Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်ကုသရေးအတွက် အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းခြင်းပြုလုပ်၊ ရောဂါကာကွယ်ကုသရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကြည့်ရှုစစ်ဆေး

Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်ကုသရေးအတွက် အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းခြင်းပြုလုပ်၊ ရောဂါကာကွယ်ကုသရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် ၂၃

Coronavirus Disease 2019(Covid-19) ရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများတွင် ဖြစ်ပွားလျက် ရှိကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်တွင် တစ်ကမ္ဘာလုံးကူးစက်နိုင်သော ရောဂါ(Pandemic)အဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လာပါက လိုအပ်သည်များကို အထောက်အကူပြု ဆောင်ရွက်နိုင်ရန်အတွက် (Covid-19) ရောဂါကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး၌ ကျင်းပပြုလုပ်သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Coronavirus Disease 2019(Covid-19) (Covid-19) ရောဂါကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်းက Coronavirus Disease 2019(Covid-19) ရောဂါနှင့် ပတ်သက်ပြီး တပ်မတော်မှ ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ပြောကြားသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေရောဂါအထူးကု ဆေးရုံကြီး(ဝေဘာဂီ)သို့ ငွေကျပ် ၂၅ သိန်း တန်ဖိုးရှိ ရေသန့်စက် တစ်လုံးနှင့် ပြည်သူ့ဆေးရုံများသို့ ငွေကျပ်သိန်းပေါင်း ၁၄၄၇ သိန်းကျော်တန်ဖိုးရှိ (Covid-19)ရောဂါ ကုသရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဋ္ဌာန၊ ဋ္ဌာနမှူး ဒေါက်တာထွန်းမြင့်က လက်ခံရယူသည်။

ယင်းနောက် စေတနာရှင်အလှူရှင်များက (Covid-19) ရောဂါကုသရေး အထောက်အကူပြုဆေးနှင့် ဆေး ပစ္စည်းများပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့က အသီးသီးလက်ခံရယူကြပြီး အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယနေ့ပြုလုပ်သောအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များ၏ (Covid-19) ရောဂါကုသရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှု အနေဖြင့် အလှူငွေ ၁၄၈၀ သိန်း၊ Ventilator ၆ လုံး၊ Portable Ventilator ၆၀ စုံ၊ Oxygen ၅ လုံးနှင့် လူဦးရေ ၂၀၀၀၀ဦး အတွက်Test Kit များကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေး ဆေးရုံနှင့် တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီးတို့တွင် Coronavirus Disease 2019(Covid-19) ရောဂါကာကွယ် ကုသရေးအတွက် စောင့်ကြပ်ကြည့်ရှုရမည့်သူများ ထားရှိမည့် ကုသဆောင်၊ ဆေးသိုလှောင်ခန်း၊ ထမင်းစားခန်းနှင့် အထူးကြပ်မတ်ကုသဆောင် Intensive Care Unit(ICU)၊ ခန္ဓာကိုယ်ကာကွယ်ရေး ဝတ်စုံ Personal Protetive Equipment (PPE) စသည်တို့ ဆောင်ရွက်ထားရှိမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ်အတွင်း ယခင်က (Covid-19) ရောဂါစောင့်ကြည့် ကုသရေးအတွက် တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံတစ်ခုကိုသာ သတ်မှတ်ပြင်ဆင်ခဲ့ရာမှ ယခုခရီးစဉ်အတွင်း တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး၌လည်း ပြင်ဆင်စောင့်ကြည့်ကုသနိုင်ရေး အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

(Zawgyi Version)

 

Coronavirus Disease 2019(Covid-19) ေရာဂါကာကြယ္ကုသေရးအတြက္ အေထာက္အကူျပဳ ေဆးႏွင့္ ေဆးပစၥည္းမ်ားလွဴဒါန္းျခင္းျပဳလုပ္၊ ေရာဂါကာကြယ္ကုသေရးအတြက္ ျပင္ဆင္ေဆာင္ရြက္ ထားရွိမႈမ်ားအား တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊  မတ္ ၂၃

Coronavirus Disease 2019(Covid-19) ေရာဂါသည္ ကမၻာတစ္၀ွမ္းရွိႏုိင္ငံမ်ားတြင္ ျဖစ္ပြားလ်က္ ရွိကာ ကမၻာ့က်န္းမာေရးအဖြဲ႕က ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၁၁ ရက္တြင္ တစ္ကမၻာလုံးကူးစက္ႏုိင္ေသာ ေရာဂါ(Pandemic)အဆင့္ ျပည္သူ႕က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ၿပီး ျမန္မာႏုိင္ငံတြင္ ကူးစက္ျပန္႕ပြားမႈျဖစ္ေပၚလာပါက လုိအပ္သည္မ်ားကုိ အေထာက္အကူျပဳ ေဆာင္ရြက္ႏုိင္ရန္အတြက္ (Covid-19) ေရာဂါကုသေရး အေထာက္အကူျပဳေဆးႏွင့္ ေဆးပစၥည္းမ်ား လွဴဒါန္းျခင္းကုိ ရန္ကုန္တုိင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္အ႐ုိးေရာဂါ အထူးကုေဆး႐ုံႀကီး၌ က်င္းပျပဳလုပ္သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က Coronavirus Disease 2019(Covid-19) (Covid-19) ေရာဂါကုသေရး အေထာက္အကူျပဳေဆးႏွင့္ ေဆးပစၥည္းမ်ား လွဴဒါန္းျခင္း ႏွင့္ပတ္သက္၍ အမွာစကားေျပာၾကားၿပီး ေဆး၀န္ထမ္းတပ္ဖြဲ႕ၫႊန္ၾကားေရးမွဴး႐ုံး၊ ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ စုိး၀င္းက Coronavirus Disease 2019(Covid-19) ေရာဂါႏွင့္ ပတ္သက္ၿပီး  တပ္မေတာ္မွ ႀကိဳတင္ကာကြယ္မႈမ်ား ျပင္ဆင္ေဆာင္ရြက္ထားရွိမႈမ်ားကုိ ေျပာၾကားသည္။

ထုိ႕ေနာက္ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ဳိးေဇာ္သိန္းက တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားမွ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ အေထြေထြေရာဂါအထူးကု ေဆး႐ုံႀကီး(ေ၀ဘာဂီ)သုိ႔ ေငြက်ပ္ ၂၅ သိန္း တန္ဖုိးရွိ ေရသန္႔စက္ တစ္လုံးႏွင့္ ျပည္သူ႕ေဆး႐ုံမ်ားသုိ႔ ေငြက်ပ္သိန္းေပါင္း ၁၄၄၇ သိန္းေက်ာ္တန္ဖုိးရွိ (Covid-19)ေရာဂါ ကုသေရးအေထာက္အကူျပဳေဆးႏွင့္ ေဆးပစၥည္းမ်ားကုိ ေပးအပ္လွဴဒါန္းရာ ရန္ကုန္တုိင္းေဒသႀကီး ျပည္သူ႕က်န္းမာေရးႏွင့္ ကုသေရးဦးစီး႒ာန၊ ႒ာနမွဴး ေဒါက္တာထြန္းျမင့္က လက္ခံရယူသည္။

ယင္းေနာက္ ေစတနာရွင္အလွဴရွင္မ်ားက (Covid-19) ေရာဂါကုသေရး အေထာက္အကူျပဳေဆးႏွင့္ ေဆး ပစၥည္းမ်ားေပးအပ္လွဴဒါန္းရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)တုိ႔က အသီးသီးလက္ခံရယူၾကၿပီး အလွဴရွင္ မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။

ယေန႕ျပဳလုပ္ေသာအခမ္းအနားတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ အလွဴရွင္မ်ား၏ (Covid-19) ေရာဂါကုသေရး အေထာက္အကူျပဳ ေဆးႏွင့္ေဆးပစၥည္းမ်ား လွဴဒါန္းမႈ အေနျဖင့္ အလွဴေငြ ၁၄၈၀ သိန္း၊ Ventilator ၆ လုံး၊ Portable Ventilator ၆၀ စုံ၊ Oxygen  ၅ လုံးႏွင့္ လူဦးေရ ၂၀၀၀၀ဦး အတြက္Test Kit မ်ားကုိ လွဴဒါန္းႏုိင္ခဲ့ေၾကာင္း သိရွိရသည္။

ထုိ႕ေနာက္ တပ္မေတာ္ကုိယ္လက္အဂၤါျပန္လည္သန္စြမ္းေရး ေဆး႐ုံႏွင့္ တပ္မေတာ္ အသည္းေရာဂါ အထူးကုေဆး႐ုံႀကီးတုိ႔တြင္ Coronavirus Disease 2019(Covid-19) ေရာဂါကာကြယ္ ကုသေရးအတြက္ ေစာင့္ၾကပ္ၾကည့္႐ႈရမည့္သူမ်ား ထားရွိမည့္ ကုသေဆာင္၊ ေဆးသုိေလွာင္ခန္း၊ ထမင္းစားခန္းႏွင့္ အထူးၾကပ္မတ္ကုသေဆာင္ Intensive Care Unit(ICU)၊ ခႏၶာကုိယ္ကာကြယ္ေရး ၀တ္စုံ Personal Protetive Equipment (PPE) စသည္တုိ႕ ေဆာင္ရြက္ထားရွိမႈမ်ားအား သြားေရာက္ ၾကည့္႐ႈစစ္ေဆးခဲ့သည္။

ရန္ကုန္တုိင္းစစ္႒ာနခ်ဳပ္အတြင္း ယခင္က (Covid-19) ေရာဂါေစာင့္ၾကည့္ ကုသေရးအတြက္ တပ္မေတာ္ ကုိယ္လက္အဂၤါ ျပန္လည္သန္စြမ္းေရးေဆး႐ုံတစ္ခုကုိသာ သတ္မွတ္ျပင္ဆင္ခဲ့ရာမွ ယခုခရီးစဥ္အတြင္း တပ္မေတာ္အသည္းေရာဂါအထူးကု ေဆး႐ုံႀကီး၌လည္း ျပင္ဆင္ေစာင့္ၾကည့္ကုသႏုိင္ေရး အျမန္ဆုံး ျပင္ဆင္ေဆာင္ရြက္သြားရန္အတြက္ ၫႇိႏိႈင္းေဆာင္ရြက္ေပးခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။