တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး၊ ရုရှားနိုင်ငံ RT သတင်းဌာန၏ သိရှိလိုသည်များကို ဖြေကြား

နေပြည်တော်၊ ဇွန် ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Rajnath Singh နှင့် မော်စကိုမြို့ရှိ Metropol ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ရှေးယခင် နိုင်ငံ့ခေါင်းဆောင်အဆက်ဆက် ချစ်ကြည်ရင်းနှီးခဲ့ကြပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လာခဲ့ကြသော နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသစီမံခန့်ခွဲမှု မှန်ကန်ကောင်းမွန်စေရန် တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် အကြမ်းဖက်သမားများ အခြေချနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုလားတန် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စီမံကိန်းအောင်မြင်စေရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးဆိုင်ရာများတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ COVID-19 ရောဂါ ဖြစ်ပွားမှုအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့်အချိန်တွင် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေ့လည်ပိုင်းတွင် ခေတ္တတည်းခိုလျက်ရှိသည့် မော်စကိုမြို့၊ CROWNE PLAZA ဟိုတယ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RT သတင်းဌာနအား လက်ခံတွေ့ဆုံ၍ Victory Day of Great Patriotic War (၇၅)နှစ် မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှုမြင်သုံးသပ်ချက်များ၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်သောင်းကျန်းသူများပေါ်ပေါက်လာမှုနှင့် စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များအပြင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ယခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် မြန်မာ့တပ်မတော်၏ ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားအား ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်မည့် အခြေအနေများ၊ RT သတင်းဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာ့ရှုခင်း၊ မြန်မာ့စိတ်ရင်းများနှင့် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ရိုက်ကူးထုတ်လွှင့်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးမည့်အခြေအနေများ စသည်တို့နှင့် အခြားသိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

(Zawgyi Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး၊ ရုရှားနိုင်ငံ RT သတင်းဌာန၏ သိရှိလိုသည်များကို ဖြေကြား

နေပြည်တော်၊ ဇွန် ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Rajnath Singh နှင့် မော်စကိုမြို့ရှိ Metropol ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးသည်။


တွ့ဆုံဆွေးနွေးရာတွင် ရှေးယခင် နိုင်ငံ့ခေါင်းဆောင်အဆက်ဆက် ချစ်ကြည်ရင်းနှီးခဲ့ကြပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လာခဲ့ကြသော နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသစီမံခန့်ခွဲမှု မှန်ကန်ကောင်းမွန်စေရန် တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် အကြမ်းဖက်သမားများ အခြေချနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကုလားတန် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စီမံကိန်းအောင်မြင်စေရေး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးဆိုင်ရာများတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ COVID-19 ရောဂါ ဖြစ်ပွားမှုအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့်အချိန်တွင် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွးနွေးပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးး မင်းအောင်လှိုင် သည် နေ့လည်ပိုင်းတွင် ခေတ္တတည်းခိုလျက်ရှိသည့် မော်စကိုမြို့၊ CROWNE PLAZA ဟိုတယ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RT သတင်းဌာနအား လက်ခံတွေ့ဆုံ၍ Victory Day of Great Patriotic War (၇၅)နှစ် မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှုမြင်သုံးသပ်ချက်များ၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်သောင်းကျန်းသူများပေါ်ပေါက်လာမှုနှင့် စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များအပြင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ယခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် မြန်မာ့တပ်မတော်၏ ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားအား ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်မည့် အခြေအနေများ၊ RT သတင်းဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာ့ရှုခင်း၊ မြန်မာ့စိတ်ရင်းများနှင့် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ရိုက်ကူးထုတ်လွှင့်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးမည့်အခြေအနေများ စသည်တို့နှင့် အခြားသိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။