ကျိုင်းတုံမြို့ ဓမ္မောဒယပရိတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အာဇေယျ ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင် အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဓမ္မောဒယပရိတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အာဇေယျ ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့၊ ဘုရားကိုးဆူကုန်းတော်ပေါ်၌ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိ၊ နိုင်ငံတော်မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ လွိုင်လင်မြို့၊ သာသနဝိပုလဓာတ်တော် ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာနန္ဒ၊ တာချီလိတ်မြို့၊ မဟာမြတ်မုနိဘုရားကြီး ဆရာတော် အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တ ပညာသာမိ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကျိုင်းတုံမြို့၊ ဟိုခုံပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဇောတိက အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ လွိုင်လင်မြို့၊ သာသနာ့ ဝိပုလ ဓာတ်တော်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာ ကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ရွှေကျင်နိကာယ ဗဟိုဌာနနှင့် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ချုပ်တို့၏ သံဝေဂပွားတော်မူကြောင်း သဝဏ်လွှာနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဖတ်ကြားပူဇော်ခြင်း၊ ဓမ္မသံဝေဂဂါထာကို ဖတ်ကြားပူဇော်ခြင်းများဆောင်ရွက်ကြသည်။ ထို့နောက် ရှမ်းတိုင်းရင်းသားရေးရာယဉ်ကျေးမှုအဖွဲ့နှင့် မြန်မာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တို့က ရတု၊ တေးထပ်၊ သိင်္ဂါသံများဖြင့် သီကျူးပူဇော်ကြသည်။ ၎င်းနောက် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဘွယ်ပစ္စည်းများ အသီးသီးကပ်လှူပူဇော်ကြပြီး သံဝေဂကထာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တပည့်ဒါယိကာ၊ ဒါယိကာမများက အပြစ်ရှိကခွင့်လွှတ်တော်မူရန် တောင်းပန်ကန်တော့၍ ဆရာတော် ဘုရားကြီးအား နောက်ဆုံးတောင်းပန်ကန်တော့ကြသည်။

ယင်းနောက် ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား အန္တိမဈာပန တေဇောဓာတ်ဖြင့် မီးပူဇော်မည့်လောင်တိုက်တော်သို့ ဒေဝါဝင်း၊ ရာဇာဝင်းနှင့် တိုင်းရင်းသားရိုးရာအဖွဲ့ များဝဲယာခြံရံ၍ ဆရာတော်ကြီး၏ တပည့်သံဃာတော်များ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဈာပနကော်မတီဝင်များ၊ ဆွေတော်မျိုးတော်များနှင့် တပည့် ဒါယိကာများက ပင့်ဆောင်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပံ့သကူသင်္ကန်းများအား ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် သံဃာတော်များဦးဆောင်၍ အနိစ္စာဝတသင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကိုရွတ်ဆိုပွားပွားပြီး သာဓုသုံးကြိမ် ရွတ်ဆိုပွားများ၍ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အန္တိမဈာပန တေဇောဓာတ်ဖြင့် စတင်မီးပူဇော်ပြီး ရောင်စုံ မီးရှုးမီးပန်းများ လွှင့်တင်ပစ်ဖောက်ပူဇော်ခဲ့ကြသည်။

(Zawgyi Version)

က်ိဳင္းတုံၿမိဳ႕ ဓေမၼာဒယပရိတၱိစာသင္တိုက္ ဦးစီးပဓာနနာယက ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲ အာေဇယ် ဆရာေတာ္ဘုရားႀကီး၏ အႏၲိမဈာပန သာဓုကီဠန ပူဇာသဘင္ အခမ္းအနားက်င္းပျပဳလုပ္

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၁၅

ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ က်ိဳင္းတုံၿမိဳ႕၊ ဓေမၼာဒယပရိတၱိစာသင္တုိက္ ဦးစီးပဓာန နာယကဆရာေတာ္ အဘိဓဇမဟာရ႒ဂုရု အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲ အာေဇယ် ဆရာေတာ္ဘုရားႀကီး၏ အႏၲိမစ်ာပန သာဓုကီဠန ပူဇာသဘင္အခမ္းအနားအား ယေန႔မြန္းလြဲပုိင္းတြင္ က်ိဳင္းတုံၿမိဳ႕၊ ဘုရားကုိးဆူကုန္းေတာ္ေပၚ၌က်င္းပျပဳလုပ္သည္။

အဆုိပါအခမ္းအနားသုိ႔ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ ဆရာေတာ္ အဘိဓဇအဂၢမဟာ သဒၶမၼ ေဇာတိက၊ အဂၢမဟာပ႑ိတ ဘဒၵႏၲ ဓမၼသီရိ၊ ႏုိင္ငံေတာ္မဟာနာယကအဖြဲ႕ ဒုတိယဥကၠ႒၊ လြဳိင္လင္ၿမိဳ႕၊ သာသန၀ိပုလဓာတ္ေတာ္ ေက်ာင္းတုိက္ ပဓာနနာယက အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ ေဒါက္တာ ဘဒၵႏၲ ပညာနႏၵ၊ တာခ်ီလိတ္ၿမိဳ႕၊ မဟာျမတ္မုနိဘုရားႀကီး ဆရာေတာ္ အဂၢမဟာ သဒၶမေဇာတိကဓဇ ဘဒၵႏၲ ပညာသာမိ၊ ႏုိင္ငံေတာ္ဗဟုိသံဃာ့၀န္ေဆာင္ ဆရာေတာ္ က်ိဳင္းတုံၿမိဳ႕၊ ဟုိခုံပရိယတၲိစာသင္တုိက္ ပဓာနနာယက အဘိဓဇအဂၢ မဟာသဒၶမၼ ေဇာတိက ဘဒၵႏၲ ေဇာတိက အမွဴးျပဳေသာ ဆရာေတာ္ႀကီးမ်ား ၾကြေရာက္ ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတုိင္းစစ္ဌာန ခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ေအာင္ေဇာ္ေအး၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠ႒ႏွင့္ ျပည္နယ္အစုိးရအဖြဲ႕မွတာ၀န္ရွိသူမ်ား၊ ဒါယိကာ၊ ဒါယိကာမမ်ား တက္ေရာက္ပူေဇာ္ၾကသည္။

ဦးစြာ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဒုတိယဥကၠ႒၊ လြဳိင္လင္ၿမိဳ႕၊ သာသနာ့ ၀ိပုလ ဓာတ္ေတာ္ေက်ာင္းတုိက္ ပဓာနနာယက အဂၢမဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာ ဘဒၵႏၲပညာနႏၵထံမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာ ၾကသူမ်ားက ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားက ဆရာေတာ္ႀကီး၏႐ုပ္ကလာပ္ေတာ္အား စိန္ကတၱီပါလႊမ္း၍ ပူေဇာ္သည္။

ယင္းေနာက္ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၊ ေရႊက်င္နိကာယ ဗဟုိဌာနႏွင့္ ရွမ္းျပည္နယ္သံဃနာယကအဖြဲ႕ခ်ဳပ္တုိ႔၏ သံေ၀ဂပြားေတာ္မူေၾကာင္း သ၀ဏ္လႊာႏွင့္ သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန၏၀မ္းနည္းေၾကာင္း သ၀ဏ္လႊာအား ဖတ္ၾကားပူေဇာ္ျခင္း၊ ဓမၼသံေ၀ဂဂါထာကုိ ဖတ္ၾကားပူေဇာ္ျခင္းမ်ားေဆာင္ရြက္ၾကသည္။ ထုိ႔ေနာက္ ရွမ္းတုိင္းရင္းသားေရးရာယဥ္ေက်းမႈအဖြဲ႕ႏွင့္ ျမန္မာတုိင္းရင္းသား႐ုိးရာ ယဥ္ေက်းမႈအဖြဲ႕တုိ႔က ရတု၊ ေတးထပ္၊ သိဂၤါသံမ်ားျဖင့္ သီက်ဴးပူေဇာ္ၾကသည္။ ၎ေနာက္ ဆရာေတာ္ႀကီး၏ ေထ႐ုပၸတၱိအက်ဥ္းအား ဖတ္ၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအား လွဴဘြယ္ပစၥည္းမ်ား အသီးသီးကပ္လွဴပူေဇာ္ၾကၿပီး သံေ၀ဂကထာ တရားနာၾကား၍ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။ ထုိ႔ေနာက္ တပည့္ဒါယိကာ၊ ဒါယိကာမမ်ားက အျပစ္ရွိကခြင့္လႊတ္ေတာ္မူရန္ ေတာင္းပန္ကန္ေတာ့၍ ဆရာေတာ္ ဘုရားႀကီးအား ေနာက္ဆုံးေတာင္းပန္ကန္ေတာ့ၾကသည္။

ယင္းေနာက္ ဆရာေတာ္ႀကီး၏႐ုပ္ကလာပ္ေတာ္အား အႏၲိမစ်ာပန ေတေဇာဓာတ္ျဖင့္ မီးပူေဇာ္မည့္ေလာင္တုိက္ေတာ္သုိ႔ ေဒ၀ါ၀င္း၊ ရာဇာ၀င္းႏွင့္ တုိင္းရင္းသား႐ုိးရာအဖြဲ႕ မ်ား၀ဲယာၿခံရံ၍ ဆရာေတာ္ႀကီး၏ တပည့္သံဃာေတာ္မ်ား၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ား၊ စ်ာပနေကာ္မတီ၀င္မ်ား၊ ေဆြေတာ္မ်ိဳးေတာ္မ်ားႏွင့္ တပည့္ ဒါယိကာမ်ားက ပင့္ေဆာင္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠ႒ႏွင့္ ျပည္နယ္အစုိးရအဖြဲ႕၀င္မ်ားက ပံ့သကူသကၤန္းမ်ားအား ဆက္ကပ္လွဴဒါန္းၾကသည္။ ၎ေနာက္ သံဃာေတာ္မ်ားဦးေဆာင္၍ အနိစၥာ၀တသခၤါရာ အစခ်ီေသာ သံေ၀ဂသုံးဂါထာကုိရြတ္ဆုိပြားပြားၿပီး သာဓုသုံးႀကိမ္ ရြတ္ဆုိပြားမ်ား၍ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ဆရာေတာ္ အဘိဓဇ အဂၢမဟာ သဒၶမၼ ေဇာတိက၊ အဂၢမဟာပ႑ိတ ဘဒၵႏၲ ဓမၼသီရိႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တုိ႔က အႏၲိမစ်ာပန ေတေဇာဓာတ္ျဖင့္ စတင္မီးပူေဇာ္ၿပီး ေရာင္စုံ မီး႐ႈးမီးပန္းမ်ား လႊင့္တင္ပစ္ေဖာက္ပူေဇာ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။