တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံ၌ COVID-19  ရောဂါရှာဖွေရေး RT-PCR  စက် တပ်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၊ ပြည်သူ့ဆေးရုံအတွက် ဆေးအထောက် အကူပစ္စည်းများပေးအပ်လှူဒါန်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံ၌ COVID-19  ရောဂါရှာဖွေရေး RT-PCR  စက် တပ်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၊ ပြည်သူ့ဆေးရုံအတွက် ဆေးအထောက် အကူပစ္စည်းများပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ – ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံ၊ ဇီဝမော်လီကျူးဆိုင်ရာ ဓာတ်ခွဲခန်းတွင် ထားရှိတပ်ဆင်ထားသည့် COVID-19    ရောဂါရှာဖွေရေး RT-PCR (Thermocycle ROTOR GENE-6000) စက်တပ်ဆင်ထားရှိမှုနှင့် အသုံး ပြုပုံအဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား တိုင်းမှူးနှင့် ဆေးရုံမှတာဝန်ရှိသူ တစ်ဦးတို့က ဆေးရုံအစည်း အဝေးခန်းတွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု အခြေအနေများ၊ ပြည်သူ့ဆေးရုံများသို့ ဆေးအကာအကွယ် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှု အခြေအနေများ၊ စစ်မှုထမ်းဟောင်းများ နှင့် တပ်မတော်တွင် အသက်စွန့်တာဝန်ထမ်း ဆောင်ခဲ့ကြသည့် အရာရှိစစ်သည်များ၏ မိသားစုဝင်များအား ရိက္ခာထောက်ပံ့ပေးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ် သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။ ယင်းနောက် ဇီဝမော်လီကျူးဆိုင်ရာ ဓာတ်ခွဲခန်းတွင် ထားရှိ တပ်ဆင်ထားသည့် COVID-19  ရောဂါရှာဖွေရေး RT-PCR (Thermocycle ROTOR GENE-6000) စက်တပ်ဆင် ထားရှိမှုနှင့် အသုံးပြုပုံအဆင့်ဆင့်တို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် ဆေးရုံမှတာဝန်ရှိသူတစ်ဦးတို့က ရှင်းလင်းပြသကြသည်။ ထို့နောက် Quarantine  ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံ မှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများအား တွေ့ဆုံ၍ COVID-19ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းအထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး အခြားနယ်မြေ ဒေသများနှင့် မတူညီ ကြောင်း၊ လေကြောင်းလမ်းသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြေးဆွဲရန်ခက်ခဲမှုများရှိကြောင်း၊ ထို့ပြင် ဤနယ်မြေသည် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံ တို့နှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ COVID-19 ရောဂါကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌စတင်တွေ့ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကူးစက်မှုများ ဖြစ်ပေါ် ခဲ့ကြောင်း၊ ထိုစဉ်ကတည်းကပင် တပ်မတော်ကကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရောဂါကူးစက်ခံထားရသူ ၁၇၈ ဦးရှိပြီ ဖြစ်ကြောင်း၊ COVID-19 ရောဂါပိုးသည် မျက်စိဖြင့် မမြင်နိုင်၊မတွေ့နိုင်သည့်အတွက် လူတိုင်းကိုယ်စီအသိဖြင့် သတိထားနေထိုင်ကြ ရမည်ဖြစ်ကြောင်း၊ ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စည်းကမ်းပိုင်းတွင် တင်းကြပ်စွာကိုင်တွယ်ရမည်ဖြစ်ကြောင်း။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ သံသယလူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန်ပေးပို့ရာတွင် လမ်းခရီးအလွန်ကွာဝေးခက်ခဲခြင်း၊ ပို့ဆောင်စဉ် အချိန်ကာလကြာမြင့်သဖြင့် ကူးစက်မှုနှုန်းမြင့်လာနိုင်ခြင်းတို့ကြောင့် တပ်မတော်က ရောဂါရှာဖွေရေး RT-PCR (Thermocycle ROTOR GENE-6000)  စက်ကို ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံတွင် တပ်ဆင်ထားရှိဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်နယ်ဆေးရုံ အချို့တွင် ဆရာဝန်များမရှိဟုသိရှိရကြောင်း၊ အကယ်၍ အခက်အခဲများ ရှိပါက တပ်မတော်မှ ဆေးဝန်ထမ်းအဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  လက်ရှိတွင်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများကို ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်သားများ၊ အရပ်သားအစားခန့် ဝန်ထမ်းများ၏ လုပ်ခလစာငွေများမှ လှူဒါန်းရရှိငွေများဖြင့် ဝယ်ယူလှူဒါန်းလျက်ရှိကြောင်း၊ အဆိုပါလှူဒါန်း ထားရှိသည့် ပစ္စည်းများကို အကျိုးရှိစွာဖြင့် သုံးစွဲကြစေလိုကြောင်း။

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို ရောဂါလက္ခဏာ ၈ မျိုးဖြင့် စစ်ဆေးပြီး မသင်္ကာဖွယ်တွေ့ ရှိသူများ အား အပူချိန်တိုင်းတာခြင်း၊ Test Kit ဖြင့် စစ်ဆေးခြင်း ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံသုံးနိုင်ငံနှင့် ထိစပ်နေသည့် နယ်မြေဖြစ်သည့်အတွက် ပိုမိုဂရုစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဝင်ပေါက်များကို စနစ်တကျ စစ်ဆေး ဆောင်ရွက်ရန်နှင့် နယ်စပ်မြို့များတွင် ဆရာဝန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အခြေခံအချက် များကို လိုက်နာနိုင်အောင် ပညာပေးရမည်ဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့် အားနာနေ၍မရဘဲ ပြောဆိုရန် တာဝန်ရှိကြောင်း၊ တာဝန်ပေး၍မဟုတ်ဘဲ တစ်ဦးချင်းအသိဖြင့် တာဝန်သိသိဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက် ခံထားရသူများကိုလည်း ကောင်းမွန်သောဆက်ဆံရေးဖြင့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးကြ ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြင့်ကျော်နှင့် ဆေးရုံ အုပ်ကြီး ဒေါက်တာလှဋ္ဌေးမင်းတို့က တပ်မတော်မှ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများကို ပြည်သူ့ဆေးရုံကြီးများ၊ တိုက်နယ်ဆေးရုံ၊ ပြည်နယ်ဆေးရုံ၊ ဘိုးဘွားရိပ်သာများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ ပေးအပ်လှူ ဒါန်းခြင်းများသည် ကျန်းမာရေးဝန်ထမ်းများအတွက် အားဖြစ်စေသောကြောင့် ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ လက်ရှိတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ နှင့် ပြည်သူများ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသဖြင့် ရောဂါကူးစက်ခံထားရသူ  ၃ ဦးမှ လွဲ၍ အခြေအနေကို ထိန်းချုပ်ထားနိုင် ခဲ့ကြောင်း၊ သံသယလူနာ ၅ ဦးအနက် ၃ ဦးမှာ ရောဂါပိုးတွေ့ရှိခြင်း မရှိကြောင်း တွေ့ရှိရပြီး ကျန်နှစ်ဦးကို စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်မှ ဆေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာဝန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်အတွက် သက်ဆိုင် ရာဌာနများသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးတင်ပြကြသည်။

ထို့နောက်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီးအတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြု ပစ္စည်းများဖြစ်သည့်  Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ စုံ၊ Surgical Masks  ၁၀၀၀၀ ခု၊ Goggles ၁၀၀ ခု၊ Surgical Gloves  ၃၀၀၀ ခု၊ Bleaching Powder ၃ ပုံး၊ Non-Contact Thermometer ၅၀ ခု၊Hand Gel ၂၅၀ ဘူးနှင့် N 95 Mask ၅၀၀ ခုတို့နှင့် စားသောက်ဖွယ်ရာများအားပေးအပ်လှူဒါန်းရာ ဒေါက်တာမြင့်ကျော်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါ COVID-19 ရောဂါရှာဖွေရေး RT-PCR (Thermocycle  ROTOR GENE-6000) စက်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓတ်ခွဲမှုဆိုင်ရာဌာနသို့ သံသယလူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ် ရန်ပေးပို့ရာတွင် လမ်းခရီးအလွန်ကွာဝေးခက်ခဲခြင်း၊ သွားလာမှုအချိန်၊ နေရာ၊ လူ ကန့် သတ်ချက်များဖြစ်ပေါ်နေသည့်အတွက် ကျိုင်းတုံမြို့တွင် ထားရှိဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အချိန် ၃ နာရီ အတွင်း လူဦးရေ ၃၄ ဦးကို စစ်ဆေးပေးနိုင်ပြီး ၂၄ နာရီအတွင်း ပျမ်းမျှလူဦးရေ ၂၀၀ ဝန်းကျင်ခန့် စစ်ဆေးပေးနိုင်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သီလ ဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်ကြကာ လက်ယာရစ် လှည့် လည်ပူဇော်ကြသည်။

ယင်းနောက် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများနှင့် ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်မည့် ဆင်းတုတော်၊ ရုပ်ပွားတော်များ ထုဆစ်ရာတွင် လိုအပ်မည့် ကျောက်များထုတ်လုပ်၍ ကျောက်ဆစ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် တည်ထားကိုးကွယ်ထား ခြင်းဖြစ်ကြောင်း၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ  မဟာဗောဓိ စေတီတော်မြတ်ကြီး၏ ပုံစံအတိုင်းတည်ထားကိုးကွယ်မည်ဖြစ်ပြီး ဥာဏ်တော် အမြင့် ၁၀၈ ပေရှိမည်ဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ကို ထပ်မံတည်ထားကိုးကွယ်နိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည် ဆောက်ပူဇော်လျက်ရှိသည်။

(ZAWGYI)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က်ိဳင္းတုံၿမိဳ႕၊ တပ္မေတာ္ေဆး႐ုံ၌ COVID-19  ေရာဂါရွာေဖြေရး RT-PCR  စက္ တပ္ဆင္ထားရွိမႈအား ၾကည့္ရႈစစ္ေဆး၊ ျပည္သူ႔ေဆး႐ုံအတြက္ ေဆးအေထာက္ အကူပစၥည္းမ်ားေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ေမ – ၁၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးဗိုလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ ယေန႔နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕၊ တပ္မေတာ္ေဆး႐ုံ၊ ဇီဝေမာ္လီက်ဴးဆိုင္ရာ ဓာတ္ခြဲခန္းတြင္ ထားရွိတပ္ဆင္ထားသည့္ COVID-19    ေရာဂါရွာေဖြေရး RT-PCR (Thermocycle ROTOR GENE-6000) စက္တပ္ဆင္ထားရွိမႈႏွင့္ အသုံး ျပဳပုံအဆင့္ဆင့္တို႔အား လိုက္လံၾကည့္ရႈၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား တိုင္းမႉးႏွင့္ ေဆး႐ုံမွတာဝန္ရွိသူ တစ္ဦးတို႔က ေဆး႐ုံအစည္း အေဝးခန္းတြင္ COVID-19 ေရာဂါႏွင့္ ပတ္သက္၍ ေဆာင္႐ြက္ထားမႈ အေျခအေနမ်ား၊ ျပည္သူ႔ေဆး႐ုံမ်ားသို႔ ေဆးအကာအကြယ္ အေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္လႉဒါန္းမႈ အေျခအေနမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား ႏွင့္ တပ္မေတာ္တြင္ အသက္စြန႔္တာဝန္ထမ္း ေဆာင္ခဲ့ၾကသည့္ အရာရွိစစ္သည္မ်ား၏ မိသားစုဝင္မ်ားအား ရိကၡာေထာက္ပံ့ေပးမႈ အေျခအေနတို႔အား ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္ သည္မ်ား ျပန္လည္ေဆြးေႏြးမွာၾကားသည္။ ယင္းေနာက္ ဇီဝေမာ္လီက်ဴးဆိုင္ရာ ဓာတ္ခြဲခန္းတြင္ ထားရွိ တပ္ဆင္ထားသည့္ COVID-19  ေရာဂါရွာေဖြေရး RT-PCR (Thermocycle ROTOR GENE-6000) စက္တပ္ဆင္ ထားရွိမႈႏွင့္ အသုံးျပဳပုံအဆင့္ဆင့္တို႔အား လိုက္လံၾကည့္ရႈစစ္ေဆးရာ ေဆးဝန္ထမ္းၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ စိုးဝင္းႏွင့္ ေဆး႐ုံမွတာဝန္ရွိသူတစ္ဦးတို႔က ရွင္းလင္းျပသၾကသည္။ ထို႔ေနာက္ Quarantine  ထားရွိရန္ ျပင္ဆင္ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားအား လိုက္လံၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္မ်ားမွာၾကားခဲ့သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ က်ိဳင္းတုံၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံ မွ တာဝန္ရွိသူမ်ားႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔မွ တာဝန္ရွိသူမ်ားအား ေတြ႕ဆုံ၍ COVID-19ေရာဂါကာကြယ္ ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းအေထာက္ အကူျပဳပစၥည္းမ်ား ေပးအပ္လႉဒါန္းရျခင္းႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသသည္ လမ္းပန္းဆက္သြယ္မႈခက္ခဲၿပီး အျခားနယ္ေျမ ေဒသမ်ားႏွင့္ မတူညီ ေၾကာင္း၊ ေလေၾကာင္းလမ္းသည္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျပးဆြဲရန္ခက္ခဲမႈမ်ားရွိေၾကာင္း၊ ထို႔ျပင္ ဤနယ္ေျမသည္ ထိုင္း၊ လာအို၊ တ႐ုတ္ႏိုင္ငံ တို႔ႏွင့္လည္း ဆက္စပ္လ်က္ရွိေၾကာင္း၊ COVID-19 ေရာဂါကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလတြင္ တ႐ုတ္ႏိုင္ငံ၌စတင္ေတြ႕ရွိခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလတြင္ ကူးစက္မႈမ်ား ျဖစ္ေပၚ ခဲ့ေၾကာင္း၊ ထိုစဥ္ကတည္းကပင္ တပ္မေတာ္ကႀကိဳတင္ျပင္ဆင္မႈမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံ၌ ေရာဂါကူးစက္ခံထားရသူ ၁၇၈ ဦးရွိၿပီ ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါပိုးသည္ မ်က္စိျဖင့္ မျမင္ႏိုင္၊မေတြ႕ႏိုင္သည့္အတြက္ လူတိုင္းကိုယ္စီအသိျဖင့္ သတိထားေနထိုင္ၾက ရမည္ျဖစ္ေၾကာင္း၊ ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ ပတ္သက္၍ စည္းကမ္းပိုင္းတြင္ တင္းၾကပ္စြာကိုင္တြယ္ရမည္ျဖစ္ေၾကာင္း။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာ ဌာနသို႔ သံသယလူနာမ်ား၏ တို႔ဖတ္နမူနာမ်ား ဓာတ္ခြဲစမ္းသပ္မႈျပဳလုပ္ရန္ေပးပို႔ရာတြင္ လမ္းခရီးအလြန္ကြာေဝးခက္ခဲျခင္း၊ ပို႔ေဆာင္စဥ္ အခ်ိန္ကာလၾကာျမင့္သျဖင့္ ကူးစက္မႈႏႈန္းျမင့္လာႏိုင္ျခင္းတို႔ေၾကာင့္ တပ္မေတာ္က ေရာဂါရွာေဖြေရး RT-PCR (Thermocycle ROTOR GENE-6000)  စက္ကို က်ိဳင္းတုံၿမိဳ႕၊ တပ္မေတာ္ေဆး႐ုံတြင္ တပ္ဆင္ထားရွိေဆာင္႐ြက္ ခဲ့ျခင္းျဖစ္ေၾကာင္း၊ တိုက္နယ္ေဆး႐ုံ အခ်ိဳ႕တြင္ ဆရာဝန္မ်ားမရွိဟုသိရွိရေၾကာင္း၊ အကယ္၍ အခက္အခဲမ်ား ရွိပါက တပ္မေတာ္မွ ေဆးဝန္ထမ္းအဖြဲ႕မ်ားျဖင့္ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊  လက္ရွိတြင္လည္း COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း အေထာက္အကူျပဳပစၥည္းမ်ားကို ျပည္သူ႔ေဆး႐ုံ၊ တိုက္နယ္ေဆး႐ုံမ်ားႏွင့္ ေက်းလက္က်န္းမာေရးဌာနမ်ားသို႔ တပ္မေတာ္သားမ်ား၊ အရပ္သားအစားခန႔္ ဝန္ထမ္းမ်ား၏ လုပ္ခလစာေငြမ်ားမွ လႉဒါန္းရရွိေငြမ်ားျဖင့္ ဝယ္ယူလႉဒါန္းလ်က္ရွိေၾကာင္း၊ အဆိုပါလႉဒါန္း ထားရွိသည့္ ပစၥည္းမ်ားကို အက်ိဳးရွိစြာျဖင့္ သုံးစြဲၾကေစလိုေၾကာင္း။

ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ားကို ေရာဂါလကၡဏာ ၈ မ်ိဳးျဖင့္ စစ္ေဆးၿပီး မသကၤာဖြယ္ေတြ႕ ရွိသူမ်ား အား အပူခ်ိန္တိုင္းတာျခင္း၊ Test Kit ျဖင့္ စစ္ေဆးျခင္း ေဆာင္႐ြက္သင့္ေၾကာင္း၊ ႏိုင္ငံသုံးႏိုင္ငံႏွင့္ ထိစပ္ေနသည့္ နယ္ေျမျဖစ္သည့္အတြက္ ပိုမိုဂ႐ုစိုက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ နယ္စပ္ဝင္ေပါက္မ်ားကို စနစ္တက် စစ္ေဆး ေဆာင္႐ြက္ရန္ႏွင့္ နယ္စပ္ၿမိဳ႕မ်ားတြင္ ဆရာဝန္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးရမည္ျဖစ္ေၾကာင္း၊ အေျခခံအခ်က္ မ်ားကို လိုက္နာႏိုင္ေအာင္ ပညာေပးရမည္ျဖစ္ၿပီး တာဝန္ရွိသူမ်ားအေနျဖင့္ အားနာေန၍မရဘဲ ေျပာဆိုရန္ တာဝန္ရွိေၾကာင္း၊ တာဝန္ေပး၍မဟုတ္ဘဲ တစ္ဦးခ်င္းအသိျဖင့္ တာဝန္သိသိေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေရာဂါကူးစက္ ခံထားရသူမ်ားကိုလည္း ေကာင္းမြန္ေသာဆက္ဆံေရးျဖင့္ ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ ေပးၾက ရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ က်ိဳင္းတုံၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲႏိုင္၊ ကုသေရးႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ေဒါက္တာျမင့္ေက်ာ္ႏွင့္ ေဆး႐ုံ အုပ္ႀကီး ေဒါက္တာလွေ႒းမင္းတို႔က တပ္မေတာ္မွ COVID-19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း အေထာက္အကူျပဳပစၥည္းမ်ားကို ျပည္သူ႔ေဆး႐ုံႀကီးမ်ား၊ တိုက္နယ္ေဆး႐ုံ၊ ျပည္နယ္ေဆး႐ုံ၊ ဘိုးဘြားရိပ္သာမ်ားႏွင့္ ေက်းလက္က်န္းမာေရးဌာနမ်ားသို႔ ေပးအပ္လႉ ဒါန္းျခင္းမ်ားသည္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ အားျဖစ္ေစေသာေၾကာင့္ ေက်းဇူးအထူးပင္တင္ရွိပါေၾကာင္း၊ လက္ရွိတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၌ က်န္းမာေရးဝန္ထမ္းမ်ား၊ တပ္မေတာ္သားမ်ား ႏွင့္ ျပည္သူမ်ား ဝိုင္းဝန္း ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသျဖင့္ ေရာဂါကူးစက္ခံထားရသူ  ၃ ဦးမွ လြဲ၍ အေျခအေနကို ထိန္းခ်ဳပ္ထားႏိုင္ ခဲ့ေၾကာင္း၊ သံသယလူနာ ၅ ဦးအနက္ ၃ ဦးမွာ ေရာဂါပိုးေတြ႕ရွိျခင္း မရွိေၾကာင္း ေတြ႕ရွိရၿပီး က်န္ႏွစ္ဦးကို စစ္ေဆးမႈမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္မွ ေဆးပစၥည္းမ်ား၊ အာဟာရျဖည့္စားေသာက္ဖြယ္ရာမ်ား လႉဒါန္းမႈမ်ားကို ေက်းဇူးတင္ရွိပါေၾကာင္း၊ ဆရာဝန္လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးမည့္အတြက္ သက္ဆိုင္ ရာဌာနမ်ားသို႔ ဆက္လက္တင္ျပသြားမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြးတင္ျပၾကသည္။

ထို႔ေနာက္  တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က က်ိဳင္းတုံၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံႀကီးအတြက္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းအေထာက္အကူျပဳ ပစၥည္းမ်ားျဖစ္သည့္  Personal Protective Equipment (PPE) ဝတ္စုံ ၁၀၀၀ စုံ၊ Surgical Masks  ၁၀၀၀၀ ခု၊ Goggles ၁၀၀ ခု၊ Surgical Gloves  ၃၀၀၀ ခု၊ Bleaching Powder ၃ ပုံး၊ Non-Contact Thermometer ၅၀ ခု၊Hand Gel ၂၅၀ ဘူးႏွင့္ N 95 Mask ၅၀၀ ခုတို႔ႏွင့္ စားေသာက္ဖြယ္ရာမ်ားအားေပးအပ္လႉဒါန္းရာ ေဒါက္တာျမင့္ေက်ာ္ႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရ ယူၾကသည္။

အဆိုပါ COVID-19 ေရာဂါရွာေဖြေရး RT-PCR (Thermocycle  ROTOR GENE-6000) စက္ကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)မွ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားက်န္းမာေရး ဓတ္ခြဲမႈဆိုင္ရာဌာနသို႔ သံသယလူနာမ်ား၏ တို႔ဖတ္နမူနာမ်ား ဓာတ္ခြဲစမ္းသပ္မႈျပဳလုပ္ ရန္ေပးပို႔ရာတြင္ လမ္းခရီးအလြန္ကြာေဝးခက္ခဲျခင္း၊ သြားလာမႈအခ်ိန္၊ ေနရာ၊ လူ ကန႔္ သတ္ခ်က္မ်ားျဖစ္ေပၚေနသည့္အတြက္ က်ိဳင္းတုံၿမိဳ႕တြင္ ထားရွိေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းႏွင့္ အခ်ိန္ ၃ နာရီ အတြင္း လူဦးေရ ၃၄ ဦးကို စစ္ေဆးေပးႏိုင္ၿပီး ၂၄ နာရီအတြင္း ပ်မ္းမွ်လူဦးေရ ၂၀၀ ဝန္းက်င္ခန႔္ စစ္ေဆးေပးႏိုင္ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ သီလ ဓမၼကုန္းသာေတာရေက်ာင္းတိုက္ ဦးစီးပဓာနနာယက(ဝစီပိတ္)ဆရာေတာ္ ဘဒၵႏၲေကာဝိဒ အမႉးျပဳ၍ က်ိဳင္းတုံၿမိဳ႕၏ အေရွ႕ေတာင္ဘက္ ၁၅ မိုင္ခန႔္အကြာ ပန္ကြဲေက်း႐ြာအနီးရွိ ဗုဒၶဥယ်ာဥ္ေတာ္ပရိဝုဏ္အတြင္း တည္ထားကိုးကြယ္သည့္ အဘယရာဇမုနိ ႐ုပ္ပြားေတာ္ ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္း ကပ္လႉ ပူေဇာ္ၾကကာ လက္ယာရစ္ လွည့္ လည္ပူေဇာ္ၾကသည္။

ယင္းေနာက္ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ေနမႈ အေျခအေနမ်ားႏွင့္ ဗုဒၶ ဥယ်ာဥ္ေတာ္အတြင္း တည္ထားကိုးကြယ္မည့္ ဆင္းတုေတာ္၊ ႐ုပ္ပြားေတာ္မ်ား ထုဆစ္ရာတြင္ လိုအပ္မည့္ ေက်ာက္မ်ားထုတ္လုပ္၍ ေက်ာက္ဆစ္လုပ္ငန္း ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား လိုက္လံၾကည့္ရႈခဲ့ၾကၿပီး လိုအပ္သည္မ်ား မွာၾကားျဖည့္ဆည္း ေဆာင္႐ြက္ေပးသည္။

အဆိုပါ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း အဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ ေအးခ်မ္းသာယာမႈရွိေစရန္၊ ေထရဝါဒဗုဒၶဘာသာ တည္တံ့ခိုင္ၿမဲေစရန္ႏွင့္ ျပည္တြင္းျပည္ပဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစရန္အတြက္ တည္ထားကိုးကြယ္ထား ျခင္းျဖစ္ေၾကာင္း၊ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးအား အိႏၵိယႏိုင္ငံ ဗုဒၶဂယာရွိ  မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီး၏ ပုံစံအတိုင္းတည္ထားကိုးကြယ္မည္ျဖစ္ၿပီး ဥာဏ္ေတာ္ အျမင့္ ၁၀၈ ေပရွိမည္ျဖစ္ကာ ဗုဒၶျမတ္စြာဘုရား၏ ဖြား၊ ပြင့္၊ ေဟာ၊ စံ သံေဝဇနိယ ေလးဌာနတို႔ကို ထပ္မံတည္ထားကိုးကြယ္ႏိုင္ေရးအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္အလႉရွင္မ်ား၏ စုေပါင္းလႉဒါန္းမႈမ်ားျဖင့္ တည္ ေဆာက္ပူေဇာ္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။