(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ

ချစ်ခင်လေးစားရပါသော ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျာ- 

ယနေ့ကျရောက်သည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခါသမယတွင် ချစ်ကြည်လေးစား အပ်ပါသော ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း တို့နှင့်ပြည့်စုံပြီး အေးချမ်းသာယာသော လူမှုဘဝများရရှိ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။ မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်စာပေများ ပိုင်ဆိုင်သည့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်လာကြသည်ကို ခိုင်မာသည့် သမိုင်း အထောက်အထားများက သက်သေပြနေခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် မိမိတို့နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီး နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပါသည်။ 

ထိုသို့လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ဒေသအသီးသီးတွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုး များသည် သူ့ကျွန် မခံလိုသည့် စိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့တို့အား တော်လှန်ခဲ့ကြပြီး တစ်နိုင်ငံလုံး လွတ်လပ်ရေး အတူတကွ ရယူလိုသည့်အတွက် ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ရှမ်းပြည်လူထု ခေါင်းဆောင်များနှင့် တောင်တန်း ဒေသမှခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲအတွင်း ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် ရှမ်းတိုင်းရင်းသား များသည် တောင်တန်းဒေသ တိုင်းရင်းသားများဖြစ်ကြသော ချင်း၊ ကချင်တို့ နှင့်အတူ ပြည်နယ် များနှင့် ပြည်မ ပေါင်းစည်းကာ အတူတကွ လွတ်လပ်ရေးရယူမည်ဆိုသည့် ဆုံးဖြတ်ချက်အား ချမှတ် နိုင်ခဲ့ပါသည်။ 

ထိုကဲ့သို့ပြည်မနှင့် တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန် ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော် ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၃)နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏အရွယ်အစားအကြီးမားဆုံး ပြည်နယ်ကြီးတစ်ခုဖြစ်ပြီး ရေတံခွန်၊ စိမ့်စမ်း၊ တော စခန်း၊ တောင်စခန်းများဖြင့် အေးချမ်းသာယာလှပသော သွေးချင်းတို့၏ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ် အတွင်းတွင် ရှမ်း၊ ဓနု၊ တောင်ရိုး၊ အာခါ၊ အင်းသား၊ ပအိုဝ်း၊ ပဒေါင်၊ ပလောင်၊ ကိုးကန့်၊ ““၀””၊ ကချင်၊ ဗမာအစ ရှိသည့် လူမျိုးစု ၃၃ စုအတူတကွနေထိုင်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ရှမ်းပြည်နယ်အတွင်း အင်းလေးကန်နှင့် ကျိုင်းတောင်း ရေတံခွန်တို့ကဲ့သို့သော ဂုဏ်ယူဖွယ်ရာသဘာဝ အရင်းအမြစ်များစွာ ရှိနေခဲ့ပါသည်။ 

ထို့အပြင် သံလွင်မြစ်၊ ဒုဋ္ဌဝတီမြစ်၊ ဇော်ဂျီမြစ်တို့သည်လည်း ပြည်နယ်အတွင်း တန်ဖိုးမဖြတ်နိုင်သော မြစ်ကြီးများ အဖြစ် အကျိုးပြုလျက်ရှိပါသည်။ သယံဇာတပေါများပြီး သာယာလှပကာ လူမျိုးစုများစုပေါင်းနေထိုင်ကြသည့် ရှမ်းပြည်နယ်သည် တည်ငြိမ် အေးချမ်းမှု အပြည့်အဝရရှိမည်ဆိုပါက အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက် သည့်ပြည် နယ်ကြီး တစ်ခုအဖြစ် ပေါ်ထွက်လာမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်းရှိ RCSS(SSA) အဖွဲ့အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး NCA လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဖြစ် သည့် အတွက် ပြည်နယ်အတွင်းရှိ ဒေသအတော်များများတွင် ငြိမ်းချမ်းရေး၏ အရသာအား ပြည့်ပြည့်ဝဝ ခံစားနေကြ ရပြီဖြစ်ပါသည်။ 

ငြိမ်းချမ်းမှု၏ နောက်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အေးချမ်းသာယာမှုတို့ အမြဲတမ်းကပ်ပါ လာလေ့ရှိပါ သည်။ ယခုကျရောက်သည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ရှမ်းပြည်နယ်ကြီးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး၏ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ဂုဏ်ယူဖွယ်ရာ ပြည်နယ်ကြီး တစ်ခုအဖြစ် ရောက်ရှိအောင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးက ညီညီ ညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  

(Zawgyi Version)

(၇၃)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔တြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေပးပို႔သည့္ သဝဏ္လႊာ

ခ်စ္ခင္ေလးစားရပါေသာ ရွမ္းျပည္နယ္ရွိ တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ား ခင္ဗ်ာ-

ယေန႔က်ေရာက္သည့္ (၇၃)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔အခါသမယတြင္ ခ်စ္ၾကည္ေလးစား အပ္ပါေသာ ရွမ္းျပည္နယ္ အတြင္းရွိ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ား အားလုံး စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏ က်န္းမာျခင္း တို႔ႏွင့္ျပည့္စုံၿပီး ေအးခ်မ္းသာယာေသာ လူမႈဘဝမ်ားရရွိ ပိုင္ဆိုင္ႏိုင္ၾကပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သ အပ္ပါသည္။ ျမန္မာႏိုင္ငံသည္ ေရွးႏွစ္ေပါင္းမ်ားစြာ ကတည္းကပင္ ကိုယ္ပိုင္ယဥ္ေက်းမႈႏွင့္ ကိုယ္ပိုင္စာေပမ်ား ပိုင္ဆိုင္သည့္ အခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံတစ္ခုအျဖစ္ တိုင္းရင္းသားအားလုံး စုေပါင္းေနထိုင္လာၾကသည္ကို ခိုင္မာသည့္ သမိုင္း အေထာက္အထားမ်ားက သက္ေသျပေနခဲ့ပါသည္။ ၁၈၈၅ ခုႏွစ္တြင္ မိမိတို႔ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ လြတ္လပ္ေရး ဆုံးရႈံးခဲ့ရၿပီး နယ္ခ်ဲ႕လက္ေအာက္သို႔ က်ေရာက္ခဲ့ပါသည္။

ထိုသို႔လြတ္လပ္ေရးဆုံးရႈံးခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံ၏ေဒသအသီးသီးတြင္ ေနထိုင္ၾကေသာ တိုင္းရင္းသား လူမ်ိဳး မ်ားသည္ သူ႔ကြၽန္ မခံလိုသည့္ စိတ္ဓာတ္ျဖင့္ ကိုလိုနီနယ္ခ်ဲ႕တို႔အား ေတာ္လွန္ခဲ့ၾကၿပီး တစ္ႏိုင္ငံလုံး လြတ္လပ္ေရး အတူတကြ ရယူလိုသည့္အတြက္ ရွမ္းျပည္နယ္၊ ပင္လုံၿမိဳ႕တြင္ ရွမ္းျပည္လူထု ေခါင္းေဆာင္မ်ားႏွင့္ ေတာင္တန္း ေဒသမွေခါင္းေဆာင္မ်ား ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကပါသည္။ ထိုေတြ႕ဆုံပြဲအတြင္း ၁၉၄၇ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ တြင္ ရွမ္းတိုင္းရင္းသား မ်ားသည္ ေတာင္တန္းေဒသ တိုင္းရင္းသားမ်ားျဖစ္ၾကေသာ ခ်င္း၊ ကခ်င္တို႔ ႏွင့္အတူ ျပည္နယ္ မ်ားႏွင့္ ျပည္မ ေပါင္းစည္းကာ အတူတကြ လြတ္လပ္ေရးရယူမည္ဆိုသည့္ ဆုံးျဖတ္ခ်က္အား ခ်မွတ္ ႏိုင္ခဲ့ပါသည္။

ထိုကဲ့သို႔ျပည္မႏွင့္ ေတာင္တန္းေဒသမ်ား အတူတကြ လြတ္လပ္ေရးရယူရန္ ဆုံးျဖတ္ႏိုင္ခဲ့သည့္ ေဖေဖာ္ ဝါရီလ ၇ ရက္ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ ရွမ္းျပည္နယ္ေန႔အျဖစ္ သတ္မွတ္ကာ ႏွစ္စဥ္ အထိမ္းအမွတ္ အခမ္းအနားမ်ား ျပဳလုပ္က်င္းပလာခဲ့သည္မွာ ယခုဆိုလွ်င္ (၇၃)ႏွစ္ေျမာက္ခဲ့ၿပီျဖစ္ပါသည္။ ရွမ္းျပည္နယ္သည္ ျမန္မာႏိုင္ငံ၏အ႐ြယ္အစားအႀကီးမားဆုံး ျပည္နယ္ႀကီးတစ္ခုျဖစ္ၿပီး ေရတံခြန္၊ စိမ့္စမ္း၊ ေတာ စခန္း၊ ေတာင္စခန္းမ်ားျဖင့္ ေအးခ်မ္းသာယာလွပေသာ ေသြးခ်င္းတို႔၏ ျပည္နယ္တစ္ခုျဖစ္ပါသည္။ ရွမ္းျပည္နယ္ အတြင္းတြင္ ရွမ္း၊ ဓႏု၊ ေတာင္႐ိုး၊ အာခါ၊ အင္းသား၊ ပအိုဝ္း၊ ပေဒါင္၊ ပေလာင္၊ ကိုးကန႔္၊ ““၀””၊ ကခ်င္၊ ဗမာအစ ရွိသည့္ လူမ်ိဳးစု ၃၃ စုအတူတကြေနထိုင္လ်က္ရွိသည္ကိုေတြ႕ရွိရပါသည္။ ရွမ္းျပည္နယ္အတြင္း အင္းေလးကန္ႏွင့္ က်ိဳင္းေတာင္း ေရတံခြန္တို႔ကဲ့သို႔ေသာ ဂုဏ္ယူဖြယ္ရာသဘာဝ အရင္းအျမစ္မ်ားစြာ ရွိေနခဲ့ပါသည္။

ထို႔အျပင္ သံလြင္ျမစ္၊ ဒု႒ဝတီျမစ္၊ ေဇာ္ဂ်ီျမစ္တို႔သည္လည္း ျပည္နယ္အတြင္း တန္ဖိုးမျဖတ္ႏိုင္ေသာ ျမစ္ႀကီးမ်ား အျဖစ္ အက်ိဳးျပဳလ်က္ရွိပါသည္။ သယံဇာတေပါမ်ားၿပီး သာယာလွပကာ လူမ်ိဳးစုမ်ားစုေပါင္းေနထိုင္ၾကသည့္ ရွမ္းျပည္နယ္သည္ တည္ၿငိမ္ ေအးခ်မ္းမႈ အျပည့္အဝရရွိမည္ဆိုပါက အနာဂတ္တြင္ ဖြံ႕ၿဖိဳးတိုးတက္ သည့္ျပည္ နယ္ႀကီး တစ္ခုအျဖစ္ ေပၚထြက္လာမည္မွာ အေသအခ်ာပင္ျဖစ္ပါသည္။ ရွမ္းျပည္နယ္အတြင္းရွိ RCSS(SSA) အဖြဲ႕အေနျဖင့္ NCA စာခ်ဳပ္တြင္ ပါဝင္လက္မွတ္ေရးထိုးခဲ့ၿပီး NCA လမ္းေၾကာင္းေပၚသို႔ ေလွ်ာက္လွမ္းေနၿပီျဖစ္ သည့္ အတြက္ ျပည္နယ္အတြင္းရွိ ေဒသအေတာ္မ်ားမ်ားတြင္ ၿငိမ္းခ်မ္းေရး၏ အရသာအား ျပည့္ျပည့္ဝဝ ခံစားေနၾက ရၿပီျဖစ္ပါသည္။

ၿငိမ္းခ်မ္းမႈ၏ ေနာက္တြင္ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ေအးခ်မ္းသာယာမႈတို႔ အၿမဲတမ္းကပ္ပါ လာေလ့ရွိပါ သည္။ ယခုက်ေရာက္သည့္ (၇၃)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာအထိ ရွမ္းျပည္နယ္ႀကီးအား ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ႀကီး၏ၿငိမ္းခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္သည့္ ဂုဏ္ယူဖြယ္ရာ ျပည္နယ္ႀကီး တစ္ခုအျဖစ္ ေရာက္ရွိေအာင္ ရွမ္းျပည္နယ္အတြင္းရွိ တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမအားလုံးက ညီညီ ၫြတ္ၫြတ္ ႀကိဳးပမ္း ေဆာင္႐ြက္ၾကပါစို႔ဟု တိုက္တြန္းႏႈိးေဆာ္ရင္း သဝဏ္လႊာေပးပို႔အပ္ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။