တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် နိုင်မှုအခြေအနေများအား စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၁၇

အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေးဆိုသည်မှာ မိမိတိုင်းပြည်ကို ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ဆောင်ချက်မှန်သမျှကို ဆိုလိုခြင်းပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းသည်လည်း မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် မိမိနိုင်ငံကိုကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ပြင်းပြသောစိတ်ဆန္ဒဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် (COVID-19) ရောဂါကူးစက်မှုနှုန်းမြန်ဆန်နေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် သတ်မှတ်ချက်၊ လမ်းညွှန်ချက်များအတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူမှပေါက်ဖွားလာပြီး နိုင်ငံတော်နှင့်ပြည်သူ၏ အစိတ်အပိုင်းဖြစ်သဖြင့် မည်သည့်အခက်အခဲမျိုးကိုမဆို ပြည်သူနှင့်လက်တွဲပြီး အေးအတူ၊ ပူအမျှ မျှဝေခံစားကာ ကြံ့ကြံ့ခိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ပြည်သူကအားကိုးရသော၊ နိုင်ငံတော်ကအားထားရသော တပ်မတော်ဖြစ်အောင် အမြဲကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်မှုအခြေအနေများအား တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ သွားရောက်စစ်ဆေးစဉ် ထည့်သွင်းပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး)မှ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်း တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့မှုအခြေအနေများ၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာအနီးတစ်ဝိုက်၌ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်စဉ် မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့မှုအပေါ် အမှုဖွင့်အရေးယူမှုနှင့် ဆက်စပ်သူများအား ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခဲ့သည့်အခြေအနေများ၊ မူးယစ်ဆေးဝါး အသိပညာပေးဟောပြောဆောင်ရွက်မှုအခြေအနေများနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်အကောင်အထည်ဖော်ဆောင်နိုင်မှုအခြေအနေများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ယခင်ကတည်းကပင် ကျော်ဇောမှုများရှိခဲ့ကြောင်း၊ အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း အမြစ်မပြတ်နိုင်သေးသည်မှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိ၍ဖြစ်ကြောင်း၊ ထို့ပြင် အချို့သောတရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများကလည်း မိမိကိုယ်ကျိုးစီးပွားအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှုများတွင် ပါဝင်ပတ်သက်လျက်ရှိပြီး မူးယစ်ဆေးဝါးမှရရှိသည့် မသန့်ရှင်းသောငွေကြေးများဖြင့် အဓိကရပ်တည်လျက်ရှိကြောင်း၊ ပြောင်းလဲလာသော နည်းပညာများအရ မူးယစ်ဆေးဝါးကို ကျဉ်းမြောင်းသည့်နေရာများ၌ပင် ထုတ်လုပ်လျက်ရှိကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဘိန်းစိုက်ပျိုးမှုမရှိရအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး လုံး၀ကင်းစင်သွားအောင် အသိပညာပေးကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ထုတ်လုပ်မှုမရှိစေရေးအတွက် ကုန်ကြမ်းပစ္စည်းများမရရှိနိုင်အောင် ထိန်းချုပ်ဖြတ်တောက်ကြရမည်ဖြစ်ကြောင်း၊ တားဆီးနှိမ်နင်းရေးအပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များတွင် အဓိကတာဝန်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအပိုင်းကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် အသိအမှတ်ပြုချီးကျူးပါကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်မှုမှ တစ်ဆင့်လက်နက်ကိုင်ပဋိပက္ခများကင်းစင်သွားအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးကို ထိရောက်စွာနှိမ်နင်းနိုင်ခဲ့သည့်အတွက် အသိအမှတ်ပြုချီးကျူးပါကြောင်းနှင့် နောင်တွင်လည်း ဆက်လက်ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

နယ်မြေဒေသ လုံခြုံရေးအပိုင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်တိုင်းအနေဖြင့် စွမ်းရည်ရှိရမည်ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင်တိုင်းလေ့ကျင့်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ကွပ်ကဲသည့် ခေါင်းဆောင်များအနေဖြင့်လည်း ခေါင်းဆောင်ကောင်းပီသစွာဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်၊ ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ဖြင့် အုပ်ချုပ်ကြရမည်ဖြစ်ကြောင်း၊ မကြာမီတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင်လည်း ဒေသအတွက်၊ နိုင်ငံ့အတွက်အကျိုးပြုမည့်သူများကို ရွေးချယ်၍ဆန္ဒမဲ ပေးကြရမည်ဖြစ်ပြီး လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်မှဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍လည်း လိုအပ်ချက်မှန်သမျှကို ကဏ္ဍပေါင်းစုံမှ အင်တိုက်အားတိုက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများနှင့် ပတ်သက်၍လိုအပ်သည်များကိုမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဗဟိုစခန်းသို့ ရောက်ရှိကြပြီး အအေးခန်းဥစားကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့် မွေးမြူရေးတာဝန်ခံတို့က လိုက်လံရှင်းလင်းတင်ပြကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းေဆာင္႐ြက္ႏိုင္မႈႏွင့္ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ ႏိုင္မႈအေျခအေနမ်ားအား စစ္ေဆး

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၇

အမ်ိဳးသားေရး၊ အမ်ိဳးသားႏိုင္ငံေရးဆိုသည္မွာ မိမိတိုင္းျပည္ကို ေကာင္းမြန္ေအာင္၊ တိုးတက္ေအာင္ လုပ္ေဆာင္ခ်က္မွန္သမွ်ကို ဆိုလိုျခင္းပင္ျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းသည္လည္း မိမိႏိုင္ငံ၏ ဂုဏ္သိကၡာႏွင့္ မိမိႏိုင္ငံကိုေကာင္းေအာင္ ေဆာင္႐ြက္ျခင္းျဖစ္သျဖင့္ ျပင္းျပေသာစိတ္ဆႏၵျဖင့္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ (COVID-19) ေရာဂါကူးစက္မႈႏႈန္းျမန္ဆန္ေနသျဖင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွထုတ္ျပန္ထားသည့္ သတ္မွတ္ခ်က္၊ လမ္းၫႊန္ခ်က္မ်ားအတိုင္း အျပည့္အဝလိုက္နာေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ျပည္သူမွေပါက္ဖြားလာၿပီး ႏိုင္ငံေတာ္ႏွင့္ျပည္သူ၏ အစိတ္အပိုင္းျဖစ္သျဖင့္ မည္သည့္အခက္အခဲမ်ိဳးကိုမဆို ျပည္သူႏွင့္လက္တြဲၿပီး ေအးအတူ၊ ပူအမွ် မွ်ေဝခံစားကာ ႀကံ့ႀကံ့ခိုင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ ျပည္သူကအားကိုးရေသာ၊ ႏိုင္ငံေတာ္ကအားထားရေသာ တပ္မေတာ္ျဖစ္ေအာင္ အၿမဲႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးလုပ္ငန္း ေဆာင္႐ြက္ႏိုင္မႈႏွင့္ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ႏိုင္မႈအေျခအေနမ်ားအား တိုင္းစစ္ဌာနခ်ဳပ္ အစည္းအေဝးခန္းမ၌ သြားေရာက္စစ္ေဆးစဥ္ ထည့္သြင္းေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ရွမ္းျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မႉး႐ုံး (လားရႈိး)မွ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဗညားဦးက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)နယ္ေျမအတြင္း တပ္မေတာ္ႏွင့္ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ မူးယစ္ေဆးဝါး၊ ထိန္းခ်ဳပ္ဓာတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့မႈအေျခအေနမ်ား၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါးေက်း႐ြာအုပ္စု၊ လြယ္ခန္ေက်း႐ြာအနီးတစ္ဝိုက္၌ နယ္ေျမစိုးမိုးေရးႏွင့္ တရားဥပေဒစိုးမိုးေရးေဆာင္႐ြက္စဥ္ မူးယစ္ေဆးဝါး၊ ဓာတုပစၥည္းမ်ားႏွင့္ လက္နက္ခဲယမ္းဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့မႈအေပၚ အမႈဖြင့္အေရးယူမႈႏွင့္ ဆက္စပ္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိမႈအေျခအေနမ်ား၊ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ဖ်က္ဆီးခဲ့သည့္အေျခအေနမ်ား၊ မူးယစ္ေဆးဝါး အသိပညာေပးေဟာေျပာေဆာင္႐ြက္မႈအေျခအေနမ်ားႏွင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးကို ဆက္လက္ေဆာင္႐ြက္သြား မည့္အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။ ထို႔ေနာက္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအးက တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း နယ္ေျမေဒသလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ တပ္တည္ေဆာက္ေရးလုပ္ငန္းႀကီး ၄ ရပ္အေကာင္အထည္ေဖာ္ေဆာင္ႏိုင္မႈအေျခအေနမ်ား၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ေဆာင္႐ြက္ႏိုင္မႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) နယ္ေျမသည္ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္၍ ယခင္ကတည္းကပင္ ေက်ာ္ေဇာမႈမ်ားရွိခဲ့ေၾကာင္း၊ အစိုးရအဆက္ဆက္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ေသာ္လည္း အျမစ္မျပတ္ႏိုင္ေသးသည္မွာ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ျခင္းမရွိ၍ျဖစ္ေၾကာင္း၊ ထို႔ျပင္ အခ်ိဳ႕ေသာတရားမဝင္လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကလည္း မိမိကိုယ္က်ိဳးစီးပြားအတြက္ မူးယစ္ေဆးဝါးထုတ္လုပ္ျဖန႔္ခ်ိမႈမ်ားတြင္ ပါဝင္ပတ္သက္လ်က္ရွိၿပီး မူးယစ္ေဆးဝါးမွရရွိသည့္ မသန႔္ရွင္းေသာေငြေၾကးမ်ားျဖင့္ အဓိကရပ္တည္လ်က္ရွိေၾကာင္း၊ ေျပာင္းလဲလာေသာ နည္းပညာမ်ားအရ မူးယစ္ေဆးဝါးကို က်ဥ္းေျမာင္းသည့္ေနရာမ်ား၌ပင္ ထုတ္လုပ္လ်က္ရွိေၾကာင္း။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ဘိန္းစိုက္ပ်ိဳးမႈမရွိရေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး လုံး၀ကင္းစင္သြားေအာင္ အသိပညာေပးၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ား ထုတ္လုပ္မႈမရွိေစေရးအတြက္ ကုန္ၾကမ္းပစၥည္းမ်ားမရရွိႏိုင္ေအာင္ ထိန္းခ်ဳပ္ျဖတ္ေတာက္ၾကရမည္ျဖစ္ေၾကာင္း၊ တားဆီးႏွိမ္နင္းေရးအပိုင္းတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားတြင္ အဓိကတာဝန္ရွိၿပီး ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးအပိုင္းကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္ခဲ့သည့္အတြက္ အသိအမွတ္ျပဳခ်ီးက်ဴးပါေၾကာင္း၊ မူးယစ္ေဆးဝါးတိုက္ဖ်က္မႈမွ တစ္ဆင့္လက္နက္ကိုင္ပဋိပကၡမ်ားကင္းစင္သြားေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ မူးယစ္ေဆးဝါးကို ထိေရာက္စြာႏွိမ္နင္းႏိုင္ခဲ့သည့္အတြက္ အသိအမွတ္ျပဳခ်ီးက်ဴးပါေၾကာင္းႏွင့္ ေနာင္တြင္လည္း ဆက္လက္ပူးေပါင္း၍ ထိေရာက္စြာေဆာင္႐ြက္ ၾကရမည္ျဖစ္ေၾကာင္း။

နယ္ေျမေဒသ လုံၿခဳံေရးအပိုင္းႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္တိုင္းအေနျဖင့္ စြမ္းရည္ရွိရမည္ျဖစ္ေၾကာင္းႏွင့္ တပ္ဖြဲ႕ဝင္တိုင္းေလ့က်င့္ရမည္ျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္ကြပ္ကဲသည့္ ေခါင္းေဆာင္မ်ားအေနျဖင့္လည္း ေခါင္းေဆာင္ေကာင္းပီသစြာျဖင့္ ေခါင္းေဆာင္မႈအဂၤါရပ္(၁၆)ခ်က္၊ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္မႈစနစ္ျဖင့္ အုပ္ခ်ဳပ္ၾကရမည္ျဖစ္ေၾကာင္း၊ မၾကာမီတြင္က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္လည္း ေဒသအတြက္၊ ႏိုင္ငံ့အတြက္အက်ိဳးျပဳမည့္သူမ်ားကို ေ႐ြးခ်ယ္၍ဆႏၵမဲ ေပးၾကရမည္ျဖစ္ၿပီး လုံၿခဳံေရးႏွင့္ပတ္သက္၍ တပ္မေတာ္မွေဆာင္႐ြက္ႏိုင္သည္မ်ားကို ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါႏွင့္ ပတ္သက္၍လည္း လိုအပ္ခ်က္မွန္သမွ်ကို က႑ေပါင္းစုံမွ အင္တိုက္အားတိုက္ဝိုင္းဝန္းကူညီ ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသအတြင္း နယ္ေျမေဒသလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍လိုအပ္သည္မ်ားကိုမွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တိုင္းစစ္ဌာနခ်ဳပ္၊ ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးဗဟိုစခန္းသို႔ ေရာက္ရွိၾကၿပီး အေအးခန္းဥစားၾကက္ေမြးျမဴေရးလုပ္ငန္း ေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးရာ တိုင္းမႉးႏွင့္ ေမြးျမဴေရးတာဝန္ခံတို႔က လိုက္လံရွင္းလင္းတင္ျပၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျပန္လည္ေဆြးေႏြးမွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။