တပ်မတော်သည် နိုင်ငံကိုကာကွယ်ရန် စနစ်တကျဖွဲ့စည်းထားခြင်းဖြစ်သဖြင့် ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော စွမ်းရည်သုံးရပ်ပြည့်စုံသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်

နေပြည်တော်၊ မတ် ၁၀

နိုင်ငံတိုင်းတွင် တပ်မတော်သည် နိုင်ငံကိုကာကွယ်ရန် စနစ်တကျဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ပြည်သူကအားကိုးရသော၊ တိုင်းပြည်ကအားထားရသော စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်အောင် အမြဲကြိုးစားဆောင်ရွက်နေရမည်ဖြစ်ကြောင်းနှင့် စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်ဝပါက တာဝန် ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်မဟုတ်သဖြင့် တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက်လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေး၊ ကျီကုန်းတပ်နယ်၊ တီးတိန်မြို့၊ နယ်မြေခံ တပ်ဋ္ဌာနချုပ်နှင့် ဟားခါး တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့တွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဇနီး၊ ကလေး၊ ကျီကုန်းတပ်နယ်၊ တီးတိန်မြို့ နယ်မြေခံ တပ်ဋ္ဌာနချုပ်နှင့် ဟားခါးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဤနယ်မြေဒေသရှိ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် ဒေသလုံခြုံရေးနှင့် နယ်မြေထိန်းသိမ်းရေးတာဝန်များကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကာ ကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ တိုင်းတွင် တပ်မတော်သည် နိုင်ငံကိုကာကွယ်ရန်အတွက် စနစ်တကျဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူက အားကိုးရသော၊ တိုင်းပြည်ကအားထားရသော စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်အောင် အမြဲကြိုးစား ဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ စွမ်းရည်သုံးရပ်အနက် စစ်ရေးစွမ်းရည်သည် အရေးအကြီးဆုံး ဖြစ်ပြီး စစ်ရေးစွမ်းရည် ထက်မြက်စေရေးအတွက် လေ့ကျင့်ရေးဆောင်ရွက်မှုများကို အပြည့်အဝဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ စစ်၏အခြေခံသဘောတရားများနှင့် ဥပဒေသများကို အပြည့်အဝလိုက်နာကျင့်သုံးရန် လိုကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်ဝပါက တာဝန်ကို ကျေပွန်စွာထမ်းဆောင် နိုင်မည်မဟုတ်သဖြင့် တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက်လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် လေ့ကျင့် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်း၊ ကျန်းမာအောင်နေထိုင်ရမည်၊ ကြံ့ခိုင်အောင်လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်သားပီသစွာ နေထိုင်ကျင့်ကြံ ရမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ်လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ဆက်လက်မှာကြားရာတွင် မူးယစ်ဆေးဝါး၏အစသည် ဆေးလိပ်၊ အရက် သောက်သုံးခြင်းမှ စတင်ခြင်းဖြစ်ကြောင်း၊ မိမိအတွက် အကျိုးမရှိစေဘဲ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်၊ အရက်၊ ကွမ်းယာသုံးစွဲခြင်းများကို ရှောင်ကြဉ်ကြစေလိုကြောင်း၊ တစ်ရက်လျှင် ကွမ်း ၃၀၀ ကျပ်ဖိုးခန့် စားသုံး သည်ဆိုပါက မိမိနှင့် မိမိမိသားစုအတွက် အာဟာရဖြစ်စေသည့် ကြက်ဥ ၂လုံး၊ ၃လုံးခန့်ကို ပစ်ခွဲနေသလိုဖြစ်၍ စဉ်းစားဆင်ခြင်ကြစေလိုကြောင်း၊ ဆေးလိပ်၊ ကွမ်းယာစားသုံးရာတွင် ကုန်ကျမည့်ငွေကြေးများကို မိမိ ကျန်းမာရေးအတွက် အကျိုးရှိမည့် ကြက်ဥ၊ အသား၊ ငါးများကို စားသုံးရာတွင် သုံးစွဲသင့်ကြောင်း၊ အရက် သောက်သုံးမှုမှတစ်ဆင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းကျဆင်းပြီး အမှုအခင်းများကို ဖြစ်ပေါ်စေနိုင် သောကြောင့် တတ်နိုင်သမျှရှောင်ကြဉ်ကြရန် တိုက်တွန်းလိုကြောင်း၊ ကျန်းမာအောင် နေထိုင်ရမည်၊ ကြံ့ခိုင်အောင်လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်နှင့်တူအောင် နေထိုင်လုပ်ကိုင်ကြရမည်ဖြစ်သဖြင့် လေးလေးနက်နက် စဉ်းစားပြီး တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ မိမိတို့သည် အလုပ်အကိုင် ပေါင်း များစွာရှိသည့်အနက်မှ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်အတွက် တပ်မတော်သားများအဖြစ် မည်သူ၏ တိုက်တွန်း ချက်မှမပါဘဲ ဝင်ရောက်တာဝန်ထမ်းဆောင်ကြသူများ ဖြစ်သည့်အတွက် စစ်သားစိတ်ဓာတ်မွေး၍ စစ်သားပီသရမည် ဖြစ်ကြောင်း၊ ဝတ်စားဆင်ယင်မှု၊ နေထိုင်စားသောက်မှု၊ ကိုယ်မူဟန်ပန်အနေအထား စနစ်ကျနအောင် ဆောင်ရွက်ကြရန်လိုပြီး အသောက်အစားနှင့် အစားအသောက်ကို ကိုယ်စီအသိစိတ်ဖြင့် ဆင်ခြင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

နိုင်ငံတွင်နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် အဓိက အရေးကြီး ကြောင်း၊ ထို့ပြင် စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန်လည်း လိုအပ်ကြောင်း၊ နိုင်ငံရေးတွင် လက်စားချေ လိုမှုများ အမုန်းတရားများ ရှိနေပါက နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှု ရှိမည်မဟုတ်သကဲ့သို့ လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွှတ်သရွေ့လည်း လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုရရှိရန် ခက်ခဲနေမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုဒေသအားလုံးတွင် မိမိတို့၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားအား ထုတ်မှုရှိရမည်ဖြစ်ပြီး အတတ်ပညာအသိပညာများနှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရ မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများ မရှိသည့်နယ်မြေဖြစ်သည့် အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းပိုမိုများပြားပြီး နယ်မြေခံတပ်များကလည်း ဒေသခံတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ခေါင်းဆောင်များအနေဖြင့် မိမိဦးဆောင်သည့် အဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့် သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စမှန်သမျှကို မှန်မှန်ကန်ကန်နှင့် ဦးဆောင်၍ စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း၊ လက်အောက်ငယ်သားများမှလည်း စစ်စည်းကမ်းနှင့် စစ်ဘက်ဥပဒေများကို လိုက်နာ၍ လိုအပ်ချက်နှင့် အခက်အခဲများကို မှန်မှန်တင်ပြကြရမည်ဖြစ်ကြောင်း၊ စစ်သည်များအား တာဝန် ထမ်းဆောင်သည့်နှစ်အလိုက် အဆင့်တိုးမြင့်ပေးလျက်ရှိကြောင်း၊ တစ်ဆင့်မြင့်သော ရာထူးတာဝန်များ ထမ်း ဆောင်နိုင်ရန်အတွက် ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ကျန်းမာရေးကောင်းမွန်အောင် နေထိုင် မှုတို့အပေါ်မူတည်၍ ရာထူးတိုးမြင့်ရေးကိစ္စရပ်များတွင် ကွာခြားသွားနိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကောင်းမွန်အောင်နှင့် မိမိဦးဆောင်ရသည့်အဖွဲ့အစည်း ကောင်းမွန်အောင် ညီညွတ်မျှတသည့် အုပ်ချုပ်မှု ဖြစ်အောင် အမြဲကြိုးစားဆောင်ရွက်နေရမည်ဖြစ်ပြီး တပ်မတော်တစ်ရပ်လုံး ကောင်းမွန်ရန်အတွက် စစ်သည် တစ်ဦးတစ်ယောက်တိုင်းတွင် တာဝန်ကိုယ်စီရှိကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများအတွက် ချီးမြှင့်ငွေများကို လည်း ကောင်း ပေးအပ်ရာ တပ်နယ်မှူးများနှင့် ဇနီးတို့က လက်ခံရယူကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များ၊ အားကစား ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တီးတိန်မြို့ရှိ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများအား နယ်မြေခံ တပ်ရင်းခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်ပြီး ချင်းပြည်နယ်သည် စိုက်ပျိုး ရေးကိုအခြေခံသည့် ဒေသဖြစ်သောကြောင့် မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များအား မိမိဒေသ၏ အဓိက စီးပွားရေးနှင့် ကိုက်ညီသည့် စက်မှုလက်မှုသိပ္ပံ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်တို့ကို ဦးစားပေးတက်ရောက်စေပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အကျိုးပြုနိုင်စေရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတွင်းပညာတတ်များ ပေါ်ထွက်လာရေးသည် အဓိကအရေးကြီးသည် ဖြစ်၍ ပညာရည်မြင့်မားရေးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်း တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများကလည်း အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို How to solve Problem စနစ်ဖြင့် ဝိုင်းဝန်းကူညီဖြည့်ဆည်းကြစေလိုကြောင်းဖြင့် ဆွေးနွေးအကြံပြုပြောကြားသည်။

ယင်းနောက် တီးတိန်မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်နှင့် ဋ္ဌာနဆိုင်ရာအဖွဲ့ဝင်များ၏ ဒေသတွင်း လိုအပ်ချက်တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးပြီး တပ်မတော် စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ဟားခါးမြို့သို့ ရောက်ရှိကြရာ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ရိုးရာဝါးညှပ်အက၊ အောင်ပွဲခံ အကတို့ဖြင့် လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္သည္ ႏုိင္ငံကုိကာကြယ္ရန္ စနစ္တက်ဖြဲ႕စည္းထားျခင္းျဖစ္သျဖင့္ ျပည္သူကအားကုိးရေသာ၊ တုိင္းျပည္ကအားထားရေသာ စြမ္းရည္သုံးရပ္ျပည့္စုံသည့္ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္

ေနျပည္ေတာ္၊ မတ္ ၁၀

ႏုိင္ငံတုိင္းတြင္ တပ္မေတာ္သည္ ႏုိင္ငံကုိကာကြယ္ရန္ စနစ္တက်ဖြဲ႕စည္းထားျခင္း ျဖစ္သည့္အတြက္ ျပည္သူကအားကုိးရေသာ၊ တုိင္းျပည္ကအားထားရေသာ စြမ္းရည္သုံးရပ္ႏွင့္ျပည့္စုံသည့္ တပ္မေတာ္ျဖစ္ေအာင္ အၿမဲႀကိဳးစားေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္းႏွင့္ စစ္ေျမျပင္တြင္ တုိက္ပြဲ၀င္ခ်ိန္၌ ႀကံ႕ခုိင္မႈမျပည့္၀ပါက တာ၀န္ ကုိ ေက်ပြန္စြာထမ္းေဆာင္ႏုိင္မည္မဟုတ္သျဖင့္ တစ္ဦးခ်င္းေလ့က်င့္မႈ၊ အစုအဖြဲ႕လုိက္ေလ့က်င့္မႈမ်ားကုိ မွန္မွန္ကန္ကန္ ေလ့က်င့္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ ကေလး၊ က်ီကုန္းတပ္နယ္၊ တီးတိန္ၿမိဳ႕၊ နယ္ေျမခံ တပ္႒ာနခ်ဳပ္ႏွင့္ ဟားခါး တပ္နယ္တုိ႕ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေန႕တြင္ သီးျခားစီေတြ႕ဆုံ၍ အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ စုိးတင့္ႏုိင္ႏွင့္ ဇနီး၊ ကေလး၊ က်ီကုန္းတပ္နယ္၊ တီးတိန္ၿမိဳ႕ နယ္ေျမခံ တပ္႒ာနခ်ဳပ္ႏွင့္ ဟားခါးတပ္နယ္တုိ႕ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဤနယ္ေျမေဒသရွိ တပ္ရင္း၊ တပ္ဖြဲ႕မ်ားအေနျဖင့္ ေဒသလုံၿခဳံေရးႏွင့္ နယ္ေျမထိန္းသိမ္းေရးတာ၀န္မ်ားကုိ ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ ကာ ကြယ္ေရးတာ၀န္ထမ္းေဆာင္ရာတြင္ ျပည္သူလူထု ပူးေပါင္းပါ၀င္ေဆာင္ရြက္သြားႏုိင္ရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံ တုိင္းတြင္ တပ္မေတာ္သည္ ႏုိင္ငံကုိကာကြယ္ရန္အတြက္ စနစ္တက်ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ျပည္သူက အားကုိးရေသာ၊ တုိင္းျပည္ကအားထားရေသာ စြမ္းရည္သုံးရပ္ႏွင့္ျပည့္စုံသည့္ တပ္မေတာ္ျဖစ္ေအာင္ အၿမဲႀကိဳးစား ေဆာင္ရြက္ ေနရမည္ျဖစ္ေၾကာင္း၊ စြမ္းရည္သုံးရပ္အနက္ စစ္ေရးစြမ္းရည္သည္ အေရးအႀကီးဆုံး ျဖစ္ၿပီး စစ္ေရးစြမ္းရည္ ထက္ျမက္ေစေရးအတြက္ ေလ့က်င့္ေရးေဆာင္ရြက္မႈမ်ားကုိ အျပည့္အ၀ေဆာင္ရြက္ၾက ရမည္ျဖစ္ေၾကာင္း၊ စစ္၏အေျခခံသေဘာတရားမ်ားႏွင့္ ဥပေဒသမ်ားကုိ အျပည့္အ၀လုိက္နာက်င့္သုံးရန္ လုိေၾကာင္း၊ စစ္ေျမျပင္တြင္ တုိက္ပြဲ၀င္ခ်ိန္၌ ႀကံ႕ခုိင္မႈမျပည့္၀ပါက တာ၀န္ကုိ ေက်ပြန္စြာထမ္းေဆာင္ ႏုိင္မည္မဟုတ္သျဖင့္ တစ္ဦးခ်င္းေလ့က်င့္မႈ၊ အစုအဖြဲ႕လုိက္ေလ့က်င့္မႈမ်ားကုိ မွန္မွန္ကန္ကန္ ေလ့က်င့္ ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႕ေဆာင္ရြက္ရမည့္ ပုံမွန္ေလ့က်င့္ေရး ေဆာင္ရြက္မႈမ်ားကုိ မွန္မွန္္ကန္ကန္ လုပ္ေဆာင္ျခင္းအားျဖင့္ တပ္မေတာ္၏ တုိက္စြမ္းရည္၊ တုိက္စြမ္းအားကုိ ျမႇင့္တင္ေနျခင္းပင္ျဖစ္ေၾကာင္း၊ က်န္းမာေအာင္ေနထုိင္ရမည္၊ ႀကံ႕ခုိင္ေအာင္ေလ့က်င့္ရမည္ျဖစ္ၿပီး တပ္္မေတာ္သားပီသစြာ ေနထုိင္က်င့္ႀကံ ရမည္ျဖစ္ေၾကာင္း၊ လုပ္သင့္လုပ္ထုိက္သည့္ ႀကံ႕ခုိင္မႈမ်ားကုိ ေန႕စဥ္လုပ္ေဆာင္ေနၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ဆက္လက္မွာၾကားရာတြင္ မူးယစ္ေဆး၀ါး၏အစသည္ ေဆးလိပ္၊ အရက္ ေသာက္သုံးျခင္းမွ စတင္ျခင္းျဖစ္ေၾကာင္း၊ မိမိအတြက္ အက်ဳိးမရွိေစဘဲ က်န္းမာေရးကုိ ထိခုိက္ေစႏုိင္သည့္ ေဆးလိပ္၊ အရက္၊ ကြမ္းယာသုံးစြဲျခင္းမ်ားကုိ ေရွာင္ၾကဥ္ၾကေစလုိေၾကာင္း၊ တစ္ရက္လွ်င္ ကြမ္း ၃၀၀ က်ပ္ဖုိးခန္႕ စားသုံး သည္ဆုိပါက မိမိႏွင့္ မိမိမိသားစုအတြက္ အာဟာရျဖစ္ေစသည့္ ၾကက္ဥ ၂လုံး၊ ၃လုံးခန္႕ကုိ ပစ္ခြဲေနသလုိျဖစ္၍ စဥ္းစားဆင္ျခင္ၾကေစလုိေၾကာင္း၊ ေဆးလိပ္၊ ကြမ္းယာစားသုံးရာတြင္ ကုန္က်မည့္ေငြေၾကးမ်ားကုိ မိမိ က်န္းမာေရးအတြက္ အက်ဳိးရွိမည့္ ၾကက္ဥ၊ အသား၊ ငါးမ်ားကုိ စားသုံးရာတြင္ သုံးစြဲသင့္ေၾကာင္း၊ အရက္ ေသာက္သုံးမႈမွတစ္ဆင့္ မိမိကုိယ္ကုိယ္ ထိန္းသိမ္းႏုိင္စြမ္းက်ဆင္းၿပီး အမႈအခင္းမ်ားကုိ ျဖစ္ေပၚေစႏုိင္ ေသာေၾကာင့္ တတ္ႏုိင္သမွ်ေရွာင္ၾကဥ္ၾကရန္ တုိက္တြန္းလုိေၾကာင္း၊ က်န္းမာေအာင္ ေနထုိင္ရမည္၊ ႀကံ႕ခုိင္ေအာင္ေလ့က်င့္ရမည္ျဖစ္ၿပီး တပ္မေတာ္ႏွင့္တူေအာင္ ေနထုိင္လုပ္ကုိင္ၾကရမည္ျဖစ္သျဖင့္ ေလးေလးနက္နက္ စဥ္းစားၿပီး တာ၀န္ထမ္းေဆာင္ၾကေစလုိေၾကာင္း၊ မိမိတုိ႕သည္ အလုပ္အကုိင္ ေပါင္း မ်ားစြာရွိသည့္အနက္မွ ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ရန္အတြက္ တပ္မေတာ္သားမ်ားအျဖစ္ မည္သူ၏ တုိက္တြန္း ခ်က္မွမပါဘဲ ၀င္ေရာက္တာ၀န္ထမ္းေဆာင္ၾကသူမ်ား ျဖစ္သည့္အတြက္ စစ္သားစိတ္ဓာတ္ေမြး၍ စစ္သားပီသရမည္ ျဖစ္ေၾကာင္း၊ ၀တ္စားဆင္ယင္မႈ၊ ေနထုိင္စားေသာက္မႈ၊ ကုိယ္မူဟန္ပန္အေနအထား စနစ္က်နေအာင္ ေဆာင္ရြက္ၾကရန္လုိၿပီး အေသာက္အစားႏွင့္ အစားအေသာက္ကုိ ကုိယ္စီအသိစိတ္ျဖင့္ ဆင္ျခင္ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ႏုိင္ငံတြင္ႏုိင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ အဓိက အေရးႀကီး ေၾကာင္း၊ ထုိ႕ျပင္ စီးပြားေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္လည္း လုိအပ္ေၾကာင္း၊ ႏုိင္ငံေရးတြင္ လက္စားေခ် လုိမႈမ်ား အမုန္းတရားမ်ား ရွိေနပါက ႏုိင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းမႈ ရွိမည္မဟုတ္သကဲ့သုိ႕ လက္နက္ကုိင္ လမ္းစဥ္ကုိ မစြန္႕လႊတ္သေရြ႕လည္း လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈရရွိရန္ ခက္ခဲေနမည္ ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုေဒသအားလုံးတြင္ မိမိတုိ႕၏ ေဒသဖြံ႕ၿဖိဳး တုိးတက္ေရးအတြက္ မိမိတုိ႕ကုိယ္တုိင္ ႀကိဳးစားအား ထုတ္မႈရွိရမည္ျဖစ္ၿပီး အတတ္ပညာအသိပညာမ်ားႏွင့္ လူမႈဘ၀ ဖြံ႕ၿဖိဳးတုိးတက္ေအာင္ တည္ေဆာက္ၾကရ မည္ျဖစ္ေၾကာင္း၊ ခ်င္းျပည္နယ္သည္ လက္နက္ကုိင္ပဋိပကၡမ်ား မရွိသည့္နယ္ေျမျဖစ္သည့္ အတြက္ ေဒသဖြံ႕ၿဖိဳးတုိးတက္ရန္ အခြင့္အလမ္းပုိမုိမ်ားျပားၿပီး နယ္ေျမခံတပ္မ်ားကလည္း ေဒသခံတုိ႕၏ လူမႈစီးပြားဘ၀ ဖြံ႕ၿဖိဳးတုိးတက္ေအာင္ ကူညီျဖည့္ဆည္း ေဆာင္ရြက္ေပးၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ေခါင္းေဆာင္မ်ားအေနျဖင့္ မိမိဦးေဆာင္သည့္ အဖြဲ႕အစည္း၏ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး၊ လုံၿခဳံေရး စသည့္ သက္သာေခ်ာင္ခ်ိမႈ၊ အုပ္ခ်ဳပ္မႈကိစၥမွန္သမွ်ကုိ မွန္မွန္ကန္ကန္ႏွင့္ ဦးေဆာင္၍ စီမံခန္႕ခြဲႏုိင္ရမည္ျဖစ္ေၾကာင္း၊ လက္ေအာက္ငယ္သားမ်ားမွလည္း စစ္စည္းကမ္းႏွင့္ စစ္ဘက္ဥပေဒမ်ားကုိ လုိက္နာ၍ လုိအပ္ခ်က္ႏွင့္ အခက္အခဲမ်ားကုိ မွန္မွန္တင္ျပၾကရမည္ျဖစ္ေၾကာင္း၊ စစ္သည္မ်ားအား တာ၀န္ ထမ္းေဆာင္သည့္ႏွစ္အလုိက္ အဆင့္တုိးျမင့္ေပးလ်က္ရွိေၾကာင္း၊ တစ္ဆင့္ျမင့္ေသာ ရာထူးတာ၀န္မ်ား ထမ္း ေဆာင္ႏုိင္ရန္အတြက္ ႀကိဳးစားအားထုတ္မႈ၊ စည္းကမ္းလုိက္နာမႈႏွင့္ က်န္းမာေရးေကာင္းမြန္ေအာင္ ေနထုိင္ မႈတုိ႕အေပၚမူတည္၍ ရာထူးတုိးျမင့္ေရးကိစၥရပ္မ်ားတြင္ ကြာျခားသြားႏုိင္မည္ျဖစ္ေၾကာင္း၊ မိမိကုိယ္ကုိ ေကာင္းမြန္ေအာင္ႏွင့္ မိမိဦးေဆာင္ရသည့္အဖြဲ႕အစည္း ေကာင္းမြန္ေအာင္ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္မႈ ျဖစ္ေအာင္ အၿမဲႀကိဳးစားေဆာင္ရြက္ေနရမည္ျဖစ္ၿပီး တပ္မေတာ္တစ္ရပ္လုံး ေကာင္းမြန္ရန္အတြက္ စစ္သည္ တစ္ဦးတစ္ေယာက္တုိင္းတြင္ တာ၀န္ကုိယ္စီရွိေၾကာင္းျဖင့္ မွာၾကားသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစု မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားကုိလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရးအသင္းမ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိ လည္း ေကာင္း ေပးအပ္ရာ တပ္နယ္မွဴးမ်ားႏွင့္ ဇနီးတုိ႔က လက္ခံရယူၾကသည္။

ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္တုိ႔က တပ္နယ္ အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ၊ ရသ စာအုပ္၊ စာေစာင္မ်ား၊ အားကစား ပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူခဲ့ၾကသည္။

ယင္းေနာက္ တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားသည္ တပ္နယ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ အားေပးစကားေျပာၾကားခဲ့ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တီးတိန္ၿမိဳ႕ရွိ ႒ာနဆုိင္ရာတာ၀န္ရွိသူမ်ားအား နယ္ေျမခံ တပ္ရင္းခန္းမ၌ေတြ႕ဆုံ၍ ေဒသဖြံ႔ၿဖိဳးတုိးတက္ေရးဆုိင္ရာမ်ားႏွင့္ ပတ္သက္ၿပီး ခ်င္းျပည္နယ္သည္ စုိက္ပ်ဳိး ေရးကုိအေျခခံသည့္ ေဒသျဖစ္ေသာေၾကာင့္ မိမိတုိ႕၏ အနာဂတ္မ်ဳိးဆက္သစ္မ်ားအား မိမိေဒသ၏ အဓိက စီးပြားေရးႏွင့္္ ကုိက္ညီသည့္ စက္မႈလက္မႈသိပၸံ၊ စုိက္ပ်ဳိးေမြးျမဴေရးဆုိင္ရာသိပၸံ၊ ေကာလိပ္၊ တကၠသုိလ္တုိ႕ကုိ ဦးစားေပးတက္ေရာက္ေစၿပီး မိမိေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ျပန္လည္အက်ဳိးျပဳႏုိင္ေစရမည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ေဒသတြင္းပညာတတ္မ်ား ေပၚထြက္လာေရးသည္ အဓိကအေရးႀကီးသည္ ျဖစ္၍ ပညာရည္ျမင့္မားေရးကုိ အားလုံး၀ုိင္း၀န္းေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ ေဒသတြင္း တာ၀န္ထမ္းေဆာင္ ေနၾကသည့္ ၀န္ထမ္းမ်ားကလည္း အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာျဖင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးကို How to solve Problem စနစ္ျဖင့္ ၀ုိင္း၀န္းကူညီျဖည့္ဆည္းၾကေစလုိေၾကာင္းျဖင့္ ေဆြးေႏြးအႀကံျပဳေျပာၾကားသည္။

ယင္းေနာက္ တီးတိန္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးဂုိဆြင္းခုိင္ႏွင့္ ႒ာနဆုိင္ရာအဖြဲ႕၀င္မ်ား၏ ေဒသတြင္း လုိအပ္ခ်က္တင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၫႇိႏႈိင္းေဆာင္ရြက္ေပးၿပီး တပ္မေတာ္ စက္႐ုံထုတ္ စားေသာက္ဖြယ္ရာပစၥည္းမ်ားအား ေပးအပ္ရာ တာ၀န္ရွိသူမ်ားက လက္ခံရယူခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ညေနပုိင္းတြင္ ဟားခါးၿမိဳ႕သုိ႕ ေရာက္ရွိၾကရာ ႒ာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ေဒသခံျပည္သူမ်ားက ႐ုိးရာ၀ါးၫႇပ္အက၊ ေအာင္ပြဲခံ အကတုိ႕ျဖင့္ လႈိက္လွဲစြာ ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။