တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ ရေတပ်မှ Vice Admiral Bimal K Verma, AVSM ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယ ရေတပ်မှ Vice Admiral Bimal K Verma, AVSM, Commander in Chief of Andaman and Nicobar Command ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား တပ်မတော် (ကြည်း၊ရေ၊လေ) ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များစွာ ရှိနေသည့် အခြေအနေများ၊ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်းများတွင် မြန်မာ့တပ်မတော်(ရေ)နှင့် အိန္ဒိယရေတပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စစ်ရေယာဉ်များ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ လာရောက်ရေးကိစ္စရပ်များ၊ အခြားနယ်ပယ်များတွင်ပါ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Vice Admiral Bimal K Verma,AVSM နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံစစ်သံမှူး Col. Naveen Mahajan နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အိႏၵိယ ေရတပ္မွ Vice Admiral Bimal K Verma, AVSM ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၃၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယ ေရတပ္မွ Vice Admiral Bimal K Verma, AVSM, Commander in Chief of Andaman and Nicobar Command ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕အား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ထုိသို႔ေတြ႕ဆုံရာတြင္ ျမန္မာ-အိႏၵိယႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ပူးေပါင္းေဆာင္ရြက္မႈ နယ္ပယ္မ်ားစြာ ရွိေနသည့္ အေျခအေနမ်ား၊ ေရတပ္ဆုိင္ရာ ေလ့က်င့္ခန္းမ်ားတြင္ ျမန္မာ့တပ္မေတာ္(ေရ)ႏွင့္ အိႏၵိယေရတပ္တုိ႔ ပူးေပါင္းေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ား၊ စစ္ေရယာဥ္မ်ား အျပန္အလွန္ခ်စ္ၾကည္ေရး ခရီးစဥ္မ်ား လာေရာက္ေရးကိစၥရပ္မ်ား၊ အျခားနယ္ပယ္မ်ားတြင္ပါ တပ္မေတာ္ႏွစ္ရပ္ အၾကား ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ေရး ကိစၥရပ္မ်ားကုိ ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ မုိးေအာင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး Vice Admiral Bimal K Verma,AVSM ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယသမၼတႏုိင္ငံစစ္သံမွဴး Col. Naveen Mahajan ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။