တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးအား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ အောက်တိုဘာ – ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. General Ngo Xuan Lich ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် အတူ ဒုတိယစစ်ဦးစီးချုပ် Sr. Lt. Gen. Nguyen Phuong Nam နှင့် တပ်မတော် အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mrs.Dr. Luan Thuy Duong၊ စစ်သံမှူး Col.Nguyen Duc Giang တို့တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီး တို့သည် တက်ရောက်လာကြသူများနှင့်အတူဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြ သည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က နှစ်နိုင်ငံတေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက်သီဆို ကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်း များ အသီးသီး ပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ထို့အတူ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး H.E.General Ngo Xuan Lich ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းကလည်း နေပြည်တော်ရှိ သူရဲကောင်းဗိမာန်သို့သွားရောက်၍ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခွေ ချကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အသက် စွန့်လွှတ်ခဲ့ရသည့်သူရဲကောင်းများကိုအလေးပြုပြီး သူရဲကောင်းဗိမာန်ရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဗီယက္နမ္ ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးအား ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံ

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ဗီယက္နမ္ႏုိင္ငံ ကာကြယ္ေရး၀န္ႀကီး H.E. General Ngo Xuan Lich ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕အား ယေန႔ညပုိင္းတြင္ ေနျပည္ေတာ္ရွိ Kempinski Hotel ၌ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါညစာစားပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစုိး၀င္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ဗီယက္နမ္ႏုိင္ငံကာကြယ္ေရး၀န္ႀကီးႏွင့္ အတူ ဒုတိယစစ္ဦးစီးခ်ဳပ္ Sr. Lt. Gen. Nguyen Phuong Nam ႏွင့္ တပ္မေတာ္ အရာရွိ ႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာဗီယက္နမ္ႏုိင္ငံ သံအမတ္ႀကီး Mrs.Dr. Luan Thuy Duong၊ စစ္သံမွဴး Col.Nguyen Duc Giang တုိ႔တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ဗီယက္နမ္ႏုိင္ငံကာကြယ္ေရး၀န္ႀကီးက ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ႏုိင္ငံကာကြယ္ေရး၀န္ႀကီး တုိ႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူဂုဏ္ျပဳညစာကို အတူတကြသုံးေဆာင္ၾက သည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႔ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံးကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕က ႏွစ္ႏိုင္ငံေတးသီခ်င္းမ်ား၊ အကပေဒသာမ်ားျဖင့္ သီဆိုကျပေဖ်ာ္ေျဖၾကသည္။ ညစာသုံးေဆာင္အၿပီးတြင္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။ ထို႔ေနာက္သီဆို ကျပေဖ်ာ္ေျဖၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားအား ဂုဏ္ျပဳပန္းျခင္း မ်ား အသီးသီး ေပးအပ္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ထုိ႔အတူ ဗီယက္နမ္ကာကြယ္ေရး၀န္ႀကီး H.E.General Ngo Xuan Lich ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ နံနက္ပုိင္းကလည္း ေနျပည္ေတာ္ရွိ သူရဲေကာင္းဗိမာန္သုိ႔သြားေရာက္၍ အထိမ္းအမွတ္ေက်ာက္တုိင္ေရွ႕၌ ဂုဏ္ျပဳပန္းေခြ ခ်ကာ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ရင္း အသက္ စြန္႔လႊတ္ခဲ့ရသည့္သူရဲေကာင္းမ်ားကိုအေလးျပဳၿပီး သူရဲေကာင္းဗိမာန္ရွိ ဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။