တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံ တပ်မတော်စက်မှုအင်ဂျင်နီယာသင်တန်းကျောင်း များ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ သြဂုတ် – ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦး နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်မှုအင်ဂျင်နီယာ သင်တန်း ကျောင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက် နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်းသို့ ရောက်ရှိကြရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် အောင်ဇေယျ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်မင်းနှင့် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြင့်တိုး တို့က သင်တန်းကျောင်း သမိုင်းအကျဉ်း၊ သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ လက်တွေ့ လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊Integrated Classroom များဖြင့် သင်ကြားပို့ချပေးလျက်ရှိသည့် အခြေအနေများ၊ သင်တန်းသား များကို ၎င်းတို့၏ အရည်အချင်းများအလိုက် ပညာရပ်အုပ်စုများသတ်မှတ်ပြီး အရည် အသွေးမြှင့်တင်ပေးနေမှုများနှင့် အရည်အသွေးပြည့်ဝသော နည်းပြများမွေးထုတ်သင် ကြားပေးနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်း ဌာနအသီးသီးသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင် မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်က အိမ်ရာဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေ များအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အိမ်ရာများအား အရည်အသွေးပြည့်မီစွာဆောက်လုပ်သွားရန်၊ အိမ်ရာတွင်နေထိုင်သူများ ကျန်းမာရေး အထောက်အကူပြုရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရန်နေရာများ စာကြည့်တိုက်၊ ဆေးခန်းနှင့် ဈေးများကိုလည်း ထည့်သွင်းဆောက်လုပ်သွားရန် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်း ဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့် နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး(၈၀ ခန်း)ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး စစ်မှုထမ်းဟောင်းများအား နေရာချထားပေးပြီးဖြစ်ကြောင်း၊ အခြားအဆင့် နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၂ လုံး(၄၈ ခန်း) ကိုဆက်လက်ဆောက်လုပ်လျက်ရှိရာ ၉၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား ထပ်မံ၍ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်အင်ဂျင်နီယာကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ခင်မောင်အေးနှင့် တာဝန်ရှိသူများက အထူးပညာသည် ယာဉ်ယန္တရားအသုံးပြု သင်ထောက်ကူပြုလက်တွေ့ခန်းတွင် သင်တန်းသားများအား သင်ထောက်ကူပြုပစ္စည်း များအသုံးပြု၍ သင်ကြားပို့ချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားပြီး သင်ထောက်ကူပြုယာဉ်ယန္တရားများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းအတွင်းရှိ သင်တန်းဆောင်များနှင့် အိမ်ထောင်သည်လိုင်းခန်းများအား မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျပင္ဦးလြင္ၿမိဳ႕ရွိ နယ္ေျမခံ တပ္မေတာ္စက္မႈအင္ဂ်င္နီယာသင္တန္းေက်ာင္း မ်ား၏ လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားႏွင့္ စစ္မႈထမ္းေဟာင္းအိမ္ရာ တည္ေဆာက္ေနမႈမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ကိုကိုဦး ႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္စက္မႈအင္ဂ်င္နီယာ သင္တန္း ေက်ာင္းမ်ား၏ လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားႏွင့္ စစ္မႈထမ္းေဟာင္းအိမ္ရာ တည္ေဆာက္ ေနမႈမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္ လွ်ပ္စစ္ႏွင့္ စက္မႈအင္ဂ်င္နီယာေက်ာင္းသို႔ ေရာက္ရွိၾကရာ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံး(ၾကည္း)မွ  ဗိုလ္ခ်ဳပ္ ေအာင္ေဇယ်၊ လွ်ပ္စစ္ႏွင့္ စက္မႈအင္ဂ်င္နီယာ ၫႊန္ၾကားေရးမႉး႐ုံး၊ ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ ေအာင္မင္းႏွင့္ ေက်ာင္းအုပ္ႀကီး ဗိုလ္မႉးခ်ဳပ္ ျမင့္တိုး တို႔က သင္တန္းေက်ာင္း သမိုင္းအက်ဥ္း၊ သင္တန္းဖြင့္လွစ္ ေဆာင္႐ြက္ေပးႏိုင္မႈ အေျခအေနမ်ား၊ သင္ေထာက္ကူ ပစၥည္းမ်ားအသုံးျပဳ၍ လက္ေတြ႕ ေလ့က်င့္ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊Integrated Classroom မ်ားျဖင့္ သင္ၾကားပို႔ခ်ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ သင္တန္းသား မ်ားကို ၎တို႔၏ အရည္အခ်င္းမ်ားအလိုက္ ပညာရပ္အုပ္စုမ်ားသတ္မွတ္ၿပီး အရည္ အေသြးျမႇင့္တင္ေပးေနမႈမ်ားႏွင့္ အရည္အေသြးျပည့္ဝေသာ နည္းျပမ်ားေမြးထုတ္သင္ ၾကားေပးႏိုင္ေရး ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျပန္လည္ေဆြးေႏြးမွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္း ဌာနအသီးသီးသို႔ လွည့္လည္ၾကည့္ရႈစစ္ေဆးၿပီး သင္တန္းေက်ာင္းအတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ျပင္ဦးလြင္ ၿမိဳ႕ရွိ စစ္မႈထမ္းေဟာင္းအိမ္ရာတည္ေဆာက္ေနမႈ အေျခအေနမ်ားအား သြားေရာက္ ၾကည့္ရႈစစ္ေဆးရာ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမႉး႐ုံး ၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ မ်ိဳးသန႔္က အိမ္ရာေဆာက္လုပ္ၿပီးစီးမႈႏွင့္ ဆက္လက္ေဆာင္႐ြက္ေနသည့္ အေျခအေန မ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အိမ္ရာမ်ားအား အရည္အေသြးျပည့္မီစြာေဆာက္လုပ္သြားရန္၊ အိမ္ရာတြင္ေနထိုင္သူမ်ား က်န္းမာေရး အေထာက္အကူျပဳရန္အတြက္ ကိုယ္လက္လႈပ္ရွားအားကစား ျပဳလုပ္ရန္ေနရာမ်ား စာၾကည့္တိုက္၊ ေဆးခန္းႏွင့္ ေဈးမ်ားကိုလည္း ထည့္သြင္းေဆာက္လုပ္သြားရန္ မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္မႈထမ္း ေဟာင္းအိမ္ရာအတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈ စစ္ေဆးခဲ့ၾကသည္။

အဆိုပါ ျပင္ဦးလြင္ၿမိဳ႕၊ စစ္မႈထမ္းေဟာင္းအိမ္ရာတြင္ အျခားအဆင့္ ေနအိမ္ ၂ ခန္းတြဲ ၄ ထပ္ ၁၀ လုံး(၈၀ ခန္း)ေဆာက္လုပ္ၿပီးစီးၿပီျဖစ္ၿပီး စစ္မႈထမ္းေဟာင္းမ်ားအား ေနရာခ်ထားေပးၿပီးျဖစ္ေၾကာင္း၊ အျခားအဆင့္ ေနအိမ္ ၄ ခန္းတြဲ ၆ ထပ္ ၂ လုံး(၄၈ ခန္း) ကိုဆက္လက္ေဆာက္လုပ္လ်က္ရွိရာ ၉၈ ရာခိုင္ႏႈန္းၿပီးစီးၿပီျဖစ္ေၾကာင္းႏွင့္ အရာရွိႀကီးေနအိမ္၊ အရာရွိငယ္ေနအိမ္ႏွင့္ အျခားအဆင့္ေနအိမ္မ်ားအား ထပ္မံ၍ ေဆာက္လုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္အင္ဂ်င္နီယာေက်ာင္းသို႔ ေရာက္ရွိၾကရာ ေက်ာင္းအုပ္ႀကီး ဗိုလ္မႉးခ်ဳပ္ ခင္ေမာင္ေအးႏွင့္ တာဝန္ရွိသူမ်ားက အထူးပညာသည္ ယာဥ္ယႏၲရားအသုံးျပဳ သင္ေထာက္ကူျပဳလက္ေတြ႕ခန္းတြင္ သင္တန္းသားမ်ားအား သင္ေထာက္ကူျပဳပစၥည္း မ်ားအသုံးျပဳ၍ သင္ၾကားပို႔ခ်ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား မွာၾကားၿပီး သင္ေထာက္ကူျပဳယာဥ္ယႏၲရားမ်ားအား လိုက္လံၾကည့္ရႈစစ္ေဆးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္းေက်ာင္းအတြင္းရွိ သင္တန္းေဆာင္မ်ားႏွင့္ အိမ္ေထာင္သည္လိုင္းခန္းမ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္လွည့္လည္ၾကည့္ရႈခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။