တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၏ ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ – ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေတို့လိုက်ပါပြီး ဇွန်လ ၁၈ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၏ ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမဇောတိက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ရှိ ယာယီစံကျောင်းသို့သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အားဖူးမြော်ကြည်ညိုပြီး သင်္ကန်းကပ်လှူပူဇော်သည်။ ယင်းနောက် ဆရာတော်ကြီး ပုံတူရုပ်တုတော်နှင့် ပန်းချီကားများအား ဖူးမြော်ကြည်ညိုပြီး ဂုဏ်ပြုပန်းခြင်းချပူဇော်၍ ဧည်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တကေတုမာလအား ဖူးမြော်ကြည်ညိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သာသနာရေးဆိုင်ရာများနှင့် အန္တိမဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်မည့်အခြေအနေများအားလျှောက်ထားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဆရာတော် ဘဒ္ဒန္တကေတုမာလထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က အန္တိမဈာပန သာဓုကီဠန ပူဇာသဘင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော် ဘဒ္ဒန္တ ကေတုမာလထံ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်၍ တပ်တော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား အန္တိမဈာပနပူဇာသဘင်ပြုလုပ်မည့် ရွှေမိုးတောင်သို့ စတင်ပင့်ဆောင်မည့်မြစ်ကမ်းနေရာသို့ရောက်ရှိကြရာ တိုင်းမှူးက ဧရာဝတီမြစ်ကြောင်းအတိုင်း ကရဝိတ်ဖောင်တော်ဖြင့်ပင့်ဆောင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေမိုးတောင်သို့ရောက်ရှိကြရာ ဦးစွာ ရှင်းလင်းဆောင်တွင် ရှင်ပင်မြတ်စွာ ရဟန္တာတစ်ထောင်ကိန်းဝပ်ရာ ဆုတောင်းပြည့်စေတီတော်ကြီး တည်ဆောက်ပြီးစီးနေမှုအခြေအနေများနှင့် ဆရာတော်ကြီး၏ အန္တိမဈာပနပူဇာသဘင် ကျင်းပပြုလုပ်မည့်အခြေအနေများအား တိုင်းမှူးက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာမှုများအပါအဝင် တည်ဆောက်မှုလက်ရာသေသပ်ကောင်းမွန်ရေး၊ ရင်ပြင်တော်အား စကျင်နေပူခံကျောက်ပြားများဖြင့် သပ်ရပ်စွာခင်းကျင်းရေးနှင့် ရေဆင်း ကောင်းမွန်ရေး၊ ဝန်သိုဆရာတော်ဘုရားကြီးဦးဆောင်မှုဖြင့် စတင်တည်ထားကိုးကွယ်ခြင်းဖြစ်၍ ဆရာတော်ကြီး၏ဆန္ဒအတိုင်း စေတီတော်ကြီးတည်ဆောက်ရေး လုပ်ငန်းများ အားလုံးပြီးစီးအောင်မြင်သည်အထိ ဝိုင်းဝန်းလုပ်ဆောင်ပေးရေးတို့အား မှာကြား၍ ရွှေပြားသင်္ကန်းကပ်လှူခြင်းအပါအဝင် ကျန်ရှိသည့်လုပ်ငန်းများအတွက် အလှူငွေများ ပါဝင်လှူဒါန်းရေးကိစ္စရပ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုသည်။ ယင်းနောက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အားတေဇောဓာတ်ဖြင့်ပူဇော်မည့် လောင်တိုက်တော်ကြီး တည်ဆောက်ထားရှိမှုအား လိုက်လံကြည့်ရှုသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်ရွှေမိုးတောင်တွင်တည်ဆောက်ထားရှိသည့် သံဃာ၊ ယောဂီ ၅၀၀ ဆန့် ဆွမ်းစားဆောင် နှစ်ထပ်အဆောက်အဦအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဆွမ်းစားဆောင် အဆောက်အဦနှင့် ဆွမ်းချက်ဆောင်အတွင်း လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

အဆိုပါရွှေမိုးတောင်စေတီတော်မြတ်ကြီးသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတို့အား ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတား၏ မြောက်ဘက်တစ်မိုင်ခန့်အကွာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ဓာတ်ပေါင်းစုစေတီနှစ်ဆူအား မြေအောက်တွင်ဌာပနာ၍လည်းကောင်း၊ ရဟန္တာ ရုပ်ပွားတော်တစ်ထောင်အား စေတီအောက်ဌာပနာသွင်း၍လည်းကောင်း တည်ဆောက်ထားရှိပြီး စေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ၇၇ ပေရှိသည်။ အဆိုပါစေတီတော်ကြီးတွင် ရွှေမိုးတောင်မှထွက်ရှိသည့် ဂရင်းနိုက်ကျောက်များဖြင့် ထုလုပ်ပူဇော်ထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များကိုလည်း ပူဇော်ထားရှိသည်။ လက်ရှိတွင် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများ၏ကောင်းမှုဖြင့် လုံးတော်ပြည့်ကြေးပြားကပ်ခြင်း ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်၍ ရွှေပြားသင်္ကန်းကပ်လှူရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး စေတီတော်ကြီး တည်ဆောက်မှု၏ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ျမစ္ႀကီးနားၿမိဳ႕၊ ဓမၼရကၡိတဝန္းသိုေက်ာင္းတိုက္၏ ဦးစီးပဓာနနာယက ႏိုင္ငံေတာ္ၾသဝါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမေဇာတိက၊ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲသီလဝံသ မဟာေထရ္ျမတ္ႀကီး၏ ဥတုဇ႐ုပ္ကလာပ္ေတာ္အား ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ညီညီေဆြတုိ႔လုိက္ပါၿပီး ဇြန္လ ၁၈ ရက္တြင္ ဘ၀နတ္ထံပ်ံလြန္ေတာ္မူခဲ့သည့္ ျမစ္ႀကီးနားၿမိဳ႕၊ ဓမၼရကၡိတ၀န္းသုိေက်ာင္းတုိက္၏ ဦးစီးပဓာနနာယက ႏုိင္ငံေတာ္ၾသ၀ါဒါ စရိယ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမေဇာတိက အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ ဘဒၵႏၲသီလ၀ံသ မဟာေထရ္ျမတ္ႀကီး၏ ဥတုဇ႐ုပ္ကလာပ္ေတာ္အား ယေန႔နံနက္ပုိင္းတြင္ ျမစ္ႀကီးနားၿမိဳ႕၊ ဓမၼရကၡိတ၀န္းသုိ ေက်ာင္းတုိက္ရွိ ယာယီစံေက်ာင္းသုိ႔သြားေရာက္ ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ဆရာေတာ္ႀကီး၏႐ုပ္ကလာပ္ေတာ္အားဖူးေျမာ္ၾကည္ညိဳၿပီး သကၤန္းကပ္လွဴပူေဇာ္သည္။ ယင္းေနာက္ ဆရာေတာ္ႀကီး ပုံတူ႐ုပ္တုေတာ္ႏွင့္ ပန္းခ်ီကားမ်ားအား ဖူးေျမာ္ၾကည္ညိဳၿပီး ဂုဏ္ျပဳပန္းျခင္းခ်ပူေဇာ္၍ ဧည္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဓမၼရကၡိတ ၀န္းသုိေက်ာင္းတုိက္ ေက်ာင္းထုိင္ဆရာေတာ္ အဂၢမဟာဂႏၳ၀ါစကပ႑ိတ သာသနာ့ဓဇ ဓမၼာစရိယ ဘဒၵႏၲေကတုမာလအား ဖူးေျမာ္ၾကည္ညိဳၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သာသနာေရးဆုိင္ရာမ်ားႏွင့္ အႏၲိမစ်ာပန သာဓုကီဠနပူဇာသဘင္ အခမ္းအနား က်င္းပျပဳလုပ္မည့္အေျခအေနမ်ားအားေလွ်ာက္ထားသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္ ဘဒၵႏၲေကတုမာလထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က အႏၲိမစ်ာပန သာဓုကီဠန ပူဇာသဘင္ ေအာင္ျမင္စြာက်င္းပႏုိင္ေရးအတြက္ ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ အလွဴေငြမ်ားႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား ဆရာေတာ္ ဘဒၵႏၲ ေကတုမာလထံ ဆက္ကပ္လွဴဒါန္းၾကသည္။ ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားက သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားအား ဆက္ကပ္လွဴဒါန္းၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။

ဆက္လက္၍ တပ္ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္အား အႏၲိမစ်ာပနပူဇာသဘင္ျပဳလုပ္မည့္ ေရႊမုိးေတာင္သုိ႔ စတင္ပင့္ေဆာင္မည့္ျမစ္ကမ္းေနရာသုိ႔ေရာက္ရွိၾကရာ တုိင္းမွဴးက ဧရာ၀တီျမစ္ေၾကာင္းအတုိင္း ကရ၀ိတ္ေဖာင္ေတာ္ျဖင့္ပင့္ေဆာင္မည့္ အစီအစဥ္မ်ားကုိ ရွင္းလင္းတင္ျပသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေရႊမုိးေတာင္သုိ႔ေရာက္ရွိၾကရာ ဦးစြာ ရွင္းလင္းေဆာင္တြင္ ရွင္ပင္ျမတ္စြာ ရဟႏၲာတစ္ေထာင္ကိန္း၀ပ္ရာ ဆုေတာင္းျပည့္ေစတီေတာ္ႀကီး တည္ေဆာက္ၿပီးစီးေနမႈအေျခအေနမ်ားႏွင့္ ဆရာေတာ္ႀကီး၏ အႏၲိမစ်ာပနပူဇာသဘင္ က်င္းပျပဳလုပ္မည့္အေျခအေနမ်ားအား တုိင္းမွဴးက ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာမႈမ်ားအပါအ၀င္ တည္ေဆာက္မႈလက္ရာေသသပ္ေကာင္းမြန္ေရး၊ ရင္ျပင္ေတာ္အား စက်င္ေနပူခံေက်ာက္ျပားမ်ားျဖင့္ သပ္ရပ္စြာခင္းက်င္းေရးႏွင့္ ေရဆင္း ေကာင္းမြန္ေရး၊ ၀န္သုိဆရာေတာ္ဘုရားႀကီးဦးေဆာင္မႈျဖင့္ စတင္တည္ထားကုိးကြယ္ျခင္းျဖစ္၍ ဆရာေတာ္ႀကီး၏ဆႏၵအတုိင္း ေစတီေတာ္ႀကီးတည္ေဆာက္ေရး လုပ္ငန္းမ်ား အားလုံးၿပီးစီးေအာင္ျမင္သည္အထိ ၀ုိင္း၀န္းလုပ္ေဆာင္ေပးေရးတုိ႔အား မွာၾကား၍ ေရႊျပားသကၤန္းကပ္လွဴျခင္းအပါအ၀င္ က်န္ရွိသည့္လုပ္ငန္းမ်ားအတြက္ အလွဴေငြမ်ား ပါ၀င္လွဴဒါန္းေရးကိစၥရပ္မ်ားအား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေစတီေတာ္ႀကီး တည္ေဆာက္ၿပီးစီးမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈသည္။ ယင္းေနာက္ ဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္အားေတေဇာဓာတ္ျဖင့္ပူေဇာ္မည့္ ေလာင္တုိက္ေတာ္ႀကီး တည္ေဆာက္ထားရွိမႈအား လုိက္လံၾကည့္႐ႈသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ေရႊမုိးေတာင္တြင္တည္ေဆာက္ထားရွိသည့္ သံဃာ၊ ေယာဂီ ၅၀၀ ဆန္႔ ဆြမ္းစားေဆာင္ ႏွစ္ထပ္အေဆာက္အဦအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳ၍ ဆြမ္းစားေဆာင္ အေဆာက္အဦႏွင့္ ဆြမ္းခ်က္ေဆာင္အတြင္း လွည့္လည္ၾကည့္႐ႈရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပၾကသည္။

အဆုိပါေရႊမုိးေတာင္ေစတီေတာ္ျမတ္ႀကီးသည္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ၀ုိင္းေမာ္ၿမိဳ႕နယ္ မုိင္းနားေက်းရြာတုိ႔အား ဆက္သြယ္ထားသည့္ ဧရာ၀တီျမစ္ကူး ဗလမင္းထင္တံတား၏ ေျမာက္ဘက္တစ္မုိင္ခန္႔အကြာတြင္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ဓာတ္ေပါင္းစုေစတီႏွစ္ဆူအား ေျမေအာက္တြင္ဌာပနာ၍လည္းေကာင္း၊ ရဟႏၲာ ႐ုပ္ပြားေတာ္တစ္ေထာင္အား ေစတီေအာက္ဌာပနာသြင္း၍လည္းေကာင္း တည္ေဆာက္ထားရွိၿပီး ေစတီေတာ္ႀကီးသည္ ဉာဏ္ေတာ္အျမင့္ ၇၇ ေပရွိသည္။ အဆုိပါေစတီေတာ္ႀကီးတြင္ ေရႊမုိးေတာင္မွထြက္ရွိသည့္ ဂရင္းႏုိက္ေက်ာက္မ်ားျဖင့္ ထုလုပ္ပူေဇာ္ထားသည့္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ားကုိလည္း ပူေဇာ္ထားရွိသည္။ လက္ရွိတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ေလ) မိသားစုမ်ား၏ေကာင္းမႈျဖင့္ လုံးေတာ္ျပည့္ေၾကးျပားကပ္ျခင္း ရာခုိင္ႏႈန္းျပည့္ ၿပီးစီးၿပီျဖစ္၍ ေရႊျပားသကၤန္းကပ္လွဴရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိၿပီး ေစတီေတာ္ႀကီး တည္ေဆာက္မႈ၏ ၉၀ ရာခုိင္ႏႈန္းခန္႔ ၿပီးစီးၿပီျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။