခ်က္ (၅၄၀)ခ်က္ျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေလ) အသင္း ကလည္းေကာင္း အသီးသီးဆြတ္ခူးရရွိသြားသည္။

ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားကုိ ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ေဂါက္ကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

အဆိုပါအခမ္းအနားသုိ႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္ မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ၿပိဳင္ပြဲ၀င္အသင္းမ်ားမွ အားကစား သမားမ်ားႏွင့္ ဒုိင္အဖြဲ႕၀င္မ်ား၊ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။

ဆုမ်ား ခ်ီးျမႇင့္ရာတြင္ အေ၀းဆုံး႐ုိက္ခ်က္ (Long Drive) ပထမ၊ ဒုတိယ၊ တတိယ ဆုရရွိသူမ်ားႏွင့္ ဒုတိယ ေန႔လုိင္းႏွင့္အနီးဆုံး ႐ုိက္ခ်က္ဆုရရွိသူမ်ားကုိ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာကလည္းေကာင္း၊ ပထမေန႕လုိင္းႏွင့္ အနီးဆုံး႐ုိက္ခ်က္ဆု၊ ဒုတိယေန႕လုိင္းႏွင့္ အနီးဆုံး႐ုိက္ခ်က္ဆုႏွင့္ ဒုတိယေန႕က်င္းႏွင့္ အနီး ဆုံး႐ုိက္ခ်က္ဆုရရွိသူမ်ားကုိ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ဳိးေဇာ္သိန္းက လည္းေကာင္း၊ ပထမေန႕က်င္း ႏွင့္အနီးဆုံး႐ုိက္ခ်က္ဆု၊ ဒုတိယေန႕ က်င္းႏွင့္အနီးဆုံး႐ုိက္ခ်က္ဆုႏွင့္ တစ္ဦးခ်င္း (အေက်ာေပး) အေကာင္း ဆုံးဆုရရွိသူမ်ားကုိ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ကလည္းေကာင္း၊ တစ္ဦးခ်င္း (အေက်ာမဲ့) အေကာင္းဆုံးဆု၊ Par အမ်ားဆုံးဆု၊ Birdie အမ်ားဆုံးဆုႏွင့္ တစ္ဦးခ်င္း (အေက်ာေပး)ၿပိဳင္ပြဲတြင္ ဒုတိယႏွင့္ တတိယဆု ရရွိသူမ်ားကုိ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက လည္းေကာင္း၊ တစ္ဦးခ်င္း(အေက်ာေပး) ၿပိဳင္ပြဲတြင္ ပထမဆု၊ တစ္ဦးခ်င္း(အေက်ာမဲ့) ၿပိဳင္ပြဲတြင္ ပထမ၊ ဒုတိယ၊ တတိယဆု၊ အသင္းလုိက္(အေက်ာေပး)ၿပိဳင္ပြဲႏွင့္ (အေက်ာမဲ့) ၿပိဳင္ပြဲတုိ႕တြင္ တတိယဆုရရွိသူမ်ားကုိ ၫႇိႏႈိင္းကြပ္ကဲေရး မွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးကလည္းေကာင္း ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္ၾကသည္။

ဆက္လက္၍ အသင္းလုိက္(အေက်ာေပး)ၿပိဳင္ပြဲႏွင့္(အေက်ာမဲ့)ၿပိဳင္ပြဲတုိ႔တြင္ ဒုတိယဆုရရွိသူမ်ားကုိ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းက ဆုမ်ား ေပးအပ္ခ်ီးျမႇင့္သည္။

ထုိ႔ေနာက္ အသင္းလုိက္(အေက်ာေပး)ၿပိဳင္ပြဲတြင္ စုစုေပါင္းအသားတင္႐ုိက္ခ်က္ (၅၄၀)ခ်က္ျဖင့္ ပထမဆုရရွိသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေလ) အသင္းႏွင့္ အသင္းလုိက္ (အေက်ာမဲ့)ၿပိဳင္ပြဲတြင္ စုစုေပါင္း႐ုိက္ခ်က္ (၆၄၃) ခ်က္ျဖင့္ ပထမဆုရရွိသည့္ အလယ္ပုိင္း တုိင္းစစ္ဌာနခ်ဳပ္အသင္းတုိ႕အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တံခြန္စုိက္ဆုမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။