တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် – ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Toshimitsu MOTEGI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr. Ichiro MARUYAMA ၊ စစ်သံမှူး Colonel Takashi KOMATSU နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့သည် ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization-WHO)၏ ညွှန်ကြားချက်များနှင့်အညီ အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ယခုလအစောပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်မှုနှုန်းများပြားလာသည့်အတွက် နိုင်ငံတော်အစိုးရနှင့်တပ်မတော်မှ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးအရ ရိုက်ခတ်မှုများစွာရှိခဲ့ပြီး အခြားလိုအပ်ချက်များစွာရှိသော်လည်း စားရေးသည်နေ့စဉ်လိုအပ်ချက်ဖြစ်သည့်အတွက် စားနပ်ရိက္ခာဖူလုံရေးကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည့် အခြေအနေများ၊ ဂျပန်နိုင်ငံအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သည့်အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကာကွယ်ရေးစိတ်ဓာတ်ကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှအကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးဆိုင်ရာကိစ္စရပ်များနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်နေမှုများကို ဂျပန်နိုင်ငံမှ လေ့လာရေးအဖွဲ့ဖြင့် လာရောက်လေ့လာမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီး ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဩဂုတ္ – ၂၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီး H.E.Mr. Toshimitsu MOTEGI ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ ႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံသံအမတ္ႀကီး H.E.Mr. Ichiro MARUYAMA ၊ စစ္သံမႉး Colonel Takashi KOMATSU ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ဂ်ပန္ႏိုင္ငံတို႔သည္ ဆက္ဆံေရးေကာင္းမြန္လ်က္ရွိၿပီး ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈအေျခအေနမ်ား၊ COVID-19 ေရာဂါႏွင့္ ပတ္သက္၍ ကမာၻ႔က်န္းမာေရးအဖြဲ႕(World Health Organization-WHO)၏ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ အေလးအနက္ထား ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ ယခုလအေစာပိုင္းမွစ၍ ရခိုင္ျပည္နယ္အတြင္း ေရာဂါကူးစက္မႈႏႈန္းမ်ားျပားလာသည့္အတြက္ ႏိုင္ငံေတာ္အစိုးရႏွင့္တပ္မေတာ္မွ ဝိုင္းဝန္းေျဖရွင္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ကမာၻတစ္ဝန္းတြင္ စီးပြားေရးအရ ႐ိုက္ခတ္မႈမ်ားစြာရွိခဲ့ၿပီး အျခားလိုအပ္ခ်က္မ်ားစြာရွိေသာ္လည္း စားေရးသည္ေန႔စဥ္လိုအပ္ခ်က္ျဖစ္သည့္အတြက္ စားနပ္ရိကၡာဖူလုံေရးကို ထည့္သြင္းစဥ္းစားရန္လိုအပ္သည့္ အေျခအေနမ်ား၊ ဂ်ပန္ႏိုင္ငံအေနျဖင့္ ေဆးႏွင့္ေဆးပစၥည္းမ်ား၊ အေသးစားစက္မႈလက္မႈလုပ္ငန္းမ်ားတြင္ ကူညီေဆာင္႐ြက္ေပးခဲ့သည့္အေျခအေနမ်ား၊ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားလ်က္ရွိသည့္ ပဋိပကၡမ်ားႏွင့္ပတ္သက္၍ တပ္မေတာ္အေနျဖင့္ တရားဥပေဒႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိၿပီး တာဝန္ထမ္းေဆာင္ေနသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ ကာကြယ္ေရးစိတ္ဓာတ္ကိုလည္း ထိခိုက္မႈမရွိေအာင္ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ (COVID-19) ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ား ပိုမိုထိေရာက္လ်င္ျမန္ က်ယ္ျပန႔္စြာ ေဆာင္႐ြက္ႏိုင္ေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံတကာစံႏႈန္းအတိုင္း ႏိုင္ငံေတာ္မွအၾကမ္းဖက္ဟု သတ္မွတ္ ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၁ ရက္မွ ၃၀ ရက္အထိ ထပ္မံတိုးျမႇင့္ရပ္ဆိုင္းေပးသြားမည့္ အေျခအေနမ်ား၊ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္တြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရး၊ လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ေနမႈမ်ားကို ဂ်ပန္ႏိုင္ငံမွ ေလ့လာေရးအဖြဲ႕ျဖင့္ လာေရာက္ေလ့လာမည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခား ေရးဝန္ႀကီးတို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။