(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိမ်းအမှတ်ဇီဝိတဒါနငှက်လွှတ်ပွဲ အခမ်းအနား ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိမ်းအမှတ်ဇီဝိတဒါနငှက်လွှတ်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ မတ် – ၂၇

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် စတင်သန္ဓေတည် မွေးဖွားခဲ့ပြီး ပြည်သူနှင့်လက်တွဲ၍ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့ကာ လွတ်လပ်ရေးရရှိပြီးနောက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးဟူသော နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အစဉ်ဆောင်ရွက်ခဲ့သည်မှာ ယနေ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၇ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ထူးခြားမွန်မြတ်လှသော (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဇီဝိတဒါန ငှက်လွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တက်ရောက်၍ တပ်မတော် အရာရှိကြီးများ၊ ဇနီးများနှင့်အတူ ဇီဝိတဒါနအဖြစ် ငှက်များကို လွှတ်ပေးခဲ့ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး တို့က သတ်မှတ်နေရာများတွင်နေရာယူကြပြီး ငှက်များကို ဇီဝိတဒါနအဖြစ် အသီးသီးလွှတ်ပေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ငှက်ကောင်ရေ ၇၅၀ ကို စက်ခလုတ်နှိပ်၍ ဇီဝိတဒါနပြု လွှတ်ပေးခဲ့ကြသည်။

တပ်မတော်အနေဖြင့် လက်ရှိကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ တွင်လည်း အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးလျက်ရှိကာ တိုင်းစစ်ဋ္ဌာနချုပ်များအလိုက် နယ်စပ်ဒေသမြို့များရှိ ဆေးရုံများသို့ ရောဂါကုသရာတွင် အထောက်အကူဆေးနှင့်ဆေးပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်းခြင်း၊ ရောဂါနှင့်ပတ်သက်သည်များကို ထိရောက်စွာပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရောဂါဖြစ်ပွားလာပါက လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ယနေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကိုလည်း (COVID-19) ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုမရှိစေရန်အတွက် တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ဖြင့် မတ်လ ၁ ရက်နေ့ကပင် ဆိုင်းငံ့ခဲ့ကြသည်။

(Zawgyi Version)

(၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႕အထိမ္းအမွတ္ဇီ၀ိတဒါနငွက္လႊတ္ပြဲ အခမ္းအနား က်င္းပ

ေနျပည္ေတာ္၊ မတ္ – ၂၇

ျမန္မာ့တပ္မေတာ္သည္ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလတြင္ စတင္သေႏၶတည္ ေမြးဖြားခဲ့ၿပီး ျပည္သူႏွင့္လက္တြဲ၍ လြတ္လပ္ေရးရရွိေအာင္ ေဆာင္ရြက္ခဲ့ကာ လြတ္လပ္ေရးရရွိၿပီးေနာက္ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခုိင္ၿမဲေရး၊ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တုိင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပိဳကြဲေရးဟူေသာ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားတို႔၏ အက်ဳိးစီးပြားကို ဦးထိပ္ထား၍ အစဥ္ေဆာင္ရြက္ခဲ့သည္မွာ   ယေန႔ ၂၀၂၀ ျပည့္ႏွစ္၊ မတ္ ၂၇ ရက္ေန႔တြင္ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔သို႔ ေရာက္ရွိခဲ့ၿပီျဖစ္သည္။

ထူးျခားမြန္ျမတ္လွေသာ (၇၅)ႏွစ္ေျမာက္စိန္ရတုတပ္မေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ ဇီ၀ိတဒါန ငွက္လႊတ္ပြဲအခမ္းအနားကုိ ယေန႕နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး တက္ေရာက္၍ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ဇနီးမ်ားႏွင့္အတူ ဇီ၀ိတဒါနအျဖစ္ ငွက္မ်ားကုိ လႊတ္ေပးခဲ့ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊  နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး တုိ႕က သတ္မွတ္ေနရာမ်ားတြင္ေနရာယူၾကၿပီး ငွက္မ်ားကုိ ဇီ၀ိတဒါနအျဖစ္ အသီးသီးလႊတ္ေပးၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတုိ႕က (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႕ အထိမ္းအမွတ္အျဖစ္ ငွက္ေကာင္ေရ ၇၅၀ ကုိ  စက္ခလုတ္ႏွိပ္၍ ဇီ၀ိတဒါနျပဳ လႊတ္ေပးခဲ့ၾကသည္။

တပ္မေတာ္အေနျဖင့္ လက္ရွိကမၻာတစ္၀ွမ္းတြင္ ျဖစ္ပြားလ်က္ရွိသည့္ Coronavirus Disease 2019 (COVID-19)   ေရာဂါကူးစက္ျပန္႕ပြားမႈ ကာကြယ္တားဆီးေရးႏွင့္ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား တြင္လည္း အင္တုိက္အားတုိက္ကူညီေဆာင္ရြက္ေပးလ်က္ရွိကာ တုိင္းစစ္႒ာနခ်ဳပ္မ်ားအလုိက္ နယ္စပ္ေဒသၿမိဳ႕မ်ားရွိ ေဆး႐ုံမ်ားသုိ႕ ေရာဂါကုသရာတြင္ အေထာက္အကူေဆးႏွင့္ေဆးပစၥည္းမ်ား သြားေရာက္ေပးအပ္လွဴဒါန္းျခင္း၊ ေရာဂါႏွင့္ပတ္သက္သည္မ်ားကုိ ထိေရာက္စြာပညာေပးျခင္းမ်ား ေဆာင္ရြက္လ်က္ရွိၿပီး ေရာဂါျဖစ္ပြားလာပါက လုိအပ္သည့္ကုသမႈမ်ား ေဆာင္ရြက္ေပးႏုိင္ရန္ တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီးတြင္ ေဆး႐ုံမ်ား ႀကိဳတင္ျပင္ဆင္ ေဆာင္ရြက္လ်က္ရွိသည္။ ယေန႕တြင္က်ေရာက္သည့္ (၇၅)ႏွစ္ေျမာက္စိန္ရတု တပ္မေတာ္ေန႕စစ္ေရးျပ အခမ္းအနားကုိလည္း (COVID-19)   ေရာဂါျဖစ္ပြားမႈႏွင့္ ကူးစက္မႈမရွိေစရန္အတြက္ တာ၀န္သိမႈ၊ တာ၀န္ခံမႈ၊ တာ၀န္ယူမႈ အျပည့္ျဖင့္ မတ္လ ၁ ရက္ေန႕ကပင္ ဆုိင္းငံ့ခဲ့ဲၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။