တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီး သို့ သွားရောက် လေ့လာ

နေပြည်တော်၊ ဇွန် – ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ် မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၃ ရက်ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် မော်စကိုမြို့၊ အနောက်တောင် ဘက် ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံရှိ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးMain Cathedral of the Russian Armed Forces သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ တာဝန်ရှိသူများ က ကျောင်းတော်ကြီးအတွင်းလိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် ပင်မဘုရား ရှိခိုးကျောင်းတော်ကြီး အနီးရှိ ပြတိုက်အတွင်းဝင်ရောက်၍ ဒုတိယကမ္ဘာစစ် ဖြစ်ပွား စဉ်ကာလအတွင်း အသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံး အဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး အသုံးအဆောင်ပစ္စည်းများနှင့် စစ်ပွဲများအကြောင်းကို Program များဖြင့် ပြုလုပ်ပြသ ထားမှုများအား လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးကို ၂၀၂၀ ပြည့် နှစ်၊ မေလ ၉ ရက်တွင် ကျရောက်သော Victory Day of Great Patriotic War (၇၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်မတော်၏ ဗဟိုစစ်ဘက်ဆိုင်ရာ ကျက်သရေဆောင်နေရာ Center of Military Glory ဖြစ်လာစေရန်နှင့် သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံး၊ သွေးထွက်သံယိုမှု အများဆုံး စစ်ပွဲကြီးတွင် ကျဆုံးခဲ့ကြသည့် ရုရှားစစ်သည်တော်များကိုအမှတ်တရ ဖြစ်လာစေရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၉၆ မီတာ အမြင့်ရှိသော ပင်မအဆောက်အဦအပါအဝင် ၇၅ မီတာအမြင့်ရှိ ခေါင်းလောင်းစင်နှင့် အခြား အဆောက်အဦငယ် ၃ ခု၊ ပြတိုက် ၄ ခုနှင့် ပန်းခြံများထည့်သွင်း ဆောက်လုပ်ထားပြီး ၆ လတာကာလအတွင်း နိုင်ငံတွင်းရှိ ဗိသုကာပညာရှင်၊ ပန်းချီပညာရှင် အကျော်အမော် ၄၀၀၀ ကျော်ဖြင့် နေ့ရောညပါ တည်ဆောက် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ် ကြောင်း၊ စစ်စိမ်းရင့်ရောင် ပင်မဘုရားကျောင်းတော်ကြီး၏ ဝင်ပေါက်တိုင်းရှိ လှေခါးထစ်များကို ဒုတိယကမ္ဘာစစ်အတွင်း သိမ်းဆည်းရမိသော နာဇီတင့်ကားများ၊ လက်နက်များဖြင့် အရည်ကြိုပုံသွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး သိမ်းဆည်းရမိသော နာဇီခေါင်းဆောင်ဟစ်တလာ၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းများကိုပါ ခင်းကျင်း ပြသထားကြောင်း၊ ဘုရားကျောင်းတော်ကြီး၏ အချိုးအစားများ၊ အတိုင်းအတာများကို သမိုင်းဆိုင်ရာနှင့် ဒုတိယကမ္ဘာစစ်တွင် နာဇီကိုအနိုင်ရခဲ့သော အောင်ပွဲနေ့ဆိုင်ရာ အချက်အလက်များပေါ်တွင် အခြေခံ၍ ရေးဆွဲဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ပင်မကျောင်းတော်ကြီး၏ အမိုးခုံးအချင်းမှာ ၁၉ ဒသမ ၄၅မီတာ ဖြစ်ပြီး အလေးချိန်မှာ တန် ၈၀ ရှိကာ အမိုးခုံးအောက်ခံခုံအဝိုင်းပတ်တွင် ပြူတင်းပေါက် ၈ ပေါက်ရှိပြီး အမိုးခုံးကြီး၏ အမြင့်မှာ ၂၂ ဒသမ ၄၃ မီတာအဖြစ်တည်ဆောက်ထား ခြင်း၏ အဓိပ္ပါယ်မှာ ဒုတိယကမ္ဘာစစ်တွင် နာဇီတို့ အကြွင်းမဲ့လက်နက်ချကြောင်း လက်မှတ် ရေးထိုးထားသည့် ၁၉၄၅ ခုနှစ်၊ မေလ ၈ ရက်၊ ည ၁၀ နာရီ ၄၃ မိနစ်ကို အတိအကျရည်ညွှန်းလိုခြင်းပင်ဖြစ်ကြောင်း၊ ဒုတိယအမိုးခုံးငယ် အချင်း အတိုင်းအတာ မှာ ၁၄ ဒသမ ၁၈ မီတာရှိပြီး ဒုတိယကမ္ဘာစစ်စတင်သည်မှ ပြီးဆုံးသည်ထိ(၁၉၄၁-၁၉၄၅) ရက်ပေါင်း ၁၄၁၈ ရက်ကြာမြင့်ခဲ့သည်ကို ဖော်ဆောင်လိုခြင်းဖြစ်ကြောင်း၊ ဘုရားကျောင်းကြီး၏ အတွင်းဘက်နံရံများကို ဆိုဗီယက်ရုရှားခေါင်းဆောင်ကြီးများ၏ ပုံများ၊ တပ်နီတော်နှင့် ခေတ်သစ်ရုရှားတပ်မတော်ပုံ ကျောက်စီပန်းချီကားများဖြင့် သေသပ်လှပစွာ အလှဆင်ထားပြီး ကျောက်စီပန်းချီကားရေးဆွဲရာတွင် အသုံးပြုထား သော လက်မဝက်ခန့်အကျယ် ကျောက်ချပ်အသေးတစ်ခုစီ၏ မျက်နှာပြင်တိုင်းတွင် ဒုတိယကမ္ဘာစစ်တွင် ကျဆုံးသွားခဲ့သည့် ရုရှားစစ်သည်တော်များ၏ဓာတ်ပုံများဖြင့် ရိုက် နှိပ်ဂုဏ်ပြုထားကြောင်းသိရှိရသည်။

ထို့ပြင် ပြတိုက်အတွင်း၌လည်း စစ်ပွဲအတွင်းအသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ဆိုင်ရာ အသုံး အဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးအသုံးအဆောင်ပစ္စည်းများနှင့် စစ်ပွဲဆိုင်ရာ အချက်အလက်များကို Graphics များဖြင့် အထူးပြုလုပ်ပုံဖော်ပြသထားပြီး ရုရှား တပ်နီတော် နှင့်အတူ နာဇီကို ပူးပေါင်းလက်တွဲတိုက်ခိုက်ခဲ့ကြသည့် နိုင်ငံအသီးသီး မှ တိုက်ပွဲဝင်ခဲ့ကြသူများ၏ ဓာတ်ပုံပေါင်း ၃၃၆၅၀၀၃၄ ပုံကိုလည်းပြတိုက်နံရံ တစ်လျှောက်တွင် ပုံဖော်ပြသထားကြောင်း၊ ပြတိုက်အားလုံး ကို ပတ်လမ်းအတိုင်း လှည့်လည်ကြည့်ရှုရာတွင်လည်း ခြေလှမ်းရေ ၁၄၁၈ လှမ်းရှိစေရန် တွက်ချက် တည်ဆောက်ထားကြောင်းနှင့် ပင်မဘုရားရှိခိုးကျောင်းတော်ကြီး အနီးတစ်ဝိုက်နှင့် အုတ်တံတိုင်းနံရံတို့တွင် စစ်ပွဲအတွင်းအသုံးပြုခဲ့ပြီး ပျက်စီးချို့ယွင်း ခဲ့သည့် ယာဉ်ယန္တရားများ၊ အသုံးအဆောင်ပစ္စည်းများအသုံးပြု၍ စစ်မြေပြင်ပုံစံတူ နှင့် နံရံဆေးရေးပန်းချီများကိုလည်း ထည့်သွင်းပြုလုပ်ပြသထားသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ႐ုရွားတပ္မေတာ္ ပင္မဘုရားရွိခိုးေက်ာင္းေတာ္ႀကီး သို႔ သြားေရာက္ ေလ့လာ

ေနျပည္ေတာ္၊ ဇြန္ – ၂၄

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Victory Day of Great Patriotic War (၇၅) ႏွစ္ ေျမာက္အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ရန္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံသို႔ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္ အဖြဲ႕သည္ ဇြန္ ၂၃ ရက္ေဒသစံေတာ္ခ်ိန္မြန္းလြဲပိုင္းတြင္ ေမာ္စကိုၿမိဳ႕၊ အေနာက္ေတာင္ ဘက္ ကူဘင္ကာၿမိဳ႕၊ မ်ိဳးခ်စ္ပန္းၿခံရွိ ႐ုရွားတပ္မေတာ္ ပင္မဘုရားရွိခိုးေက်ာင္းေတာ္ႀကီးMain Cathedral of the Russian Armed Forces သို႔ သြားေရာက္ေလ့လာၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ႐ုရွားတပ္မေတာ္ ပင္မဘုရားရွိခိုးေက်ာင္းေတာ္ႀကီးသို႔ ေရာက္ရွိၾကရာ တာဝန္ရွိသူမ်ား က ေက်ာင္းေတာ္ႀကီးအတြင္းလိုက္လံရွင္းလင္းျပသၾကသည္။ ထို႔ေနာက္ ပင္မဘုရား ရွိခိုးေက်ာင္းေတာ္ႀကီး အနီးရွိ ျပတိုက္အတြင္းဝင္ေရာက္၍ ဒုတိယကမာၻစစ္ ျဖစ္ပြား စဥ္ကာလအတြင္း အသုံးျပဳခဲ့သည့္ လက္နက္၊ ခဲယမ္း၊ ခ်ပ္ဝတ္တန္ဆာႏွင့္ အသုံး အေဆာင္ပစၥည္းမ်ား၊ ေဆးတပ္ဖြဲ႕ဆိုင္ရာအသုံးအေဆာင္ပစၥည္းမ်ား၊ ဆက္သြယ္ေရး အသုံးအေဆာင္ပစၥည္းမ်ားႏွင့္ စစ္ပြဲမ်ားအေၾကာင္းကို Program မ်ားျဖင့္ ျပဳလုပ္ျပသ ထားမႈမ်ားအား ေလ့လာၾကည့္ရႈခဲ့ၾကၿပီး သိရွိလိုသည္မ်ားအား ေမးျမန္းေဆြးေႏြးခဲ့သည္။

အဆိုပါ ႐ုရွားတပ္မေတာ္ ပင္မဘုရားရွိခိုးေက်ာင္းေတာ္ႀကီးကို ၂၀၂၀ ျပည့္ ႏွစ္၊ ေမလ ၉ ရက္တြင္ က်ေရာက္ေသာ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္အထိမ္းအမွတ္အျဖစ္ ဂုဏ္ျပဳတည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ႐ုရွားတပ္မေတာ္၏ ဗဟိုစစ္ဘက္ဆိုင္ရာ က်က္သေရေဆာင္ေနရာ Center of Military Glory ျဖစ္လာေစရန္ႏွင့္ သမိုင္းတစ္ေလွ်ာက္ အၾကမ္းတမ္းဆုံး၊ ေသြးထြက္သံယိုမႈ အမ်ားဆုံး စစ္ပြဲႀကီးတြင္ က်ဆုံးခဲ့ၾကသည့္ ႐ုရွားစစ္သည္ေတာ္မ်ားကိုအမွတ္တရ ျဖစ္လာေစရန္ ရည္႐ြယ္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၉၆ မီတာ အျမင့္ရွိေသာ ပင္မအေဆာက္အဦအပါအဝင္ ၇၅ မီတာအျမင့္ရွိ ေခါင္းေလာင္းစင္ႏွင့္ အျခား အေဆာက္အဦငယ္ ၃ ခု၊ ျပတိုက္ ၄ ခုႏွင့္ ပန္းၿခံမ်ားထည့္သြင္း ေဆာက္လုပ္ထားၿပီး ၆ လတာကာလအတြင္း ႏိုင္ငံတြင္းရွိ ဗိသုကာပညာရွင္၊ ပန္းခ်ီပညာရွင္ အေက်ာ္အေမာ္ ၄၀၀၀ ေက်ာ္ျဖင့္ ေန႔ေရာညပါ တည္ေဆာက္ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ ေၾကာင္း၊ စစ္စိမ္းရင့္ေရာင္ ပင္မဘုရားေက်ာင္းေတာ္ႀကီး၏ ဝင္ေပါက္တိုင္းရွိ ေလွခါးထစ္မ်ားကို ဒုတိယကမာၻစစ္အတြင္း သိမ္းဆည္းရမိေသာ နာဇီတင့္ကားမ်ား၊ လက္နက္မ်ားျဖင့္ အရည္ႀကိဳပုံသြင္း တည္ေဆာက္ထားျခင္းျဖစ္ၿပီး သိမ္းဆည္းရမိေသာ နာဇီေခါင္းေဆာင္ဟစ္တလာ၏ ကိုယ္ပိုင္အသုံးအေဆာင္ပစၥည္းမ်ားကိုပါ ခင္းက်င္း ျပသထားေၾကာင္း၊ ဘုရားေက်ာင္းေတာ္ႀကီး၏ အခ်ိဳးအစားမ်ား၊ အတိုင္းအတာမ်ားကို သမိုင္းဆိုင္ရာႏွင့္ ဒုတိယကမာၻစစ္တြင္ နာဇီကိုအႏိုင္ရခဲ့ေသာ ေအာင္ပြဲေန႔ဆိုင္ရာ အခ်က္အလက္မ်ားေပၚတြင္ အေျခခံ၍ ေရးဆြဲဖြဲ႕စည္းတည္ေဆာက္ထားျခင္း ျဖစ္ေၾကာင္း၊ ပင္မေက်ာင္းေတာ္ႀကီး၏ အမိုးခုံးအခ်င္းမွာ ၁၉ ဒသမ ၄၅မီတာ ျဖစ္ၿပီး အေလးခ်ိန္မွာ တန္ ၈၀ ရွိကာ အမိုးခုံးေအာက္ခံခုံအဝိုင္းပတ္တြင္ ျပဴတင္းေပါက္ ၈ ေပါက္ရွိၿပီး အမိုးခုံးႀကီး၏ အျမင့္မွာ ၂၂ ဒသမ ၄၃ မီတာအျဖစ္တည္ေဆာက္ထား ျခင္း၏ အဓိပၸါယ္မွာ ဒုတိယကမာၻစစ္တြင္ နာဇီတို႔ အႂကြင္းမဲ့လက္နက္ခ်ေၾကာင္း လက္မွတ္ ေရးထိုးထားသည့္ ၁၉၄၅ ခုႏွစ္၊ ေမလ ၈ ရက္၊ ည ၁၀ နာရီ ၄၃ မိနစ္ကို အတိအက်ရည္ၫႊန္းလိုျခင္းပင္ျဖစ္ေၾကာင္း၊ ဒုတိယအမိုးခုံးငယ္ အခ်င္း အတိုင္းအတာ မွာ ၁၄ ဒသမ ၁၈ မီတာရွိၿပီး ဒုတိယကမာၻစစ္စတင္သည္မွ ၿပီးဆုံးသည္ထိ(၁၉၄၁-၁၉၄၅) ရက္ေပါင္း ၁၄၁၈ ရက္ၾကာျမင့္ခဲ့သည္ကို ေဖာ္ေဆာင္လိုျခင္းျဖစ္ေၾကာင္း၊ ဘုရားေက်ာင္းႀကီး၏ အတြင္းဘက္နံရံမ်ားကို ဆိုဗီယက္႐ုရွားေခါင္းေဆာင္ႀကီးမ်ား၏ ပုံမ်ား၊ တပ္နီေတာ္ႏွင့္ ေခတ္သစ္႐ုရွားတပ္မေတာ္ပုံ ေက်ာက္စီပန္းခ်ီကားမ်ားျဖင့္ ေသသပ္လွပစြာ အလွဆင္ထားၿပီး ေက်ာက္စီပန္းခ်ီကားေရးဆြဲရာတြင္ အသုံးျပဳထား ေသာ လက္မဝက္ခန႔္အက်ယ္ ေက်ာက္ခ်ပ္အေသးတစ္ခုစီ၏ မ်က္ႏွာျပင္တိုင္းတြင္ ဒုတိယကမာၻစစ္တြင္ က်ဆုံးသြားခဲ့သည့္ ႐ုရွားစစ္သည္ေတာ္မ်ား၏ဓာတ္ပုံမ်ားျဖင့္ ႐ိုက္ ႏွိပ္ဂုဏ္ျပဳထားေၾကာင္းသိရွိရသည္။

ထို႔ျပင္ ျပတိုက္အတြင္း၌လည္း စစ္ပြဲအတြင္းအသုံးျပဳခဲ့သည့္ လက္နက္၊ ခဲယမ္း၊ ခ်ပ္ဝတ္တန္ဆာႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား၊ ေဆးတပ္ဖြဲ႕ဆိုင္ရာ အသုံး အေဆာင္ပစၥည္းမ်ား၊ ဆက္သြယ္ေရးအသုံးအေဆာင္ပစၥည္းမ်ားႏွင့္ စစ္ပြဲဆိုင္ရာ အခ်က္အလက္မ်ားကို Graphics မ်ားျဖင့္ အထူးျပဳလုပ္ပုံေဖာ္ျပသထားၿပီး ႐ုရွား တပ္နီေတာ္ ႏွင့္အတူ နာဇီကို ပူးေပါင္းလက္တြဲတိုက္ခိုက္ခဲ့ၾကသည့္ ႏိုင္ငံအသီးသီး မွ တိုက္ပြဲဝင္ခဲ့ၾကသူမ်ား၏ ဓာတ္ပုံေပါင္း ၃၃၆၅၀၀၃၄ ပုံကိုလည္းျပတိုက္နံရံ တစ္ေလွ်ာက္တြင္ ပုံေဖာ္ျပသထားေၾကာင္း၊ ျပတိုက္အားလုံး ကို ပတ္လမ္းအတိုင္း လွည့္လည္ၾကည့္ရႈရာတြင္လည္း ေျခလွမ္းေရ ၁၄၁၈ လွမ္းရွိေစရန္ တြက္ခ်က္ တည္ေဆာက္ထားေၾကာင္းႏွင့္ ပင္မဘုရားရွိခိုးေက်ာင္းေတာ္ႀကီး အနီးတစ္ဝိုက္ႏွင့္ အုတ္တံတိုင္းနံရံတို႔တြင္ စစ္ပြဲအတြင္းအသုံးျပဳခဲ့ၿပီး ပ်က္စီးခ်ိဳ႕ယြင္း ခဲ့သည့္ ယာဥ္ယႏၲရားမ်ား၊ အသုံးအေဆာင္ပစၥည္းမ်ားအသုံးျပဳ၍ စစ္ေျမျပင္ပုံစံတူ ႏွင့္ နံရံေဆးေရးပန္းခ်ီမ်ားကိုလည္း ထည့္သြင္းျပဳလုပ္ျပသထားသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။