Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ် ကုသရေးအတွက် အထောက်အကူပြု ဆေးနှင့် ဆေး ပစ္စည်းများ လှူဒါန်းခြင်း၊ တိုက်ပွဲရှောင် ပြည်သူများနှင့် စစ်ဆင်ရေးတာဝန်ထမ်း ဆောင်နေသည့် တပ်မတော်သားများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းပြုလုပ်

Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ကုသရေးအတွက် အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်း၊ တိုက်ပွဲရှောင် ပြည်သူများနှင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းပြုလုပ်

နေပြည်တော်  မတ်  ၂၃

Coronavirus Disease 2019 (COVID-19) ရောဂါသည် ကမ္ဘာ တစ်ဝှမ်းရှိ နိုင်ငံများတွင်ဖြစ်ပွားလျက်ရှိကာ  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က  ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်တွင် တစ် ကမ္ဘာ လုံးကူးစက်နိုင်သောရောဂါ  (Pandemic) အဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး  မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်လာ ပါက လိုအပ်သည်များ အထောက်အကူပြု ဆောင်ရွက်နိုင်ရန် အတွက် (COVID-19) ရောဂါကုသရေး အထောက် အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းနှင့် တိုက်ပွဲရှောင်ပြည်သူများနှင့် စစ်ဆင်ရေး တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သားများ အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို  ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အလှူငွေများ လက်ခံရယူသည်။

အဆိုပါအခမ်းအနားသို့    တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် မင်္ဂလာဒုံတပ်နယ် မှ တပ်နယ်မှူးများ၊ အရာရှိများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က Coronavirus Disease 2019(COVID-19) ရောဂါကုသရေး အထောက် အကူပြု ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်း၊ တိုက်ပွဲရှောင် ပြည်သူများနှင့် စစ်ဆင်ရေးတာဝန် ထမ်းဆောင် နေသည့်  တပ်မတော်သားများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့နှင့် ပတ်သက်၍ အမှာစကား ပြောကြား ရာတွင် (COVID-19) ရောဂါသည် ကမ္ဘာ နှင့်အဝှမ်း ဖြစ်ပွားနေသည့်အတွက် ကြိုတင် ကာကွယ်မှုများကို ဝိုင်းဝန်း ဆောင်ရွက်ကြရ ရမည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာ လုံးတွင် ယခင်က ကူးစက်ခံရသူ ၂၇၂၇၉၅ ဦးဖြစ်ပြီး လက်ရှိတွင် ၃၃၀၆၁ဦး ထပ်မံကူးစက်ခံရသည့် အတွက်လက်ရှိကူးစက်ခံရသူ စုစုပေါင်း ၃၀၅၈၅၆ ဦးရှိပြီဖြစ်သည်ဟု သိရှိ ရကြောင်း၊ ယင်းသို့ဖြစ်ပွား မှုကြောင့် ကမ်္ဘာ့ စီးပွားရေးထိခိုက်မှုများစွာ ကြုံတွေ့ရပြီး ရောဂါဖြစ်ပွားသည့်နိုင်ငံတွင် သာမက ဖြစ်ပွားမှု မရှိသည့် နိုင်ငံများတွင်လည်း စီးပွားရေးထိခိုက်မှုများ ကြုံတွေ့ရပြီး အလုပ်အကိုင်များ ထိခိုက်လျက် ရှိသည့် အတွက် ရောဂါကာကွယ် ကုသရေးကြိုတင် ပြင်ဆင် ဆောင်ရွက်မှုများကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကလည်း တစ်ကမ္ဘာ လုံး ကူးစက်နိုင်သော ရောဂါ (Pandemic) အဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားကြောင်း၊ တပ်မတော် မှလည်း အဆိုပါရောဂါ ဖြစ်ပွားမှုအခြေအနေများကို မပြတ်လေ့လာ စောင့်ကြည့်ခဲ့ပြီး    ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှု နှုန်း မြင့်တက်လာသည့် အတွက်  ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ် ခဲ့ကာ ယခုလ၂၇ ရက်တွင်  ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ဆိုင်းငံ့ ထားရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။

(COVID-19) ရောဂါဖြစ်ပွားနေသော အချို့နိုင်ငံများတွင် ငှက်ဖျားရောဂါကုသသည့် Chloroquine ဆေးအား ကုသမှု များတွင် အသုံးပြုခဲ့ရာ အထောက်အကူရရှိသည်ဟု သိရှိရကြောင်း၊ ၎င်းဆေးသည် တပ်မတော်၌ ငှက်ဖျားရောဂါ ကုသဆေးအဖြစ် အသုံးပြု လျက်ရှိသောကြောင့် တပ်မတော်၏ အရန်ထားရှိသည့် ဆေးများအနက်မှ ထုတ်နုတ်၍ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်စပ်ဒေသ မြို့များရှိ ဆေးရုံများသို့ သွားရောက်ပေးအပ် လှူဒါန်း ပေးခဲ့ကြောင်း၊ တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် ဆေးရုံများတွင် (COVID-19) ရောဂါကာကွယ်ရေး လုပ်ငန်း များ၌ ပါဝင်ကူညီဆောင်ရွက်လိုသည့် အလှူရှင်များမှ ဆက်သွယ်ဆောင်ရွက်လာခြင်းကြောင့်လည်း ယခုကဲ့သို့ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊

ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အဆင့် ၄ ဆင့်သတ်မှတ်၍ အဆင့်အလိုက် ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံး ကွပ်ကဲမှု အောက်ရှိ ဆေးတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့်  လိုအပ်သည်များကူညီဆောင်ရွက် ပေးနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိကြောင်း၊ အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာလျှင် ကြိုတင် ကာကွယ်မှုအပိုင်း တွင် ပြည့်စုံမည်ဖြစ်သောကြောင့် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါနှင့်ပတ်သက်၍ ကောလာ ဟလ သတင်းအမှားများဖြန့်ချိခြင်းများကို ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း။

Coronavirus Disease 2019(COVID-19) ရောဂါကုသရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများနှင့် လှူဒါန်း ကြသည့် အလှူရှင်များကို ကျေးဇူးတင်ရှိပါ ကြောင်း၊ တပ်မတော်မှလည်း လှူဒါန်းနိုင်ခဲ့သည့်အတွက် ဝမ်းမြောက် ပါကြောင်းနှင့် ရှေ့ဆက်ပြီး နိုင်ငံတော် ကောင်းရာ ကောင်းကျိုးကို စွမ်းဆောင်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန် ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက Coronavirus Disease 2019(COVID-19) ရောဂါနှင့် ပတ်သက်ပြီး တပ်မတော်မှကြိုတင်ကာကွယ်မှုများ ပြင်ဆင်ဆောင် ရွက်ထားရှိမှုများကို ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်အရ ရောဂါတိုင်းကို ကုသခြင်းထက် ကြိုတင် ကာကွယ်ခြင်းက ပို၍ထိရောက်မည်ဖြစ်သည့် အတွက် တပ်မတော်မှ တပ်မိသားစုများနှင့် ဒေသခံပြည်သူလူ ထုသို့ (COVID-19) ရောဂါ နှင့်ပတ်သက်သည့် ပညာပေး ဟောပြောမှုများနှင့် လိုအပ်သည့်ဆေး ပစ္စည်း များ စုဆောင်းမှု များကို အစောကတည်းကပင် ဆောင်ရွက်ခဲ့ပါကြောင်း၊ စတင်ဖြစ်ပွားခဲ့သည့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့လည်း ဆေးပစ္စည်းများကို ပေးပို့လှူဒါန်းနိုင်ခဲ့ပြီး ပြည်တွင်းဒေသ အသီးသီး၌လည်း သွားရောက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါ ကြောင်း၊ ကူးစက်ရောဂါဖြစ်ပွားရာတွင် အသုံးပြုနိုင်ရန်အတွက် ဆေးရုံသုံး ပစ္စည်း ၄ မျိုးကို လည်း ဆေးရုံ ၆၈ ရုံအတွက် ဖြန့်ဝေ ပေးထားပြီးဖြစ်ကြောင်း၊ ရောဂါကာကွယ်ရာတွင် လိုအပ်သည့် လက်ဆေးနည်း၊ mask တပ်ဆင် အသုံးပြုနည်း များနှင့် ရောဂါအကြောင်း သိကောင်းစရာများကိုလည်း မြဝတီရုပ်မြင် သံကြားနှင့် သတင်း စာ တို့ တွင် နေ့စဉ် မပြတ် ဖော်ပြပေးလျက်ရှိပါကြောင်း၊  တပ်မိသားစု များနှင့် ဒေသခံပြည်သူလူထုသို့ ရောဂါ အကြောင်း ဟောပြောမှုများ ဆောင်ရွက်ရာတွင်လည်း လူစုလူဝေးဖြင့် ဟောပြောခြင်းမဟုတ်ဘဲ မိုက်ကရိုဖုန်းများ၊ အသံချဲ့ စက်များ အသုံးပြု၍လည်းကောင်း၊ လက်ကမ်းစာစောင် များအသုံးပြု၍လည်းကောင်း ထိရောက်စွာ ပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အရ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေရောဂါအထူးကုဆေးရုံကြီ(ဝေဘာဂီ)သို့ ငွေ ကျပ် ၂၅ သိန်း တန်ဖိုးရှိ ရေသန့်စက် တစ်လုံးနှင့် ပြည်သူ့ဆေးရုံများသို့ ငွေကျပ်သိန်းပေါင်း၁၄၄၇ သိန်းကျော်တန်ဖိုးရှိ (COVID-19) ရောဂါကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို  ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန၊ ဌာနမှူး ဒေါက်တာ ထွန်းမြင့်က လက်ခံရယူသည်။

ယင်းနောက် စေတနာရှင် အလှူရှင်များက (COVID-19) ရောဂါကုသရေးအထောက် အကူပြုဆေးနှင့်ဆေးပစ္စည်းများ၊ နိုင်ငံတော် နှင့် တပ်မတော်အတွက် အသက်ခန်္ဓာစွန့် လွှတ်ပေးဆပ်ကာ ကာကွယ်ရေးတာဝန်များ ကိုထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်နှင့်တပ်မတော် အတွက် အသက်ပေးလှူခဲ့ရသောစစ်သည် များနှင့်   ဒဏ်ရာရ စစ်သည်များအတွက်  ကျန်းမာရေး အထောက်အကူပြုဆေးနှင့်ဆေး ပစ်္စည်းများ၊ အလှူငွေများ၊ ရခိုင်ဒေသတိုက်ပွဲ ရှောင်ဒေသခံပြည်သူများ အတွက် အလှူငွေများနှင့် ထောက်ပံ့ရေးပစ်္စည်းများကို ပေးအပ် လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ ဌာနမှူး  ဒေါက်တာထွန်းမြင့်က လှူဒါန်းရ ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန် လည်ပြောကြားရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူ ရှင်များက ယခုကဲ့သို့ (COVID-19) ရောဂါ ကုသရေးအထောက်အကူပြု ဆေးနှင့် ဆေး ပစ္စည်းများ လှူဒါန်းသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊   တပ်မတော်မှ ကျန်းမာရေးဆိုင်ရာများ တွင် လှူဒါန်းမှုများစွာ ရှိခဲ့ပြီး လေးထောင့်ကန်တိုက်နယ်ဆေးရုံတွင် လှူဒါန်းခဲ့သည့် ခွဲစိတ်ခန်းမှလည်း အကျိုး ရှိစွာဖြင့် အသုံးပြုနေရသည့်အတွက် ထပ် လောင်းကျေးဇူးတင်ရှိပါကြောင်း၊ (COVID-19) ရောဂါသည် ကမ္ဘာ့ ကပ် ရောဂါဖြစ်သည့် အတွက် အားလုံးက စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း၊ ရောဂါနှင့်ပတ်သက်၍ အစည်း အဝေးများ ခေါ်ယူခြင်း၊ လေဆိပ်၊ ဆေးရုံ၊ စေတီပုထိုးများ၊ ရထားဂိတ်၊ ကားဂိတ်များ နှင့် လူသူသွားလာမှုများပြားသောနေရာများတွင် စစ်ဆေးမှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တပ်မတော်မှလည်း အင်တိုက်အားတိုက်ဖြင့် ကူညီဆောင်ရွက် ပေး လျက်ရှိ ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနတစ်ခု တည်းဖြင့် ဆောင်ရွက်၍မရဘဲ အားလုံးစုစု စည်းစည်းဖြင့် ညီညီညွတ်ညွတ်ပူးပေါင်း ရင်ဆိုင်သွားကြရမည်ဖြစ်ကြောင်း၊ ရောဂါနှင့် ပတ်သက်သည့် မဟုတ်မမှန်သတင်းမှားများကို မဖြန့်ကြစေလိုကြောင်း၊ ယခုကဲ့သို့လှူဒါန်းခြင်းသည် ကျန်းမာရေးကို အားပေးခြင်း၊ ပြည်သူလူထု၏ စိုးရိမ်ကြောင့် ကြမှုကို ကူညီ ကာကွယ်ခြင်းပင်ဖြစ်သည့်အတွက် ကျန်းမာ ရေးဝန်ထမ်းများနှင့် ပြည်သူများကိုယ်စား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် အလှူရှင်များကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက်   တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား သို့ တက် ရောက်လာကြသော အလှူရှင်များနှင့်ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ယနေ့ပြုလုပ်သောအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၏ (COVID-19) ရောဂါကုသရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမှုအနေဖြင့် အလှူငွေ ၁၄၈၀ သိန်း၊ Ventilator  ခြောက်လုံး၊ Portable Ventilator ၆၀ စုံ၊ Oxygen ငါးလုံးနှင့် လူဦးရေ ၂၀၀၀၀ ဦးအတွက် Test Kitများ၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေး လှူခဲ့ရသော စစ်သည် များနှင့် ဒဏ်ရာရစစ်သည်များ အတွက် လှူဒါန်းမှုအနေဖြင့် အလှူငွေ ၃၀၄၆သိန်း၊ ရခိုင်ဒေသ တိုက်ပွဲရှောင် ဒေသခံ ပြည်သူများ အတွက် အလှူငွေ များနှင့် ထောက်ပံ့ရေး ပစ္စည်းများအနေဖြင့် အလှူငွေ ၃၂၂၀ သိန်း၊ ဆန် ၆၆၅ အိတ်၊  ဆီ ၁၂၅၀ ပိဿာ နှင့် စားသောက် ဖွယ်ရာမျိုးစုံ ၇၅ သိန်းဖိုးတို့ ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူ လျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၏ ဆေးဝါးကုသပေးထားမှု၊ ရောဂါတိုးတက်မှု အခြေအနေများအား တစ်ဦးချင်းကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တပ်မတော်ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးရုံနှင့် တပ်မတော် အသည်းရောဂါအထူးကု ဆေးရုံကြီး တို့တွင် Coronavirus Disease 2019(COVID-19)  ရောဂါကာကွယ်ကုသရေး အတွက် စောင့် ကြပ်ကြည့်ရှု ရမည့်သူများထားရှိမည့် ကုသဆောင်၊ ဆေးသိုလှောင်ခန်းနှင့် အထူးကြပ် မတ်ကုသ ဆောင်  Intensive Care Unit (ICU)၊ ရောဂါကာကွယ်ရေး ဝတ်စုံ Personal Protective Equipment (PPE) စသည်တို့ ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

(COVID-19) ရောဂါဖြစ်ပွားလာပါက ကုသပေးနိုင်ရန်အတွက် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ကိုယ်လက် အင်္ဂါပြန်လည် သန်စွမ်းရေး ဆေးရုံတွင် အရေးပေါ်လူနာအတွက် ၄ ခုတင်နှင့် ရောဂါပိုးတွေ့ရှိလူနာအတွက်၁၄၄ ခုတင်ကို လည်းကောင်း၊ နေပြည်တော်ရှိ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်တွင်အရေးပေါ်လူနာအတွက် ၈ ခုတင်နှင့် ရောဂါ ပိုးတွေ့ရှိလူနာအတွက် ၁၇၆ ခုတင်ကို လည်းကောင်း၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် အရေးပေါ် လူနာ အတွက် ၄ ခုတင် နှင့် ရောဂါပိုးတွေ့ရှိလူနာအတွက် ၁၉၆ ခုတင်ကိုလည်းကောင်း၊ မိတ်္ထီတာမြို့ရှိ တပ်မ တော်ဆေးရုံတွင် အရေးပေါ်လူနာအတွက်၈ ခုတင်နှင့် ရောဂါပိုးတွေ့ရှိလူနာအတွက်၁၉၂ ခုတင်ကို လည်းကောင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီး တပ်မတော် တစ်ရပ်လုံးအနေဖြင့် အရေးပေါ်လူနာ အတွက် စုစုပေါင်း ၂၄ ခုတင်နှင့် ရောဂါပိုး တွေ့ရှိလူနာအတွက် စုစုပေါင်း ၇၀၈ ခုတင်ကို ကြိုတင်ပြင်ဆင် ဆောင် ရွက် ထားရှိပြီး ဖြစ်ကြောင်းနှင့် လိုအပ်ပါက လူနာခုတင် ၄၅၂ ခုတင်ကို ထပ်မံတိုးချဲ့နိုင်ရေးကြိုတင် စီစဉ်ထား ရှိကြောင်း သိရှိရသည်။

ထို့ပြင် သံသယရှိ လူနာများကို သီးခြားစောင့်ကြပ်ကုသနိုင်ရန်အတွက် တိုင်းစစ် ဌာနချုပ်နယ်မြေများရှိ တပ်မတော် ဆေးရုံ များတွင် ကြိုတင်ဆောင်ရွက်ထားရှိရာ အထူးကြပ်မတ်ကုသရန် ၁၃၀ ခုတင်နှင့် သံသယ စောင့်ကြည့်လူနာ ကုသရန်အတွက် ၁၀၀၁ ခုတင်၊ စုစုပေါင်း ၁၁၃၁ ခုတင် ပြင်ဆင်ထားရှိကြောင်းနှင့် (COVID-19) ရောဂါဖြစ်ပွား လာပါက ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး များဆောင်ရွက်နိုင်ရန်အတွက် ဆေးဝန်ထမ်း တပ်ဖွဲ့ရှိ ပါရဂူ/ဆေးမှူး၊ သူနာပြု/ကျွမ်း ကျင်သူ၊ သူနာပြု(အခြားအဆင့်) များကို အသင့်စုဖွဲ့ ထားရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ယခင်က (COVID-19) ရောဂါစောင့်ကြည့် ကုသရေးအတွက် တပ်မတော် ကိုယ်လက် အင်္ဂါပြန် လည်သန်စွမ်းရေးဆေးရုံတစ်ခုကိုသာ သတ်မှတ်ပြင်ဆင်ခဲ့ရာမှ ယခုခရီးစဉ်အတွင်း တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံ ကြီး၌လည်းပြင်ဆင်စောင့်ကြည့်ကုသနိုင်ရေး အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားရန် အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

(Zawgyi One)

Coronavirus Disease 2019(COVID-19) ေရာဂါ ကာကြယ္ ကုသေရးအတြက္ အေထာက္အကူျပဳ ေဆးႏွင့္ ေဆး ပစၥည္းမ်ား လႉဒါန္းျခင္း၊ တိုက္ပြဲေရွာင္ ျပည္သူမ်ားႏွင့္ စစ္ဆင္ေရးတာဝန္ထမ္း ေဆာင္ေနသည့္ တပ္မေတာ္သားမ်ားအတြက္ အလႉေငြမ်ား ေပးအပ္လႉဒါန္းျခင္းျပဳလုပ္

ေနျပည္ေတာ္  မတ္  ၂၃

Coronavirus Disease 2019 (COVID-19) ေရာဂါသည္ ကမာၻ တစ္ဝွမ္းရွိ ႏိုင္ငံမ်ားတြင္ျဖစ္ပြားလ်က္ရွိကာ  ကမာၻ႔ က်န္းမာေရးအဖြဲ႕က  ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၁၁ ရက္တြင္ တစ္ ကမာၻ လုံးကူးစက္ႏိုင္ေသာေရာဂါ  (Pandemic) အဆင့္ ျပည္သူ႔က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ ေၾကညာခဲ့ၿပီး  ျမန္မာႏိုင္ငံတြင္ ကူးစက္ျပန႔္ပြားမႈ ျဖစ္ေပၚလာ ပါက လိုအပ္သည္မ်ား အေထာက္အကူျပဳ ေဆာင္႐ြက္ႏိုင္ရန္ အတြက္ (COVID-19) ေရာဂါကုသေရး အေထာက္ အကူျပဳ ေဆးႏွင့္ေဆးပစၥည္းမ်ား လႉဒါန္းျခင္းႏွင့္ တိုက္ပြဲေရွာင္ျပည္သူမ်ားႏွင့္ စစ္ဆင္ေရး တာဝန္ ထမ္းေဆာင္ ေနသည့္ တပ္မေတာ္သားမ်ား အတြက္ အလႉေငြမ်ား ေပးအပ္လႉဒါန္းျခင္းကို  ရန္ကုန္တိုင္း ေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ အ႐ိုးေရာဂါ အထူးကု ေဆး႐ုံႀကီး၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားၿပီး အလႉေငြမ်ား လက္ခံရယူသည္။

အဆိုပါအခမ္းအနားသို႔    တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္ မဂၤလာဒုံတပ္နယ္ မွ တပ္နယ္မႉးမ်ား၊ အရာရွိမ်ားႏွင့္ ေစတနာရွင္ အလႉရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က Coronavirus Disease 2019(COVID-19) ေရာဂါကုသေရး အေထာက္ အကူျပဳ ေဆးႏွင့္ ေဆးပစၥည္းမ်ား လႉဒါန္းျခင္း၊ တိုက္ပြဲေရွာင္ ျပည္သူမ်ားႏွင့္ စစ္ဆင္ေရးတာဝန္ ထမ္းေဆာင္ ေနသည့္  တပ္မေတာ္သားမ်ားအတြက္ အလႉေငြမ်ား ေပးအပ္လႉဒါန္းျခင္းတို႔ႏွင့္ ပတ္သက္၍ အမွာစကား ေျပာၾကား ရာတြင္ (COVID-19) ေရာဂါသည္ ကမာၻ ႏွင့္အဝွမ္း ျဖစ္ပြားေနသည့္အတြက္ ႀကိဳတင္ ကာကြယ္မႈမ်ားကို ဝိုင္းဝန္း ေဆာင္႐ြက္ၾကရ ရမည္ျဖစ္ေၾကာင္း၊ တစ္ကမာၻ လုံးတြင္ ယခင္က ကူးစက္ခံရသူ ၂၇၂၇၉၅ ဦးျဖစ္ၿပီး လက္ရွိတြင္ ၃၃၀၆၁ဦး ထပ္မံကူးစက္ခံရသည့္ အတြက္လက္ရွိကူးစက္ခံရသူ စုစုေပါင္း ၃၀၅၈၅၆ ဦးရွိၿပီျဖစ္သည္ဟု သိရွိ ရေၾကာင္း၊ ယင္းသို႔ျဖစ္ပြား မႈေၾကာင့္ ကမ္ၻာ့ စီးပြားေရးထိခိုက္မႈမ်ားစြာ ႀကဳံေတြ႕ရၿပီး ေရာဂါျဖစ္ပြားသည့္ႏိုင္ငံတြင္ သာမက ျဖစ္ပြားမႈ မရွိသည့္ ႏိုင္ငံမ်ားတြင္လည္း စီးပြားေရးထိခိုက္မႈမ်ား ႀကံဳေတြ႕ရၿပီး အလုပ္အကိုင္မ်ား ထိခိုက္လ်က္ ရွိသည့္ အတြက္ ေရာဂါကာကြယ္ ကုသေရးႀကိဳတင္ ျပင္ဆင္ ေဆာင္႐ြက္မႈမ်ားကို အမ်ိဳးသားေရး တာဝန္ တစ္ရပ္အျဖစ္ ဝိုင္းဝန္း ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ ကမာၻ႔ က်န္းမာေရးအဖြဲ႕ (WHO) ကလည္း တစ္ကမာၻ လုံး ကူးစက္ႏိုင္ေသာ ေရာဂါ (Pandemic) အဆင့္ ျပည္သူ႔က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ ေၾကညာထားေၾကာင္း၊ တပ္မေတာ္ မွလည္း အဆိုပါေရာဂါ ျဖစ္ပြားမႈအေျခအေနမ်ားကို မျပတ္ေလ့လာ ေစာင့္ၾကည့္ခဲ့ၿပီး    ေရာဂါျဖစ္ပြားမႈႏွင့္ ကူးစက္မႈ ႏႈန္း ျမင့္တက္လာသည့္ အတြက္  ေဆြးေႏြး တိုင္ပင္မႈမ်ား ျပဳလုပ္ ခဲ့ကာ ယခုလ၂၇ ရက္တြင္  က်ေရာက္မည့္  (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔ စစ္ေရးျပ အခမ္းအနားကို ဆိုင္းငံ့ ထားရွိခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တာဝန္သိမႈ၊ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္ျဖင့္ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း။

(COVID-19) ေရာဂါျဖစ္ပြားေနေသာ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ငွက္ဖ်ားေရာဂါကုသသည့္ Chloroquine ေဆးအား ကုသမႈ မ်ားတြင္ အသုံးျပဳခဲ့ရာ အေထာက္အကူရရွိသည္ဟု သိရွိရေၾကာင္း၊ ၎ေဆးသည္ တပ္မေတာ္၌ ငွက္ဖ်ားေရာဂါ ကုသေဆးအျဖစ္ အသုံးျပဳ လ်က္ရွိေသာေၾကာင့္ တပ္မေတာ္၏ အရန္ထားရွိသည့္ ေဆးမ်ားအနက္မွ ထုတ္ႏုတ္၍ တိုင္းစစ္ဌာနခ်ဳပ္မ်ားအလိုက္ နယ္စပ္ေဒသ ၿမိဳ႕မ်ားရွိ ေဆး႐ုံမ်ားသို႔ သြားေရာက္ေပးအပ္ လႉဒါန္း ေပးခဲ့ေၾကာင္း၊ တပ္မေတာ္မွ ေဆာင္႐ြက္လ်က္ရွိသည့္ တပ္မေတာ္ ေဆး႐ုံမ်ားတြင္ (COVID-19) ေရာဂါကာကြယ္ေရး လုပ္ငန္း မ်ား၌ ပါဝင္ကူညီေဆာင္႐ြက္လိုသည့္ အလႉရွင္မ်ားမွ ဆက္သြယ္ေဆာင္႐ြက္လာျခင္းေၾကာင့္လည္း ယခုကဲ့သို႔ လႉဒါန္းႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊

ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အဆင့္ ၄ ဆင့္သတ္မွတ္၍ အဆင့္အလိုက္ ေဆးဝန္ထမ္းၫႊန္ၾကားေရး မႉး႐ုံး ကြပ္ကဲမႈ ေအာက္ရွိ ေဆးတပ္ဖြဲ႕မ်ားမွ ပူးေပါင္းေဆာင္႐ြက္ ႏိုင္ေရးႏွင့္  လိုအပ္သည္မ်ားကူညီေဆာင္႐ြက္ ေပးႏိုင္ေရး ႀကိဳတင္ေဆာင္႐ြက္ထားရွိေၾကာင္း၊ အားလုံးဝိုင္းဝန္းေဆာင္႐ြက္မွသာလွ်င္ ႀကိဳတင္ ကာကြယ္မႈအပိုင္း တြင္ ျပည့္စုံမည္ျဖစ္ေသာေၾကာင့္ အားလုံးပါဝင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေရာဂါႏွင့္ပတ္သက္၍ ေကာလာ ဟလ သတင္းအမွားမ်ားျဖန႔္ခ်ိျခင္းမ်ားကို ေရွာင္ၾကဥ္ၾကရမည္ျဖစ္ေၾကာင္း။

Coronavirus Disease 2019(COVID-19) ေရာဂါကုသေရး အေထာက္အကူျပဳ ေဆးႏွင့္ ေဆးပစၥည္းမ်ားႏွင့္ လႉဒါန္း ၾကသည့္ အလႉရွင္မ်ားကို ေက်းဇူးတင္ရွိပါ ေၾကာင္း၊ တပ္မေတာ္မွလည္း လႉဒါန္းႏိုင္ခဲ့သည့္အတြက္ ဝမ္းေျမာက္ ပါေၾကာင္းႏွင့္ ေရွ႕ဆက္ၿပီး ႏိုင္ငံေတာ္ ေကာင္းရာ ေကာင္းက်ိဳးကို စြမ္းေဆာင္ႏိုင္ပါေစရန္ ဆုမြန္ေကာင္း ေတာင္းပါေၾကာင္းျဖင့္ အမွာစကားေျပာၾကားသည္။

ယင္းေနာက္ ေဆးဝန္ထမ္းတပ္ဖြဲ႕ၫႊန္ ၾကားေရးမႉး႐ုံး၊ ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္စိုးဝင္းက Coronavirus Disease 2019(COVID-19) ေရာဂါႏွင့္ ပတ္သက္ၿပီး တပ္မေတာ္မွႀကိဳတင္ကာကြယ္မႈမ်ား ျပင္ဆင္ေဆာင္ ႐ြက္ထားရွိမႈမ်ားကို ေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ၫႊန္ၾကားခ်က္အရ ေရာဂါတိုင္းကို ကုသျခင္းထက္ ႀကိဳတင္ ကာကြယ္ျခင္းက ပို၍ထိေရာက္မည္ျဖစ္သည့္ အတြက္ တပ္မေတာ္မွ တပ္မိသားစုမ်ားႏွင့္ ေဒသခံျပည္သူလူ ထုသို႔ (COVID-19) ေရာဂါ ႏွင့္ပတ္သက္သည့္ ပညာေပး ေဟာေျပာမႈမ်ားႏွင့္ လိုအပ္သည့္ေဆး ပစၥည္း မ်ား စုေဆာင္းမႈ မ်ားကို အေစာကတည္းကပင္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ စတင္ျဖစ္ပြားခဲ့သည့္ တ႐ုတ္ ျပည္သူ႔ သမၼတ ႏိုင္ငံသို႔လည္း ေဆးပစၥည္းမ်ားကို ေပးပို႔လႉဒါန္းႏိုင္ခဲ့ၿပီး ျပည္တြင္းေဒသ အသီးသီး၌လည္း သြားေရာက္ လႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့ပါ ေၾကာင္း၊ ကူးစက္ေရာဂါျဖစ္ပြားရာတြင္ အသုံးျပဳႏိုင္ရန္အတြက္ ေဆး႐ုံသုံး ပစၥည္း ၄ မ်ိဳးကို လည္း ေဆး႐ုံ ၆၈ ႐ုံအတြက္ ျဖန႔္ေဝ ေပးထားၿပီးျဖစ္ေၾကာင္း၊ ေရာဂါကာကြယ္ရာတြင္ လိုအပ္သည့္ လက္ေဆးနည္း၊ mask တပ္ဆင္ အသုံးျပဳနည္း မ်ားႏွင့္ ေရာဂါအေၾကာင္း သိေကာင္းစရာမ်ားကိုလည္း ျမဝတီ႐ုပ္ျမင္ သံၾကားႏွင့္ သတင္း စာ တို႔ တြင္ ေန႔စဥ္ မျပတ္ ေဖာ္ျပေပးလ်က္ရွိပါေၾကာင္း၊  တပ္မိသားစု မ်ားႏွင့္ ေဒသခံျပည္သူလူထုသို႔ ေရာဂါ အေၾကာင္း ေဟာေျပာမႈမ်ား ေဆာင္႐ြက္ရာတြင္လည္း လူစုလူေဝးျဖင့္ ေဟာေျပာျခင္းမဟုတ္ဘဲ မိုက္က႐ိုဖုန္းမ်ား၊ အသံခ်ဲ႕ စက္မ်ား အသုံးျပဳ၍လည္းေကာင္း၊ လက္ကမ္းစာေစာင္ မ်ားအသုံးျပဳ၍လည္းေကာင္း ထိေရာက္စြာ ပညာေပးမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ အခမ္းအနားအစီအစဥ္အရ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမ်ိဳးေဇာ္သိန္းက တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားမွ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ အေထြေထြေရာဂါအထူးကုေဆး႐ုံႀကီ(ေဝဘာဂီ)သို႔ ေငြ က်ပ္ ၂၅ သိန္း တန္ဖိုးရွိ ေရသန႔္စက္ တစ္လုံးႏွင့္ ျပည္သူ႔ေဆး႐ုံမ်ားသို႔ ေငြက်ပ္သိန္းေပါင္း၁၄၄၇ သိန္းေက်ာ္တန္ဖိုးရွိ (COVID-19) ေရာဂါကုသေရး အေထာက္အကူျပဳေဆးႏွင့္ ေဆးပစၥည္းမ်ားကို  ေပးအပ္လႉဒါန္းရာ ရန္ကုန္တိုင္း ေဒသႀကီး ျပည္သူ႔က်န္းမာေရး ႏွင့္ကုသေရးဦးစီးဌာန၊ ဌာနမႉး ေဒါက္တာ ထြန္းျမင့္က လက္ခံရယူသည္။

ယင္းေနာက္ ေစတနာရွင္ အလႉရွင္မ်ားက (COVID-19) ေရာဂါကုသေရးအေထာက္ အကူျပဳေဆးႏွင့္ေဆးပစၥည္းမ်ား၊ ႏိုင္ငံေတာ္ ႏွင့္ တပ္မေတာ္အတြက္ အသက္ခႏ္ၶာစြန႔္ လႊတ္ေပးဆပ္ကာ ကာကြယ္ေရးတာဝန္မ်ား ကိုထမ္းေဆာင္ခဲ့ၿပီး ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္ အတြက္ အသက္ေပးလႉခဲ့ရေသာစစ္သည္ မ်ားႏွင့္   ဒဏ္ရာရ စစ္သည္မ်ားအတြက္  က်န္းမာေရး အေထာက္အကူျပဳေဆးႏွင့္ေဆး ပစ္ၥည္းမ်ား၊ အလႉေငြမ်ား၊ ရခိုင္ေဒသတိုက္ပြဲ ေရွာင္ေဒသခံျပည္သူမ်ား အတြက္ အလႉေငြမ်ားႏွင့္ ေထာက္ပံ့ေရးပစ္ၥည္းမ်ားကို ေပးအပ္ လႉဒါန္းရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)တို႔က လက္ခံရယူၿပီး အလႉရွင္ မ်ားအား ဂုဏ္ျပဳ မွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။

ဆက္လက္၍ ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔ က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာန၊ ဌာနမႉး  ေဒါက္တာထြန္းျမင့္က လႉဒါန္းရ ျခင္းႏွင့္ပတ္သက္၍ ေက်းဇူးတင္စကားျပန္ လည္ေျပာၾကားရာတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္အလႉ ရွင္မ်ားက ယခုကဲ့သို႔ (COVID-19) ေရာဂါ ကုသေရးအေထာက္အကူျပဳ ေဆးႏွင့္ ေဆး ပစၥည္းမ်ား လႉဒါန္းသည့္အတြက္ အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္း၊   တပ္မေတာ္မွ က်န္းမာေရးဆိုင္ရာမ်ား တြင္ လႉဒါန္းမႈမ်ားစြာ ရွိခဲ့ၿပီး ေလးေထာင့္ကန္တိုက္နယ္ေဆး႐ုံတြင္ လႉဒါန္းခဲ့သည့္ ခြဲစိတ္ခန္းမွလည္း အက်ိဳး ရွိစြာျဖင့္ အသုံးျပဳေနရသည့္အတြက္ ထပ္ ေလာင္းေက်းဇူးတင္ရွိပါေၾကာင္း၊ (COVID-19) ေရာဂါသည္ ကမာၻ႔ ကပ္ ေရာဂါျဖစ္သည့္ အတြက္ အားလုံးက စိုးရိမ္ထိတ္လန႔္လ်က္ ရွိေၾကာင္း၊ ေရာဂါႏွင့္ပတ္သက္၍ အစည္း အေဝးမ်ား ေခၚယူျခင္း၊ ေလဆိပ္၊ ေဆး႐ုံ၊ ေစတီပုထိုးမ်ား၊ ရထားဂိတ္၊ ကားဂိတ္မ်ား ႏွင့္ လူသူသြားလာမႈမ်ားျပားေသာေနရာမ်ား

တြင္ စစ္ေဆးမႈမ်ားေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ တပ္မေတာ္မွလည္း အင္တိုက္အားတိုက္ျဖင့္ ကူညီေဆာင္႐ြက္ ေပး လ်က္ရွိ ပါေၾကာင္း၊ က်န္းမာေရးဝန္ႀကီးဌာနတစ္ခု တည္းျဖင့္ ေဆာင္႐ြက္၍မရဘဲ အားလုံးစုစု စည္းစည္းျဖင့္ ညီညီၫြတ္ၫြတ္ပူးေပါင္း ရင္ဆိုင္သြားၾကရမည္ျဖစ္ေၾကာင္း၊ ေရာဂါႏွင့္ ပတ္သက္သည့္ မဟုတ္မမွန္သတင္းမွားမ်ား

ကို မျဖန႔္ၾကေစလိုေၾကာင္း၊ ယခုကဲ့သို႔လႉဒါန္းျခင္းသည္ က်န္းမာေရးကို အားေပးျခင္း၊ ျပည္သူလူထု၏ စိုးရိမ္ေၾကာင့္ ၾကမႈကို ကူညီ ကာကြယ္ျခင္းပင္ျဖစ္သည့္အတြက္ က်န္းမာ ေရးဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ားကိုယ္စား တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ အလႉရွင္မ်ားကို အထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာ ၾကားသည္။

ထို႔ေနာက္   တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အခမ္းအနား သို႔ တက္ ေရာက္လာၾကေသာ အလႉရွင္မ်ားႏွင့္ဧည့္သည္ေတာ္မ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

ယေန႔ျပဳလုပ္ေသာအခမ္းအနားတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္အလႉရွင္မ်ား၏ (COVID-19) ေရာဂါကုသေရး အေထာက္အကူျပဳ ေဆးႏွင့္ေဆးပစၥည္းမ်ား လႉဒါန္းမႈအေနျဖင့္ အလႉေငြ ၁၄၈၀ သိန္း၊ Ventilator  ေျခာက္လုံး၊ Portable Ventilator ၆၀ စံု၊ Oxygen ငါးလုံးႏွင့္ လူဦးေရ ၂၀၀၀၀ ဦးအတြက္ Test Kitမ်ား၊ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အသက္ေပး လႉခဲ့ရေသာ စစ္သည္ မ်ားႏွင့္ ဒဏ္ရာရစစ္သည္မ်ား အတြက္ လႉဒါန္းမႈအေနျဖင့္ အလႉေငြ ၃၀၄၆သိန္း၊ ရခိုင္ေဒသ တိုက္ပြဲေရွာင္ ေဒသခံ ျပည္သူမ်ား အတြက္ အလႉေငြ မ်ားႏွင့္ ေထာက္ပံ့ေရး ပစၥည္းမ်ားအေနျဖင့္ အလႉေငြ ၃၂၂၀ သိန္း၊ ဆန္ ၆၆၅ အိတ္၊  ဆီ ၁၂၅၀ ပိႆာ ႏွင့္ စားေသာက္ ဖြယ္ရာမ်ိဳးစုံ ၇၅ သိန္းဖိုးတို႔ ျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဇနီးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆး႐ုံတြင္ တက္ေရာက္ေဆးကုသမႈ ခံယူ လ်က္ရွိသည့္ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ပြဲဝင္ ခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ား၏ ေဆးဝါးကုသေပးထားမႈ၊ ေရာဂါတိုးတက္မႈ အေျခအေန မ်ားအား တစ္ဦးခ်င္းၾကည့္ရႈ အားေပးစကားေျပာၾကားၿပီး ေထာက္ပံ့ေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ သည္။

ထို႔ေနာက္ တပ္မေတာ္ကိုယ္လက္အဂၤါ ျပန္လည္သန္စြမ္းေရး ေဆး႐ုံႏွင့္ တပ္မေတာ္ အသည္းေရာဂါအထူးကု ေဆး႐ုံႀကီး တို႔တြင္ Coronavirus Disease 2019(COVID-19)  ေရာဂါကာကြယ္ကုသေရး အတြက္ ေစာင့္ ၾကပ္ၾကည့္ရႈ ရမည့္သူမ်ားထားရွိမည့္ ကုသေဆာင္၊ ေဆးသိုေလွာင္ခန္းႏွင့္ အထူးၾကပ္ မတ္ကုသ ေဆာင္  Intensive Care Unit (ICU)၊ ေရာဂါကာကြယ္ေရး ဝတ္စုံ Personal Protective Equipment (PPE) စသည္ တို႔ ေဆာင္႐ြက္ ထားရွိမႈမ်ားအား သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့သည္။

(COVID-19) ေရာဂါျဖစ္ပြားလာပါက ကုသေပးႏိုင္ရန္အတြက္ မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ကိုယ္လက္ အဂၤါျပန္လည္ သန္စြမ္းေရး ေဆး႐ုံတြင္ အေရးေပၚလူနာအတြက္ ၄ ခုတင္ႏွင့္ ေရာဂါပိုးေတြ႕ရွိလူနာအတြက္၁၄၄ ခုတင္ကို လည္းေကာင္း၊ ေနျပည္ေတာ္ရွိ က်န္းမာေရးႏွင့္ ေရာဂါႏွိမ္နင္းေရးတပ္တြင္အေရးေပၚလူနာအတြက္ ၈ ခုတင္ႏွင့္ ေရာဂါ ပိုးေတြ႕ရွိလူနာအတြက္ ၁၇၆ ခုတင္ကို လည္းေကာင္း၊ ေအာင္ပန္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံတြင္ အေရးေပၚ လူနာ အတြက္ ၄ ခုတင္ ႏွင့္ ေရာဂါပိုးေတြ႕ရွိလူနာအတြက္ ၁၉၆ ခုတင္ကိုလည္းေကာင္း၊ မိတ္ၳီတာၿမိဳ႕ရွိ တပ္မ ေတာ္ေဆး႐ုံတြင္ အေရးေပၚလူနာအတြက္၈ ခုတင္ႏွင့္ ေရာဂါပိုးေတြ႕ရွိလူနာအတြက္၁၉၂ ခုတင္ကို လည္းေကာင္း ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ထားရွိၿပီး တပ္မေတာ္ တစ္ရပ္လုံးအေနျဖင့္ အေရးေပၚလူနာ အတြက္ စုစုေပါင္း ၂၄ ခုတင္ႏွင့္ ေရာဂါပိုး ေတြ႕ရွိလူနာအတြက္ စုစုေပါင္း ၇၀၈ ခုတင္ကို ႀကိဳတင္ျပင္ဆင္ ေဆာင္ ႐ြက္ ထားရွိၿပီး ျဖစ္ေၾကာင္းႏွင့္ လိုအပ္ပါက လူနာခုတင္ ၄၅၂ ခုတင္ကို ထပ္မံတိုးခ်ဲ႕ႏိုင္ေရးႀကိဳတင္ စီစဥ္ထား ရွိေၾကာင္း သိရွိရသည္။

ထို႔ျပင္ သံသယရွိ လူနာမ်ားကို သီးျခားေစာင့္ၾကပ္ကုသႏိုင္ရန္အတြက္ တိုင္းစစ္ ဌာနခ်ဳပ္နယ္ေျမမ်ားရွိ တပ္မေတာ္ ေဆး႐ုံ မ်ားတြင္ ႀကိဳတင္ေဆာင္႐ြက္ထားရွိရာ အထူးၾကပ္မတ္ကုသရန္ ၁၃၀ ခုတင္ႏွင့္ သံသယ ေစာင့္ၾကည့္လူနာ ကုသရန္အတြက္ ၁၀၀၁ ခုတင္၊ စုစုေပါင္း ၁၁၃၁ ခုတင္ ျပင္ဆင္ထားရွိေၾကာင္းႏွင့္ (COVID-19) ေရာဂါျဖစ္ပြား လာပါက ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး မ်ားေဆာင္႐ြက္ႏိုင္ရန္အတြက္ ေဆးဝန္ထမ္း တပ္ဖြဲ႕ရွိ ပါရဂူ/ေဆးမႉး၊ သူနာျပဳ/ကြၽမ္း က်င္သူ၊ သူနာျပဳ(အျခားအဆင့္) မ်ားကို အသင့္စုဖြဲ႕ ထားရွိေၾကာင္း သိရွိရသည္။

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အတြင္း ယခင္က (COVID-19) ေရာဂါေစာင့္ၾကည့္ ကုသေရးအတြက္ တပ္မေတာ္ ကိုယ္လက္ အဂၤါျပန္ လည္သန္စြမ္းေရးေဆး႐ုံတစ္ခုကိုသာ သတ္မွတ္ျပင္ဆင္ခဲ့ရာမွ ယခုခရီးစဥ္အတြင္း တပ္မေတာ္ အသည္းေရာဂါ အထူးကုေဆး႐ုံ ႀကီး၌လည္းျပင္ဆင္ေစာင့္ၾကည့္ကုသႏိုင္ေရး အျမန္ဆုံး ျပင္ဆင္ေဆာင္႐ြက္သြားရန္ အတြက္ ညႇိႏႈိင္း ေဆာင္႐ြက္ေပးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။