တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ရှမ်းကုန်း) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်ဖွင့်လှစ်၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် – ၁၇

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာကြံ့ ခိုင်မှုနှင့် အသိပညာ၊ အတတ်ပညာစသည့် ပညာရည်ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် များစွာ မူတည်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ကမ္ဘာ့နိုင်ငံတိုင်းသည် တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်နိုင်ရေးနှင့် ပညာရေးကို အလေးထား တည်ဆောက်လျက်ရှိကြောင်း ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည့် မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း)ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုတင်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။


ဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ဝင်းတင့်၊ ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့် တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ်အတွင်း လှည့်လည်၍ ‘သိပ္ပံခန်း၊ ကွန်ပျူတာခန်း၊ Language-Lab ၊ စာကြည့်တိုက်နှင့် စာသင်ခန်းများအား လှည့်လည် ကြည့်ရှုကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက လိုက်လံရှင်းလင်းပြသကြသည်။


ထို့နောက် ကျောင်းခန်းမတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း) ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အသိပညာ၊ အတတ်ပညာစသည့် ပညာရည်ဖွံ့ဖြိုးတိုးတက်မှုများ အပေါ်တွင် များစွာ မူတည်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ကမ္ဘာ့နိုင်ငံတိုင်းသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်နိုင်ရေးနှင့် ပညာရေးကို အလေးထား၍ တည်ဆောက်စီမံ ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင် လျှောက်လှမ်းလျက်ရှိပြီး ၂၀၂၃ ခုနှစ်ဆိုလျင် လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်ရှိပြီ ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် အတိုင်းအတာတစ်ခုအထိတိုးတက်မှုများရှိသော်လည်း ယခုထက်ပို၍ တိုးတက်ရန် လိုနေသေးကြောင်း၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၈ ၊ ပုဒ်မခွဲ(ဃ)တွင် “ဘက်စုံအတွေးအခေါ်အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရမည်” ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပြည့်စုံ ကောင်းမွန်သည့် ပြဋ္ဌာန်းချက်၊ ပညာရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းလမ်းညွှန်ချက် ပင်ဖြစ်ပါကြောင်း။

ဤသို့ဆိုရာတွင် ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး စနစ်ဟူ၍ အပိုင်း ၃ ပိုင်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ၎င်းင်းမှာ မိမိတို့ စဉ်ဆက်မပြတ် တည်ဆောက်ရမည့် လုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လွတ်လပ်ရေး ဆုံးရှုံးခဲ့ဖူးသည့် နိုင်ငံဖြစ်ပြီး ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနှင့်ပတ်သက် ပြီး မထိခိုက်၊ မဆုံးရှုံးအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အယူအဆ၊ အယူဝါဒ များ ကွဲပြားနေ၍ မရကြောင်း၊ နိုင်ငံအတွက် အရေးကြီးသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးတာဝန်အဖြစ်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည်နှင့်အညီ နိုင်ငံ၏ အနာဂတ်ကို ထုဆစ် ပုံဖော်မည့်သူများသည် ယနေ့ပညာသင်ကြားနေကြသည့် ကလေး သူငယ်၊ လူငယ်လူရွယ်များပင်ဖြစ်ပါကြောင်း၊ မိမိတို့သင်ကြားပေးနေသည့်၊ လေ့ကျင့်ပေးနေသည့် အသိပညာ၊ အတတ်ပညာများ အပေါ်တွင်မူတည်၍ မိမိတို့နိုင်ငံ၏ လာမည့် ၁၀ နှစ် ၁၅ နှစ်ကာလအတွင်း အနာဂတ် အခြေအနေကို အနီးစပ်ဆုံး ခန့်မှန်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ဆင့်ကမ်းသင်ကြားပေးနေမှုများနှင့် အခြေခံအချက်အလက်များ မှန်ကန်ရန်၊ မိမိတို့ယဉ်ကျေးမှုနှင့် ကိုက်ညီရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်နောက်ပြန်ဆွဲခြင်း မဟုတ်ကြောင်း၊ ခေတ်မီ၍ ရသော်လည်း ခေတ်လွန်သည့် အတွေးအခေါ်များကို အားပေး၍ရမည်မဟုတ်ကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှုကို မပျက်စီးအောင်ထိန်းသိမ်း နိုင်ရေးအတွက် အတွေးအခေါ်မှန်ကန်အောင် ထည့်သွင်း ဆုံးမကြရန်လိုကြောင်း၊ ထိုသို့ မှန်ကန်မှသာလျင် နိုင်ငံသူ၊ နိုင်ငံသားများ၏ အတွေးအခေါ် အယူအဆများသည် မှန်ကန်ပြီး အကျင့်စာရိတ္တ နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရေး ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊

“အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက”ဟု ဆိုရိုးစကားရှိပြီး စောင့်ထိန်း ရမည့်စည်းကမ်း၊ ကျင့်ဝတ်၊ နီတိများတိုးတက်စေရေး ယဉ်ကျေးလိမ္မာသင်တန်းများ သင်ကြားနိုင်ရေး၊ ယဉ်ကျေးမှုနှင့် ကိုက်ညီသော ကျင့်ဝတ်နီတိသင်တန်းဖွင့်လှစ်သင်ကြား နိုင်ရေး ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘာသာရေးကိုရည်ညွှန်းခြင်း မဟုတ်ဘဲ ကျင့်ဝတ် နီတိများကို ပြောခြင်းသာဖြစ်ပါကြောင်း၊ နီတိကို သင်ယူရန်အရေးကြီးပြီး ယနေ့ ခေတ်တွင် လူမှုကျင့်ဝတ်များနှင့် မကိုက်ညီသည်များကိုတွေ့ရသဖြင့် အားမရပါကြောင်း၊ မိမိတို့နိုင်ငံတွင် မူလတန်းအဆင့်မပြီးမြောက်မီ ကျောင်းထွက်မှုနှုန်းမှာ များပြားနေသေးသည်ကိုလည်း တွေ့ရှိရကြောင်း၊ ထိုသို့များပြားရခြင်းကြောင့် အတန်းပညာတတ်မြောက်မှုနှင့် စည်းကမ်းနှင့်ကျင့်ဝတ်နီတိများ လိုက်နာမှုတွင် အားနည်းချက်များရှိလာနိုင်သဖြင့် အနည်းဆုံး မူလတန်းအဆင့်ပြီးမြောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးအရင်းအမြစ်မှာ လူသားအရင်းအမြစ်ပင်ဖြစ်ပါကြောင်း၊ ပညာရေး နှင့်ပတ်သက်သော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရာတွင် အခြေခံအချက်များအနေဖြင့် လူကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဉာဏ်ပညာအလင်းပွင့် ရေးအတွက် အထောက်အကူပြုမည့် ပတ်ဝန်းကျင်ရှိသည့် စာသင်ကျောင်းများ၊ အသိပညာနှင့် အတတ်ပညာများကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများနှင့် ခံယူလိုစိတ်အပြည့်ဖြင့် ဆည်းပူး သင်ယူလိုစိတ်ရှိသည့် ကျောင်းသူ ကျောင်းသားများ လိုအပ်မည်ဖြစ်ပါကြောင်း။

“ပညာသည် ရတနာ၊ ဆရာသည် အခရာ” ဆိုသည့် ပြောစကားအတိုင်း ဆရာ၊ ဆရာမများသည် သင်ကြားပို့ချပေးမှုနယ်ပယ်တွင် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နစ်မြုပ် ပို့ချနိုင်ရေးအရေးကြီးမည်ဖြစ်ပါကြောင်း၊ ကလေးများ၏ ပညာရေးကောင်းမွန်ရန်အတွက် ကျောင်းသား၊ ဆရာ၊ မိဘ များအပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းကောင်းရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း၊ ကျောင်းပတ်ဝန်းကျင်ကောင်းမွန်ရေး၊ ကလေးသူငယ်များ အတုယူမှားစေနိုင် ပြီး လမ်းမှားရောက်စေနိုင်သည့် ပတ်ဝန်းကျင်များမရှိစေရေး အုပ်ချုပ်သူအဖွဲ့အစည်းများက စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တပ်မတော် ကျောင်းများတွင် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးထားပြီး ကျောင်းတက်မှန်ရေးနှင့် ပညာသင်ကြားသည့် အရွယ်မှန်သမျှပညာသင်ကြားရေးနှင့် ပညာသင်ကြားရာတွင် စိတ်ပူပင်သောကမရှိစေရေး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် လိုအပ်ချက်များရှိနေသောကြောင့် ကျောင်းများ ၏ သန့်ရှင်းရေးအပိုင်းတွင် တပ်မတော်က တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် တပ်မတော်စက်ရုံထုတ် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးခြင်း၊ တပ်မတော် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ ပေးလျက်ရှိပါကြောင်း၊ ပြည့်စုံသည် မဟုတ်သော်လည်း ပညာရေးဝန်ထမ်းများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ လည်း ကူူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

လေယာဉ်သံများကြောင့် ပညာသင်ကြားရေးအနှောင့်အယှက်ဖြစ်နေသဖြင့် ယခုကျောင်းအား နေရာရွှေ့ပြီး ၂၀၁၉ ဇန်နဝါရီ ၁ ရက်နေ့ တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်တွင် ရာနှုန်းပြည့် ဆောက်လုပ် ပြီးစီးခဲ့ပါကြောင်း၊ (ယူ) ပုံစံ ကျောင်းဆောင်တစ်ဆောင်အပါအဝင် မုန့်ဈေးတန်း အဆောက်အဦ ၁ လုံး၊ အခန်း ၁၀ ခန်းပါ သန့်စင်ခန်း ၂ လုံး၊ စက်ဘီးရပ်နားသည့် အဆောက်အဦ ၂ လုံးတို့ကို ဆောက်လုပ်ပေးခဲ့ပါကြောင်း၊ မြေသား ပြုပြင်ခြင်းလုပ်ငန်းတွင် ငွေကျပ်သိန်း ၃၅၀ ကျော်၊ အဆောက်အဦလုပ်ငန်းတွင် ငွေကျပ် သိန်း ၈၅၀၀ ကျော်၊ ဆက်စပ်လုပ်ငန်း များတွင် ငွေကျပ်သိန်း ၄၅၀၀ ကျော်၊ စုစုပေါင်း ငွေကျပ်သိန်း ၁၃၄၀၀ ကျော် အကုန်အကျခံဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုဆိုပါက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း)တွင် ကျောင်းအုပ် ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမများသည် တပ်ရင်း၊ တပ်ဖွဲ့များမှ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ လူငယ် ၈၀၀ ဦးခန့်ကို ကောင်းစွာ ပညာသင်ကြား ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန် ကျောင်းကို KG + 12 စနစ်အရ အခန်းများဆက်လက်တိုးချဲ့မည်ဆိုပါကလည်း အဆင်ပြေစွာ ဆောင်ရွက်နိုင် ရေးအတွက် မြေနေရာများတစ်ဆက်တည်း စီစဉ်ပေးထားပါကြောင်း။

တပ်မတော်အနေနှင့်လည်း ပညာရေးအပေါ်တွင် အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော်သို့ ဘဝပေါင်းစုံမှ ကျင်လည်ဝင်ရောက်လာခဲ့ပြီး ၂၄ နာရီ တာဝန်ထမ်းဆောင်နေရသော်လည်း ပညာရေးပိုင်းတွင် ပစ်ပယ်မထားဘဲ မူလတန်းပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် တပ်မတော်သားအားလုံးကို အခြေခံပညာမူလတန်း အောင်မြင်အောင် သင်ကြား ပေးနိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တပ်မတော်သား ၄၅၁၈ ဦးကို ဆဋ္ဌမတန်းမှ ‘ဒသမတန်းအထိ သင်ကြားဆည်းပူးစေနိုင်ခဲ့ကြောင်း၊ တပ်မတော် အခြေခံပညာကျောင်း များအနေနှင့်လည်း တပ်မိသားစုဝင်ကလေးများနှင့် နီးစပ်ရာမြို့/ရွာ များက ကလေးငယ် ဦးရေ ၃ သောင်းခန့်ကိုသင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်အတွင်း ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး တပ်ရင်း၊ တပ်ဖွဲ့အလိုက် ပညာရေးတာဝန်ခံအရာရှိများ ခန့်အပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော် အနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့အလိုက် စည်းရုံးရေးနယ်မြေ၊ လုံခြုံရေးနယ်မြေများတွင် ရှိနေသည့် အခြေခံပညာ ကျောင်းများမှ နှစ်စဉ်ကျောင်းဖွင့်ချိန်အမီ သန့်ရှင်းရေးပြုလုပ် ပေးခြင်း၊ လိုအပ်သည့်ပစ္စည်းများကို ဖြည့်ဆည်းပေးခြင်းစသည့်အချက်များကို လုပ်ဆောင် ပေးလျက်ရှိကြောင်း။

ထို့ပြင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ ပညာရည်ချွန်တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်းများ၏ သား၊ သမီးများ၊ စစ်သည်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ထူး ၃ ဘာသာနှင့်အထက်ရရှိသည့် ကျောင်းသားကျောင်းသူ များကို ဂုဏ်ထူးတစ် ဘာသာလျင် ရွှေ ၁ မတ်သားနှုန်းဖြင့် ချီးမြှင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စ၍ အလှူရှင်များမှ ချီးမြှင့်သည့် အလှူငွေများဖြင့်လည်း ငွေသားများပေးအပ်လျက် ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်ထိ ထူးချွန်သူ ကျောင်းသား၊ ကျောင်းသူ ၁၀၃၄၂ ဦးကို ရွှေချီးမြှင့်မှု စုစုပေါင်းကုန်ကျငွေ ငွေကျပ်သန်းပေါင်း ၄၇၀၀ ကျော်အပါအဝင် ရွှေနှင့် ငွေသားချီးမြှင့်မှုအနေဖြင့်စုစုပေါင်း ငွေကျပ်သန်းပေါင်း ၆၈၀၀ ကျော်ရှိပြီဖြစ်ပါကြောင်း၊ ထို့ပြင် ထူးချွန်သူများမှ နှစ်စဉ် ၃၀ ဦးကို ရွေးချယ်၍လည်း ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများသို့ လေ့လာရေးခရီးများ စေလွှတ် ပေးလျက်ရှိပါကြောင်း။

ပညာဆိုသည် ဘောင်အကန့်အသတ်မရှိ ကျယ်ပြန့်နက်ရှိုင်းလှပါကြောင်း၊ လူတစ်ဦးချင်းစီ၏ ကာယ၊ ဉာဏစွမ်းအားအပေါ်မှာမူတည်ပြီးထူးချွန်ထက်မြက်ကြသည့် အရင်းအမြစ်ကောင်းများပေါ်ပေါက်လာမည်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း စဉ်ဆက်မပြတ်ဆည်းပူး လေ့လာခံယူနေကြရန်လိုအပ်မည်ပင်ဖြစ်ပါကြောင်း၊ အသိပညာနှင့်အတတ်ပညာအတွက် အကောင်းဆုံးမိတ်ဆွေသည် ခေတ်အဆက်ဆက်က ရှိလာခဲ့သည့်စာကောင်းပေမွန်များပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရဟန်းစာဆိုပညာရှိ ရှင်မဟာရဋ္ဌသာရက ” မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန် သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည်း” ဟု ဆိုခဲ့ခြင်းပင် ဖြစ်ပါကြောင်း။
ပြောင်းလဲတိုးတက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည်များကို ခေတ်နှင့်အညီ စဉ်ဆက်မပြတ်ဆည်းပူးသင်ယူနေရမည်ပင်ဖြစ်ကြောင်း၊ ယနေ့ပညာခေတ် ရေစီးထဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးထက် နောက်ကျကျန်ရစ်မနေဘဲ လိုက်ပါရင်ဘောင်တန်း စီးဆင်းနိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများကို ကြိုးစားရှာဖွေဆည်းပူးကြရန် လိုကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ ပညာရေးကဏ္ဍတိုးတက်ရေးထောက်ပံ့ချီးမြှင့်မှု အပေါ် အသိအမှတ်ပြုတုန့်ပြန်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအတွက်ဆိုသည့် အမျိုးသားရေး စိတ်ဓာတ်ဖြင့်အသိတရားရှိသည့် အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန် လိုကြောင်း၊ မိဘ၊ဆရာကျောင်းသားများအနေဖြင့် ကိုယ်စီကျင့်ဝတ်လိုက်နာကျင့်သုံး၍ ဆရာ၊ ဆရာမအားလုံး စိတ်ချမ်းမြေ့စွာ ပညာသင်ကြားခြင်း၊ ပို့ချခြင်းဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးဆောင်ရွက်ပြီး တိုင်းကျိုးပြည်ကျိုး တိုးတက်သယ်ပိုးဆောင်ရွက်ကြ ရန်လိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် မှော်ဘီတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်းဆောင်သစ် တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းသုံးပရိဘောဂများကို ပေးအပ်လှူဒါန်းရာ အခြေခံ ပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့် ကလည်းကောင်း၊ စစ်ရေးချုပ် ‘ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းစိမ်းဝတ်စုံများကို ပေးအပ်လှူဒါန်းရာ အထက်တန်းပြ ဆရာမ ဒေါ်နီနီခင်ကလည်းကောင်း၊ စစ်ထောက်ချုပ် ‘ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုတင် ကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။


ထို့နောက် အခြေခံပညာဦးစီးဌာနမှ ‘ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့် က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း) ကျောင်းဆောင်သစ်ဖွင့်ပွဲသည် မြေနေရာအသစ်တွင်ဖွင့်လှစ်ခြင်းဖြစ်သဖြင့် ထူးခြားသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဋ္ဌာနကိုယ်စား ကျေးဇူးတင် စကားပြောကြားရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်အနေဖြင့် ယခုဆောက်လုပ်ပေးသည့် ကျောင်းဆောင်မှာ ယူပုံသဏ္ဍန် RC နှစ်ထပ်စာသင်ဆောင် ဖြစ်ပြီး စာသင်ခန်းပေါင်း ၃၀ ခန်း၊ ခန်းမတစ်ခုတို့ပါဝင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ စာပေသင်ကြားမှုတွင် ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ဆရာစားပွဲနှင့် ကုလားထိုင် ၂၆ စုံ၊ တစ်ယောက်ထိုင်စာရေးခုံ အလုံး ၁၀၀ တို့ကိုလည်း ဆောင်ရွက်ပေးထားသည်ဟု သိရှိရပါကြောင်း၊ ထို့ပြင် သင်ကြားရေးလုပ်ငန်း နှင့် ကျောင်းရုံးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် Computer ၅ လုံး၊ Printer ၃ လုံး၊ မိတ္တူကူးစက် ၁ လုံးအပြင် သိပ္ပံခန်းသုံး သင်ထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ထားသည့်အတွက် သင်ကြားရေးလုပ်ငန်းများကို ထိရောက်စေမည်ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် သန့်စင်သောသောက်သုံးရေ ရရှိ ရေးအတွက်လည်း ရေစင် ၂ ခုပါဝင်ပါကြောင်း၊ စက်ဘီးရပ်နားရန်နေရာ၊ မုန့်ဆိုင်တန်း များအပြင် စုပေါင်းတန်းစီကွင်းကိုပါ ဆောင်ရွက်ပေးထားပါကြောင်း၊ ယခုကဲ့သို့ စံချိန်မီ ကျောင်းဆောင်သစ်ကြီးကို ဆောက်လုပ်စီမံပေးသည့်အတွက် ကျောင်းတွင်တာဝန်ထမ်း ဆောင်ရသော ပညာရေးဝန်ထမ်းများနှင့် ပညာသင်ကြားရသော ကျောင်းသား၊ ကျောင်း သူများအတွက်လည်း ကံကောင်းသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း၊ စံချိန်မီ ကျောင်း ဆောင်၊ ပရိဘောဂနှင့် အသုံးအဆောင်များကို ပြည့်စုံအောင်စီမံဆောက်လုပ်ပေးသည့် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရှမ်းကုန်း)ကျောင်းကို ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်း ကျေးရွာအနီး မှော်ဘီလေတပ်စခန်းအတွင်း၌ ၁၉၅၈ ခုနှစ်တွင် တပ်တွင်းမူလတန်း ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၉ ခုနှစ်တွင် အခြေခံပညာအလယ် တန်းကျောင်းအဖြစ်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် တပ်တွင်းမှ တပ်အဝင်ဝနေရာ သို့ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုမြေနေရာ ပြောင်းလဲမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ ဆူညံသံကင်းစွာဖြင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ယခင်ကျောင်းဆောင် ဟောင်းကို စံပြုအထက်တန်းကျောင်းပုံစံဖြင့် ယခုနေရာတွင် အသစ်ပြန်လည်ဆောက် လုပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုလ ၂၁ ရက်မှ စ၍ ကျန်းမာရေးဝန်ကြီးဋ္ဌာန ၏ သတ်မှတ်ချက်၊ ညွှန်ကြားချက်များနှင့် အညီ တစ်ခန်းလျင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးစီဖြင့် သင်ကြားပေးနိုင်တော့မည်ဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေမွာ္ဘီၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ)(ရွမ္းကုန္း) ေက်ာင္းေဆာင္သစ္ဖြင့္ပြဲ အခမ္းအနား သို႔ တက္ေရာက္ဖြင့္လွစ္၊ သင္ေထာက္ကူပစၥည္းမ်ား ေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ဇူလိုင္ – ၁၇

ႏိုင္ငံတစ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးသည္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ က်န္းမာႀကံ့ ခိုင္မႈႏွင့္ အသိပညာ၊ အတတ္ပညာစသည့္ ပညာရည္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားအေပၚတြင္ မ်ားစြာ မူတည္ပါေၾကာင္း၊ ထို႔ေၾကာင့္လည္း ယေန႔ကမာၻ႔ႏိုင္ငံတိုင္းသည္ တစ္မ်ိဳးသား လုံး က်န္းမာႀကံ့ခိုင္ႏိုင္ေရးႏွင့္ ပညာေရးကို အေလးထား တည္ေဆာက္လ်က္ရွိေၾကာင္း ျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔ နံနက္ပိုင္း တြင္ က်င္းပျပဳလုပ္သည့္ ေမွာ္ဘီၿမိဳ႕နယ္၊ အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ) (ရွမ္းကုန္း)ဖြင့္ပြဲ အခမ္းအနားတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ အခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနမွ ‘ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္(စီမံ) ဦးရဲလင္းျမင့္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ပိုင္းခ႐ိုင္၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးသိန္းႏွင့္ အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ၿမိဳ႕နယ္စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား၊ အေျခခံပညာအထက္တန္း ေက်ာင္း(ခြဲ) (ရွမ္းကုန္း) ေက်ာင္းအုပ္ဆရာမႀကီး ေဒၚစုစုတင္၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏွင့္ တာဝန္ရွိသူတို႔ တက္ေရာက္ၾက သည္။

ဦးစြာ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ ရန္ကုန္တိုင္း ေဒသႀကီး၊ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ ဗိုလ္မႉးႀကီး ဝင္းတင့္၊ ပညာေရး ဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနမွ ‘ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္(စီမံ) ဦးရဲလင္းျမင့္ တို႔က ေက်ာင္းေဆာင္သစ္ကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်ာင္းေဆာင္သစ္ဆိုင္းဘုတ္ကို စက္ခလုပ္ႏွိပ္ဖြင့္လွစ္ေပးၿပီး ေက်ာင္းေဆာင္သစ္အတြင္း လွည့္လည္၍ ‘သိပၸံခန္း၊ ကြန္ပ်ဴတာခန္း၊ Language-Lab ၊ စာၾကည့္တိုက္ႏွင့္ စာသင္ခန္းမ်ားအား လွည့္လည္ ၾကည့္ရႈၾကရာ ေက်ာင္းအုပ္ဆရာမႀကီးႏွင့္ ဆရာ၊ ဆရာမမ်ားက လိုက္လံရွင္းလင္းျပသ ၾကသည္။

ထို႔ေနာက္ ေက်ာင္းခန္းမတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ) (ရွမ္းကုန္း) ဖြင့္ပြဲအခမ္းအနားႏွင့္ ပတ္သက္၍ အမွာစကား ေျပာၾကားရာတြင္ ႏိုင္ငံတစ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးသည္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ က်န္းမာႀကံ့ခိုင္မႈႏွင့္ အသိပညာ၊ အတတ္ပညာစသည့္ ပညာရည္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား အေပၚတြင္ မ်ားစြာ မူတည္ပါေၾကာင္း၊ ထို႔ေၾကာင့္လည္း ယေန႔ကမာၻ႔ႏိုင္ငံတိုင္းသည္ တစ္မ်ိဳးသားလုံး က်န္းမာႀကံ့ခိုင္ႏိုင္ေရးႏွင့္ ပညာေရးကို အေလးထား၍ တည္ေဆာက္စီမံ ေဆာင္႐ြက္ လ်က္ရွိပါေၾကာင္း၊ မိမိတို႔ ႏိုင္ငံအေနျဖင့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚ တြင္ ေလွ်ာက္လွမ္းလ်က္ရွိၿပီး ၂၀၂၃ ခုႏွစ္ဆိုလ်င္ လြတ္လပ္ေရးရရွိသည္မွာ ၇၅ ႏွစ္ရွိၿပီ ျဖစ္ေၾကာင္း၊ ႏိုင္ငံအေနျဖင့္ အတိုင္းအတာတစ္ခုအထိတိုးတက္မႈမ်ားရွိေသာ္လည္း ယခုထက္ပို၍ တိုးတက္ရန္ လိုေနေသးေၾကာင္း၊ (၂၀၀၈ ခုႏွစ္) ဖြဲ႕စည္းပုံ အေျခခံဥပေဒ၊ ပုဒ္မ ၂၈ ၊ ပုဒ္မခြဲ(ဃ)တြင္ “ဘက္စုံအေတြးအေခၚအယူအဆ မွန္ကန္၍ အက်င့္စာရိတၱ ေကာင္းမြန္ၿပီး ႏိုင္ငံေတာ္ တည္ေဆာက္ေရးအတြက္ အက်ိဳးျပဳမည့္ ေခတ္မီပညာေရးစနစ္ ေဖာ္ေဆာင္ရမည္” ျဖစ္သည္ဟု ျပ႒ာန္းထားပါေၾကာင္း၊ ျပည့္စုံ ေကာင္းမြန္သည့္ ျပ႒ာန္းခ်က္၊ ပညာေရးႏွင့္ ပတ္သက္ၿပီး လုပ္ေဆာင္ရမည့္ လုပ္ငန္းလမ္းၫႊန္ခ်က္ ပင္ျဖစ္ပါေၾကာင္း။

ဤသို႔ဆိုရာတြင္ ဘက္စုံအေတြးအေခၚ အယူအဆမွန္ကန္ေရး၊ အက်င့္စာရိတၱ ေကာင္းမြန္ေရးႏွင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္ အက်ိဳးျပဳမည့္ ေခတ္မီပညာေရး စနစ္ဟူ၍ အပိုင္း ၃ ပိုင္း ေတြ႕ရမည္ျဖစ္ပါေၾကာင္း၊ ၎င္းမွာ မိမိတို႔ စဥ္ဆက္မျပတ္ တည္ေဆာက္ရမည့္ လုပ္ငန္းမ်ားပင္ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ လြတ္လပ္ေရး ဆုံးရႈံးခဲ့ဖူးသည့္ ႏိုင္ငံျဖစ္ၿပီး ျပည္ေထာင္စုႏိုင္ငံျဖစ္ပါေၾကာင္း၊ လြတ္လပ္ေရးႏွင့္ပတ္သက္ ၿပီး မထိခိုက္၊ မဆုံးရႈံးေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ အယူအဆ၊ အယူဝါဒ မ်ား ကြဲျပားေန၍ မရေၾကာင္း၊ ႏိုင္ငံအတြက္ အေရးႀကီးသည့္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးကို အမ်ိဳးသားေရးတာဝန္အျဖစ္ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ “ယေန႔လူငယ္၊ ေနာင္ဝယ္လူႀကီး” ဆိုသည္ႏွင့္အညီ ႏိုင္ငံ၏ အနာဂတ္ကို ထုဆစ္ ပုံေဖာ္မည့္သူမ်ားသည္ ယေန႔ပညာသင္ၾကားေနၾကသည့္ ကေလး သူငယ္၊ လူငယ္လူ႐ြယ္မ်ားပင္ျဖစ္ပါေၾကာင္း၊ မိမိတို႔သင္ၾကားေပးေနသည့္၊ ေလ့က်င့္ေပးေနသည့္ အသိပညာ၊ အတတ္ပညာမ်ား အေပၚတြင္မူတည္၍ မိမိတို႔ႏိုင္ငံ၏ လာမည့္ ၁၀ ႏွစ္ ၁၅ ႏွစ္ကာလအတြင္း အနာဂတ္ အေျခအေနကို အနီးစပ္ဆုံး ခန႔္မွန္းရရွိႏိုင္မည္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ လက္ဆင့္ကမ္းသင္ၾကားေပးေနမႈမ်ားႏွင့္ အေျခခံအခ်က္အလက္မ်ား မွန္ကန္ရန္၊ မိမိတို႔ယဥ္ေက်းမႈႏွင့္ ကိုက္ညီရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ ေခတ္ေနာက္ျပန္ဆြဲျခင္း မဟုတ္ေၾကာင္း၊ ေခတ္မီ၍ ရေသာ္လည္း ေခတ္လြန္သည့္ အေတြးအေခၚမ်ားကို အားေပး၍ရမည္မဟုတ္ေၾကာင္း၊ မိမိတို႔၏ ယဥ္ေက်းမႈကို မပ်က္စီးေအာင္ထိန္းသိမ္း ႏိုင္ေရးအတြက္ အေတြးအေခၚမွန္ကန္ေအာင္ ထည့္သြင္း ဆုံးမၾကရန္လိုေၾကာင္း၊ ထိုသို႔ မွန္ကန္မွသာလ်င္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ အေတြးအေခၚ အယူအဆမ်ားသည္ မွန္ကန္ၿပီး အက်င့္စာရိတၱ ႏွင့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံေတာ္တည္ေဆာက္ေရး ကို ေဖာ္ေဆာင္ႏိုင္မည္ ျဖစ္ပါေၾကာင္း၊

“အမ်ိဳးသားစည္းကမ္းအစ၊ စာသင္ေက်ာင္းက”ဟု ဆို႐ိုးစကားရွိၿပီး ေစာင့္ထိန္း ရမည့္စည္းကမ္း၊ က်င့္ဝတ္၊ နီတိမ်ားတိုးတက္ေစေရး ယဥ္ေက်းလိမၼာသင္တန္းမ်ား သင္ၾကားႏိုင္ေရး၊ ယဥ္ေက်းမႈႏွင့္ ကိုက္ညီေသာ က်င့္ဝတ္နီတိသင္တန္းဖြင့္လွစ္သင္ၾကား ႏိုင္ေရး ေဆာင္႐ြက္ရန္လိုအပ္မည္ျဖစ္ပါေၾကာင္း၊ ဘာသာေရးကိုရည္ၫႊန္းျခင္း မဟုတ္ဘဲ က်င့္ဝတ္ နီတိမ်ားကို ေျပာျခင္းသာျဖစ္ပါေၾကာင္း၊ နီတိကို သင္ယူရန္အေရးႀကီးၿပီး ယေန႔ ေခတ္တြင္ လူမႈက်င့္ဝတ္မ်ားႏွင့္ မကိုက္ညီသည္မ်ားကိုေတြ႕ရသျဖင့္ အားမရပါေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ မူလတန္းအဆင့္မၿပီးေျမာက္မီ ေက်ာင္းထြက္မႈႏႈန္းမွာ မ်ားျပားေနေသးသည္ကိုလည္း ေတြ႕ရွိရေၾကာင္း၊ ထိုသို႔မ်ားျပားရျခင္းေၾကာင့္ အတန္းပညာတတ္ေျမာက္မႈႏွင့္ စည္းကမ္းႏွင့္က်င့္ဝတ္နီတိမ်ား လိုက္နာမႈတြင္ အားနည္းခ်က္မ်ားရွိလာႏိုင္သျဖင့္ အနည္းဆုံး မူလတန္းအဆင့္ၿပီးေျမာက္ႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္တစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံအက်ဆုံးအရင္းအျမစ္မွာ လူသားအရင္းအျမစ္ပင္ျဖစ္ပါေၾကာင္း၊ ပညာေရး ႏွင့္ပတ္သက္ေသာ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ေဆာင္႐ြက္ရာတြင္ အေျခခံအခ်က္မ်ားအေနျဖင့္ လူက်န္းမာေရး၊ စိတ္က်န္းမာေရး၊ ဉာဏ္ပညာအလင္းပြင့္ ေရးအတြက္ အေထာက္အကူျပဳမည့္ ပတ္ဝန္းက်င္ရွိသည့္ စာသင္ေက်ာင္းမ်ား၊ အသိပညာႏွင့္ အတတ္ပညာမ်ားကို သင္ၾကားေပးမည့္ ဆရာ၊ ဆရာမမ်ားႏွင့္ ခံယူလိုစိတ္အျပည့္ျဖင့္ ဆည္းပူး သင္ယူလိုစိတ္ရွိသည့္ ေက်ာင္းသူ ေက်ာင္းသားမ်ား လိုအပ္မည္ျဖစ္ပါေၾကာင္း။

“ပညာသည္ ရတနာ၊ ဆရာသည္ အခရာ” ဆိုသည့္ ေျပာစကားအတိုင္း ဆရာ၊ ဆရာမမ်ားသည္ သင္ၾကားပို႔ခ်ေပးမႈနယ္ပယ္တြင္ စိတ္ခ်မ္းေျမ့ေပ်ာ္႐ႊင္စြာ နစ္ျမဳပ္ ပို႔ခ်ႏိုင္ေရးအေရးႀကီးမည္ျဖစ္ပါေၾကာင္း၊ ကေလးမ်ား၏ ပညာေရးေကာင္းမြန္ရန္အတြက္ ေက်ာင္းသား၊ ဆရာ၊ မိဘ မ်ားအျပင္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေကာင္းရန္လည္း လိုအပ္မည္ ျဖစ္ပါေၾကာင္း၊ ေက်ာင္းပတ္ဝန္းက်င္ေကာင္းမြန္ေရး၊ ကေလးသူငယ္မ်ား အတုယူမွားေစႏိုင္ ၿပီး လမ္းမွားေရာက္ေစႏိုင္သည့္ ပတ္ဝန္းက်င္မ်ားမရွိေစေရး အုပ္ခ်ဳပ္သူအဖြဲ႕အစည္းမ်ားက စီမံေဆာင္႐ြက္ေပးရမည္ျဖစ္ပါေၾကာင္း၊ တပ္မေတာ္ ေက်ာင္းမ်ားတြင္ ပတ္ဝန္းက်င္ေကာင္းကို ဖန္တီးေပးထားၿပီး ေက်ာင္းတက္မွန္ေရးႏွင့္ ပညာသင္ၾကားသည့္ အ႐ြယ္မွန္သမွ်ပညာသင္ၾကားေရးႏွင့္ ပညာသင္ၾကားရာတြင္ စိတ္ပူပင္ေသာကမရွိေစေရး အတတ္ႏိုင္ဆုံး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္သျဖင့္ လိုအပ္ခ်က္မ်ားရွိေနေသာေၾကာင့္ ေက်ာင္းမ်ား ၏ သန႔္ရွင္းေရးအပိုင္းတြင္ တပ္မေတာ္က တစ္ဖက္တစ္လမ္းမွ ကူညီေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း၊ ထို႔ျပင္ ဆရာ၊ ဆရာမမ်ား စိတ္ေအးခ်မ္းသာစြာ ပညာသင္ၾကားႏိုင္ေရး အတြက္ တပ္မေတာ္စက္႐ုံထုတ္ ေက်ာင္းဝတ္စုံမ်ား ေထာက္ပံ့ေပးျခင္း၊ တပ္မေတာ္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အသား၊ ငါး၊ ဥအမ်ိဳးမ်ိဳးႏွင့္ ဟင္းသီး ဟင္း႐ြက္မ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ေရာင္းခ် ေပးလ်က္ရွိပါေၾကာင္း၊ ျပည့္စုံသည္ မဟုတ္ေသာ္လည္း ပညာေရးဝန္ထမ္းမ်ား စိတ္ေအးခ်မ္းသာစြာ ပညာသင္ၾကားႏိုင္ေရး အတြက္ တစ္စိတ္တစ္ပိုင္း အေထာက္အကူျဖစ္ေစႏိုင္မည္ ျဖစ္ပါေၾကာင္း၊ ဆက္လက္၍ လည္း ကူူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း။

ေလယာဥ္သံမ်ားေၾကာင့္ ပညာသင္ၾကားေရးအေႏွာင့္အယွက္ျဖစ္ေနသျဖင့္ ယခုေက်ာင္းအား ေနရာေ႐ႊ႕ၿပီး ၂၀၁၉ ဇန္နဝါရီ ၁ ရက္ေန႔ တြင္ စတင္ေဆာက္လုပ္ခဲ့ရာ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၃၀ ရက္တြင္ ရာႏႈန္းျပည့္ ေဆာက္လုပ္ ၿပီးစီးခဲ့ပါေၾကာင္း၊ (ယူ) ပုံစံ ေက်ာင္းေဆာင္တစ္ေဆာင္အပါအဝင္ မုန႔္ေဈးတန္း အေဆာက္အဦ ၁ လုံး၊ အခန္း ၁၀ ခန္းပါ သန႔္စင္ခန္း ၂ လုံး၊ စက္ဘီးရပ္နားသည့္ အေဆာက္အဦ ၂ လုံးတို႔ကို ေဆာက္လုပ္ေပးခဲ့ပါေၾကာင္း၊ ေျမသား ျပဳျပင္ျခင္းလုပ္ငန္းတြင္ ေငြက်ပ္သိန္း ၃၅၀ ေက်ာ္၊ အေဆာက္အဦလုပ္ငန္းတြင္ ေငြက်ပ္ သိန္း ၈၅၀၀ ေက်ာ္၊ ဆက္စပ္လုပ္ငန္း မ်ားတြင္ ေငြက်ပ္သိန္း ၄၅၀၀ ေက်ာ္၊ စုစုေပါင္း ေငြက်ပ္သိန္း ၁၃၄၀၀ ေက်ာ္ အကုန္အက်ခံေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ယခုဆိုပါက အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ) (ရွမ္းကုန္း)တြင္ ေက်ာင္းအုပ္ ဆရာမႀကီးအပါအဝင္ ဆရာ၊ ဆရာမမ်ားသည္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားမွ မိသားစုဝင္မ်ားႏွင့္ ပတ္ဝန္းက်င္ေက်း႐ြာမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူ လူငယ္ ၈၀၀ ဦးခန႔္ကို ေကာင္းစြာ ပညာသင္ၾကား ေပးႏိုင္ေတာ့မည္ျဖစ္ပါေၾကာင္း၊ ေနာင္တစ္ခ်ိန္ ေက်ာင္းကို KG + 12 စနစ္အရ အခန္းမ်ားဆက္လက္တိုးခ်ဲ႕မည္ဆိုပါကလည္း အဆင္ေျပစြာ ေဆာင္႐ြက္ႏိုင္ ေရးအတြက္ ေျမေနရာမ်ားတစ္ဆက္တည္း စီစဥ္ေပးထားပါေၾကာင္း။

တပ္မေတာ္အေနႏွင့္လည္း ပညာေရးအေပၚတြင္ အေလးထားေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း၊ တပ္မေတာ္သို႔ ဘဝေပါင္းစုံမွ က်င္လည္ဝင္ေရာက္လာခဲ့ၿပီး ၂၄ နာရီ တာဝန္ထမ္းေဆာင္ေနရေသာ္လည္း ပညာေရးပိုင္းတြင္ ပစ္ပယ္မထားဘဲ မူလတန္းပညာ သင္ၾကားႏိုင္ေရး ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္၊ ဧၿပီလတြင္ တပ္မေတာ္သားအားလုံးကို အေျခခံပညာမူလတန္း ေအာင္ျမင္ေအာင္ သင္ၾကား ေပးႏိုင္ခဲ့ၿပီး ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ တပ္မေတာ္သား ၄၅၁၈ ဦးကို ဆ႒မတန္းမွ ‘ဒသမတန္းအထိ သင္ၾကားဆည္းပူးေစႏိုင္ခဲ့ေၾကာင္း၊ တပ္မေတာ္ အေျခခံပညာေက်ာင္း မ်ားအေနႏွင့္လည္း တပ္မိသားစုဝင္ကေလးမ်ားႏွင့္ နီးစပ္ရာၿမိဳ႕/႐ြာ မ်ားက ကေလးငယ္ ဦးေရ ၃ ေသာင္းခန႔္ကိုသင္ၾကားေလ့က်င့္ေပးႏိုင္ခဲ့ေၾကာင္း၊ တပ္မေတာ္အတြင္း ေက်ာင္းေနအ႐ြယ္ ကေလးမ်ားအားလုံး ပညာသင္ၾကားႏိုင္ေရး တပ္ရင္း၊ တပ္ဖြဲ႕အလိုက္ ပညာေရးတာဝန္ခံအရာရွိမ်ား ခန႔္အပ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ တပ္ရင္း၊ တပ္ဖြဲ႕အလိုက္ စည္း႐ုံးေရးနယ္ေျမ၊ လုံၿခဳံေရးနယ္ေျမမ်ားတြင္ ရွိေနသည့္ အေျခခံပညာ ေက်ာင္းမ်ားမွ ႏွစ္စဥ္ေက်ာင္းဖြင့္ခ်ိန္အမီ သန႔္ရွင္းေရးျပဳလုပ္ ေပးျခင္း၊ လိုအပ္သည့္ပစၥည္းမ်ားကို ျဖည့္ဆည္းေပးျခင္းစသည့္အခ်က္မ်ားကို လုပ္ေဆာင္ ေပးလ်က္ရွိေၾကာင္း။

ထို႔ျပင္ ၂၀၁၁-၂၀၁၂ ပညာသင္ႏွစ္မွ စတင္၍ ပညာရည္ခြၽန္တပ္မေတာ္သား မိသားစုဝင္ သား၊ သမီးမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၏ သား၊ သမီးမ်ား၊ စစ္သည္မ်ားကို ဂုဏ္ျပဳဆုမ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ပါေၾကာင္း၊ ထူးခြၽန္ေက်ာင္းသားေက်ာင္းသူမ်ားအား ဂုဏ္ျပဳဆုေငြမ်ားႏွင့္ ဂုဏ္ထူး ၃ ဘာသာႏွင့္အထက္ရရွိသည့္ ေက်ာင္းသားေက်ာင္းသူ မ်ားကို ဂုဏ္ထူးတစ္ ဘာသာလ်င္ ေ႐ႊ ၁ မတ္သားႏႈန္းျဖင့္ ခ်ီးျမႇင့္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွ စ၍ အလႉရွင္မ်ားမွ ခ်ီးျမႇင့္သည့္ အလႉေငြမ်ားျဖင့္လည္း ေငြသားမ်ားေပးအပ္လ်က္ ရွိပါေၾကာင္း၊ ၂၀၁၉ ခုႏွစ္ထိ ထူးခြၽန္သူ ေက်ာင္းသား၊ ေက်ာင္းသူ ၁၀၃၄၂ ဦးကို ေ႐ႊခ်ီးျမႇင့္မႈ စုစုေပါင္းကုန္က်ေငြ ေငြက်ပ္သန္းေပါင္း ၄၇၀၀ ေက်ာ္အပါအဝင္ ေ႐ႊႏွင့္ ေငြသားခ်ီးျမႇင့္မႈအေနျဖင့္စုစုေပါင္း ေငြက်ပ္သန္းေပါင္း ၆၈၀၀ ေက်ာ္ရွိၿပီျဖစ္ပါေၾကာင္း၊ ထို႔ျပင္ ထူးခြၽန္သူမ်ားမွ ႏွစ္စဥ္ ၃၀ ဦးကို ေ႐ြးခ်ယ္၍လည္း ဂ်ပန္ႏိုင္ငံ၊ ကိုရီးယားႏိုင္ငံမ်ားသို႔ ေလ့လာေရးခရီးမ်ား ေစလႊတ္ ေပးလ်က္ရွိပါေၾကာင္း။

ပညာဆိုသည္ ေဘာင္အကန႔္အသတ္မရွိ က်ယ္ျပန႔္နက္ရႈိင္းလွပါေၾကာင္း၊ လူတစ္ဦးခ်င္းစီ၏ ကာယ၊ ဉာဏစြမ္းအားအေပၚမွာမူတည္ၿပီးထူးခြၽန္ထက္ျမက္ၾကသည့္ အရင္းအျမစ္ေကာင္းမ်ားေပၚေပါက္လာမည္ပင္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္လည္း စဥ္ဆက္မျပတ္ဆည္းပူး ေလ့လာခံယူေနၾကရန္လိုအပ္မည္ပင္ျဖစ္ပါေၾကာင္း၊ အသိပညာႏွင့္အတတ္ပညာအတြက္ အေကာင္းဆုံးမိတ္ေဆြသည္ ေခတ္အဆက္ဆက္က ရွိလာခဲ့သည့္စာေကာင္းေပမြန္မ်ားပင္ ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ရဟန္းစာဆိုပညာရွိ ရွင္မဟာရ႒သာရက ” မွတ္ဖြယ္ရာရာ၊ ထိုထိုစာကို၊ ရွာ၍မျပတ္၊ အိမ္တြင္ဖတ္၊ ဖတ္ျပန္ ေသာ္ကား၊ ဖတ္ဖန္မ်ားက၊ သားမယားပင္၊ သိျမင္ကင္းကြာ၊ မလိမၼာလည္း၊ စာေပစကား၊ ေန႔တိုင္းၾကားက၊ ထူးျခားလိမၼာ၊ ရွိသည္သာတည္း” ဟု ဆိုခဲ့ျခင္းပင္ ျဖစ္ပါေၾကာင္း။
ေျပာင္းလဲတိုးတက္ေနသည့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရးစသည္မ်ားကို ေခတ္ႏွင့္အညီ စဥ္ဆက္မျပတ္ဆည္းပူးသင္ယူေနရမည္ပင္ျဖစ္ေၾကာင္း၊ ယေန႔ပညာေခတ္ ေရစီးထဲတြင္ ကမာၻ႔ႏိုင္ငံအသီးသီးထက္ ေနာက္က်က်န္ရစ္မေနဘဲ လိုက္ပါရင္ေဘာင္တန္း စီးဆင္းႏိုင္ေရးအတြက္ အသိပညာ၊ အတတ္ပညာမ်ားကို ႀကိဳးစားရွာေဖြဆည္းပူးၾကရန္ လိုေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္၏ ပညာေရးက႑တိုးတက္ေရးေထာက္ပံ့ခ်ီးျမႇင့္မႈ အေပၚ အသိအမွတ္ျပဳတုန႔္ျပန္ၿပီး မိမိႏိုင္ငံ၊ မိမိလူမ်ိဳးအတြက္ဆိုသည့္ အမ်ိဳးသားေရး စိတ္ဓာတ္ျဖင့္အသိတရားရွိသည့္ အတတ္ပညာရွင္မ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္ လိုေၾကာင္း၊ မိဘ၊ဆရာေက်ာင္းသားမ်ားအေနျဖင့္ ကိုယ္စီက်င့္ဝတ္လိုက္နာက်င့္သုံး၍ ဆရာ၊ ဆရာမအားလုံး စိတ္ခ်မ္းေျမ့စြာ ပညာသင္ၾကားျခင္း၊ ပို႔ခ်ျခင္းျဖင့္ တစ္မ်ိဳးသားလုံး ပညာရည္ျမင့္မားေရးေဆာင္႐ြက္ၿပီး တိုင္းက်ိဳးျပည္က်ိဳး တိုးတက္သယ္ပိုးေဆာင္႐ြက္ၾက ရန္လိုေၾကာင္းျဖင့္ေျပာၾကားသည္။

ထို႔ေနာက္ ေမွာ္ဘီတပ္နယ္မွ တာဝန္ရွိသူတစ္ဦးက အေျခခံပညာ အထက္တန္း ေက်ာင္း(ခြဲ) (ရွမ္းကုန္း) ေက်ာင္းသမိုင္းအက်ဥ္းႏွင့္ ေက်ာင္းေဆာင္သစ္ တည္ေဆာက္ခဲ့မႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က သင္ေထာက္ကူပစၥည္းမ်ားႏွင့္ ေက်ာင္းသုံးပရိေဘာဂမ်ားကို ေပးအပ္လႉဒါန္းရာ အေျခခံ ပညာဦးစီးဌာနမွ ‘ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္(စီမံ) ဦးရဲလင္းျမင့္ ကလည္းေကာင္း၊ စစ္ေရးခ်ဳပ္ ‘ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေက်ာင္းစိမ္းဝတ္စုံမ်ားကို ေပးအပ္လႉဒါန္းရာ အထက္တန္းျပ ဆရာမ ေဒၚနီနီခင္ကလည္းေကာင္း၊ စစ္ေထာက္ခ်ဳပ္ ‘ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္း က ေက်ာင္းေဆာင္သစ္ႏွင့္ သက္ဆိုင္သည့္ စာ႐ြက္စာတမ္းမ်ားကို လႊဲေျပာင္းေပးအပ္ရာ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚစုစုတင္ ကလည္းေကာင္း အသီးသီးလက္ခံရယူၾကသည္။

ထို႔ေနာက္ အေျခခံပညာဦးစီးဌာနမွ ‘ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္(စီမံ) ဦးရဲလင္းျမင့္ က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားရာတြင္ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ) (ရွမ္းကုန္း) ေက်ာင္းေဆာင္သစ္ဖြင့္ပြဲသည္ ေျမေနရာအသစ္တြင္ဖြင့္လွစ္ျခင္းျဖစ္သျဖင့္ ထူးျခားသည့္ ေန႔တစ္ေန႔ျဖစ္ပါေၾကာင္း၊ ပညာေရးဝန္ႀကီး႒ာနကိုယ္စား ေက်းဇူးတင္ စကားေျပာၾကားရသည့္အတြက္ ဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ယခုေဆာက္လုပ္ေပးသည့္ ေက်ာင္းေဆာင္မွာ ယူပုံသ႑န္ RC ႏွစ္ထပ္စာသင္ေဆာင္ ျဖစ္ၿပီး စာသင္ခန္းေပါင္း ၃၀ ခန္း၊ ခန္းမတစ္ခုတို႔ပါဝင္သည့္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ စာေပသင္ၾကားမႈတြင္ ပိုမိုအဆင္ေျပေအာင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ ပါေၾကာင္း၊ ဆရာစားပြဲႏွင့္ ကုလားထိုင္ ၂၆ စုံ၊ တစ္ေယာက္ထိုင္စာေရးခုံ အလုံး ၁၀၀ တို႔ကိုလည္း ေဆာင္႐ြက္ေပးထားသည္ဟု သိရွိရပါေၾကာင္း၊ ထို႔ျပင္ သင္ၾကားေရးလုပ္ငန္း ႏွင့္ ေက်ာင္း႐ုံးလုပ္ငန္းမ်ား အဆင္ေျပေစေရးအတြက္ Computer ၅ လုံး၊ Printer ၃ လုံး၊ မိတၱဴကူးစက္ ၁ လုံးအျပင္ သိပၸံခန္းသုံး သင္ေထာက္ကူပစၥည္းမ်ားကိုလည္း ေထာက္ပံ့ထားသည့္အတြက္ သင္ၾကားေရးလုပ္ငန္းမ်ားကို ထိေရာက္ေစမည္ျဖစ္ပါ ေၾကာင္း၊ က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္သည့္ သန႔္စင္ေသာေသာက္သုံးေရ ရရွိ ေရးအတြက္လည္း ေရစင္ ၂ ခုပါဝင္ပါေၾကာင္း၊ စက္ဘီးရပ္နားရန္ေနရာ၊ မုန႔္ဆိုင္တန္း မ်ားအျပင္ စုေပါင္းတန္းစီကြင္းကိုပါ ေဆာင္႐ြက္ေပးထားပါေၾကာင္း၊ ယခုကဲ့သို႔ စံခ်ိန္မီ ေက်ာင္းေဆာင္သစ္ႀကီးကို ေဆာက္လုပ္စီမံေပးသည့္အတြက္ ေက်ာင္းတြင္တာဝန္ထမ္း ေဆာင္ရေသာ ပညာေရးဝန္ထမ္းမ်ားႏွင့္ ပညာသင္ၾကားရေသာ ေက်ာင္းသား၊ ေက်ာင္း သူမ်ားအတြက္လည္း ကံေကာင္းသည္ဟု မွတ္ယူရမည္ျဖစ္ေၾကာင္း၊ စံခ်ိန္မီ ေက်ာင္း ေဆာင္၊ ပရိေဘာဂႏွင့္ အသုံးအေဆာင္မ်ားကို ျပည့္စုံေအာင္စီမံေဆာက္လုပ္ေပးသည့္ အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစု မ်ားကို ပညာေရးဝန္ႀကီးဌာနအေနျဖင့္ အထူးေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကား သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ေက်ာင္းအုပ္ဆရာမႀကီးက ေက်ာင္းေဆာင္သစ္ဖြင့္ပြဲအထိမ္းအမွတ္ လက္ေဆာင္ပစၥည္းေပးအပ္ခဲ့ၿပီး အခမ္းအနား အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾက သူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့သည္။

အဆိုပါ အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ) (ရွမ္းကုန္း)ေက်ာင္းကို ရန္ကုန္ တိုင္းေဒသႀကီး၊ ေျမာက္ပိုင္းခ႐ိုင္၊ ေမွာ္ဘီၿမိဳ႕နယ္၊ ဆပ္သြားေတာေက်း႐ြာအုပ္စု၊ ရွမ္းကုန္း ေက်း႐ြာအနီး ေမွာ္ဘီေလတပ္စခန္းအတြင္း၌ ၁၉၅၈ ခုႏွစ္တြင္ တပ္တြင္းမူလတန္း ေက်ာင္းအျဖစ္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၁၉၇၉ ခုႏွစ္တြင္ အေျခခံပညာအလယ္ တန္းေက်ာင္းအျဖစ္တိုးျမႇင့္ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ၁၉၉၁ ခုႏွစ္တြင္ တပ္တြင္းမွ တပ္အဝင္ဝေနရာ သို႔ေျပာင္းေ႐ႊ႕ဖြင့္လွစ္ေပးခဲ့ေၾကာင္း၊ ၂၀၀၆ ခုႏွစ္တြင္ အေျခခံပညာအထက္တန္းေက်ာင္း (ခြဲ)အျဖစ္ တိုးျမႇင့္ဖြင့္လွစ္ခဲ့ေၾကာင္း၊ ယခုေျမေနရာ ေျပာင္းလဲမႈမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ဆူညံသံကင္းစြာျဖင့္ စိတ္ေအးခ်မ္းစြာ ပညာသင္ၾကားႏိုင္ေရးအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ လမ္းၫႊန္ခ်က္ႏွင့္အညီ ယခင္ေက်ာင္းေဆာင္ ေဟာင္းကို စံျပဳအထက္တန္းေက်ာင္းပုံစံျဖင့္ ယခုေနရာတြင္ အသစ္ျပန္လည္ေဆာက္ လုပ္လႉဒါန္းေပးခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ယခုလ ၂၁ ရက္မွ စ၍ က်န္းမာေရးဝန္ႀကီး႒ာန ၏ သတ္မွတ္ခ်က္၊ ၫႊန္ၾကားခ်က္မ်ားႏွင့္ အညီ တစ္ခန္းလ်င္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၀ ဦးစီျဖင့္ သင္ၾကားေပးႏိုင္ေတာ့မည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။