(၄၆)နှစ်မြောက် မွန်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ 

(၄၆)နှစ်မြောက် မွန်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

ချစ်ခင်လေးစားရပါသော မွန်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-ယနေ့ကျရောက်သည့် (၄၆)နှစ်မြောက် မွန်ပြည်နယ်နေ့တွင် မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၆၈ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ်ဖွဲ့စည်းနိုင်ရေး အတွက် စတင်ဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ယခင်သတ်မှတ်ပြီးဖြစ်သော တနင်္သာရီတိုင်းကို တနင်္သာရီတိုင်းအမှတ်(၁)နှင့် တနင်္သာရီတိုင်းအမှတ်(၂)ဟူ၍ ခွဲခြားသတ်မှတ်ခဲ့ပါသည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရာ၌ ပြည်နယ်နှင့် တိုင်းများဖွဲ့စည်းရာတွင် မွန်ပြည်နယ်သတ်မှတ်ရန် ထည့်သွင်း ရေးဆွဲခဲ့ပါသည်။ ထို့နောက် ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ(၃၀)၊ ပုဒ်မခွဲ(ဂ)ဖြင့် တနင်္သာရီတိုင်းအမှတ်(၁)အား မွန်ပြည်နယ် အဖြစ် သတ်မှတ်ရန် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ထိုသို့ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ(မူကြမ်း)တွင် “မွန်ပြည်နယ်”အဖြစ် စတင်ကမ္ပည်းတင်ရေးသားခဲ့သည့် ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့အား မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့အချိန်တွင် (၄၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

မွန်တိုင်းရင်းသားများသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားတို့ဖြင့် ရှေးနှစ်ပေါင်း များစွာကတည်းက နေထိုင်လာခဲ့ကြသူများဖြစ်ပြီး မွန်ပြည်နယ်အတွင်းတွင် ကရင်၊ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ပအိုဝ်းအစရှိသည့်တိုင်းရင်းသားများနှင့် အတူတကွ ချစ်ကြည်အေးချမ်းစွာ နေထိုင်လျက်ရှိ ပါသည်။ မွန်ပြည်နယ်သည် ရာသီဥတုမျှတကောင်းမွန်ပြီး သဘာဝအရင်းအမြစ်များဖြစ်သည့် တောတောင်၊ မြစ်၊ ချောင်းများနှင့် စိမ်းလန်းစိုပြည်သောသစ်တောများရှိသည့်အပြင် ပင်လယ်ပြင်နှင့် ပင်လယ်ကမ်းရိုး တန်းလည်းရှိပြီး မြေသယံဇာတ၊ ရေသယံဇာတများကြွယ်ဝသော ဂုဏ်ယူဖွယ်ရာ ပြည်နယ် တစ်ခုဖြစ်ပါသည်။ အံ့ချီးဖွယ်ရာ ကျိုက်ထီးရိုးစေတီတော်အပါအဝင် ရှေးဟောင်းတန်ခိုးကြီးဘုရားများစွာရှိပြီး မွန်ပြည်နယ် သားများသည် ဘာသာတရားကို ကိုင်းရှိုင်းရိုသေကြသူများလည်းဖြစ်ကြသည်။

အတိတ်ကာလက နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းကြားတွင် နိုင်ငံရေးအယူဝါဒမတူညီမှုများနှင့် သံသယများရှိခဲ့သဖြင့် မွန်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင် တိုက်ခိုက်မှုများနှင့် မတည်ငြိမ်၊ မအေးချမ်းသောအချိန်ကာလများရှိခဲ့ပါသည်။ သို့သော် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်နယ်၏ ငြိမ်းချမ်း ရေးသမိုင်းမှတ်တိုင်သစ်စိုက်ထူကာ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း အဆင့်ဆင့်တွင် ပါဝင်နေသည်ကို စိတ်ချမ်းမြေ့ဖွယ်ရာ တွေ့ရှိရပါသည်။

တည်ငြိမ်အေးချမ်းမှု၏ရလဒ်အဖြစ် မွန်ပြည်နယ်၏လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး ကဏ္ဍအသီးသီးတို့တွင် ဖွံ့ဖြိုးတိုးတက်မှုများရရှိနေသည်ကို တွေ့မြင်နေရပြီဖြစ်ပါသည်။ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့် ယခုရရှိနေပြီဖြစ်သည့် ဖွံ့ဖြိုးတိုး တက်မှု အခြေခံကောင်း များမှတစ်ဆင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်မွန်ပြည်နယ်ကြီးဖြစ်စေရေး ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကြီး၏ အမျိုးသားအကျိုးစီးပွားဖြစ်သော ငြိမ်းချမ်းရေးနှင့်ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးတို့ကို ပေါင်းစည်းညီညွတ်သည့် အားများဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

(၄၆)ႏွစ္ေျမာက္ မြန္ျပည္နယ္ေန့တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ေပးပို့သည္႕သ၀ဏ္လႊာ

ခ်စ္ခင္ေလးစားရပါေသာ မြန္ျပည္နယ္ရွိ တုိင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ာ-ယေန႔က်ေရာက္သည့္ (၄၆)ႏွစ္ေျမာက္ မြန္ျပည္နယ္ေန႔တြင္ မြန္ျပည္နယ္အတြင္း မွီတင္းေနထုိင္ၾကသည့္ တုိင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားအားလံုး စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏က်န္းမာျခင္းတို႔ႏွင့္ ျပည့္စံုႏိုင္ၾကပါေစေၾကာင္း ဆုေတာင္း ေမတၱာပို႔သရင္း ႏႈတ္ခြန္းဆက္သအပ္ပါသည္။

ျပည္ေထာင္စုျမန္မာႏုိင္ငံေတာ္လြတ္လပ္ေရးရရွိခဲ့ၿပီးေနာက္ ၁၉၆၈ခုႏွစ္၊ ဒီဇင္ဘာလ ၄ ရက္ေန႔တြင္ ျပည္ေထာင္စုျမန္မာႏိုင္ငံျပည္တြင္းညီၫြတ္ေရးအႀကံေပးအဖြဲ႕ကို ဖြဲ႕စည္းခဲ့ၿပီး မြန္ျပည္နယ္ဖြဲ႕စည္းႏုိင္ေရး အတြက္ စတင္ေဆာင္ရြက္ခဲ့ၾကပါသည္။ ၁၉၇၂ ခုႏွစ္၊ ဇြန္လ ၂၀ ရက္ေန႔တြင္ ယခင္သတ္မွတ္ၿပီးျဖစ္ေသာ တနသၤာရီတုိင္းကို တနသၤာရီတုိင္းအမွတ္(၁)ႏွင့္ တနသၤာရီတုိင္းအမွတ္(၂)ဟူ၍ ခြဲျခားသတ္မွတ္ခဲ့ပါသည္။

၁၉၇၄ ခုႏွစ္၊ မတ္လ ၁၉ ရက္ေန႔တြင္ ျပည္ေထာင္စုဆိုရွယ္လစ္သမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပံု အေျခခံဥပေဒ(မူၾကမ္း)ေရးဆြဲရာ၌ ျပည္နယ္ႏွင့္ တုိင္းမ်ားဖြဲ႕စည္းရာတြင္ မြန္ျပည္နယ္သတ္မွတ္ရန္ ထည့္သြင္း ေရးဆြဲခဲ့ပါသည္။ ထို႔ေနာက္ ၁၉၇၄ ခုႏွစ္၊ ျပည္ေထာင္စုဆိုရွယ္လစ္သမၼတ ျမန္မာႏုိင္ငံေတာ္ ဖြဲ႕စည္းပံုအေျခခံဥပေဒတြင္ ပုဒ္မ(၃၀)၊ ပုဒ္မခြဲ(ဂ)ျဖင့္ တနသၤာရီတုိင္းအမွတ္(၁)အား မြန္ျပည္နယ္ အျဖစ္ သတ္မွတ္ရန္ အတည္ျပဳျပ႒ာန္းခဲ့ပါသည္။ ထိုသို႔ ၁၉၇၄ ခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံုအေျခခံ ဥပေဒ(မူၾကမ္း)တြင္ “မြန္ျပည္နယ္”အျဖစ္ စတင္ကမၸည္းတင္ေရးသားခဲ့သည့္ ၁၉၇၄ ခုႏွစ္၊ မတ္လ ၁၉ ရက္ေန႔အား မြန္ျပည္နယ္ေန႔အျဖစ္ သတ္မွတ္ခဲ့သည္မွာ ယေန႔အခ်ိန္တြင္ (၄၆)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါသည္။

မြန္တိုင္းရင္းသားမ်ားသည္ ကိုယ္ပိုင္စာေပ၊ ကိုယ္ပိုင္ယဥ္ေက်းမႈ၊ ကိုယ္ပိုင္ဘာသာစကားတို႔ျဖင့္ ေရွးႏွစ္ေပါင္း မ်ားစြာကတည္းက ေနထုိင္လာခဲ့ၾကသူမ်ားျဖစ္ၿပီး မြန္ျပည္နယ္အတြင္းတြင္ ကရင္၊ ရခိုင္၊ ခ်င္း၊ ကခ်င္၊ ရွမ္း၊ ပအို၀္းအစရွိသည့္တုိင္းရင္းသားမ်ားႏွင့္ အတူတကြ ခ်စ္ၾကည္ေအးခ်မ္းစြာ ေနထုိင္လ်က္ရွိ ပါသည္။ မြန္ျပည္နယ္သည္ ရာသီဥတုမွ်တေကာင္းမြန္ၿပီး သဘာ၀အရင္းအျမစ္မ်ားျဖစ္သည့္ ေတာေတာင္၊ ျမစ္၊ ေခ်ာင္းမ်ားႏွင့္ စိမ္းလန္းစိုျပည္ေသာသစ္ေတာမ်ားရွိသည့္အျပင္ ပင္လယ္ျပင္ႏွင့္ ပင္လယ္ကမ္း႐ိုး တန္းလည္းရွိၿပီး ေျမသယံဇာတ၊ ေရသယံဇာတမ်ားႂကြယ္၀ေသာ ဂုဏ္ယူဖြယ္ရာ ျပည္နယ္ တစ္ခုျဖစ္ပါသည္။ အံ့ခ်ီးဖြယ္ရာ က်ဳိက္ထီး႐ိုးေစတီေတာ္အပါအ၀င္ ေရွးေဟာင္းတန္ခိုးႀကီးဘုရားမ်ားစြာရွိၿပီး မြန္ျပည္နယ္ သားမ်ားသည္ ဘာသာတရားကို ကိုင္း႐ိႈင္း႐ိုေသၾကသူမ်ားလည္းျဖစ္ၾကသည္။

အတိတ္ကာလက နယ္ခ်ဲ႕တို႔၏ေသြးခြဲအုပ္ခ်ဳပ္မႈေၾကာင့္ တုိင္းရင္းသားညီအစ္ကိုေမာင္ႏွမအခ်င္းခ်င္းၾကားတြင္ ႏိုင္ငံေရးအယူ၀ါဒမတူညီမႈမ်ားႏွင့္ သံသယမ်ားရွိခဲ့သျဖင့္ မြန္ျပည္နယ္အတြင္းတြင္လည္း လက္နက္ကိုင္ တုိက္ခိုက္မႈမ်ားႏွင့္ မတည္ၿငိမ္၊ မေအးခ်မ္းေသာအခ်ိန္ကာလမ်ားရွိခဲ့ပါသည္။ သို႔ေသာ္ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔တြင္ မြန္ျပည္သစ္ပါတီက တစ္ႏိုင္ငံလံုးပစ္ ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)တြင္ ပါ၀င္လက္မွတ္ေရးထိုးခဲ့ၿပီး မြန္ျပည္နယ္၏ ၿငိမ္းခ်မ္း ေရးသမုိင္းမွတ္တုိင္သစ္စိုက္ထူကာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ လုပ္ငန္း အဆင့္ဆင့္တြင္ ပါ၀င္ေနသည္ကို စိတ္ခ်မ္းေျမ့ဖြယ္ရာ ေတြ႕ရွိရပါသည္။

တည္ၿငိမ္ေအးခ်မ္းမႈ၏ရလဒ္အျဖစ္ မြန္ျပည္နယ္၏လမ္းပန္းဆက္သြယ္ေရး၊ ပညာေရး၊ စီးပြားေရး က႑အသီးသီးတို႔တြင္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားရရွိေနသည္ကို ေတြ႕ျမင္ေနရၿပီျဖစ္ပါသည္။ မြန္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအေနျဖင့္ ယခုရရွိေနၿပီျဖစ္သည့္ ဖြံ႕ၿဖိဳးတိုး တက္မႈ အေျခခံေကာင္း မ်ားမွတစ္ဆင့္ ဘက္စံုဖြံ႕ၿဖိဳးတုိးတက္သည့္မြန္ျပည္နယ္ႀကီးျဖစ္ေစေရး ျပည္ေထာင္စု ျမန္မာႏိုင္ငံ ေတာ္ႀကီး၏ အမ်ဳိးသားအက်ဳိးစီးပြားျဖစ္ေသာ ၿငိမ္းခ်မ္းေရးႏွင့္ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ ေရးတို႔ကို ေပါင္းစည္းညီၫြတ္သည့္ အားမ်ားျဖင့္ ၀ိုင္း၀န္းႀကိဳးပမ္းေဆာင္ရြက္ၾကပါစို႔ဟု တုိက္တြန္းႏိႈးေဆာ္ရင္း သ၀ဏ္လႊာေပးပို႔အပ္ပါသည္။

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။