တပ်မတော်သည် နိုင်ငံအတွက် အရေးကြုံပါက အမြဲတမ်းအဆင်သင့်ရှိနေသည့် အခိုင်မာဆုံး Institution ဖြစ်၊ ယခု COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ပြည်သူတို့အား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်နေရမည်၊ လိုအပ်သောဆောင် ရွက်မှုများအားလုံး ကြိုတင်ပြင်ဆင်ထား

တပ်မတော်သည် နိုင်ငံအတွက် အရေးကြုံပါက အမြဲတမ်းအဆင်သင့်ရှိနေသည့် အခိုင်မာဆုံး Institution ဖြစ်၊ ယခု COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ပြည်သူတို့အား ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်နေရမည်၊ လိုအပ်သောဆောင် ရွက်မှုများအားလုံး ကြိုတင်ပြင်ဆင်ထား

နေပြည်တော်၊ မတ် – ၃၀

ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီး များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 သည် ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွား၍ ဝူဟန်ဗိုင်းရပ်စ်ဟုခေါ်ဆိုခဲ့ကာ ယခုအခါ ကမ္ဘာအနှံ့ပြန့်နှံ့ ဖြစ်ပွားလျက်ရှိကြောင်း၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)က အပြည်ပြည်ဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International Concern) အဖြစ်ကြေညာခဲ့ပြီး၊ Coronavirus Disease 2019(COVID-19) ကူးစက်မြန်ရောဂါ(သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါဟု ဖေဖော်ဝါရီလ ၂၈ ရက်တွင် သတ်မှတ်ခဲ့ကာ မတ်လ ၁၁ ရက်တွင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကြေညာခဲ့ကြောင်း၊ ယနေ့မတ်လ ၃၀ ရက်နေ့ နံနက်အထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၉ နိုင်ငံ၌ ရောဂါကူးစက်ခံရသူပေါင်း ၇၂၁၅၆၂ ဦး၊ သေဆုံးသူ ၃၃၉၆၅ ဦး ရှိနေပြီဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဝူဟန်မြို့၌ ရောဂါစတင်ဖြစ်ပွားချိန် ကတည်းကပင် မျက်ခြည်မပြတ်စောင့်ကြည့်၍ လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း၊ အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ဆ၍ တပ်မတော်အတွက် လွန်စွာအရေးကြီးသော (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကိုပင် ရွှေ့ဆိုင်းထားရန် မတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့ ကြောင်း၊ ယခုအခါရောဂါပြန့်နှံ့ဖြစ်ပွားမှု အခြေအနေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် အီတလီတို့ကဲ့သို့ နိုင်ငံများတွင်ပင်ကူးစက်မှုနှင့် သေဆုံးမှုနှုန်း မြင့်မားစွာ ဖြစ်ပေါ်နေကြောင်း၊ နိုင်ငံတွင်တပ်မတော်တစ်ရပ်တည်း ရပ်တည်၍မရဘဲ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကိုပါ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သည် ဖြစ်ရာ အများပြည်သူနှင့်သက်ဆိုင်သောနေရာများကို ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ် သည်များ ဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းဆွေးနွေးတင်ပြ ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အနီးကပ်လမ်းညွှန်မှုဖြင့် ဝူဟန်မြို့တွင် ရောဂါပြန့်နှံ့ဖြစ်ပွားနေကြောင်း သိရှိရသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ လေ့လာသုံးသပ်မှုများပြုလုပ်ကာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ ရောဂါကြိုတင် ကာကွယ်ရေး၊ ပညာပေးရေး၊ ကုသရေးအတွက် လိုအပ်သည့် စီမံချက်များရေးဆွဲကာ ပြင်ဆင်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ သီးခြား စောင့်ကြည့်ခြင်း Quarantine လုပ်ရန်နှင့် သံသယလူနာများ၊ အတည်ပြုလူနာများကုသရေးအတွက် Designated Hospital များအား စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊Mask များအပါအဝင် လိုအပ်သောဆေးရုံသုံးပစ္စည်းများ လုံလောက်စွာစီစဉ်ထားရှိမှု အခြေအနေများ၊ ကုသရာတွင် လိုအပ်မည့် ဆေးဝါး ၅၈ မျိုးအား တပ်များအလိုက် အသင့်ထုတ်ပေးထားရှိမှု အခြေအနေများနှင့် အရန်အဖြစ်သိုလှောင်ထားရှိမှု အခြေအနေများ၊ Test Kits များ၊ ရောဂါပိုးရှိ၊ မရှိ အလိုအလျောက် ဓာတ်ခွဲစမ်းသပ် စက်ကိရိယာများနှင့် လိုအပ်သော ဓာတ်ခွဲပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တပ်မတော်သင်တန်းကျောင်းများတွင် အခြားအဆင့်သင်တန်းများ၊ ဗိုလ်လောင်းသင်တန်းများ၊ အရာရှိသင်တန်းများ၌ ရောဂါဖြစ်ပွားမှုမရှိစေရေး၊ ကာကွယ်ရေးနှင့်သွားလာမှုကန့်သတ်ချက်၊ စည်းကမ်းသတ်မှတ်ချက်များ၊ လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိမှု၊ ရောဂါကာကွယ်ရေး၊ ပညာပေးရေး၊ ကုသရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံများ တွင် အလုပ်တက်၊ဆင်း စီစဉ်ဆောင်ရွက် ထားရှိပေးမှုအခြေအနေများ၊ လက်သန့် ဆေးရည်နှင့် ပိုးသတ်ဆေးရည်များ ထုတ်လုပ်ဖြန့်ချီပေးနေသည့် အခြေအနေများ၊ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်၊ ရထား၊ လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာဆောင်ရွက် ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်ချက်များ တိကျစွာ လိုက်နာရေး၊ သင်တန်းသားများသာမက တပ်မတော်သားများ၊ မိသားစုဝင်များအားလုံး ပုံမှန်ကိုယ်လက် ကြံ့ခိုင်ရေး အားကစားလှုပ်ရှားမှုများ စနစ်တကျဆောင်ရွက်ရန်နှင့် စားသုံးမှုအပိုင်းတွင်လည်း အာဟာရပြည့်ဝစွာစားသုံးကြရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် သီးသန့်စောင့်ကြပ်ကြည့်ရှုရမည့်သူ၊ ကုသရ မည့်သူများအတွက် ခုတင်(၂၀၀၀)ထားရှိနိုင်ရေး၊ နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ခုတင်(၁၅၀၀၀)ထားရှိနိုင်ရေးဆောင်ရွက်ထားရန်၊ ထို့အပြင် တပ်မတော်အတွင်းရှိ တပ်၊ ဋ္ဌာနအဆောက်အဦများတွင် လူနာများလက်ခံ ကုသပေး နိုင်မည့် နေရာများအား ထပ်မံတိုးချဲ့စီစဉ်ထားရန်၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် တို့မှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် စက်ရုံများအနက် စားသောက်ကုန်နှင့် မရှိမဖြစ် ထုတ်လုပ်ရမည့် ထုတ်ကုန်ပစ္စည်းများမှလွဲ၍ ကျန်စက်ရုံများတွင် ဧပြီလကုန်အထိ ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချဆောင်ရွက်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ဖက်စပ်လုပ်ကိုင်နေသော စက်ရုံများကို ၎င်းတို့၏ သဘောထားနှင့် ညှိနှိုင်း ဆောင်ရွက် ပေးရန်၊ စစ်သည်များနှင့် ဝန်ထမ်းများအားလုံး မိမိအိမ်၊ အဆောင်များတွင် စနစ်တကျ နေထိုင်ကြရန်နှင့် သွားလာမှုကန့်သတ်ချက်၊ သတ်မှတ်စည်းကမ်းချက်များအတိုင်း တိတိကျကျ လိုက်နာကြစေရန်၊ တပ်မတော်(ရေ)မှ သံလွင်၊ မြစ်ကြီးနား၊ မုတ္တမ ရေယာဉ်များအား ဆေးရုံအဖြစ် အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန် ဆွေးနွေး မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် တပ်မတော်သည် နိုင်ငံတော်၏ အခိုင်မာဆုံး Institution ဖြစ်ကြောင်း၊ နိုင်ငံအတွက် အရေးကြုံနေသည့်အချိန်တွင် ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရမည့် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်နေရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်အဆင့်အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဋ္ဌာန လက်အောက်ရှိပြည်သူ့ဆေးရုံများနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှာ ကုသရေးအတွက် မအားမလပ်တာဝန် ထမ်းဆောင် နေကြရမည်ဖြစ်ရာ ပြည်သူများအတွက်လိုအပ်သော ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား မိမိတို့တွင် လေ့ကျင့်ပေးထားပြီး ပါရဂူ၊ ဆရာဝန်၊ သူနာပြု၊ ဆေးဝန်ထမ်းများနှင့် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အများပြည်သူများနှင့် သက်ဆိုင်သောနေရာများ၊ အင်အားများပြားသော ဘုန်းတော်ကြီး ကျောင်း၊ သီလရှင်ကျောင်းများ၊ စာသင်တိုက်များကို အထူးဂရုစိုက်ဆောင်ရွက် ပေးရန်နှင့် ဆွမ်း၊ ကွမ်း လိုအပ်ချက်များ မရှိရလေအောင် အခြေခံစားကုန်ဖြစ်သော ဆန်၊ ဆီ၊ ပဲနှင့် ဆေးဝါးများကို လှူဒါန်းပေးကြရန်လိုကြောင်း၊ အလားတူပင် အခြားသော ဘာသာများဖြစ်သည့် ခရစ်ယာန်ကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများ၊ ဗလီများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေး သွားကြရန်လိုကြောင်း၊ မိမိတို့ တပ်၊ ဋ္ဌာနချုပ်နေရာဒေသအလိုက်ရှိ ဆေးရုံ၊ ဆေးခန်း များနှင့်လည်း မပြတ်ဆက်သွယ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ တပ်ပြင်ထွက်ခြင်း၊ တပ်ပြင်မှ တပ်တွင်းသို့ဝင်ရောက်ခြင်းများနှင့် ပတ်သက်၍ သတ်မှတ်စည်းကမ်းချက်များအတိုင်း တိတိကျကျ လိုက်နာကြစေရန် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် တပ်မတော် သားများ၊ မိသားစုများအနေဖြင့် သတင်းမှားများ၊ ကောလာဟလသတင်း၊ မှန်းဆ သတင်းများကို နားမယောင်ကြဘဲ သတင်းမှန်များ သိရှိနိုင်ရန်နှင့် အသိပညာပေး ထုတ်လွှင့်မှုများအား မြဝတီရုပ်သံလိုင်းများ၊ ရေဒီယို အသံလွှင့်ဋ္ဌာနများ၊ သတင်းစာများ၊ OnlineWebPortal များတွင် အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ထုတ်လွှင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ ရှိသူမရှိသေးဘဲ ပြည်ပမှပြန်လည်ရောက်ရှိလာသူများ၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများနှင့် တွေ့ဆုံမှုရှိကြသော သံသယရှိသူများ ကို Hospital Quarantine စောင့်ကြည့်သူ စစ်သည် ၆ ဦး၊ မိသားစုဝင် ၁၈ ဦး၊ စုစုပေါင်း ၂၄ ဦး၊ Home or Facility Quarantine စောင့်ကြည့်သူ အရာရှိ ၂၉ ဦး၊ စစ်သည် ၁၁ ဦး၊ မှီခို ၃ ဦး၊ စုစုပေါင်း ၄၃ ဦး ရှိသည်။

(Zawgyi Version)

တပ္မေတာ္သည္ ႏိုင္ငံအတြက္ အေရးႀကဳံပါက အၿမဲတမ္းအဆင္သင့္ရွိေနသည့္ အခိုင္မာဆုံး Institution ျဖစ္၊ ယခု COVID-19 ကပ္ေရာဂါျဖစ္ပြားေနခ်ိန္တြင္ ျပည္သူတို႔အား ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္ရန္အတြက္ က်န္းမာႀကံ့ခိုင္ေနရမည္၊ လိုအပ္ေသာေဆာင္ ႐ြက္မႈမ်ားအားလုံး ႀကိဳတင္ျပင္ဆင္ထား

ေနျပည္ေတာ္၊ မတ္ – ၃၀

ကမာၻ႔ကပ္ေရာဂါ COVID-19 ႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံတြင္ ျပည္သူမ်ားႏွင့္ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားအတြက္ ကာကြယ္ေရး၊ ကုသေရးႏွင့္ အျခား လိုအပ္ခ်က္မ်ား ေဆာင္႐ြက္ေပးႏိုင္ေရး ညႇိႏႈိင္းအစည္းအေဝးကို ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး အစည္းအေဝးခန္းမ၌ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီးက်င္းပျပဳလုပ္သည္။

အဆိုပါ အစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီး မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္ အမွာစကားေျပာၾကားရာတြင္ ကမာၻ႔ကပ္ေရာဂါ COVID-19 သည္ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလတြင္ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွစတင္ျဖစ္ပြား၍ ဝူဟန္ဗိုင္းရပ္စ္ဟုေခၚဆိုခဲ့ကာ ယခုအခါ ကမာၻအႏွံ႔ျပန႔္ႏွံ႔ ျဖစ္ပြားလ်က္ရွိေၾကာင္း၊ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္ေန႔တြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (World Health Organization-WHO)က အျပည္ျပည္ဆိုင္ရာျပည္သူ႔က်န္းမာေရးအေရးေပၚအေျခအေန (Public Health Emergency of International Concern) အျဖစ္ေၾကညာခဲ့ၿပီး၊ Coronavirus Disease 2019(COVID-19) ကူးစက္ျမန္ေရာဂါ(သို႔မဟုတ္) တိုင္ၾကားရမည့္ ကူးစက္ေရာဂါဟု ေဖေဖာ္ဝါရီလ ၂၈ ရက္တြင္ သတ္မွတ္ခဲ့ကာ မတ္လ ၁၁ ရက္တြင္ ကမာၻလုံးဆိုင္ရာကပ္ေရာဂါ (Pandemic) အျဖစ္ ေၾကညာခဲ့ေၾကာင္း၊ ယေန႔မတ္လ ၃၀ ရက္ေန႔ နံနက္အထိ ထုတ္ျပန္ခ်က္မ်ားအရ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံေပါင္း ၁၉၉ ႏိုင္ငံ၌ ေရာဂါကူးစက္ခံရသူေပါင္း ၇၂၁၅၆၂ ဦး၊ ေသဆုံးသူ ၃၃၉၆၅ ဦး ရွိေနၿပီျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ဝူဟန္ၿမိဳ႕၌ ေရာဂါစတင္ျဖစ္ပြားခ်ိန္ ကတည္းကပင္ မ်က္ျခည္မျပတ္ေစာင့္ၾကည့္၍ လိုအပ္သည္မ်ား ေဆြးေႏြးညႇိႏႈိင္း ျပင္ဆင္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း၊ အေျခအေနအရပ္ရပ္ကို ႀကိဳတင္တြက္ဆ၍ တပ္မေတာ္အတြက္ လြန္စြာအေရးႀကီးေသာ (၇၅)ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ စစ္ေရးျပ အခမ္းအနားကိုပင္ ေ႐ႊ႕ဆိုင္းထားရန္ မတ္လ ၁ ရက္ေန႔တြင္ ေၾကညာခဲ့ ေၾကာင္း၊ ယခုအခါေရာဂါျပန႔္ႏွံ႔ျဖစ္ပြားမႈ အေျခအေနမွာ က်န္းမာေရး ေစာင့္ေရွာက္မႈတြင္ ကမာၻ႔ထိပ္တန္းႏိုင္ငံမ်ားျဖစ္ေသာ အေမရိကန္ျပည္ေထာင္စုႏွင့္ အီတလီတို႔ကဲ့သို႔ ႏိုင္ငံမ်ားတြင္ပင္ကူးစက္မႈႏွင့္ ေသဆုံးမႈႏႈန္း ျမင့္မားစြာ ျဖစ္ေပၚေနေၾကာင္း၊ ႏိုင္ငံတြင္တပ္မေတာ္တစ္ရပ္တည္း ရပ္တည္၍မရဘဲ ျပည္သူမ်ား၏အသက္အိုးအိမ္စည္းစိမ္ကိုပါ ကာကြယ္ေစာင့္ေရွာက္ေပးရန္ လိုအပ္သည္ ျဖစ္ရာ အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာေနရာမ်ားကို ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ားကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ေဆာင္႐ြက္ထားရွိမႈမ်ားႏွင့္ လိုအပ္ သည္မ်ား ေဆြးေႏြးၾကရန္ ေျပာၾကားသည္။

ထို႔ေနာက္အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းေဆြးေႏြးတင္ျပ ရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ အနီးကပ္လမ္းၫႊန္မႈျဖင့္ ဝူဟန္ၿမိဳ႕တြင္ ေရာဂါျပန႔္ႏွံ႔ျဖစ္ပြားေနေၾကာင္း သိရွိရသည့္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလမွစတင္၍ ေလ့လာသုံးသပ္မႈမ်ားျပဳလုပ္ကာ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလမွစ၍ ေရာဂါႀကိဳတင္ ကာကြယ္ေရး၊ ပညာေပးေရး၊ ကုသေရးအတြက္ လိုအပ္သည့္ စီမံခ်က္မ်ားေရးဆြဲကာ ျပင္ဆင္ေဆာင္႐ြက္ခဲ့သည့္ အေျခအေနမ်ား၊ သီးျခား ေစာင့္ၾကည့္ျခင္း Quarantine လုပ္ရန္ႏွင့္ သံသယလူနာမ်ား၊ အတည္ျပဳလူနာမ်ားကုသေရးအတြက္ Designated Hospital မ်ားအား စီစဥ္ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ား၊Mask မ်ားအပါအဝင္ လိုအပ္ေသာေဆး႐ုံသုံးပစၥည္းမ်ား လုံေလာက္စြာစီစဥ္ထားရွိမႈ အေျခအေနမ်ား၊ ကုသရာတြင္ လိုအပ္မည့္ ေဆးဝါး ၅၈ မ်ိဳးအား တပ္မ်ားအလိုက္ အသင့္ထုတ္ေပးထားရွိမႈ အေျခအေနမ်ားႏွင့္ အရန္အျဖစ္သိုေလွာင္ထားရွိမႈ အေျခအေနမ်ား၊ Test Kits မ်ား၊ ေရာဂါပိုးရွိ၊ မရွိ အလိုအေလ်ာက္ ဓာတ္ခြဲစမ္းသပ္ စက္ကိရိယာမ်ားႏွင့္ လိုအပ္ေသာ ဓာတ္ခြဲပစၥည္းမ်ား စီစဥ္ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ား၊ တပ္မေတာ္သင္တန္းေက်ာင္းမ်ားတြင္ အျခားအဆင့္သင္တန္းမ်ား၊ ဗိုလ္ေလာင္းသင္တန္းမ်ား၊ အရာရွိသင္တန္းမ်ား၌ ေရာဂါျဖစ္ပြားမႈမရွိေစေရး၊ ကာကြယ္ေရးႏွင့္သြားလာမႈကန႔္သတ္ခ်က္၊ စည္းကမ္းသတ္မွတ္ခ်က္မ်ား၊ လိုအပ္ေသာ အမိန႔္ႏွင့္ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားရွိမႈ၊ ေရာဂါကာကြယ္ေရး၊ ပညာေပးေရး၊ ကုသေရးဆိုင္ရာ ျပင္ဆင္ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ား တြင္ အလုပ္တက္၊ဆင္း စီစဥ္ေဆာင္႐ြက္ ထားရွိေပးမႈအေျခအေနမ်ား၊ လက္သန႔္ ေဆးရည္ႏွင့္ ပိုးသတ္ေဆးရည္မ်ား ထုတ္လုပ္ျဖန႔္ခ်ီေပးေနသည့္ အေျခအေနမ်ား၊ သယ္ယူပို႔ေဆာင္ေရး ေမာ္ေတာ္ယာဥ္၊ ရထား၊ ေလယာဥ္၊ ရဟတ္ယာဥ္၊ ေရယာဥ္မ်ား အသင့္ျပင္ဆင္ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားႏွင့္ လုံၿခဳံေရးဆိုင္ရာေဆာင္႐ြက္ ထားရွိမႈ အေျခအေနမ်ားကို အသီးသီး ရွင္းလင္း တင္ျပေဆြးေႏြးၾကသည္။

ေဆြးေႏြးတင္ျပခ်က္မ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထုတ္ျပန္ ထားသည့္ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္မ်ား၊ စည္းကမ္းသတ္မွတ္ခ်က္မ်ား တိက်စြာ လိုက္နာေရး၊ သင္တန္းသားမ်ားသာမက တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားအားလုံး ပုံမွန္ကိုယ္လက္ ႀကံ့ခိုင္ေရး အားကစားလႈပ္ရွားမႈမ်ား စနစ္တက်ေဆာင္႐ြက္ရန္ႏွင့္ စားသုံးမႈအပိုင္းတြင္လည္း အာဟာရျပည့္ဝစြာစားသုံးၾကရမည္ျဖစ္ေၾကာင္း၊ ရန္ကုန္ၿမိဳ႕ရွိ စစ္ေၾကာေရးႏွင့္တည္းခိုေရးစခန္းတြင္ သီးသန႔္ေစာင့္ၾကပ္ၾကည့္ရႈရမည့္သူ၊ ကုသရ မည့္သူမ်ားအတြက္ ခုတင္(၂၀၀၀)ထားရွိႏိုင္ေရး၊ ေနျပည္ေတာ္ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ခုတင္(၁၅၀၀၀)ထားရွိႏိုင္ေရးေဆာင္႐ြက္ထားရန္၊ ထို႔အျပင္ တပ္မေတာ္အတြင္းရွိ တပ္၊ ႒ာနအေဆာက္အဦမ်ားတြင္ လူနာမ်ားလက္ခံ ကုသေပး ႏိုင္မည့္ ေနရာမ်ားအား ထပ္မံတိုးခ်ဲ႕စီစဥ္ထားရန္၊ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္းႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ တို႔မွ ရာႏႈန္းျပည့္ ရင္းႏွီးျမႇဳပ္ႏွံေဆာင္႐ြက္ေနသည့္ စက္႐ုံမ်ားအနက္ စားေသာက္ကုန္ႏွင့္ မရွိမျဖစ္ ထုတ္လုပ္ရမည့္ ထုတ္ကုန္ပစၥည္းမ်ားမွလြဲ၍ က်န္စက္႐ုံမ်ားတြင္ ဧၿပီလကုန္အထိ ထုတ္လုပ္မႈကို ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေဆာင္႐ြက္ရန္၊ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႏွင့္ ဖက္စပ္လုပ္ကိုင္ေနေသာ စက္႐ုံမ်ားကို ၎တို႔၏ သေဘာထားႏွင့္ ညႇိႏႈိင္း ေဆာင္႐ြက္ ေပးရန္၊ စစ္သည္မ်ားႏွင့္ ဝန္ထမ္းမ်ားအားလုံး မိမိအိမ္၊ အေဆာင္မ်ားတြင္ စနစ္တက် ေနထိုင္ၾကရန္ႏွင့္ သြားလာမႈကန႔္သတ္ခ်က္၊ သတ္မွတ္စည္းကမ္းခ်က္မ်ားအတိုင္း တိတိက်က် လိုက္နာၾကေစရန္၊ တပ္မေတာ္(ေရ)မွ သံလြင္၊ ျမစ္ႀကီးနား၊ မုတၱမ ေရယာဥ္မ်ားအား ေဆး႐ုံအျဖစ္ အသုံးျပဳႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္ထားရန္ ေဆြးေႏြး မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အခိုင္မာဆုံး Institution ျဖစ္ေၾကာင္း၊ ႏိုင္ငံအတြက္ အေရးႀကဳံေနသည့္အခ်ိန္တြင္ ျပည္သူကို ကာကြယ္ေစာင့္ေရွာက္ေပးရမည့္ တပ္မေတာ္သားမ်ားအေနျဖင့္ က်န္းမာႀကံ့ခိုင္ေနရန္ အထူးလိုအပ္ေၾကာင္း၊ ႏိုင္ငံေတာ္အဆင့္အေနျဖင့္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ ဖြဲ႕စည္းေဆာင္႐ြက္လ်က္ရွိၿပီး က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီး႒ာန လက္ေအာက္ရွိျပည္သူ႔ေဆး႐ုံမ်ားႏွင့္ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားမွာ ကုသေရးအတြက္ မအားမလပ္တာဝန္ ထမ္းေဆာင္ ေနၾကရမည္ျဖစ္ရာ ျပည္သူမ်ားအတြက္လိုအပ္ေသာ ေရာဂါႀကိဳတင္ ကာကြယ္ေရးဆိုင္ရာ ေဆာင္႐ြက္ခ်က္မ်ားအား မိမိတို႔တြင္ ေလ့က်င့္ေပးထားၿပီး ပါရဂူ၊ ဆရာဝန္၊ သူနာျပဳ၊ ေဆးဝန္ထမ္းမ်ားႏွင့္ ကူညီေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ အမ်ားျပည္သူမ်ားႏွင့္ သက္ဆိုင္ေသာေနရာမ်ား၊ အင္အားမ်ားျပားေသာ ဘုန္းေတာ္ႀကီး ေက်ာင္း၊ သီလရွင္ေက်ာင္းမ်ား၊ စာသင္တိုက္မ်ားကို အထူးဂ႐ုစိုက္ေဆာင္႐ြက္ ေပးရန္ႏွင့္ ဆြမ္း၊ ကြမ္း လိုအပ္ခ်က္မ်ား မရွိရေလေအာင္ အေျခခံစားကုန္ျဖစ္ေသာ ဆန္၊ ဆီ၊ ပဲႏွင့္ ေဆးဝါးမ်ားကို လႉဒါန္းေပးၾကရန္လိုေၾကာင္း၊ အလားတူပင္ အျခားေသာ ဘာသာမ်ားျဖစ္သည့္ ခရစ္ယာန္ေက်ာင္းမ်ား၊ ဟိႏၵဴဘုရားေက်ာင္းမ်ား၊ ဗလီမ်ားကိုလည္း က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပး သြားၾကရန္လိုေၾကာင္း၊ မိမိတို႔ တပ္၊ ႒ာနခ်ဳပ္ေနရာေဒသအလိုက္ရွိ ေဆး႐ုံ၊ ေဆးခန္း မ်ားႏွင့္လည္း မျပတ္ဆက္သြယ္၍ လိုအပ္သည္မ်ား ကူညီေဆာင္႐ြက္ေပးၾက ရမည္ျဖစ္ေၾကာင္း၊ တပ္ျပင္ထြက္ျခင္း၊ တပ္ျပင္မွ တပ္တြင္းသို႔ဝင္ေရာက္ျခင္းမ်ားႏွင့္ ပတ္သက္၍ သတ္မွတ္စည္းကမ္းခ်က္မ်ားအတိုင္း တိတိက်က် လိုက္နာၾကေစရန္ စနစ္တက် ၾကပ္မတ္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ျပည္သူလူထုႏွင့္ တပ္မေတာ္ သားမ်ား၊ မိသားစုမ်ားအေနျဖင့္ သတင္းမွားမ်ား၊ ေကာလာဟလသတင္း၊ မွန္းဆ သတင္းမ်ားကို နားမေယာင္ၾကဘဲ သတင္းမွန္မ်ား သိရွိႏိုင္ရန္ႏွင့္ အသိပညာေပး ထုတ္လႊင့္မႈမ်ားအား ျမဝတီ႐ုပ္သံလိုင္းမ်ား၊ ေရဒီယို အသံလႊင့္႒ာနမ်ား၊ သတင္းစာမ်ား၊ OnlineWebPortal မ်ားတြင္ အခ်ိန္ႏွင့္တစ္ေျပးညီ စဥ္ဆက္မျပတ္ ထုတ္လႊင့္ ေဖာ္ျပေပးရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ယေန႔အထိ တပ္မေတာ္အတြင္း COVID-19 ေရာဂါကူးစက္ခံရသူ၊ ေရာဂါပိုးေတြ႕ ရွိသူမရွိေသးဘဲ ျပည္ပမွျပန္လည္ေရာက္ရွိလာသူမ်ား၊ ျပည္ပမွ ျပန္လည္ေရာက္ရွိလာသူမ်ားႏွင့္ ေတြ႕ဆုံမႈရွိၾကေသာ သံသယရွိသူမ်ား ကို Hospital Quarantine ေစာင့္ၾကည့္သူ စစ္သည္ ၆ ဦး၊ မိသားစုဝင္ ၁၈ ဦး၊ စုစုေပါင္း ၂၄ ဦး၊ Home or Facility Quarantine ေစာင့္ၾကည့္သူ အရာရွိ ၂၉ ဦး၊ စစ္သည္ ၁၁ ဦး၊ မွီခို ၃ ဦး၊ စုစုေပါင္း ၄၃ ဦး ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။