COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် သိရှိမှသာလျင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်၊ လူတိုင်းတာဝန်သိသိဖြင့်သိရှိ၊ နားလည်၊ လိုက်နာဆောင်ရွက်ကြရန်လို

COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် သိရှိမှသာလျင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်၊ လူတိုင်းတာဝန်သိသိဖြင့်သိရှိ၊ နားလည်၊ လိုက်နာဆောင်ရွက်ကြရန်လို

နေပြည်တော်၊ မေ  ၇

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြား လိုအပ်ချက်များ ဆောင်ရွက်ပေး နိုင်ရေး ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကားပြောကြားရာတွင် COVID-19 ရောဂါဖြစ်ပွားမှုနှုန်းသည် ကမ္ဘာ့နိုင်ငံများတွင် ဆက်လက်မြင့်မားလျက်ရှိပြီး ထိန်းချုပ်နိုင်မှု မရှိသေးကြောင်း၊ စစ်ဆေးမှု ပြုလုပ်ရာတွင် အခြေအနေမှန်ကို သိရှိနိုင်ရန်လိုအပ်ကြောင်း၊ ပြီးပြည့်စုံသည့် သုံးသပ်ချက်၊ ဖော်ထုတ်ချက်များ ပြုလုပ်နိုင်မှသာ ရလဒ်ကောင်းထွက်ပေါ်လာနိုင်မည်၊ မှန်ကန်သည့် လုပ်ဆောင် ချက်များ လုပ်ဆောင်နိုင်မည်ကိုသတိပြုရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သတင်းအချက်အလက်များ မှန်မှန် ကန်ကန်အချိန်နှင့် တစ်ပြေးညီ သိရှိမှသာ လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ မှန်မှန်ကန်ကန် သိရှိရန်လိုသလို၊ ဆောင်ရွက်ရန်လည်းလိုမည်ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများ၏ ဆောင်ရွက်မှုအခြေအနေများ၊ ကမ္ဘာ့နိုင်ငံများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါကူးစက်မှုနှင့် သေဆုံးမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှု သတ္တမမြောက်သီတင်းပတ်သို့ ရောက်ရှိချိန်၌ ရောဂါရှာဖွေ စစ်ဆေးမှု ၉၉၈၀ ဦးရှိသဖြင့် လူဦးရေ တစ်သန်းလျင် ၁၈၃ ဦးသာ စစ်ဆေးနိုင်ပြီး အာဆီယံနိုင်ငံများတွင် အနည်းဆုံးစစ်ဆေးနိုင်သည့် အခြေအနေများ၊ ရောဂါပိုးတွေ့ရှိသူ ၁၆၂ ဦး၊ သေဆုံးသူ ၆ ဦး၊ သေဆုံးမှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိပြီး ရောဂါပိုးတွေ့ရှိရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခု၊ ရောဂါပိုးမတွေ့ရှိရ သေးသော ပြည်နယ် ၃ ခု(ကရင်၊ ကယား၊ ရခိုင်)၊ တိုင်းဒေသကြီး ၂ ခု(တနင်္သာရီ၊ ဧရာဝတီ)၊ ရောဂါပိုးတွေ့ရှိရသည့် မြို့နယ် ၄၇ မြို့နယ်ရှိသဖြင့် အရေအတွက်များများနှင့် မြန်မြန်ဆန်ဆန်စစ်ဆေးနိုင်ရန်လိုအပ်သည့် အခြေအနေများ။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၂ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း သို့ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မိုင်းလား၊ ဘုရားသုံးဆူ၊ မြဝတီနှင့် ကော့သောင်း နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်လာသူများ၏ အခြေအနေများ၊  တပ်မတော်တွင် အရာရှိ၊ စစ်သည်၊ မှီခိုသူများအား Qurantine စောင့်ကြည့် ထားရှိမှုအခြေအနေများ၊ ပြည်သူများအား Qurantine လက်ခံထားရှိမှု၊ သတ်မှတ်ကာလ ပြည့် မြောက်၍ ပြန်လည်စေလွှတ်ပေးမှု၊ ဆက်လက်စောင့်ကြည့်ထားမှု အခြေအနေများ၊  နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းရောဂါပိုးတွေ့ရှိသူ တပ်မတော်သားတစ်ဦး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန် လျက်ရှိသည့် အခြေအနေများ၊ ၎င်းနှင့် ထိတွေ့ဆက်ဆံခဲ့ကြောင်း သံသယရှိသူများအား Qurantine ထားရှိကာ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)သည့် အခြေအနေများ၊ ပြည်ပနိုင်ငံ များတွင် သင်တန်းတက်ရောက်လျက်ရှိသည့် အရာရှိ၊ စစ်သည်များအနက် ရုရှားနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ သင်တန်းသား အရာရှိ ၅ ဦးမှ လွဲ၍ ကျန်သင်တန်းသားများအားလုံး ရောဂါပိုးတွေ့ရှိမှု မရှိသည့် အခြေအနေများ။

မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်တပ်မတော်ဆေးအဖွဲ့နှင့် မြန်မာ့တပ်မတော်ဆေးအဖွဲ့တို့ ဧပြီ ၂၄ ရက်မှ စ၍ ယနေ့အထိ ဆွေးနွေးမှုများ၊ ဓာတ်ခွဲစမ်း သပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ဗဟိုဝန် ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) ရောဂါကုသဆေးရုံ၌ လူနာ ၆ ဦးတက်ရောက် ကုသလျက်ရှိသည့် အခြေအနေ များ၊ တာချီလိတ်၊ တီးတိန်၊ စစ်ကိုင်းသီတဂူစသည့် နေရာများ၌ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ သွားရောက်ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိသည့်အခြေအနေများ၊ Antibody တိုင်းတာသည့် စက်များ၊ ကုသရေးဆိုင်ရာ အခြားအထောက်အကူပြုစက်ပစ္စည်းများ၊ ရောဂါရှာဖွေရေးအတွက် လိုအပ်သည့် Reagent များ မှာယူရောက်ရှိမှုအခြေအနေများ။

တပ်မတော်သားများ၊ အရပ်သားအစားခန့်ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ လှူဒါန်းရရှိမှုအနေဖြင့် ဧပြီလ အတွက် လှူဒါန်းရရှိ  ငွေကျပ် ၂ ဒသမ ၃၁၆ ဘီလီယံ ကျော်ရရှိခဲ့ပြီး ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် အား သုံးစွဲဆောင်ရွက်မှုအနေဖြင့် ပထမအကြိမ်ဆေးအကာအကွယ်ပစ္စည်း ၅ မျိုး၊ ဒုတိယအကြိမ် ဆေးအကာအကွယ် ပစ္စည်း ၈ မျိုး၊ တတိယအကြိမ် ဆေးအကာအကွယ်ပစ္စည်း ၅ မျိုးတို့အား နိုင်ငံအနှံ့ရှိ အထူးကု ဆေးရုံကြီး ၂၇ ရုံ၊ အထွေထွေ ရောဂါကုဆေးရုံကြီး ၂၈ ရုံ၊ ခရိုင်ဆေးရုံ ၃၂ ရုံ၊ မြို့နယ်ဆေးရုံ ၂၅၇ ရုံ၊ တိုက်နယ်ဆေးရုံ ၅၆၄ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၀၇၀ တို့သို့ လှူဒါန်းနိုင်ခဲ့ပြီးဖြစ်၍ တစ်နိုင်ငံလုံးရှိ ဆေးရုံပေါင်း ၁၁၆၈ ရုံအနက်  ၉၀၈ ရုံသို့ လှူဒါန်းပြီးဖြစ်သောကြောင့် ဆေးရုံအားလုံး၏ ၇၈ ရာခိုင်နှုန်း၊ ကျေးလက်ကျန်းမာရေးဌာန စုစုပေါင်း ၁၉၄၉ ဌာနအနက် လှူဒါန်းပြီး ၁၀၇၀ ဌာနဖြစ်၍ ကျေးလက်ကျန်းမာရေး ဌာနအားလုံး၏ ၅၅ ရာခိုင်နှုန်းသို့ လှူဒါန်း ထားပြီးဖြစ်သည့်အခြေအနေများ၊ မေလအတွက် လှူဒါန်းရရှိမှု ငွေကျပ် ၂ ဒသမ ၁၅၉ ဘီလီယံကျော် ရှိပြီး ဆေးအကာအကွယ်ပစ္စည်းများ ဆက်လက်  ဝယ်ယူလှူဒါန်းသွားမည့် အခြေအနေများ။

စစ်မှုထမ်းဟောင်းများနှင့် တပ်မတော်တွင် အသက်စွန့်လွှတ်ခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများ အတွက် ရိက္ခာထောက်ပံ့ပေးလျက်ရှိသည့် အခြေအနေများ၊ ဆေးဖျန်းဝတ်စုံနှင့် PPE ဝတ်စုံများ ထုတ်လုပ်ဖြန့် ချိပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ရှိ စက်ရုံ၊ အလုပ်ရုံများ စစ်ဆေးခွင့်ပြုမှုရရှိပြီး စက်ရုံများ လည်ပတ်လျက်ရှိသည့် အခြေအနေများ။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသောကျေးရွာသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ဆေးနှင့် ဆေးပစ္စည်းများအား တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက် ကျေးရွာပေါင်း ၇၂၂၀ ခုတို့တွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ် များဖြင့် ဆေးအကာအကွယ်ပေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေများနှင့် တပ်မတော် ရေယာဉ် များကို ဆေးရုံအဖြစ်အသုံးပြုနိုင်ရေး အသင့်ပြင်ဆင်ထားရှိသည့် အခြေအနေများ၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဖွဲ့စည်း ဆောင်ရွက်မှုအခြေအနေများ၊ COVID-19 ရောဂါပိုးရှာဖွေစစ်ဆေးနိုင်ရန်အတွက် အဆင့်ဆင့်လုပ် ဆောင်နိုင်မည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းစီစဉ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် လက်ရှိအခြေအနေအထိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် Home Stay သာနေကြရန်၊ မဖြစ်မနေ အရေးကြီးသောကိစ္စရှိမှသာ အပြင်သို့ ထွက်ခြင်း၊ ယာယီတာဝန်သွားခြင်းများ လုပ်ဆောင်ကြရန်လိုကြောင်း၊ ရောဂါကူးစက်မှု အန္တရာယ်ကြီးမားနိုင်သည့်အတွက် တပ်မတော်သားများသာမက တပ်တွင်း၊ တပ်ပြင်နေ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအနေဖြင့် အလုပ်ကိစ္စမရှိဘဲ အပြင်သို့သွားလာခြင်း မပြုကြ ရန်နှင့် စည်းကမ်းထိန်းသိမ်းကြရန်လိုကြောင်း၊ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန် အရေးကြီးသည့်အတွက် ယခုထက်ပိုမို စစ်ဆေးနိုင်မည့်နည်းလမ်းများ ဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်တို့ရှိ စက်ရုံ၊ အလုပ်ရုံများ၊ တပ်မတော်ပိုင် စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်ချက်များအတိုင်း စစ်ဆေးမှုနှင့် စည်းကမ်းထိန်းသိမ်းမှုများကို တိတိကျကျ စစ်ဆေးကြပ်မတ်လိုက်နာ ကြရန်လိုကြောင်း၊  တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် တန်ဖိုးသင့်ဟင်းလျာများ ရောင်းချပေးခြင်းအား အခက်အခဲမရှိပါက လုပ်ဆောင်ပေးနိုင်ကြောင်း၊ မဖြစ်မနေလုပ်ဆောင်ပေးရန် မဟုတ် ကြောင်း၊ ရောဂါပိုးရှာဖွေစစ်ဆေးရေးအတွက် Reagent များအား အကျိုးရှိရှိ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် အသုံးပြု၍ စစ်ဆေးပေးရန်လိုကြောင်း။

ပုံမှန်အားဖြင့် ဇွန်လတွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ရာ အကယ်၍ရောဂါဖြစ်ပွားမှု အခြေ အနေအရ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် အခက်အခဲရှိမည်ဆိုပါက တပ်တွင်းတွင်မှီခိုသူ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်အကွာအဝေးဖြင့် ဆရာ၊ ဆရာမတစ်ဦးလျင် ကျောင်းသား ၁၀ ယောက်စုနှုန်း ဖြင့် လိုအပ်သည်များ အလှည့်ကျ အချိန်ခွဲဝေသင်ကြားပေးမည်ဆိုပါက အဆင်ပြေနိုင် ကြောင်း၊ တစ်ဆက် တည်းတွင် ယခုမေလ ၇ ရက်မှစတင်၍ ထုတ်လွှင့်ပေးနေသည့် MWD Education, Knowledge and Sports ရုပ်သံလိုင်းတွင် ကျောင်းသူ၊ ကျောင်းသား လူငယ်များအတွက် အခြေခံပညာအလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ပညာရေး သင်ခန်းစာများ၊ သတ်ပုံ၊ သတ်ညွှန်းများကအစ မြန်မာစာ၊ မြန်မာစကား အသုံးအနှုန်း အထားအသိုများ၊ အထွေထွေဗဟုသုတ၊ လူငယ်များအတွက် ကျန်းမာရေးနှင့် ကိုယ်လက်ကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေမည့် အားကစား အစီအစဉ်များ၊ ပညာပေးအစီအစဉ်များ၊ နေ့စဉ် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက်များအား ထုတ်လွှင့်ပေးရမည်ဖြစ်ကြောင်း။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအား ရခိုင်ပြည်နယ်တွင် ထိရောက်စွာမလုပ်ဆောင် နိုင်သေးသဖြင့် တပ်မတော်မှကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား နယ်စပ်ဂိတ်များတွင် လိုအပ်သော စစ်ဆေးမှုလုပ်ငန်းစဉ်များ ပြုလုပ်နိုင်ရန် အရေးကြီးကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့အတွက် တာဝန်ပေးထားသည့် အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူများအားလုံးကိုလည်း စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ ထပ်မံ၍ မှာကြားလိုသည်မှာ အခြေအနေမှန်ကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်လိုအပ်ကြောင်း တာဝန်ပေး၍ လုပ်ဆောင်သည်မဟုတ်ဘဲ လူတိုင်းလူတိုင်း တာဝန်သိသိဖြင့် လုပ်ဆောင်ကြ ရန်လိုကြောင်းဖြင့် မှာကြားသည်။

ယနေ့အထိ တပ်မတော်အတွင်း COVID-19  ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ ရှိမှုအနေဖြင့် ရုရှားနိုင်ငံတွင် ပညာတော်သင်သွားရောက်လျက်ရှိသည့် အရာရှိ(၅)ဦး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း၌ စစ်သည်(၁)ဦး၊ ပေါင်း(၆)ဦးဖြစ်ပြီး Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၆)ဦး၊ မှီခို(၄)ဦး၊ Home  Quarantine စောင့်ကြည့်သူ၊တပ်မတော်သား(၂၈၅)ဦး၊ မှီခို(၇၇)ဦး၊ Facilities Quarantine စောင့်ကြည့် သူ တပ်မတော်သား(၃၂၈)ဦး၊ မှီခို(၂၅)ဦးဖြစ်ပြီး Facilities Quarantine စောင့်ကြည့်ရန်အတွက် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၂၉၇)ဦး၊ ရန်ကုန်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၂၀၅)ဦး၊  မန္တလေးမြို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ(၂၀)ဦး စုစုပေါင်း ပြည်သူ (၅၂၂)ဦးတို့ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိသည်။

(ZAWGYI)

COVID-19 ေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ သတင္းအခ်က္အလက္မ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ မွန္မွန္ကန္ကန္ သိရွိမွသာလ်င္ လိုအပ္သည့္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ႏိုင္မည္ျဖစ္၊ လူတိုင္းတာဝန္သိသိျဖင့္သိရွိ၊ နားလည္၊ လိုက္နာေဆာင္႐ြက္ ၾကရန္လို

ေနျပည္ေတာ္၊ ေမ – ၇

ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္အျခား လိုအပ္ခ်က္မ်ား ေဆာင္႐ြက္ေပး ႏိုင္ေရး ဆ႒မအႀကိမ္ညႇိႏႈိင္းအစည္းအေဝးကို ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း) အစည္းအေဝးခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္သည္။

အဆိုပါ အစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္ အမွာစကားေျပာၾကားရာတြင္ COVID-19 ေရာဂါျဖစ္ပြားမႈႏႈန္းသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ဆက္လက္ျမင့္မားလ်က္ရွိၿပီး ထိန္းခ်ဳပ္ႏိုင္မႈ မရွိေသးေၾကာင္း၊ စစ္ေဆးမႈ ျပဳလုပ္ရာတြင္ အေျခအေနမွန္ကို သိရွိႏိုင္ရန္လိုအပ္ေၾကာင္း၊ ၿပီးျပည့္စုံသည့္ သုံးသပ္ခ်က္၊ ေဖာ္ထုတ္ခ်က္မ်ား ျပဳလုပ္ႏိုင္မွသာ ရလဒ္ေကာင္းထြက္ေပၚလာႏိုင္မည္၊ မွန္ကန္သည့္ လုပ္ေဆာင္ ခ်က္မ်ား လုပ္ေဆာင္ႏိုင္မည္ကိုသတိျပဳရန္လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ သတင္းအခ်က္အလက္မ်ား မွန္မွန္ ကန္ကန္အခ်ိန္ႏွင့္ တစ္ေျပးညီ သိရွိမွသာ လိုအပ္သည့္ ႀကိဳတင္ ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ သတင္းအခ်က္အလက္မ်ား မွန္မွန္ကန္ကန္ သိရွိရန္လိုသလို၊ ေဆာင္႐ြက္ရန္လည္းလိုမည္ ျဖစ္ေၾကာင္း မွာၾကားသည္။
ထို႔ေနာက္ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းတင္ျပၾကရာတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ မ်ားအလိုက္ COVID-19ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီမ်ား၏ ေဆာင္႐ြက္မႈအေျခအေနမ်ား၊ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ COVID-19 ေရာဂါကူးစက္မႈႏွင့္ ေသဆုံးမႈ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံတြင္ ေရာဂါပိုးေတြ႕ရွိမႈ သတၱမေျမာက္သီတင္းပတ္သို႔ ေရာက္ရွိခ်ိန္၌ ေရာဂါရွာေဖြ စစ္ေဆးမႈ ၉၉၈၀ ဦးရွိသျဖင့္ လူဦးေရ တစ္သန္းလ်င္ ၁၈၃ ဦးသာ စစ္ေဆးႏိုင္ၿပီး အာဆီယံႏိုင္ငံမ်ားတြင္ အနည္းဆုံးစစ္ေဆးႏိုင္သည့္ အေျခအေနမ်ား၊ ေရာဂါပိုးေတြ႕ရွိသူ ၁၆၂ ဦး၊ ေသဆုံးသူ ၆ ဦး၊ ေသဆုံးမႈႏႈန္း ၃ ဒသမ ၇ ရာခိုင္ႏႈန္း ရွိၿပီး ေရာဂါပိုးေတြ႕ရွိရသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၁၀ ခု၊ ေရာဂါပိုးမေတြ႕ရွိရ ေသးေသာ ျပည္နယ္ ၃ ခု(ကရင္၊ ကယား၊ ရခိုင္)၊ တိုင္းေဒသႀကီး ၂ ခု(တနသၤာရီ၊ ဧရာဝတီ)၊ ေရာဂါပိုးေတြ႕ရွိရသည့္ ၿမိဳ႕နယ္ ၄၇ ၿမိဳ႕နယ္ရွိသျဖင့္ အေရအတြက္မ်ားမ်ားႏွင့္ ျမန္ျမန္ဆန္ဆန္စစ္ေဆးႏိုင္ရန္လိုအပ္သည့္ အေျခအေနမ်ား။

၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၂ ရက္ေန႔မွ ေမလ ၆ ရက္ေန႔အထိ ျမန္မာႏိုင္ငံအတြင္း သို႔ ကန္ပိုက္တီး၊ လြယ္ဂ်ယ္၊ မူဆယ္၊ ခ်င္းေ႐ႊေဟာ္၊ တာခ်ီလိတ္၊ မိုင္းလား၊ ဘုရားသုံးဆူ၊ ျမဝတီႏွင့္ ေကာ့ေသာင္း နယ္စပ္ဂိတ္မ်ားမွ ျပန္လည္ ဝင္ေရာက္လာသူမ်ား၏ အေျခအေနမ်ား၊ တပ္မေတာ္တြင္ အရာရွိ၊ စစ္သည္၊ မွီခိုသူမ်ားအား Qurantine ေစာင့္ၾကည့္ ထားရွိမႈအေျခအေနမ်ား၊ ျပည္သူမ်ားအား Qurantine လက္ခံထားရွိမႈ၊ သတ္မွတ္ကာလ ျပည့္ ေျမာက္၍ ျပန္လည္ေစလႊတ္ေပးမႈ၊ ဆက္လက္ေစာင့္ၾကည့္ထားမႈ အေျခအေနမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ နယ္ေျမအတြင္းေရာဂါပိုးေတြ႕ရွိသူ တပ္မေတာ္သားတစ္ဦး၏ က်န္းမာေရးအေျခအေန ေကာင္းမြန္ လ်က္ရွိသည့္ အေျခအေနမ်ား၊ ၎ႏွင့္ ထိေတြ႕ဆက္ဆံခဲ့ေၾကာင္း သံသယရွိသူမ်ားအား Qurantine ထားရွိကာ ေရာဂါပိုး ရွိ၊ မရွိ စမ္းသပ္စစ္ေဆးၿပီး ေရာဂါပိုးေတြ႕ရွိမႈ မရွိ(မရွိ)သည့္ အေျခအေနမ်ား၊ ျပည္ပႏိုင္ငံ မ်ားတြင္ သင္တန္းတက္ေရာက္လ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအနက္ ႐ုရွားႏိုင္ငံတြင္ ေရာဂါပိုးေတြ႕ရွိသူ သင္တန္းသား အရာရွိ ၅ ဦးမွ လြဲ၍ က်န္သင္တန္းသားမ်ားအားလုံး ေရာဂါပိုးေတြ႕ရွိမႈ မရွိသည့္ အေျခအေနမ်ား။

ျမန္မာႏိုင္ငံသို႔ေရာက္ရွိေနသည့္ တ႐ုတ္တပ္မေတာ္ေဆးအဖြဲ႕ႏွင့္ ျမန္မာ့တပ္မေတာ္ေဆးအဖြဲ႕တို႔ ဧၿပီ ၂၄ ရက္မွ စ၍ ယေန႔အထိ ေဆြးေႏြးမႈမ်ား၊ ဓာတ္ခြဲစမ္း သပ္မႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္လ်က္ရွိသည့္ အေျခအေနမ်ား၊ တပ္မေတာ္ေဆးဝန္ထမ္းတပ္ဖြဲ႕မ်ား သြားေရာက္တာဝန္ထမ္းေဆာင္ေနသည့္ ဗဟိုဝန္ ထမ္း တကၠသိုလ္(ေအာက္ျမန္မာျပည္) ေရာဂါကုသေဆး႐ုံ၌ လူနာ ၆ ဦးတက္ေရာက္ ကုသလ်က္ရွိသည့္ အေျခအေန မ်ား၊ တာခ်ီလိတ္၊ တီးတိန္၊ စစ္ကိုင္းသီတဂူစသည့္ ေနရာမ်ား၌ တပ္မေတာ္ေဆးဝန္ထမ္းတပ္ဖြဲ႕ဝင္မ်ား သြားေရာက္ပူးေပါင္းကူညီေဆာင္႐ြက္ ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ Antibody တိုင္းတာသည့္ စက္မ်ား၊ ကုသေရးဆိုင္ရာ အျခားအေထာက္အကူျပဳစက္ပစၥည္းမ်ား၊ ေရာဂါရွာေဖြေရးအတြက္ လိုအပ္သည့္ Reagent မ်ား မွာယူေရာက္ရွိမႈအေျခအေနမ်ား။

တပ္မေတာ္သားမ်ား၊ အရပ္သားအစားခန႔္ဝန္ထမ္းမ်ား၏ လုပ္ခလစာေငြမ်ားမွ လႉဒါန္းရရွိမႈအေနျဖင့္ ဧၿပီလ အတြက္ လႉဒါန္းရရွိ ေငြက်ပ္ ၂ ဒသမ ၃၁၆ ဘီလီယံ ေက်ာ္ရရွိခဲ့ၿပီး ေငြက်ပ္ ၁ ဒသမ ၈ ဘီလီယံေက်ာ္ အား သုံးစြဲေဆာင္႐ြက္မႈအေနျဖင့္ ပထမအႀကိမ္ေဆးအကာအကြယ္ပစၥည္း ၅ မ်ိဳး၊ ဒုတိယအႀကိမ္ ေဆးအကာအကြယ္ ပစၥည္း ၈ မ်ိဳး၊ တတိယအႀကိမ္ ေဆးအကာအကြယ္ပစၥည္း ၅ မ်ိဳးတို႔အား ႏိုင္ငံအႏွံ႔ရွိ အထူးကု ေဆး႐ုံႀကီး ၂၇ ႐ုံ၊ အေထြေထြ ေရာဂါကုေဆး႐ုံႀကီး ၂၈ ႐ုံ၊ ခ႐ိုင္ေဆး႐ုံ ၃၂ ႐ုံ၊ ၿမိဳ႕နယ္ေဆး႐ုံ ၂၅၇ ႐ုံ၊ တိုက္နယ္ေဆး႐ုံ ၅၆၄ ႐ုံ၊ ေက်းလက္က်န္းမာေရးဌာန ၁၀၇၀ တို႔သို႔ လႉဒါန္းႏိုင္ခဲ့ၿပီးျဖစ္၍ တစ္ႏိုင္ငံလုံးရွိ ေဆး႐ုံေပါင္း ၁၁၆၈ ႐ုံအနက္ ၉၀၈ ႐ုံသို႔ လႉဒါန္းၿပီးျဖစ္ေသာေၾကာင့္ ေဆး႐ုံအားလုံး၏ ၇၈ ရာခိုင္ႏႈန္း၊ ေက်းလက္က်န္းမာေရးဌာန စုစုေပါင္း ၁၉၄၉ ဌာနအနက္ လႉဒါန္းၿပီး ၁၀၇၀ ဌာနျဖစ္၍ ေက်းလက္က်န္းမာေရး ဌာနအားလုံး၏ ၅၅ ရာခိုင္ႏႈန္းသို႔ လႉဒါန္း ထားၿပီးျဖစ္သည့္အေျခအေနမ်ား၊ ေမလအတြက္ လႉဒါန္းရရွိမႈ ေငြက်ပ္ ၂ ဒသမ ၁၅၉ ဘီလီယံေက်ာ္ ရွိၿပီး ေဆးအကာအကြယ္ပစၥည္းမ်ား ဆက္လက္ ဝယ္ယူလႉဒါန္းသြားမည့္ အေျခအေနမ်ား။

စစ္မႈထမ္းေဟာင္းမ်ားႏွင့္ တပ္မေတာ္တြင္ အသက္စြန႔္လႊတ္ခဲ့ရသည့္ အရာရွိ၊ စစ္သည္မ်ား၏ မိသားစုမ်ား အတြက္ ရိကၡာေထာက္ပံ့ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ေဆးဖ်န္းဝတ္စုံႏွင့္ PPE ဝတ္စုံမ်ား ထုတ္လုပ္ျဖန႔္ ခ်ိေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလီမိတက္တို႔ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ား စစ္ေဆးခြင့္ျပဳမႈရရွိၿပီး စက္႐ုံမ်ား လည္ပတ္ လ်က္ရွိ သည့္ အေျခအေနမ်ား။
လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး ေဝးလံေခါင္းပါးေသာေက်း႐ြာသို႔ က်န္းမာေရးဆိုင္ရာ အသိပညာေပးမႈႏွင့္ ေဆးႏွင့္ ေဆးပစၥည္းမ်ားအား တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမ အသီးသီးအလိုက္ ေဆာင္႐ြက္ေပးလ်က္ရွိရာ ရပ္ကြက္ ေက်း႐ြာေပါင္း ၇၂၂၀ ခုတို႔တြင္ ေဆာင္႐ြက္ေပးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ တပ္မေတာ္ေလယာဥ္၊ ရဟတ္ ယာဥ္ မ်ားျဖင့္ ေဆးအကာအကြယ္ေပးပစၥည္းမ်ား ပို႔ေဆာင္ေပးလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ တပ္မေတာ္ ေရယာဥ္ မ်ားကို ေဆး႐ုံအျဖစ္အသုံးျပဳႏိုင္ေရး အသင့္ျပင္ဆင္ထားရွိသည့္ အေျခအေနမ်ား၊ COVID-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးႏွင့္ စပ္လ်ဥ္း၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းပူးေပါင္းေရးေကာ္မတီဖြဲ႕စည္း ေဆာင္႐ြက္မႈအေျခအေနမ်ား၊ COVID-19 ေရာဂါပိုးရွာေဖြစစ္ေဆးႏိုင္ရန္အတြက္ အဆင့္ဆင့္လုပ္ ေဆာင္ႏိုင္မည့္ နည္းလမ္းမ်ားအား ရွင္းလင္းေဆြးေႏြးတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျဖည့္ဆည္းစီစဥ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ လက္ရွိအေျခအေနအထိ COVID-19 ေရာဂါျဖစ္ပြားမႈအေျခအေနကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေသးသျဖင့္ Home Stay သာေနၾကရန္၊ မျဖစ္မေန အေရးႀကီးေသာကိစၥရွိမွသာ အျပင္သို႔ ထြက္ျခင္း၊ ယာယီတာဝန္သြားျခင္းမ်ား လုပ္ေဆာင္ၾကရန္လိုေၾကာင္း၊ ေရာဂါကူးစက္မႈ အႏၲရာယ္ႀကီးမားႏိုင္သည့္အတြက္ တပ္မေတာ္သားမ်ားသာမက တပ္တြင္း၊ တပ္ျပင္ေန မိသားစု ဝင္မ်ား၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစုဝင္မ်ားအေနျဖင့္ အလုပ္ကိစၥမရွိဘဲ အျပင္သို႔သြားလာျခင္း မျပဳၾက ရန္ႏွင့္ စည္းကမ္းထိန္းသိမ္းၾကရန္လိုေၾကာင္း၊ ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးႏိုင္ရန္ အေရးႀကီးသည့္အတြက္ ယခုထက္ပိုမို စစ္ေဆးႏိုင္မည့္နည္းလမ္းမ်ား ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္းႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္တို႔ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ တပ္မေတာ္ပိုင္ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ သတ္မွတ္ခ်က္မ်ားအတိုင္း စစ္ေဆးမႈႏွင့္ စည္းကမ္းထိန္းသိမ္းမႈမ်ားကို တိတိက်က် စစ္ေဆးၾကပ္မတ္လိုက္နာ ၾကရန္လိုေၾကာင္း၊ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအလိုက္ တန္ဖိုးသင့္ဟင္းလ်ာမ်ား ေရာင္းခ်ေပးျခင္းအား အခက္အခဲမရွိပါက လုပ္ေဆာင္ေပးႏိုင္ေၾကာင္း၊ မျဖစ္မေနလုပ္ေဆာင္ေပးရန္ မဟုတ္ ေၾကာင္း၊ ေရာဂါပိုးရွာေဖြစစ္ေဆးေရးအတြက္ Reagent မ်ားအား အက်ိဳးရွိရွိ ထိထိေရာက္ေရာက္ ျမန္ျမန္ ဆန္ဆန္ အသုံးျပဳ၍ စစ္ေဆးေပးရန္လိုေၾကာင္း။

ပုံမွန္အားျဖင့္ ဇြန္လတြင္ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရမည္ျဖစ္ရာ အကယ္၍ေရာဂါျဖစ္ပြားမႈ အေျခ အေနအရ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ အခက္အခဲရွိမည္ဆိုပါက တပ္တြင္းတြင္မွီခိုသူ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား သတ္မွတ္အကြာအေဝးျဖင့္ ဆရာ၊ ဆရာမတစ္ဦးလ်င္ ေက်ာင္းသား ၁၀ ေယာက္စုႏႈန္း ျဖင့္ လိုအပ္သည္မ်ား အလွည့္က် အခ်ိန္ခြဲေဝသင္ၾကားေပးမည္ဆိုပါက အဆင္ေျပႏိုင္ ေၾကာင္း၊ တစ္ဆက္ တည္းတြင္ ယခုေမလ ၇ ရက္မွစတင္၍ ထုတ္လႊင့္ေပးေနသည့္ MWD Education, Knowledge and Sports ႐ုပ္သံလိုင္းတြင္ ေက်ာင္းသူ၊ ေက်ာင္းသား လူငယ္မ်ားအတြက္ အေျခခံပညာအလယ္တန္း၊ အထက္တန္းႏွင့္ တကၠသိုလ္အဆင့္ ပညာေရး သင္ခန္းစာမ်ား၊ သတ္ပုံ၊ သတ္ၫႊန္းမ်ားကအစ ျမန္မာစာ၊ ျမန္မာစကား အသုံးအႏႈန္း အထားအသိုမ်ား၊ အေထြေထြဗဟုသုတ၊ လူငယ္မ်ားအတြက္ က်န္းမာေရးႏွင့္ ကိုယ္လက္ႀကံ့ခိုင္ေရးကို အေထာက္အကူျဖစ္ေစမည့္ အားကစား အစီအစဥ္မ်ား၊ ပညာေပးအစီအစဥ္မ်ား၊ ေန႔စဥ္ ပညာေရး၊ က်န္းမာေရးဆိုင္ရာ သတင္းအခ်က္ အလက္မ်ားအား ထုတ္လႊင့္ေပးရမည္ျဖစ္ေၾကာင္း။

COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ားအား ရခိုင္ျပည္နယ္တြင္ ထိေရာက္စြာမလုပ္ေဆာင္ ႏိုင္ေသးသျဖင့္ တပ္မေတာ္မွကူညီေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ ျပည္ပမွ ျပန္လည္ ဝင္ေရာက္လာသူမ်ားအား နယ္စပ္ဂိတ္မ်ားတြင္ လိုအပ္ေသာ စစ္ေဆးမႈလုပ္ငန္းစဥ္မ်ား ျပဳလုပ္ႏိုင္ရန္ အေရးႀကီးေၾကာင္း၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ၎တို႔အတြက္ တာဝန္ေပးထားသည့္ အုပ္ခ်ဳပ္မႈဆိုင္ရာ တာဝန္ရွိသူမ်ားအားလုံးကိုလည္း စစ္ေဆးေပးရမည္ျဖစ္ေၾကာင္း၊ ထပ္မံ၍ မွာၾကားလိုသည္မွာ အေျခအေနမွန္ကို အခ်ိန္ႏွင့္ တစ္ေျပးညီ သိရွိႏိုင္ရန္လိုအပ္ေၾကာင္း တာဝန္ေပး၍ လုပ္ေဆာင္သည္မဟုတ္ဘဲ လူတိုင္းလူတိုင္း တာဝန္သိသိျဖင့္ လုပ္ေဆာင္ၾက ရန္လိုေၾကာင္းျဖင့္ မွာၾကားသည္။

ယေန႔အထိ တပ္မေတာ္အတြင္း COVID-19 ေရာဂါကူးစက္ခံရသူ၊ ေရာဂါပိုးေတြ႕ ရွိမႈအေနျဖင့္ ႐ုရွားႏိုင္ငံတြင္ ပညာေတာ္သင္သြားေရာက္လ်က္ရွိသည့္ အရာရွိ(၅)ဦး၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း၌ စစ္သည္(၁)ဦး၊ ေပါင္း(၆)ဦးျဖစ္ၿပီး Hospital Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္သား(၁၆)ဦး၊ မွီခို(၄)ဦး၊ Home Quarantine ေစာင့္ၾကည့္သူ၊တပ္မေတာ္သား(၂၈၅)ဦး၊ မွီခို(၇၇)ဦး၊ Facilities Quarantine ေစာင့္ၾကည့္ သူ တပ္မေတာ္သား(၃၂၈)ဦး၊ မွီခို(၂၅)ဦးျဖစ္ၿပီး Facilities Quarantine ေစာင့္ၾကည့္ရန္အတြက္ ေနျပည္ေတာ္ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ျပည္သူ (၂၉၇)ဦး၊ ရန္ကုန္စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ျပည္သူ (၂၀၅)ဦး၊ မႏၲေလးၿမိဳ႕ရွိ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ျပည္သူ(၂၀)ဦး စုစုေပါင္း ျပည္သူ (၅၂၂)ဦးတို႔ျဖစ္ေၾကာင္းႏွင့္ ၎တို႔အားလုံး၏ က်န္းမာေရးအေျခအေန ေကာင္းမြန္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။