တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချောင်းဆုံမြို့ရှိ မြို့မိမြို့ဖများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ဒေသတွင်းစက်မှု၊ လက်မှုလုပ်ငန်းများအား သွားရောက်လေ့လာ ကြည့်ရှု

နေပြည်တော် မတ် ၁၆

ဒေသဖွံ့ဖြိုးရေးအတွက် ဝင်ငွေရှိရမည်ဖြစ်ပြီး ဝင်ငွေရရှိရေးအတွက် ဒေသတွင်း ထုတ်ကုန်များ ရှိရမည်ဖြစ်ကာ ထုတ်ကုန်များသည်လည်း ရောင်းထွက်နိုင်သည့် ရောင်းကုန် ပစ္စည်းများဖြစ်ရမည် ဖြစ်ကြောင်း၊ မိရိုးဖလာဆောင်ရွက်ခဲ့သည့် စိုက်ပျိုးမှုနှင့် ဒေသထုတ်ကုန် ထုတ်လုပ်မှုတို့ကို ခေတ်နှင့်လျော်ညီပြီး အရည်အသွေးကောင်းမွန်သည့် ပုံစံများ ရရှိအောင်ပြောင်းလဲထုတ်လုပ် နိုင်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့ရှိ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား နယ်မြေခံတပ်ဧည့်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲပြုလုပ်မည့် နေရာသို့ရောက်ရှိကြရာ ချောင်းဆုံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် နှင့် မြို့မိမြို့ဖများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ချောင်းဆုံမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာ အချက်အလက် များနှင့် ဒေသအတွင်းစီးပွားရေးအခြေအနေများကိုလည်းကောင်း၊ မြို့မိမြို့ဖများဖြစ်ကြ သော ဦးခင်မောင်ဦး၊ ဦးညွန့်ဝင်း၊ ဦးအောင်သိန်းနှင့် ဦးလှမြင့်တို့က ယခင်အစိုးရ လက်ထက်ကတည်းက မော်လမြိုင်-ချောင်းဆုံမြစ်ကူးတံတားကြီး ဆောက်လုပ်ပေးခဲ့မှု နှင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးမှုတို့ကြောင့် ဘီလူးကျွန်း၊ ချောင်းဆုံဒေသ လမ်းပန်းဆက်သွယ်ရေး တိုးတက်လာခဲ့ပြီး ဒေသဖွံ့ဖြိုးမှုတိုးတက်လာသောကြောင့် ဒေသခံများက ယနေ့တိုင်ကျေးဇူးတင်လျက်ရှိသည့်အခြေအနေများ၊ ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ဒေသ၏အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် စပါးစိုက်ပျိုးရေးလုပ်ငန်း စိုက်ဧက ၆ သောင်း ကျော်၌ စိုက်ပျိုးရေရရှိရေး လိုအပ်နေမှုတို့အား အသီးသီးတင်ပြကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မွန်ပြည်နယ်၊ ချောင်းဆုံဒေသ သည် ယခင်က သွားရေးလာရေးခက်ခဲပြီး လူအရောက်အပေါက်နည်းပါးခဲ့သောကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရကြောင်း၊ ထို့ကြောင့် ယခင် အစိုးရလက်ထက် ကတည်းက မြစ်ကူးတံတားကို ဦးစားပေးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု အခါတွင် တံတားကြီး တည်ဆောက်ပြီးစီးပြီ ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုအဆင်ပြေ ချောမွေ့လျက်ရှိပြီဖြစ်သောကြောင့် ချောင်းဆုံမြို့သည် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း များစွာရှိနေပြီဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဝင်ငွေရှိရမည် ဖြစ်ပြီး ဝင်ငွေရရှိရေးအတွက် ဒေသတွင်းထုတ်ကုန်များရှိရမည်ဖြစ်ကာ ထုတ်ကုန်များသည် ရောင်းထွက်နိုင်သည့် ရောင်းကုန်ပစ္စည်းများဖြစ်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဒေသမှထွက်ရှိသည့် ဆန်သည်ဈေးကွက်က လက်ခံနိုင်ပြီး အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆောင်ရွက်ရာတွင် ရေ၊ မြေ၊ မျိုး၊ နည်း စသည့်အတိုင်း ရေ၊ မြေ ကောင်းရမည်၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များဖြစ်ရမည်၊ စိုက်ပျိုးမှုနည်းစနစ်မှန်ကန်ရမည်ဖြစ်ကြောင်း၊ ပြင်ပ သို့ စပါး ရောင်းမည့်အစား ခေတ်မီဆန်စက်များ တည်ဆောက်၍ ဈေးကွက်ရသည့်ဆန် နှင့် ဆန်ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး ယင်းဆန်စက်မှ တိရိစ္ဆာန်အစာလည်း ရရှိမည်ဖြစ်သဖြင့် မွေးမြူရေးကို အထောက်အကူပြုစေကြောင်း၊ တပ်မတော်မှလည်းကူညီ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း။

မွန်ပြည်နယ်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု၌ အရှိန်အဟုန်ဖြင့် တိုးတက် လျက်ရှိပြီး နိုင်ငံအတွင်းအခြားနေရာအများစုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ကို တွေ့ မြင်ရကြောင်း၊ ဒေသတွင်းမှ ပညာတတ်များ ပေါ်ထွက်လျက်ရှိသဖြင့် အဆိုပါ ပညာတတ်များသည် မိမိဒေသတွင်း၌ပင် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့်ဒေသဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူရေးနှင့်စက်မှုဆိုင်ရာ ကျွမ်းကျင်အတတ် ပညာရှင်များပေါ်ထွက်လာစေရေး ဆောင်ရွက်၍ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း။

မိရိုးဖလာဆောင်ရွက်ခဲ့သည့် စိုက်ပျိုးမှုနှင့်် ဒေသထုတ်ကုန် ထုတ်လုပ်မှုတို့ကို ခေတ်နှင့် လျော်ညီပြီး အရည်အသွေးကောင်းမွန်သည့် ပုံစံများဖြင့် ပြောင်းလဲထုတ်လုပ်နိုင်ရမည် ဖြစ်ကြောင်း၊ ဆန်စပါး စိုက်ပျိုးမှုအပြင် နေကြာ၊ ပဲအမျိုးမျိုး၊ ရာဘာနှင့် အခြားသီးနှံ များကို ဥယျာဉ်ခြံစိုက်ပျိုးနည်းဖြင့် အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်း၊ ပိုလျှံသည့် စိုက်ပျိုးမြေများ၌ မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသနှင့် ကိုက်ညီမည့် အသားစားနွား၊ နို့စားနွား၊ ဥစားကြက်၊ အသားစားကြက် စသည်တို့ကို မွေးမြူ၍ ပြင်ပမှဝယ်ယူနေရမှုကို လျော့ချ နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွာလွတ်ဒေသမှ ဒေသထုတ်ကုန်ဖြစ်သည့် လက်မှုပစ္စည်းထုတ်လုပ်မှုကိုလည်း ပိုမို အရည်အသွေးကောင်းမွန်သည့် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းအဖြစ် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုးမွေးမြူရေး အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ရေလိုအပ်ချက်ကို မြစ်ရေတင်စနစ်ဖြင့်ဆောင်ရွက် ရမည်ဖြစ်ကာ ပုံမှန်လျှပ်စစ်အသုံးမပြုဘဲ ဆိုလာစွမ်းအင်အသုံးပြု၍ မြစ်ရေတင် နိုင်အောင် ဖြစ်နိုင်ခြေ လေ့လာ ဆောင်ရွက်ရမည်ဖြစ်ပြီး တပ်မတော်မှလိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ ပိုမိုအကျိုးရှိသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်း။

ထိုသို့ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်ရန် အဓိကအရေးကြီးပြီး ကျန်းမာရေးကောင်းမှ အလုပ်လုပ်နိုင် မည်၊ ကျန်းမာရေးကောင်းမှ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မိမိနှင့် မိမိ ပတ်ဝန်းကျင် အတွက် အကျိုးမရှိသည့် ဆေးလိပ်၊ အရက်၊ ကွမ်းယာ သုံးစွဲခြင်းများကို ရှောင်ကြဉ် ကြစေလိုကြောင်း၊ ဆေးလိပ်၊ ကွမ်းယာ စားသုံးရာတွင်ကုန်ကျမည့် ငွေကြေးများကို မိမိ နှင့် မိမိ မိသားစုအတွက် အကျိုးရှိပြီး အာဟာရဖြစ်စေနိုင်သည့် ကြက်ဥ၊ အသားတို့ကို ဝယ်ယူစားသုံးကြစေလိုကြောင်း၊ ကျန်းမာရေးအတွက် တပ်မတော်မှလည်း တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မည်သို့ပင် ကျန်းမာရေးဆိုင်ရာအကူအညီပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း မိမိကျန်းမာရေးအတွက် မိမိကိုယ်တိုင်ပင် ဆင်ခြင်ထိန်းသိမ်း၍ နေထိုင်စားသောက်ကြရမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးထားသည့် လမ်း၊ တံတားများကိုလည်း ဒေသခံပြည်သူလူထုကပင် ပျက်စီးယိုယွင်းမှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက် လာကြသည့် မြို့မိ၊ မြို့ဖများကို တပ်မတော်စက်ရုံထုတ် စားသောက် ဖွယ်ရာများအား လက်ဆောင်အဖြစ်ပေးအပ်ရာ မြို့မိမြို့ဖများက ဒေသထွက်ကုန် လက်မှုပစ္စည်းများကို ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ချောင်းဆုံမြို့၊ ရွာလွတ်ကျေးရွာ၊ အမှတ်(၃) ရပ်ကွက်ရှိ ကိုသန်းဇော်နှင့်ညီအစ်ကိုများ ဒေသထုတ်ကုန် ပစ္စည်းဆိုင်သို့ သွားရောက်၍ သစ်သားဖြင့်ပြုလုပ်ထားသည့် ဘောပင်၊ ဆေးတံ၊ လက်ဖက်အုပ်၊ ငရုတ်ဆုံနှင့် ဧည့်ခန်းသုံး အသုံးအဆောင်ပစ္စည်းများစသည့် ဒေသတွင်း စက်မှုလက်မှု ထုတ်ကုန်များကို လေ့လာကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ဈေးကွက်ရရှိမှု၊ ဈေးကွက်လိုအပ်ချက်နှင့် ရောင်းချနိုင်မှုတို့ကို ရှင်းလင်းပြောကြားသည်။ ရှင်းလင်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသထုတ်ကုန်ပစ္စည်း များအား ဝယ်လိုအားများလာအောင် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန် များဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် အကြံပြုပြောကြားပြီး ဈေးကွက် ရရှိမှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းခဲ့သည်။

ထို့နောက် ရွာလွတ်ကျေးရွာ၊ အမှတ်(၉)ရပ်ကွက်ရှိ ဦးမြင့်အောင် သားရေကွင်း (ကြက်ပေါင်ကွင်း)လုပ်ငန်းသို့ရောက်ရှိလေ့လာကြရာ လုပ်ငန်းရှင် ဦးမြင့်အောင်က ရာဘာ စိမ်ခြင်း၊ လှန်းခြင်း၊ ပေါင်းခြင်း၊ ဖြတ်ခြင်း စသည့်ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့် ကို ရှင်းလင်းပြသသည်။ ရှင်းလင်းမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရည်အသွေးပိုမိုကောင်းမွန်သော ထုတ်ကုန်များဖြစ်စေရေးအတွက် ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်တိုင်းကို နည်းပညာရှင်များဖြင့်တိုင်ပင်၍ အချိန်ကုန်သက်သာကာ အရည် အသွေးတစ်ပြေးညီဖြစ်သော ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်းဖြင့် အကြံပြုဆွေးနွေးပြောကြားသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါပြီး အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ် မော်လမြိုင်တပ်နယ်အတွင်းရှိ နယ်မြေခံတပ်ဋ္ဌာနချုပ်များ၊ သင်တန်းကျောင်း များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် တပ်ရင်း၊ တပ်ဖွဲ့များရှိ တာဝန်ရှိသူများအား အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေး၊ တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် တပ်တည် ဆောက်ရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး အိမ်ထောင်သည်လိုင်းခန်းများအား လှည့်လည်ကြည့်ရှုကာ ရဲမေများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် တိုင်းစစ်ဋ္ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းမှူးက တိုင်းစစ်ဋ္ဌာနချုပ်နယ်မြေအတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ၏ လုံခြုံရေးဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ် အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေခ်ာင္းဆုံၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား အား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၊ ေဒသတြင္းစက္မႈ၊ လက္မႈလုပ္ငန္းမ်ားအား သြားေရာက္ေလ့လာ ၾကည့္႐ႈ

ေနျပည္ေတာ္ မတ္ ၁၆

ေဒသဖြံ႕ၿဖိဳးေရးအတြက္ ၀င္ေငြရွိရမည္ျဖစ္ၿပီး ၀င္ေငြရရွိေရးအတြက္ ေဒသတြင္း ထုတ္ကုန္မ်ား ရွိရမည္ျဖစ္ကာ ထုတ္ကုန္မ်ားသည္လည္း ေရာင္းထြက္ႏုိင္သည့္ ေရာင္းကုန္ ပစၥည္းမ်ားျဖစ္ရမည္ ျဖစ္ေၾကာင္း၊ မိ႐ုိးဖလာေဆာင္ရြက္ခဲ့သည့္ စုိက္ပ်ဳိးမႈႏွင့္ ေဒသထုတ္ကုန္ ထုတ္လုပ္မႈတုိ႕ကုိ ေခတ္ႏွင့္ေလ်ာ္ညီၿပီး အရည္အေသြးေကာင္းမြန္သည့္ ပုံစံမ်ား ရရွိေအာင္ေျပာင္းလဲထုတ္လုပ္ ႏုိင္ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႕မြန္းလြဲပုိင္းတြင္ မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား နယ္ေျမခံတပ္ဧည့္ခန္းမ၌ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါ ေတြ႕ဆုံပြဲသုိ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ မ်ဳိးမုိးေအာင္ႏွင့္ဇနီး၊ မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေတြ႕ဆုံပြဲျပဳလုပ္မည့္ ေနရာသုိ႕ေရာက္ရွိၾကရာ ေခ်ာင္းဆုံၿမိဳ႕ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းေအာင္ေက်ာ္ ႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားက လႈိက္လွဲစြာ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႕ေနာက္ ေခ်ာင္းဆုံၿမိဳ႕၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေဒသဆုိင္ရာ အခ်က္အလက္ မ်ားႏွင့္ ေဒသအတြင္းစီးပြားေရးအေျခအေနမ်ားကုိလည္းေကာင္း၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားျဖစ္ၾက ေသာ ဦးခင္ေမာင္ဦး၊ ဦးၫြန္႕၀င္း၊ ဦးေအာင္သိန္းႏွင့္ ဦးလွျမင့္တုိ႕က ယခင္အစုိးရ လက္ထက္ကတည္းက ေမာ္လၿမိဳင္-ေခ်ာင္းဆုံျမစ္ကူးတံတားႀကီး ေဆာက္လုပ္ေပးခဲ့မႈ ႏွင့္ လွ်ပ္စစ္မီးရရွိေအာင္ ေဆာင္ရြက္ေပးမႈတုိ႕ေၾကာင့္ ဘီလူးကြၽန္း၊ ေခ်ာင္းဆုံေဒသ လမ္းပန္းဆက္သြယ္ေရး တုိးတက္လာခဲ့ၿပီး ေဒသဖြံ႕ၿဖိဳးမႈတုိးတက္လာေသာေၾကာင့္ ေဒသခံမ်ားက ယေန႕တုိင္ေက်းဇူးတင္လ်က္ရွိသည့္အေျခအေနမ်ား၊ ေဒသတြင္း စုိက္ပ်ဳိးေရးဆုိင္ရာႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးဆုိင္ရာ လုိအပ္ခ်က္မ်ားႏွင့္ ေဒသ၏အဓိက စီးပြားေရးလုပ္ငန္းျဖစ္သည့္ စပါးစုိက္ပ်ဳိးေရးလုပ္ငန္း စုိက္ဧက ၆ ေသာင္း ေက်ာ္၌ စုိက္ပ်ဳိးေရရရွိေရး လုိအပ္ေနမႈတုိ႕အား အသီးသီးတင္ျပၾကရာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က လုိအပ္သည္မ်ား ၫႇိႏိႈင္းေဆာင္ရြက္ ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာၾကားရာတြင္ မြန္ျပည္နယ္၊ ေခ်ာင္းဆုံေဒသ သည္ ယခင္က သြားေရးလာေရးခက္ခဲၿပီး လူအေရာက္အေပါက္နည္းပါးခဲ့ေသာေၾကာင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္မႈမ်ား ေနာက္က်ခဲ့ရေၾကာင္း၊ ထုိ႕ေၾကာင့္ ယခင္ အစုိးရလက္ထက္ ကတည္းက ျမစ္ကူးတံတားကုိ ဦးစားေပးေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ယခု အခါတြင္ တံတားႀကီး တည္ေဆာက္ၿပီးစီးၿပီ ျဖစ္ၿပီး လမ္းပန္းဆက္သြယ္မႈအဆင္ေျပ ေခ်ာေမြ႕လ်က္ရွိၿပီျဖစ္ေသာေၾကာင့္ ေခ်ာင္းဆုံၿမိဳ႕သည္ ဖြံ႕ၿဖိဳးတုိးတက္ရန္ အခြင့္အလမ္း မ်ားစြာရွိေနၿပီျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ၀င္ေငြရွိရမည္ ျဖစ္ၿပီး ၀င္ေငြရရွိေရးအတြက္ ေဒသတြင္းထုတ္ကုန္မ်ားရွိရမည္ျဖစ္ကာ ထုတ္ကုန္မ်ားသည္ ေရာင္းထြက္ႏုိင္သည့္ ေရာင္းကုန္ပစၥည္းမ်ားျဖစ္ရမည္ျဖစ္ေၾကာင္း၊ အရည္အေသြး ေကာင္းမြန္ရမည္ျဖစ္ေၾကာင္း၊ ဥပမာအားျဖင့္ ေဒသမွထြက္ရွိသည့္ ဆန္သည္ေစ်းကြက္က လက္ခံႏုိင္ၿပီး အရည္အေသြးေကာင္းမြန္ရမည္ျဖစ္ေၾကာင္း၊ စုိက္ပ်ဳိးေရးေဆာင္ရြက္ရာတြင္ ေရ၊ ေျမ၊ မ်ဳိး၊ နည္း စသည့္အတုိင္း ေရ၊ ေျမ ေကာင္းရမည္၊ အထြက္ႏႈန္းေကာင္းသည့္ မ်ဳိးေကာင္းမ်ဳိးသန္႕မ်ားျဖစ္ရမည္၊ စုိက္ပ်ဳိးမႈနည္းစနစ္မွန္ကန္ရမည္ျဖစ္ေၾကာင္း၊ ျပင္ပ သုိ႕ စပါး ေရာင္းမည့္အစား ေခတ္မီဆန္စက္မ်ား တည္ေဆာက္၍ ေစ်းကြက္ရသည့္ဆန္ ႏွင့္ ဆန္ထြက္ပစၥည္းမ်ား ထုတ္လုပ္ႏုိင္ရမည္ျဖစ္ၿပီး ယင္းဆန္စက္မွ တိရိစၦာန္အစာလည္း ရရွိမည္ျဖစ္သျဖင့္ ေမြးျမဴေရးကုိ အေထာက္အကူျပဳေစေၾကာင္း၊ တပ္မေတာ္မွလည္းကူညီ ေဆာင္ရြက္ ေပးမည္ျဖစ္ေၾကာင္း။

မြန္ျပည္နယ္သည္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတုိးတက္မႈ၌ အရွိန္အဟုန္ျဖင့္ တုိးတက္ လ်က္ရွိၿပီး ႏုိင္ငံအတြင္းအျခားေနရာအမ်ားစုထက္ ပုိမုိဖြံ႕ၿဖိဳးတုိးတက္လ်က္ရွိသည္ကုိ ေတြ႕ ျမင္ရေၾကာင္း၊ ေဒသတြင္းမွ ပညာတတ္မ်ား ေပၚထြက္လ်က္ရွိသျဖင့္ အဆုိပါ ပညာတတ္မ်ားသည္ မိမိေဒသတြင္း၌ပင္ ေဒသ၏ ဖြံ႕ၿဖိဳးတုိးတက္မႈကုိ အေထာက္အကူ ျပဳႏုိင္ရမည္ျဖစ္ေၾကာင္း၊ စုိက္ပ်ိဳးေရးကုိ အေျခခံသည့္ေဒသျဖစ္ေသာေၾကာင့္ စုိ္က္ပ်ဳိးေမြးျမဴေရးႏွင့္စက္မႈဆုိင္ရာ ကြၽမ္းက်င္အတတ္ ပညာရွင္မ်ားေပၚထြက္လာေစေရး ေဆာင္ရြက္၍ ေဒသဖြံ႕ၿဖိဳးေရးကုိ ေဆာင္ရြက္ႏုိင္ရမည္ျဖစ္ေၾကာင္း။

မိ႐ုိးဖလာေဆာင္ရြက္ခဲ့သည့္ စုိက္ပ်ဳိးမႈႏွင့္္ ေဒသထုတ္ကုန္ ထုတ္လုပ္မႈတုိ႕ကုိ ေခတ္ႏွင့္ ေလ်ာ္ညီၿပီး အရည္အေသြးေကာင္းမြန္သည့္ ပုံစံမ်ားျဖင့္ ေျပာင္းလဲထုတ္လုပ္ႏုိင္ရမည္ ျဖစ္ေၾကာင္း၊ ဆန္စပါး စုိက္ပ်ဳိးမႈအျပင္ ေနၾကာ၊ ပဲအမ်ဳိးမ်ဳိး၊ ရာဘာႏွင့္္ အျခားသီးႏွံ မ်ားကုိ ဥယ်ာဥ္ၿခံစုိက္ပ်ဳိးနည္းျဖင့္ ေအာင္ျမင္ေအာင္ေဆာင္ရြက္ျခင္းျဖင့္ ေဒသဖြံ႕ၿဖိဳးတုိး တက္မႈကုိ အေထာက္အကူျဖစ္ႏုိင္မည္ျဖစ္ေၾကာင္း၊ ပုိလွ်ံသည့္ စုိက္ပ်ဳိးေျမမ်ား၌ ေမြးျမဴေရးလုပ္ငန္းကုိ ေဆာင္ရြက္ရမည္ျဖစ္ၿပီး ေဒသႏွင့္ ကုိက္ညီမည့္ အသားစားႏြား၊ ႏုိ႕စားႏြား၊ ဥစားၾကက္၊ အသားစားၾကက္ စသည္တုိ႕ကုိ ေမြးျမဴ၍ ျပင္ပမွ၀ယ္ယူေနရမႈကုိ ေလ်ာ့ခ် ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ထုိ႕ျပင္ ရြာလြတ္ေဒသမွ ေဒသထုတ္ကုန္ျဖစ္သည့္ လက္မႈပစၥည္းထုတ္လုပ္မႈကုိလည္း ပုိမုိ အရည္အေသြးေကာင္းမြန္သည့္ အိမ္တြင္းစက္မႈ လက္မႈလုပ္ငန္းအျဖစ္ ေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ ေဒသတြင္းစုိက္ပ်ဳိးေမြးျမဴေရး အတြက္ အဓိက လုိအပ္ခ်က္ျဖစ္သည့္ ေရလုိအပ္ခ်က္ကုိ ျမစ္ေရတင္စနစ္ျဖင့္ေဆာင္ရြက္ ရမည္ျဖစ္ကာ ပုံမွန္လွ်ပ္စစ္အသုံးမျပဳဘဲ ဆုိလာစြမ္းအင္အသုံးျပဳ၍ ျမစ္ေရတင္ ႏုိင္ေအာင္ ျဖစ္ႏုိင္ေျခ ေလ့လာ ေဆာင္ရြက္ရမည္ျဖစ္ၿပီး တပ္မေတာ္မွလုိအပ္သည္မ်ား ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ေဒသတြင္း၌ ပုိမုိအက်ဳိးရွိသည့္ စုိက္ပ်ဳိး ေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ႏုိင္ရမည္ ျဖစ္ေၾကာင္း။

ထုိသုိ႕ စုိက္ပ်ဳိးေမြးျမဴေရးႏွင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္ရြက္ႏုိင္ရန္အတြက္ က်န္းမာေရးေကာင္းမြန္ရန္ အဓိကအေရးႀကီးၿပီး က်န္းမာေရးေကာင္းမွ အလုပ္လုပ္ႏုိင္ မည္၊ က်န္းမာေရးေကာင္းမွ ပညာသင္ၾကားႏုိင္မည္ျဖစ္ေၾကာင္း၊ မိမိႏွင့္ မိမိ ပတ္၀န္းက်င္ အတြက္ အက်ဳိးမရွိသည့္ ေဆးလိပ္၊ အရက္၊ ကြမ္းယာ သုံးစြဲျခင္းမ်ားကုိ ေရွာင္ၾကဥ္ ၾကေစလုိေၾကာင္း၊ ေဆးလိပ္၊ ကြမ္းယာ စားသုံးရာတြင္ကုန္က်မည့္ ေငြေၾကးမ်ားကုိ မိမိ ႏွင့္ မိမိ မိသားစုအတြက္ အက်ဳိးရွိၿပီး အာဟာရျဖစ္ေစႏုိင္သည့္ ၾကက္ဥ၊ အသားတုိ႕ကုိ ၀ယ္ယူစားသုံးၾကေစလုိေၾကာင္း၊ က်န္းမာေရးအတြက္ တပ္မေတာ္မွလည္း တတ္ႏုိင္သည့္ ဘက္မွ ကူညီေဆာင္ရြက္ေပးလ်က္ရွိၿပီး မည္သုိ႕ပင္ က်န္းမာေရးဆုိင္ရာအကူအညီေပး ျခင္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိေသာ္လည္း မိမိက်န္းမာေရးအတြက္ မိမိကုိယ္တုိင္ပင္ ဆင္ျခင္ထိန္းသိမ္း၍ ေနထုိင္စားေသာက္ၾကရမည္ ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဆာင္ရြက္ေပးထားသည့္ လမ္း၊ တံတားမ်ားကုိလည္း ေဒသခံျပည္သူလူထုကပင္ ပ်က္စီးယိုယြင္းမႈမရွိေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ၾကရမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တက္ေရာက္ လာၾကသည့္ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ားကုိ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ ဖြယ္ရာမ်ားအား လက္ေဆာင္အျဖစ္ေပးအပ္ရာ ၿမိဳ႕ုမိၿမိဳ႕ဖမ်ားက ေဒသထြက္ကုန္ လက္မႈပစၥည္းမ်ားကုိ ျပန္လည္ေပးအပ္သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တက္ေရာက္လာၾကသည့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ဌာနဆုိင္ရာ ၀န္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေခ်ာင္းဆုံၿမိဳ႕၊ ရြာလြတ္ေက်းရြာ၊ အမွတ္(၃) ရပ္ကြက္ရွိ ကုိသန္းေဇာ္ႏွင့္ညီအစ္ကုိမ်ား ေဒသထုတ္ကုန္ ပစၥည္းဆုိင္သုိ႕ သြားေရာက္၍ သစ္သားျဖင့္ျပဳလုပ္ထားသည့္ ေဘာပင္၊ ေဆးတံ၊ လက္ဖက္အုပ္၊ င႐ုတ္ဆုံႏွင့္ ဧည့္ခန္းသုံး အသုံးအေဆာင္ပစၥည္းမ်ားစသည့္ ေဒသတြင္း စက္မႈလက္မႈ ထုတ္ကုန္မ်ားကုိ ေလ့လာၾကရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေဇာ္ဦးက ေစ်းကြက္ရရွိမႈ၊ ေစ်းကြက္လုိအပ္ခ်က္ႏွင့္ ေရာင္းခ်ႏုိင္မႈတုိ႕ကုိ ရွင္းလင္းေျပာၾကားသည္။ ရွင္းလင္းမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသထုတ္ကုန္ပစၥည္း မ်ားအား ၀ယ္လုိအားမ်ားလာေအာင္ အရည္အေသြးေကာင္းမြန္သည့္ ထုတ္ကုန္ မ်ားျဖစ္ေအာင္ ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ အႀကံျပဳေျပာၾကားၿပီး ေစ်းကြက္ ရရွိမႈအေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးေမးျမန္းခဲ့သည္။

ထုိ႕ေနာက္ ရြာလြတ္ေက်းရြာ၊ အမွတ္(၉)ရပ္ကြက္ရွိ ဦးျမင့္ေအာင္ သားေရကြင္း (ၾကက္ေပါင္ကြင္း)လုပ္ငန္းသုိ႕ေရာက္ရွိေလ့လာၾကရာ လုပ္ငန္းရွင္ ဦးျမင့္ေအာင္က ရာဘာ စိမ္ျခင္း၊ လွန္းျခင္း၊ ေပါင္းျခင္း၊ ျဖတ္ျခင္း စသည့္ထုတ္လုပ္မႈလုပ္ငန္း အဆင့္ဆင့္ ကုိ ရွင္းလင္းျပသသည္။ ရွင္းလင္းမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အရည္အေသြးပုိမုိေကာင္းမြန္ေသာ ထုတ္ကုန္မ်ားျဖစ္ေစေရးအတြက္ ထုတ္လုပ္မႈလုပ္ငန္း အဆင့္ဆင့္တုိင္းကုိ နည္းပညာရွင္မ်ားျဖင့္တုိင္ပင္၍ အခ်ိန္ကုန္သက္သာကာ အရည္ အေသြးတစ္ေျပးညီျဖစ္ေသာ ထုတ္ကုန္မ်ားထုတ္လုပ္ႏုိင္ေရး ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္းျဖင့္ အႀကံျပဳေဆြးေႏြးေျပာၾကားသည္။

ထုိ႕ျပင္ ယေန႕နံနက္ပုိင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေတာင္တုိင္းစစ္႒ာနခ်ဳပ္တုိင္းမွဴးႏွင့္ အဖြဲ႕၀င္မ်ား လုိက္ပါၿပီး အေရွ႕ေတာင္တုိင္း စစ္႒ာနခ်ဳပ္ ေမာ္လၿမိဳင္တပ္နယ္အတြင္းရွိ နယ္ေျမခံတပ္႒ာနခ်ဳပ္မ်ား၊ သင္တန္းေက်ာင္း မ်ားသုိ႕ သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ထုိသုိ႕ စစ္ေဆးစဥ္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားရွိ တာ၀န္ရွိသူမ်ားအား အရာရွိ္၊ စစ္သည္၊ မိသားစုမ်ား၏ သက္သာေခ်ာင္ခ်ိေရး၊ တပ္တြင္းစည္းလုံးညီၫြတ္ေရးႏွင့္ တပ္တည္ ေဆာက္ေရးလုပ္ငန္းမ်ားကုိ စနစ္တက်စီမံေဆာင္ရြက္သြားၾကရန္ မွာၾကားခဲ့ၿပီး အိမ္ေထာင္သည္လုိင္းခန္းမ်ားအား လွည့္လည္ၾကည့္႐ႈကာ ရဲေမမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ အားေပးစကားေျပာၾကားခဲ့သည္။

ထုိ႕ေနာက္ ညေနပုိင္းတြင္ တုိင္းစစ္႒ာနခ်ဳပ္ အစည္းအေ၀းခန္းမ၌ တုိင္းမွဴးက တုိင္းစစ္႒ာနခ်ဳပ္နယ္ေျမအတြင္းရွိ တပ္ရင္း၊ တပ္ဖြဲ႕မ်ား၏ လုံၿခဳံေရးေဆာင္ရြက္ ထားရွိမႈအေျခအေနမ်ားႏွင့္ တပ္တည္ေဆာက္ေရးလုပ္ငန္းႀကီး ၄ ရပ္ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လုိအပ္သည္မ်ား မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။