ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းကောင်းမိတ်ဆွေပီသစွာဖြင့် မြန်မာနိုင်ငံအရေး ကူညီလုပ်ဆောင်မှုအခြေအနေများအပေါ် ရင်းနှီးစွာတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ – ၁၇

NCA သည်ငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်းဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီးမှသာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် လက်နက်ကိုင်လမ်းစဉ်ဖြင့် သွား၍မရနိုင်ကြောင်း၊ သို့ဖြစ်၍ NCA လက်မှတ်ရေးထိုးရန်မှာ ကနဦးလိုအပ်ချက်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang ၊ စစ်သံမှူး နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာဧည့်သည်တော်အထူးကိုယ်စားလှယ်က တရုတ်နိုင်ငံအစိုးရ၏ ရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခိုင်ခိုင်မာမာ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကောင်းမွန်သည့် အလားအလာများရှိသည်ဟုလည်း ယုံကြည်ကြောင်းပြောကြား၍ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပိုမိုနီးကပ်စွာဆက်ဆံ၍ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းလုပ်ဆောင်နေ သည်ကို သိရှိထောက်ခံပြီး အိမ်နီးချင်းမိတ်ဆွေကောင်းပီသစွာဖြင့် ဆက်လက်ရပ်တည်ကူညီလုပ်ဆောင်သွားမည့် အခြေအနေများ၊ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံတွင် ပြုလုပ်တော့မည့်(၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်နှင့် ပတ်သက်သည် များကို ဆွေးနွေးပြောကြားသည်။

ဧည့်သည်တော်အထူးကိုယ်စားလှယ်၏ ဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ မှန်ကန်စွာထောက်ခံရပ်တည်ခဲ့မှုများတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြား၍ နိုင်ငံတည်ငြိမ်အေးချမ်းမှုအတွက် ငြိမ်းချမ်းရေးမဖြစ်မနေရရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး NCA ကိုအကောင်အထည်ဖော်ဆောင် ရွက်ခဲ့သော်လည်း အဖွဲ့ ၈ ဖွဲ့နှင့်သာလက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းနှင့် ဒို့တာဝန်အရေးသုံးပါးကိုလက်ခံ ထိန်းသိမ်းလိုမှုအပေါ်အခြေခံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တပ်မတော်အနေဖြင့် လက်မှတ်ရေးထိုးရန် ကျန်ရှိသည့်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်ရန် အသင့်ရှိမှုများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တရားဥပဒေနှင့်အညီ မှန်ကန်စွာလုပ်ဆောင်နေသော်လည်း နိုင်ငံတကာမှသိရှိထားသည့် အချက်အလက်များမှာ မှားယွင်းနေကြောင်း၊ တရုတ်နိုင်ငံသံ အမတ်ကြီးတို့ကိုယ်တိုင် ယင်းဒေသကိုရောက်ရှိပြီး မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်၍ ပြီးပြည့်စုံသည်မဟုတ်သည့်တိုင် ခိုင်မာသည့် သက်သေအထောက်အထားတချို့ ရရှိမည်ဟုယုံကြည်ကြောင်း၊ ရခိုင်ဒေသအခြေအနေမှန်များကို နိုင်ငံတကာမှ မှန်ကန်စွာသိရှိစေရန် ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်နေကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မြေပြင်တွင်ဖြစ်ပျက်နေသည့် အရှိတရားများကို မှန်မှန်ကန်ကန်သိရှိလက်ခံရန် အရေးကြီးကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ထွက်ပြေးသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ရပ်တည်ပြောဆိုချက်တချို့မှာ ပုံကြီး ချဲ့ပြောဆိုမှုများရှိပြီး မမှန်ကန်ကြောင်း၊ မိမိတို့အနေဖြင့် အပြုသဘောဆောင်သော ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုကာကွယ်တားဆီးရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုမြှင့်တင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီ၏ (၁၉)ကြိမ်မြောက် ကွန်ဂရက်နှင့်ပတ်သက်ပြီး အောင်မြင်ပါစေကြောင်းနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုခိုင်မာရေးအတွက် ဆုံးဖြတ်လုပ်ဆောင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်တို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါသည်။

(Zawgyi Version)

ေဆြမ်ိဳးေပါက္ေဖာ္ အိမ္နီးခ်င္းေကာင္းမိတ္ေဆြပီသစြာျဖင့္ ျမန္မာႏိုင္ငံအေရး ကူညီလုပ္ေဆာင္မႈအေျခအေနမ်ားအေပၚ ရင္းႏွီးစြာေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၇

NCA သည္ၿငိမ္းခ်မ္းေရးအတြက္ ကနဦးေျခလွမ္းျဖစ္ေၾကာင္း၊ ပစ္ခတ္တုိက္ခိုက္မႈရပ္စဲၿပီးမွသာ ႏုိင္ငံေရးအရ ေဆြးေႏြးၫႇိႏႈိင္းမႈမ်ား ဆက္လက္ျပဳလုပ္ရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေရးတြင္ လက္နက္ကုိင္လမ္းစဥ္ျဖင့္ သြား၍မရႏုိင္ေၾကာင္း၊ သုိ႔ျဖစ္၍ NCA လက္မွတ္ေရးထုိးရန္မွာ ကနဦးလုိအပ္ခ်က္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ လက္မွတ္ေရးထုိးရန္က်န္ရွိသည့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားႏွင့္ ၫႇိႏႈိင္းေဆြးေႏြးရန္ အသင့္ရွိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာ အထူးကုိယ္စားလွယ္ H.E.Mr. Sun Guoxiang အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာ အထူးကုိယ္စားလွယ္ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာတ႐ုတ္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Hong Liang ၊ စစ္သံမွဴး ႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ဦးစြာဧည့္သည္ေတာ္အထူးကိုယ္စားလွယ္က တ႐ုတ္ႏုိင္ငံအစုိးရ၏ ရပ္တည္ခ်က္မွာ ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကုိ ခုိင္ခုိင္မာမာ ေထာက္ခံပါေၾကာင္း၊ ျမန္မာႏုိင္ငံ၏ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ေကာင္းမြန္သည့္ အလားအလာမ်ားရွိသည္ဟုလည္း ယုံၾကည္ေၾကာင္းေျပာၾကား၍ ျမန္မာႏုိင္ငံေျမာက္ပုိင္းရွိ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႕မ်ားႏွင့္ ပုိမုိနီးကပ္စြာဆက္ဆံ၍ ၿငိမ္းခ်မ္းေရးအတြက္ ၫႇိႏႈိင္းေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္အေရးကိစၥတြင္ ျမန္မာႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္အေနျဖင့္ ႏုိင္ငံ၏လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ၿမဲေရးအတြက္ ထိန္းသိမ္းလုပ္ေဆာင္ေန သည္ကုိ သိရွိေထာက္ခံၿပီး အိမ္နီးခ်င္းမိတ္ေဆြေကာင္းပီသစြာျဖင့္ ဆက္လက္ရပ္တည္ကူညီလုပ္ေဆာင္သြားမည့္ အေျခအေနမ်ား၊ အၾကမ္းဖက္မႈ ကာကြယ္တားဆီးေရးလုပ္ငန္းမ်ားတြင္ နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္မႈအပါအ၀င္ ႏွစ္ႏုိင္ငံဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ေရးကိစၥရပ္မ်ား၊ တ႐ုတ္ႏုိင္ငံတြင္ ျပဳလုပ္ေတာ့မည့္(၁၉)ႀကိမ္ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီကြန္ဂရက္ႏွင့္ ပတ္သက္သည္ မ်ားကုိ ေဆြးေႏြးေျပာၾကားသည္။

ဧည့္သည္ေတာ္အထူးကိုယ္စားလွယ္၏ ေဆြးေႏြးမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ ပူးေပါင္းပါ၀င္ ေဆာင္ရြက္မႈ၊ ရခုိင္ျပည္နယ္အေရးကိစၥႏွင့္ ပတ္သက္ၿပီး ကုလသမဂၢအပါအ၀င္ ႏုိင္ငံတကာမ်က္ႏွာစာတြင္ ျမန္မာႏုိင္ငံဘက္မွ မွန္ကန္စြာေထာက္ခံရပ္တည္ခဲ့မႈမ်ားတြက္ ေက်းဇူးတင္ရွိေၾကာင္း ျပန္လည္ေျပာၾကား၍ ႏုိင္ငံတည္ၿငိမ္ေအးခ်မ္းမႈအတြက္ ၿငိမ္းခ်မ္းေရးမျဖစ္မေနရရွိေအာင္ ေဆာင္ရြက္ရန္လုိအပ္မႈ၊ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕အစည္း ၁၆ ဖြဲ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးၿပီး NCA ကုိအေကာင္အထည္ေဖာ္ေဆာင္ ရြက္ခဲ့ေသာ္လည္း အဖြဲ႕ ၈ ဖြဲ႕ႏွင့္သာလက္မွတ္ေရးထုိးႏုိင္ခဲ့မႈ၊ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းႏွင့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိလက္ခံ ထိန္းသိမ္းလုိမႈအေပၚအေျခခံၿပီး တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕အားလုံး NCA တြင္ ပါ၀င္လက္မွတ္ေရးထုိးႏုိင္ေရးအတြက္ တပ္မေတာ္အေနျဖင့္ လက္မွတ္ေရးထုိးရန္ က်န္ရွိသည့္အဖြဲ႕မ်ားႏွင့္ ေဆြးေႏြးၫႇိႏႈိင္း မႈမ်ားျပဳလုပ္ရန္ အသင့္ရွိမႈမ်ားအား ေဆြးေႏြးေျပာၾကားသည္။

ဆက္လက္ၿပီး ရခုိင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ ႏုိင္ငံေတာ္အစုိးရႏွင့္ တပ္မေတာ္အေနျဖင့္ တရားဥပေဒႏွင့္အညီ မွန္ကန္စြာလုပ္ေဆာင္ေနေသာ္လည္း ႏုိင္ငံတကာမွသိရွိထားသည့္ အခ်က္အလက္မ်ားမွာ မွားယြင္းေနေၾကာင္း၊ တ႐ုတ္ႏုိင္ငံသံ အမတ္ႀကီးတုိ႔ကုိယ္တုိင္ ယင္းေဒသကုိေရာက္ရွိၿပီး မ်က္ျမင္ေတြ႕ရွိခဲ့ၿပီးျဖစ္၍ ၿပီးျပည့္စုံသည္မဟုတ္သည့္တုိင္ ခုိင္မာသည့္ သက္ေသအေထာက္အထားတခ်ိဳ႕ ရရွိမည္ဟုယုံၾကည္ေၾကာင္း၊ ရခုိင္ေဒသအေျခအေနမွန္မ်ားကုိ ႏုိင္ငံတကာမွ မွန္ကန္စြာသိရွိေစရန္ ၀ုိင္း၀န္းကူညီလုပ္ေဆာင္ေပးေစလုိေၾကာင္း၊ ျမန္မာႏုိင္ငံအေနျဖင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံအပါအ၀င္ အိမ္နီးခ်င္းႏုိင္ငံအားလုံးႏွင့္ ခ်စ္ၾကည္ရင္းႏွီးစြာဆက္ဆံ၍ ပူးေပါင္းေဆာင္ရြက္မႈမ်ား ျမႇင့္တင္လုပ္ေဆာင္ေနေၾကာင္း၊ ထုိသို႔လုပ္ေဆာင္ရာတြင္ ေျမျပင္တြင္ျဖစ္ပ်က္ေနသည့္ အရွိတရားမ်ားကုိ မွန္မွန္ကန္ကန္သိရွိလက္ခံရန္ အေရးႀကီးေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဘက္သုိ႔ထြက္ေျပးသည့္ ဘဂၤါလီမ်ားႏွင့္ပတ္သက္၍ ရပ္တည္ေျပာဆုိခ်က္တခ်ိဳ႕မွာ ပုံႀကီး ခ်ဲ႕ေျပာဆုိမႈမ်ားရွိၿပီး မမွန္ကန္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္ အျပဳသေဘာေဆာင္ေသာ ေကာင္းမြန္သည့္ လုပ္ေဆာင္ခ်က္မ်ားကုိ ၫႇိႏႈိင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ အၾကမ္းဖက္မႈကာကြယ္တားဆီးေရးတြင္ နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္မႈအပါအ၀င္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ားလည္း ပုိမုိျမႇင့္တင္လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကား၍ တ႐ုတ္ျပည္သူ႕ကြန္ျမဴနစ္ပါတီ၏ (၁၉)ႀကိမ္ေျမာက္ ကြန္ဂရက္ႏွင့္ပတ္သက္ၿပီး ေအာင္ျမင္ပါေစေၾကာင္းႏွင့္ တ႐ုတ္ႏုိင္ငံ၏ ဖြံ႕ၿဖိဳးတုိးတက္မႈ ပုိမုိခိုင္မာေရးအတြက္ ဆုံးျဖတ္လုပ္ေဆာင္မႈမ်ားရရွိပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္း ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ အာရွေရးရာ အထူးကုိယ္စားလွယ္တို႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။