တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallien အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallien အား ယနေ့နံနက်ပိုင်းတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်းစုံနှင့် ဖွဲ့စည်းထားသော ယန္တရားကြီး ဖြစ်သည်နှင့်အညီ နိုင်ငံတစ်ခုအနေဖြင့် မဖြေရှင်းနိုင်သည့် စိန်ခေါ်မှုများ၊ ကမ္ဘာ့စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ ကမ္ဘာကြီးကို ဦးဆောင်မှုပြုနေရသည့် အဖွဲ့အစည်းကြီးဖြစ်၍ သမာသမတ်ရှိရန်၊ ဘက်လိုက်မှုမရှိရန် လိုအပ်မှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်မှု အခြေအနေများ၊ တပ်မတော်အနေဖြင့်လည်း ကလေးစစ်သားပပျောက်ရေး အပါအဝင် ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်နေမှုကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ကိုက်ညီသော တပ်မတော်ဖြစ်ရေးအတွက် Standard Army အဖြစ်တည်ဆောက်နေမှု အခြေအနေများ၊ ကုလသမဂ္ဂအနေနှင့် မျှတစွာရပ်တည်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကို များစွာ အထောက်အကူပြုနိုင်သည့် အခြေအနေများအပေါ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢဌာေန ညႇိႏႈိင္းေရးမႉး Ms. Renata Dessallien အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢဌာေန ၫႇိႏႈိင္းေရးမွဴး Ms. Renata Dessallien အား ယေန႔နံနက္ပုိင္းတြင္ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ထုိသို႔ေတြ႕ဆုံရာတြင္ ကမၻာ့ကုလသမဂၢအေနျဖင့္ ကမၻာ့ႏုိင္ငံေပါင္းစုံႏွင့္ ဖြဲ႕စည္းထားေသာ ယႏၲရားႀကီး ျဖစ္သည္ႏွင့္အညီ ႏုိင္ငံတစ္ခုအေနျဖင့္ မေျဖရွင္းႏုိင္သည့္ စိန္ေခၚမႈမ်ား၊ ကမၻာ့စိန္ေခၚမႈမ်ားကုိ ေျဖရွင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ကမၻာႀကီးကုိ ဦးေဆာင္မႈျပဳေနရသည့္ အဖြဲ႕အစည္းႀကီးျဖစ္၍ သမာသမတ္ရွိရန္၊ ဘက္လုိက္မႈမရွိရန္ လုိအပ္မႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံအေနျဖင့္ ကုလသမဂၢအဖြဲ႕၀င္ ႏုိင္ငံျဖစ္သည္ႏွင့္အညီ ကုလသမဂၢႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ားကုိ အေလးထားေဆာင္ရြက္မႈ အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္လည္း ကေလးစစ္သားပေပ်ာက္ေရး အပါအ၀င္ ကုလသမဂၢႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနမႈကိစၥရပ္မ်ား၊ ဒီမုိကေရစီႏွင့္ ကုိက္ညီေသာ တပ္မေတာ္ျဖစ္ေရးအတြက္ Standard Army အျဖစ္တည္ေဆာက္ေနမႈ အေျခအေနမ်ား၊ ကုလသမဂၢအေနႏွင့္ မွ်တစြာရပ္တည္ေဆာင္ရြက္ျခင္းျဖင့္ ျမန္မာႏုိင္ငံ၏ျပဳျပင္ေျပာင္းလဲမႈ အေျခအေနအရပ္ရပ္ကုိ မ်ားစြာ အေထာက္အကူျပဳႏုိင္သည့္ အေျခအေနမ်ားအေပၚ အျပန္အလွန္အျမင္္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

အဆုိပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢဌာေန ၫႇိႏႈိင္းေရးမွဴး အား အမွတ္တရ လက္ေဆာင္ပစၥည္းေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။