တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေဘိုတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ ရွှေဘိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် နိုင်ငံတော်အား ညီညွတ်စွာ စုစည်းနိုင်ခဲ့ သည့် ကာလများကို သမိုင်းပညာရှင်များက ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ဟု သတ်မှတ်ခဲ့ရာ တတိယမြန်မာနိုင်ငံတော်ဖြစ်သည့် ကုန်းဘောင်ခေတ်ကို အလောင်း မင်းတရား ဦးအောင်ဇေယျက ရွှေဘိုမြို့တွင် စတင်တည်ထောင်ခဲNhပီး ကုန်းဘောင် မင်းဆက်သည် ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးခဲ့သည့် ၁၈၈၅ ခုနှစ်အထိ ၁၃၃ နှစ်ကြာရှည်ခဲ့ကြောင်း၊ ထိုခေတ်အခါက နိုင်ငံတော်ကို စုစည်းမှုရှိအောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြသော်လည်း စည်းလုံးညီညွတ်မှုအားနည်းခြင်းနှင့် မိမိထက် ခေတ်မီပြီး အင်အားကြီးသည့် နယ်ချဲ့များ၏ ကျူးကျော်မှုကြောင့် လွတ်လပ်ရေး ဆုံးရှုံး ခဲ့ရကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ် ရေးဆုံးရှုံးသည်ထက် ကြီးမားသည့် ဆုံးရှုံးမှု မရှိသောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်ရှိ ပစ္စုပ္ပန်တွင် ရှိနေသူများက ထိန်းသိမ်း စောင့်ရှောက်ရန် အပြည့်အဝတာဝန်ရှိကြောင်း။

ရွှေဘိုခရိုင်သည် မြန်မာနိုင်ငံ၏ စပါးကျီများအတွင်းမှ တစ်ခုဖြစ်ပြီး ရေခံမြေခံ ကောင်းများကို ပိုင်ဆိုင်ထားကြောင်း၊ သမိုင်းကြောင်းအရ ရှေးမြန်မာမင်းများ နန်းစိုက် ခဲ့သည့် နေရာဒေသဖြစ်သဖြင့် ထိုသို့သောအရပ်ဒေသများတွင်နေထိုင်သူများနှင့် တာဝန် ထမ်းဆောင်သူများအနေဖြင့် ဂုဏ်ယူကြရမည်ဖြစ်ကြောင်း၊ ဂုဏ်ယူနေခြင်းဖြင့်သာ ကျေနပ်နေ၍လည်း မရဘဲ မူလရှိပြီးသား ဂုဏ်ကိုမြှင့်တင်ရန်၊ အစဉ်အလာကောင်းများကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း။

၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ထီးနန်းဆက်ပျက်ခဲ့ကာ သူ့ကျွန်ဘ၀ရောက်ရှိခဲ့ရခြင်းမှာ စည်းလုံးညီညွတ်မှုမရှိခြင်းနှင့် ပြန်လည်တိုက်ခိုက်နိုင်သည့် ခေတ် မီလက်နက်နှင့် အင်အားမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ထိုသို့ တိုင်းပြည် တစ်ခု လုံး စည်းလုံးမှုလျော့နည်းနေသည့်အခြေအနေကို အချိန်ကြာမြင့်စွာ ပြန်လည် စုစည်း ထူထောင်ပြီးမှ လွတ်လပ်ရေးရရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကိုပင် ဖော်ဆောင်လျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင်လည်း စည်းကမ်းစနစ်တကျဖြင့် ဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ပြီး ပညာတတ်များလည်း ပေါကြွယ်၀ရန်အရေးကြီးကြောင်း၊ အသိပညာမြင့်မား မှသာလျင် ဆင်ခြင်တုံတရားဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စည်းကမ်းပြည့်၀ သည့် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည် တွင် ပညာတတ်သူများရှိသော်လည်း အဆင့်မြင့်ပညာတတ်မြောက်သူ ရာခိုင်နှုန်းမှာ နည်းပါးလျက်ရှိနေသေးကြောင်း၊ ကျောင်းစတင်တက်ရောက်ချိန်တွင် တက်ရောက်သူ ရာနှုန်းပြည့်နီးပါးရှိကြသော်လည်း တန်းစဉ်ကူးပြောင်းမှုများတွင် တစ်ဖြည်းဖြည်း လျော့ပါး လာခဲ့ကာ တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိလာသည့် ရာခိုင်နှုန်းမှာ ကျောင်းစတင် တက်ရောက်ချိန်တွင်ရှိသည့် ကျောင်းနေသူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာကျန်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လူဦးရေနှင့် သန်းခေါင်စာရင်းအရ ပညာသင်ကြား ရမည့် အရွယ် အသက် ၅ နှစ်မှ ၂၁ နှစ်အထိ အုပ်စု ၅ စုခွဲ၍ မေးမြန်းစာရင်း ကောက်ယူခဲ့ရာ လူဦးရေ ၅ ဒသမ ၆ သန်းခန့်သည် ကျောင်းလုံး၀နေခဲ့ဖူးခြင်းမရှိသည်ကို တွေ့ရှိရကြောင်း။

နိုင်ငံတစ်နိုင်ငံတွင် အသိပညာအတတ်ပညာပြည်စုံသူများ မရှိပါက ဖွံ့ဖြိုးတိုးတက် မှု နှောင့်နှေးမည်ဖြစ်သဖြင့် ပညာတတ်များပေါ်ထွက်လာစေရေးကြိုးစားအားထုတ်ကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်များ၊ ရဲမေများနှင့် မှီခိုသူ မိသားစု ဝင်များ၏ ပညာရည်မြင့်မားရေးအတွက် တစ်စိုက်မတ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာတတ်မှသာ စာဖတ်မည်၊ စာဖတ်မှသာ အတွေးအခေါ်အသိအမြင် တိုးတက်လာမည် ဖြစ်သဖြင့် စာပေလေ့လာသင်ယူနိုင်သည့် အခွင့်အရေးကို ကောင်းမွန်သေချာစွာ အသုံး ချကြစေလိုကြောင်း၊ မိမိတို့နိုင်ငံသည် သမိုင်းကြောင်းစဉ်လာ မြင့်မားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မိမိတို့လက်ထက်တွင်လည်း ယခင်အစဉ်အလာကောင်းများကို ထိန်းသိမ်းနိုင်ရုံ သာမက ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် အခွင့်အရေးကို အကြမ်းဖက်သည့်နည်းလမ်းဖြင့် တောင်းဆို၍ရနိုင် မည်မဟုတ်ကြောင်း၊ နည်းလမ်းစနစ်တကျဖြင့် တောင်းဆိုရမည်ဖြစ်ကာ တရားဥပဒေစိုး မိုးမှုကို ထိပါးစေသည့် အပြုအမူများအား ရှောင်ရှားရမည်ဖြစ်ကြောင်း။

မကြာမီတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြတ်သန်းလာခဲ့သည့် အစိုးရသက်တမ်း နှစ်ဆက်ကာလအတွင်းတွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူကာ ချိန်ထိုးစဉ်းစားရွေးချယ်ကြစေလိုကြောင်း၊ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံ တိုးတက်ရေးအတွက် တည်ဆောက်လျက်ရှိသည့်အတွက် မိမိဒေသနှင့် နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်မည့်သူ၊ နိုင်ငံတကာနှင့် ပေါင်းသင်းဆက်ဆံမှု ကောင်းမွန် ပြီး မှန်မှန်ကန်ကန်ဖြင့် ဦးစီးဦးဆောင်နိုင်သူများကို ဆင်ခြင်တုံတရားဖြင့် ရွေးချယ်ကြရ မည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုသည် မြင့်တက်လျက်ရှိ သောကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံးအနေဖြင့် ကြိုတင်ကာကွယ်မှုများ ကို ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်း၊ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများကိုလည်း လိုက်နာကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်အသီးသီးရှိ အရာရှိစစ်သည်မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ရာ တပ်နယ်မှူးနှင့် တာဝန်ရှိသူတစ်ဦး၏ ဇနီးတို့က လက်ခံရယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေဘို တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်းတော်သို့ သွားရောက်၍ မြေနန်း တော်ဆောင်၊ သီဟာသနပလ္လင်တော်၊ နန်းမပြာသာဒ်ဆောင်၊ တတိယမြန်မာနိုင်ငံတော် ကို ထူထောင်တော်မူခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ကြေးရုပ်တု တို့ကို သွားရောက်ကြည့်ရှုလေ့လာပြီး သန့်ရှင်းသာယာလှပမှုရှိစေရန် လိုအပ်သည့် အခြေအနေများ၊ ငှက်များနေထိုင်ပြီး အညစ်အကြေးစွန့်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ရေရှည်တည့်တံ့ခိုင်မြဲစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ် သည့် အခြေအနေများ၊ ရှေးဟောင်းလက်ရာမပျက်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပြုပြင်မွမ်းမံရန်လိုအပ်သည့် အခြေအနေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန စစ်ကိုင်းဌာနခွဲနှင့် ညှိနှိုင်းတိုင်ပင်၍ ပြုပြင်ထိန်းသိမ်းကြရမည်ဖြစ် ကြောင်းဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများကို မှာကြားသည်။ ထို့နောက် ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး နန်းတော်ပရိဝုဏ်အတွင်းရှိ နန်းဦးဘုရား အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ခဲ့ကြသည်။

အဆိုပါ ရွှေဘုံရတနာမင်္ဂလာနန်းတော်ကို အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ က ခရစ်နှစ် ၁၇၅၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ပန္နက်ချခဲ့ပြီး ၁၇၅၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်တွင် ရွှေထီးအထွဋ်တင်နိုင်ခဲ့ကြောင်း၊ ခရစ်နှစ် ၁၇၆၆ ခုနှစ်၊ ဆင်ဖြူရှင်မင်း လက်ထက်တွင် အင်း၀ရွှေမြို့တော်သို့ နေပြည်တော်ရွှေ့ပြောင်းခဲ့သဖြင့် ရွှေဘုံရတနာ မင်္ဂလာနန်းတော်ကြီးမှာလည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြောင်း၊ ၁၈၈၈ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့က နန်းတော်နေရာကို ခရိုင်အဆင့်အကျဉ်းထောင်အဖြစ် တည် ဆောက်ခဲ့ရာ ၁၉၉၄ ခုနှစ်အထိကြာမြင့်ခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် နေ့တွင် နန်းတော်ပြန်လည်ဆောက်လုပ်ခြင်း အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကျင်းပခဲ့ကာ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေဘိုမြို့၊ သမိုင်းဝင် မဟာအောင်မြေဆုတောင်းပြည့်ဘုရားသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်း၊ ဆီမီး နှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကာ ဘုရားကြီးအတွက် ဘက်စုံအလှူငွေများ ပေး အပ်ရာ ဂေါပကအဖွဲ့ဥက္ကဌက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ် သည်။ ယင်းနောက် မဟာအောင်မြေဆုတောင်းပြည့်ဘုရားအနီးတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိမဟာဗောဓိစေတီတော်မြတ်ကြီးနှင့် ပုံစံတူ တည်ထားကိုးကွယ်သည့် အောင်မြေ ဗောဓိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီးအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြ ရာ ဂေါပကအဖွဲ့ဥက္ကဌက လိုက်လံရှင်းလင်းပြသခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ ေ႐ႊဘိုတပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ နံနက္ ပိုင္းတြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ေ႐ႊဘိုတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစု မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ႏွင့္ဇနီး၊ ေ႐ႊဘိုတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကား ရာတြင္ ျမန္မာႏိုင္ငံ၏ သမိုင္းတစ္ေလွ်ာက္ ႏိုင္ငံေတာ္အား ညီၫြတ္စြာ စုစည္းႏိုင္ခဲ့ သည့္ ကာလမ်ားကို သမိုင္းပညာရွင္မ်ားက ပထမ၊ ဒုတိယ၊ တတိယ ျမန္မာႏိုင္ငံေတာ္ဟု သတ္မွတ္ခဲ့ရာ တတိယျမန္မာႏိုင္ငံေတာ္ျဖစ္သည့္ ကုန္းေဘာင္ေခတ္ကို အေလာင္း မင္းတရား ဦးေအာင္ေဇယ်က ေ႐ႊဘိုၿမိဳ႕တြင္ စတင္တည္ေထာင္ခဲNhပီး ကုန္းေဘာင္ မင္းဆက္သည္ ခရစ္ႏွစ္ ၁၇၅၂ ခုႏွစ္မွ ျမန္မာႏိုင္ငံ လြတ္လပ္ေရးဆုံးရႈံးခဲ့သည့္ ၁၈၈၅ ခုႏွစ္အထိ ၁၃၃ ႏွစ္ၾကာရွည္ခဲ့ေၾကာင္း၊ ထိုေခတ္အခါက ႏိုင္ငံေတာ္ကို စုစည္းမႈရွိေအာင္ ႀကိဳးပမ္းတည္ေဆာက္ခဲ့ၾကေသာ္လည္း စည္းလုံးညီၫြတ္မႈအားနည္းျခင္းႏွင့္ မိမိထက္ ေခတ္မီၿပီး အင္အားႀကီးသည့္ နယ္ခ်ဲ႕မ်ား၏ က်ဴးေက်ာ္မႈေၾကာင့္ လြတ္လပ္ေရး ဆုံးရႈံး ခဲ့ရေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံတြင္ လြတ္လပ္ ေရးဆုံးရႈံးသည္ထက္ ႀကီးမားသည့္ ဆုံးရႈံးမႈ မရွိေသာေၾကာင့္ မိမိတို႔ႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာတည္တံ့ခိုင္ၿမဲေရးအတြက္ လက္ရွိ ပစၥဳပၸန္တြင္ ရွိေနသူမ်ားက ထိန္းသိမ္း ေစာင့္ေရွာက္ရန္ အျပည့္အဝတာဝန္ရွိေၾကာင္း။

ေ႐ႊဘိုခ႐ိုင္သည္ ျမန္မာႏိုင္ငံ၏ စပါးက်ီမ်ားအတြင္းမွ တစ္ခုျဖစ္ၿပီး ေရခံေျမခံ ေကာင္းမ်ားကို ပိုင္ဆိုင္ထားေၾကာင္း၊ သမိုင္းေၾကာင္းအရ ေရွးျမန္မာမင္းမ်ား နန္းစိုက္ ခဲ့သည့္ ေနရာေဒသျဖစ္သျဖင့္ ထိုသို႔ေသာအရပ္ေဒသမ်ားတြင္ေနထိုင္သူမ်ားႏွင့္ တာဝန္ ထမ္းေဆာင္သူမ်ားအေနျဖင့္ ဂုဏ္ယူၾကရမည္ျဖစ္ေၾကာင္း၊ ဂုဏ္ယူေနျခင္းျဖင့္သာ ေက်နပ္ေန၍လည္း မရဘဲ မူလရွိၿပီးသား ဂုဏ္ကိုျမႇင့္တင္ရန္၊ အစဥ္အလာေကာင္းမ်ားကို ထိန္းသိမ္းရန္ လိုအပ္မည္ျဖစ္ေၾကာင္း။

၁၈၈၅ ခုႏွစ္တြင္ လြတ္လပ္ေရးဆုံးရႈံးခဲ့ၿပီး ထီးနန္းဆက္ပ်က္ခဲ့ကာ သူ႔ကြၽန္ဘ၀ေရာက္ရွိခဲ့ရျခင္းမွာ စည္းလုံးညီၫြတ္မႈမရွိျခင္းႏွင့္ ျပန္လည္တိုက္ခိုက္ႏိုင္သည့္ ေခတ္ မီလက္နက္ႏွင့္ အင္အားမရွိျခင္းတို႔ေၾကာင့္ ျဖစ္ေၾကာင္း၊ ထိုသို႔ တိုင္းျပည္ တစ္ခု လုံး စည္းလုံးမႈေလ်ာ့နည္းေနသည့္အေျခအေနကို အခ်ိန္ၾကာျမင့္စြာ ျပန္လည္ စုစည္း ထူေထာင္ၿပီးမွ လြတ္လပ္ေရးရရွိခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ မိမိတို႔ႏိုင္ငံသည္ ပါတီစုံဒီမိုကေရစီစနစ္ကိုပင္ ေဖာ္ေဆာင္ေလွ်ာက္လွမ္းေနၿပီျဖစ္ေၾကာင္း၊ ဒီမိုကေရစီ စနစ္ကို ေဖာ္ေဆာင္ရာတြင္လည္း စည္းကမ္းစနစ္တက်ျဖင့္ ေဆာင္႐ြက္ရန္လိုအပ္ မည္ျဖစ္ၿပီး ပညာတတ္မ်ားလည္း ေပါႂကြယ္၀ရန္အေရးႀကီးေၾကာင္း၊ အသိပညာျမင့္မား မွသာလ်င္ ဆင္ျခင္တုံတရားျဖင့္ ထိန္းသိမ္းေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး စည္းကမ္းျပည့္၀ သည့္ ဒီမိုကေရစီစနစ္ကို ေအာင္ျမင္စြာ ေဖာ္ေဆာင္ႏိုင္မည္ ျဖစ္ေၾကာင္း၊ မိမိတို႔တိုင္းျပည္ တြင္ ပညာတတ္သူမ်ားရွိေသာ္လည္း အဆင့္ျမင့္ပညာတတ္ေျမာက္သူ ရာခိုင္ႏႈန္းမွာ နည္းပါးလ်က္ရွိေနေသးေၾကာင္း၊ ေက်ာင္းစတင္တက္ေရာက္ခ်ိန္တြင္ တက္ေရာက္သူ ရာႏႈန္းျပည့္နီးပါးရွိၾကေသာ္လည္း တန္းစဥ္ကူးေျပာင္းမႈမ်ားတြင္ တစ္ျဖည္းျဖည္း ေလ်ာ့ပါး လာခဲ့ကာ တကၠသိုလ္ဝင္တန္းသို႔ ေရာက္ရွိလာသည့္ ရာခိုင္ႏႈန္းမွာ ေက်ာင္းစတင္ တက္ေရာက္ခ်ိန္တြင္ရွိသည့္ ေက်ာင္းေနသူဦးေရ၏ ၁၀ ရာခိုင္ႏႈန္းခန႔္သာက်န္ရွိေၾကာင္း၊ ၂၀၁၄ ခုႏွစ္တြင္ ထုတ္ျပန္ခဲ့သည့္ လူဦးေရႏွင့္ သန္းေခါင္စာရင္းအရ ပညာသင္ၾကား ရမည့္ အ႐ြယ္ အသက္ ၅ ႏွစ္မွ ၂၁ ႏွစ္အထိ အုပ္စု ၅ စုခြဲ၍ ေမးျမန္းစာရင္း ေကာက္ယူခဲ့ရာ လူဦးေရ ၅ ဒသမ ၆ သန္းခန႔္သည္ ေက်ာင္းလုံး၀ေနခဲ့ဖူးျခင္းမရွိသည္ကို ေတြ႕ရွိရေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံတြင္ အသိပညာအတတ္ပညာျပည္စုံသူမ်ား မရွိပါက ဖြံ႕ၿဖိဳးတိုးတက္ မႈ ေႏွာင့္ေႏွးမည္ျဖစ္သျဖင့္ ပညာတတ္မ်ားေပၚထြက္လာေစေရးႀကိဳးစားအားထုတ္ၾက ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ စစ္သည္မ်ား၊ ရဲေမမ်ားႏွင့္ မွီခိုသူ မိသားစု ဝင္မ်ား၏ ပညာရည္ျမင့္မားေရးအတြက္ တစ္စိုက္မတ္မတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ စာတတ္မွသာ စာဖတ္မည္၊ စာဖတ္မွသာ အေတြးအေခၚအသိအျမင္ တိုးတက္လာမည္ ျဖစ္သျဖင့္ စာေပေလ့လာသင္ယူႏိုင္သည့္ အခြင့္အေရးကို ေကာင္းမြန္ေသခ်ာစြာ အသုံး ခ်ၾကေစလိုေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ သမိုင္းေၾကာင္းစဥ္လာ ျမင့္မားသည့္ ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ၿပီး မိမိတို႔လက္ထက္တြင္လည္း ယခင္အစဥ္အလာေကာင္းမ်ားကို ထိန္းသိမ္းႏိုင္႐ုံ သာမက ပိုမိုတိုးတက္ဖြံ႕ၿဖိဳးေအာင္ မွန္မွန္ကန္ကန္ျဖင့္ ေဆာင္႐ြက္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ အခြင့္အေရးကို အၾကမ္းဖက္သည့္နည္းလမ္းျဖင့္ ေတာင္းဆို၍ရႏိုင္ မည္မဟုတ္ေၾကာင္း၊ နည္းလမ္းစနစ္တက်ျဖင့္ ေတာင္းဆိုရမည္ျဖစ္ကာ တရားဥပေဒစိုး မိုးမႈကို ထိပါးေစသည့္ အျပဳအမူမ်ားအား ေရွာင္ရွားရမည္ျဖစ္ေၾကာင္း။

မၾကာမီတြင္က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ျဖတ္သန္းလာခဲ့သည့္ အစိုးရသက္တမ္း ႏွစ္ဆက္ကာလအတြင္းေတြ႕ႀကဳံခဲ့ရသည္မ်ားကို သင္ခန္းစာယူကာ ခ်ိန္ထိုးစဥ္းစားေ႐ြးခ်ယ္ၾကေစလိုေၾကာင္း၊ ႏိုင္ငံတိုင္းသည္ ၎တို႔ႏိုင္ငံ တိုးတက္ေရးအတြက္ တည္ေဆာက္လ်က္ရွိသည့္အတြက္ မိမိေဒသႏွင့္ ႏိုင္ငံကို ဖြံ႕ၿဖိဳး တိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္မည့္သူ၊ ႏိုင္ငံတကာႏွင့္ ေပါင္းသင္းဆက္ဆံမႈ ေကာင္းမြန္ ၿပီး မွန္မွန္ကန္ကန္ျဖင့္ ဦးစီးဦးေဆာင္ႏိုင္သူမ်ားကို ဆင္ျခင္တုံတရားျဖင့္ ေ႐ြးခ်ယ္ၾကရ မည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါကူးစက္ျဖစ္ပြားမႈသည္ ျမင့္တက္လ်က္ရွိ ေသာေၾကာင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားလုံးအေနျဖင့္ ႀကိဳတင္ကာကြယ္မႈမ်ား ကို ထိထိေရာက္ေရာက္ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း စည္းကမ္းမ်ားကိုလည္း လိုက္နာၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္အသီးသီးရွိ အရာရွိစစ္သည္မိသားစုမ်ားအတြက္ Surgical Mask မ်ား၊ စားေသာက္ဖြယ္ရာမ်ား၊ စာအုပ္စာေစာင္မ်ားႏွင့္ အားကစားပစၥည္းမ်ားကို လည္းေကာင္း၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရး အသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကိုလည္းေကာင္း အသီးသီးေပးအပ္ရာ တပ္နယ္မႉးႏွင့္ တာဝန္ရွိသူတစ္ဦး၏ ဇနီးတို႔က လက္ခံရယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေ႐ႊဘို တပ္နယ္အတြင္းရွိ တပ္ရင္းတပ္ဖြဲ႕မ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လိုက္လံၾကည့္ရႈ စစ္ေဆးခဲ့ၿပီးေနာက္ ေ႐ႊဘိုၿမိဳ႕ရွိ ေ႐ႊဘုံရတနာမဂၤလာနန္းေတာ္သို႔ သြားေရာက္၍ ေျမနန္း ေတာ္ေဆာင္၊ သီဟာသနပလႅင္ေတာ္၊ နန္းမျပာသာဒ္ေဆာင္၊ တတိယျမန္မာႏိုင္ငံေတာ္ ကို ထူေထာင္ေတာ္မူခဲ့ေသာ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်၏ ေၾကး႐ုပ္တု တို႔ကို သြားေရာက္ၾကည့္ရႈေလ့လာၿပီး သန႔္ရွင္းသာယာလွပမႈရွိေစရန္ လိုအပ္သည့္ အေျခအေနမ်ား၊ ငွက္မ်ားေနထိုင္ၿပီး အညစ္အေၾကးစြန႔္မႈမ်ားေၾကာင့္ ပ်က္စီးမႈမ်ား ျဖစ္ေပၚႏိုင္သျဖင့္ ေရရွည္တည့္တံ့ခိုင္ၿမဲေစရန္အတြက္ ထိန္းသိမ္းေဆာင္႐ြက္ရန္ လိုအပ္ သည့္ အေျခအေနမ်ား၊ ေရွးေဟာင္းလက္ရာမပ်က္ထိန္းသိမ္းေစာင့္ေရွာက္ရန္ႏွင့္ ျပဳျပင္မြမ္းမံရန္လိုအပ္သည့္ အေျခအေနမ်ားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာန စစ္ကိုင္းဌာနခြဲႏွင့္ ညႇိႏႈိင္းတိုင္ပင္၍ ျပဳျပင္ထိန္းသိမ္းၾကရမည္ျဖစ္ ေၾကာင္းျဖင့္ နယ္ေျမခံတပ္မွ တာဝန္ရွိသူမ်ားကို မွာၾကားသည္။ ထို႔ေနာက္ ဧည့္သည္ ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးၿပီး နန္းေတာ္ပရိဝုဏ္အတြင္းရွိ နန္းဦးဘုရား အား ဖူးေျမာ္ၾကည္ညိဳကာ ပန္း၊ ေရခ်မ္း၊ ဆီမီး ကပ္လႉပူေဇာ္ခဲ့ၾကသည္။

အဆိုပါ ေ႐ႊဘုံရတနာမဂၤလာနန္းေတာ္ကို အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် က ခရစ္ႏွစ္ ၁၇၅၃ ခုႏွစ္၊ ဇြန္လ ၂၁ ရက္တြင္ ပႏၷက္ခ်ခဲ့ၿပီး ၁၇၅၄ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္တြင္ ေ႐ႊထီးအထြဋ္တင္ႏိုင္ခဲ့ေၾကာင္း၊ ခရစ္ႏွစ္ ၁၇၆၆ ခုႏွစ္၊ ဆင္ျဖဴရွင္မင္း လက္ထက္တြင္ အင္း၀ေ႐ႊၿမိဳ႕ေတာ္သို႔ ေနျပည္ေတာ္ေ႐ႊ႕ေျပာင္းခဲ့သျဖင့္ ေ႐ႊဘုံရတနာ မဂၤလာနန္းေတာ္ႀကီးမွာလည္း ေမွးမွိန္ေပ်ာက္ကြယ္သြားခဲ့ေၾကာင္း၊ ၁၈၈၈ ခုႏွစ္တြင္ နယ္ခ်ဲ႕အဂၤလိပ္တို႔က နန္းေတာ္ေနရာကို ခ႐ိုင္အဆင့္အက်ဥ္းေထာင္အျဖစ္ တည္ ေဆာက္ခဲ့ရာ ၁၉၉၄ ခုႏွစ္အထိၾကာျမင့္ခဲ့ေၾကာင္း၊ တပ္မေတာ္အစိုးရလက္ထက္ ၁၉၉၄ ခုႏွစ္၊ ႏိုဝင္ဘာလ ၂ ရက္ ေန႔တြင္ နန္းေတာ္ျပန္လည္ေဆာက္လုပ္ျခင္း အုတ္ျမစ္စီ မဂၤလာအခမ္းအနားက်င္းပခဲ့ကာ ၂၀၀၄ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္ေန႔တြင္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသန၊ အမ်ိဳးသားျပတိုက္ႏွင့္ စာၾကည့္တိုက္ဦးစီးဌာနသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း၊ ၂၀၁၃ ခုႏွစ္ ဇြန္လ ၇ ရက္ေန႔မွစ၍ စစ္ကိုင္းတိုင္း ေဒသႀကီးအစိုးရအဖြဲ႕မွ တာဝန္ယူျပဳျပင္ထိန္းသိမ္းလ်က္ရွိေၾကာင္း သိရွိရသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေ႐ႊဘိုၿမိဳ႕၊ သမိုင္းဝင္ မဟာေအာင္ေျမဆုေတာင္းျပည့္ဘုရားသို႔ ေရာက္ရွိၾကၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီး ႏွင့္ ေ႐ႊသကၤန္းမ်ား ဆက္ကပ္လႉဒါန္းကာ ဘုရားႀကီးအတြက္ ဘက္စုံအလႉေငြမ်ား ေပး အပ္ရာ ေဂါပကအဖြဲ႕ဥကၠဌက လက္ခံရယူၿပီး ဓမၼလက္ေဆာင္မ်ား ျပန္လည္ေပးအပ္ သည္။ ယင္းေနာက္ မဟာေအာင္ေျမဆုေတာင္းျပည့္ဘုရားအနီးတြင္ အိႏၵိယႏိုင္ငံ ဗုဒၶဂယာရွိမဟာေဗာဓိေစတီေတာ္ျမတ္ႀကီးႏွင့္ ပုံစံတူ တည္ထားကိုးကြယ္သည့္ ေအာင္ေျမ ေဗာဓိေစတီေတာ္ျမတ္ႀကီးအား သြားေရာက္ဖူးေျမာ္ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္း၊ ဆီမီး ကပ္လႉပူေဇာ္သည္။ ယင္းေနာက္ ေစတီေတာ္ႀကီးအတြင္း လွည့္လည္ၾကည့္ရႈေလ့လာၾက ရာ ေဂါပကအဖြဲ႕ဥကၠဌက လိုက္လံရွင္းလင္းျပသခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။