“နောင်တစ်ခေတ်၏ အောင်စစ်သည်” ဟူသည့် စစ်တက္ကသိုလ်ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်ကအားထားရသည့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားစေလို

နေပြည်တော် ၊ ဒီဇင်ဘာ – ၄

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်သားများအဖြစ် မည်သူ့၏တိုက်တွန်းချက်မျှမပါဘဲ မိမိဆန္ဒအလျှောက် ဝင်ရောက်ထမ်းဆောင် သူများဖြစ်သည့်အတွက် စစ်သားစိတ်မွေးပြီး စစ်သားပီသရမည်ဖြစ်ကြောင်း၊ ကျောင်းဆင်း အရာရှိငယ်၊ လူငယ်များဖြစ်၍ လုပ်ချင်ကိုင်ချင်စိတ်နှင့်အတူ စိတ်လိုက် မာန်ပါမလုပ်ဘဲ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ အသိတရားနှင့် သတိတရားကို လက်ကိုင်ထားပြီး လုပ်ဆောင်သွားကြရန်မှာကြားလိုကြောင်း၊

အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သည့်အစဉ်အလာများကို စောင့်ထိန်းပြီး တာဝန်ကျေပွန်သော၊ ယုံကြည်အားထားရသော အရာရှိကောင်းများဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၂)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၃၈၇၅၊ ဗိုလ်လောင်း ရီဝေအောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၃၇၀၉၊ ဗိုလ်လောင်း ထင်အောင်လင်း၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၃၈၈၉၊ ဗိုလ်လောင်း ရဲမင်းစိုး၊ စာပေထူးချွန်ဆု(သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၃၉၂၆၊ ဗိုလ်လောင်း ရှိုင်းအောင်ကျော်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၀၂၇၊ ဗိုလ်လောင်း သက်နိုင်လင်း တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် အမိစစ်တက္ကသိုလ်ကြီးကို ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သမိုင်းအစဉ်အလာကြီးမားသည့် တက္ကသိုလ်ကြီးလည်းဖြစ်ကြောင်း၊ စစ်တက္ကသိုလ်ကြီးကို ခေတ်စနစ်နှင့်အညီ တိုးတက် မှုရှိရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ပြည်သူ့သားကောင်းရတနာများ လေ့ကျင့်မွေးထုတ်လေ့ကျင့်ပေးခဲ့ရာ ယခုဆိုလျင် သင်တန်း အမှတ်စဉ်(၆၂)အထိရှိခဲ့ပြီးဖြစ်ကြောင်း၊ အမိစစ်တက္ကသိုလ်က လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် ကျောင်းဆင်းအရာရှိများသည် နိုင်ငံတော်နှင့် တပ်မတော်၌ ကြီးမားသည့် တာဝန်များကို ထမ်းဆောင်လျက်ရှိကြကြောင်း။

စစ်တက္ကသိုလ်၏ သင်တန်းကာလ ၄ နှစ်အတွင်း စာပေပညာတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့ရရှိသည်အထိ သင်ကြားပေးခဲ့ပြီး စစ်ပညာတွင် တပ်စုမှူးအဆင့်အထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်အရာရှိများအတွက် လိုအပ်သည့် တွေးခေါ်မြော်မြင်တတ်မှု (Way of Thinking) ရှိအောင်လည်း လေ့ကျင့်ခဲ့ပြီးဖြစ်၍ ရှိသင့်ရှိထိုက်သည့် ဗဟုသုတနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းများကို တိုးပွားရရှိခဲ့ပြီးဖြစ်ကြောင်း၊ စစ်တက္ကသိုလ်မှ သင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတ၊ ထိုးထွင်းကြံဆမှုများနှင့်ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင် ထိရောက်အောင်မြင်စွာ အသုံးချသွားရမည်ဖြစ်ကြောင်း၊ ယင်းသို့ အသုံးချနိုင်ပြီး “သစ္စာ၊ သူရ၊ သိပ္ပ” နှင့်အညီ နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာလေးချက် ဦးထိပ်ရွက်ကာ လေ့လာသင်ယူထားသည့် စစ်မှုအတတ်ပညာများကို ရဲစွမ်းသတ္တိနှင့်ယှဉ်ပြီး စည်းကမ်း စနစ်တကျလိုက်နာကျင့်သုံးမှသာလျင် “နောင်တစ်ခေတ်၏ အောင်စစ်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း လက်ရုံးရည်နှင့်နှလုံးရည်ပါ ပြည့်၀ပြီး နိုင်ငံတော်က အားထားရသည့် တပ်မတော်အရာရှိကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ လေ့လာမှတ်သားမှုနှင့် အတွေ့ အကြုံရင့်ကျက်လာသည်နှင့်အမျှ လက်အောက်မှလည်း ခေါင်းဆောင်အဖြစ် လက်ခံလာမည်ဖြစ်၍ အလုပ်နှင့်သက်သေပြပြီး ကွပ်ကဲဦးဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အသုံးနှင့် အဖြုန်းကို ခွဲခြားနားလည်ပြီး ရရှိသည့်လစာငွေများကို သင့်တင့်လျှောက်ပတ်စွာ သုံးစွဲ စုဆောင်းတတ်ရန်လိုကြောင်း။

စစ်သားကောင်းတစ်ယောက်ဖြစ်ရန်အတွက် ကိုယ်ကျင့်တရားကောင်းရန် အထူး လိုအပ်ကြောင်း၊ ကိုယ်ကျင့်တရားကောင်းသည့် ခေါင်းဆောင်သည် စည်းမျဉ်း၊စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက် များကို လေးစားလိုက်နာကြောင်း၊ ကောင်းမွန်သည့် ကိုယ်ကျင့်တရား နှင့်အညီ လက်အောက်ငယ်သားများကို မှန်ကန်စွာ ခေါင်းဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့်သည့် သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပြောသင့်သည်ကိုသာပြောရန်” ဆိုသည့် သင့်(၄)သင့်ကို လိုက်နာကျင့်သုံးပြီး ဘ၀တစ်လျှောက် ကိုယ်ကျင့်တရားကောင်းသည့် အရာရှိများဖြစ်ရန် မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်သွားရန် မှာကြားလိုကြောင်း။

ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း တစ်ချိန်တွင် အဆင့်ဆင့်သော တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်ကြောင်း၊ မျက်မှောက် ခေတ်သည် Information Technology (IT) ခေတ်ဖြစ်သည်နှင့်အညီ ကမ္ဘာကြီး၏ နေ့စဉ်တိုးတက်ပြောင်းလဲနေမှုများကို ခေတ်ကာလအခြေအနေအရ စဉ်ဆက်မပြတ် လေ့လာနေရန်အရေးကြီးကြောင်း၊ အကျိုးရှိသည့် စာကောင်းပေမွန်များကို ရှာဖွေဖတ်ရှု နေရန်လိုအပ်ကြောင်း၊ စာပေသည် အသိပညာ ဗဟုသုတ ပြည့်၀စေရေးအတွက် မရှိမဖြစ်လိုအပ်သည့် ရေသောက်မြစ်ပင်ဖြစ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် အတွေးအခေါ် ရင့်သန်လာပြီး လုပ်သင့်၊ မလုပ်သင့်ကို ဆင်ခြင်သုံးသပ်လာနိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင် ငယ်များအနေဖြင့် စစ်ရေးဆိုင်ရာများကိုသာ အာရုံစိုက်လေ့လာနေရုံသာမက ဆက်နွယ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာရေးရာများကိုပါ ကျွမ်းဝင်သိရှိရန် အတွက် ဖတ်ရှုလေ့လာသွားကြရန်လိုအပ်ကြောင်း၊ အမိစစ်တက္ကသိုလ်တွင် လေးနှစ်တာကာလအတွင်း ဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းများရရှိစေခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် စာဖတ်သည့် အလေ့အကျင့်ကောင်းကို အမြဲပြုစုပျိုးထောင်သွားကြရန် မှာကြားလိုကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အတွက် ခေါင်းဆောင်မှုကောင်းရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ပါရမီသက်သက်မဟုတ်ဘဲ လိုက်နာကျင့်သုံးအားထုတ်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ် ကြောင်း၊ ခေါင်းဆောင်တစ်ယောက်၏စကားသည် ငယ်သားများအတွက် မှာကြားချက် ဖြစ်စေနိုင်သောကြောင့် လုပ်ဆောင်မှုတိုင်းတွင် တိကျပြတ်သားမှုနှင့်တရားမျှတမှုရှိရန် လိုအပ်ကြောင်း။

လက်အောက်ကို ကွပ်ကဲခေါင်းဆောင်ရာ၌ လူ့သဘောသဘာ၀ကို နားလည်ပြီး အခက်အခဲအကြပ်အတည်းနှင့် ကြုံလာချိန်တွင် မှတ်ကျောက်တင်ခံနိုင်သည့် ခေါင်းဆောင်မှုအရည်အသွေးကို ပြနိုင်ရန်လိုအပ်ကြောင်း၊ ကိုယ်တိုင်ကလည်း အထက်အကြီးအကဲများ၏ အမိန့်ကိုနာခံပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ရမည်ဖြစ်ကြောင်း၊ နောက်လိုက်ကောင်း တစ်ယောက်သည် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် အခြေခံအရည်အချင်း ပင်ဖြစ်ကြောင်း၊ မျှတသည့်စိတ်ဓာတ်၊ မှန်ကန်သော သဘောထား၊ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက်၊ တာဝန်သိမှုနှင့် တာဝန်ယူမှုသည် ခေါင်းဆောင်တစ်ယောက်၏ အရည် အချင်းပင်ဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်တစ်ယောက်၏ တာဝန်သည် ရည်မှန်းချက် တာဝန်များကို ပြီးမြောက်အောင်မြင်ရန်နှင့် လက်အောက်ငယ်သားများကို မိမိ၏ တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်ရခြင်းပင်ဖြစ်ကြောင်း၊ လက်အောက်ငယ်သားကို ယုံကြည်ပြီး ငယ်သားများ၏ယုံကြည်မှုကိုရရှိရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငယ်သားများ၏ အုပ်ချုပ်မှုနှင့်သက်သာချောင်ချိရေး၊ ရသင့်ရထိုက်သော အခွင့်အရေး များကို ရရှိရန်အတွက် အမြဲစီမံဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ မှန်ကန်သည့် ခေါင်း ဆောင်မှု၊ မှန်ကန်သည့်အမိန့်၊ မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြင့် မိမိတပ်ဖွဲ့အား စစ်မြေပြင်တွင် ဦးဆောင်နိုင်မှသာ စစ်ခေါင်းဆောင်ပီသစေမည်ဖြစ်ကြောင်း၊ ပေးအပ် ထားသည့် အခွင့်အာဏာကို ကိုယ်ကျိုးအတွက်မသုံးဘဲ ကိုယ်ကျိုးစွန့်လွှတ်နိုင်သူ ဖြစ်ရ မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းစိတ်မွေးပြီး လက်အောက်ငယ်သားများအပေါ်တွင် “ဖခင်သဖွယ်၊ တပ်မှူးကောင်းသဖွယ်၊ ဆရာသမားတစ်ယောက်သဖွယ်၊ ဆွေမျိုးသားချင်း ရဲဘော်ရောင်းရင်းသဖွယ်”ခံယူတတ်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

စစ်စည်းကမ်းဆိုသည်မှာ တပ်မတော်၏ အသက်ဝိညာဉ်ဖြစ်ပြီး တပ်မတော် အား(၁၀)ပါးတွင် (၁)ပါးအပါအဝင်ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းလည်းဖြစ်၊ အရေးကြီးသည့်တာဝန်များကို ထမ်းဆောင်ရသည့် သဘာ၀လည်းရှိသော မိမိတို့ တပ်မတော်အတွက် စည်းကမ်းရှိရန်အထူးပင်လိုအပ်ကြောင်း၊ စည်းကမ်းရှိပါမှ တပ်မတော် အင်အားခိုင်မာမည်၊ စွမ်းဆောင်ရည်ထက်မြက်မြင့်မားမည်၊ ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ပိုမိုခံရမည်ဖြစ်ကြောင်း၊ စည်းကမ်းကို အသေးအဖွဲ့ကိစ္စပါမကျန် လေးလေး စားစား လိုက်နာကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းမကောင်းပါက မည်သည့်အဖွဲ့အစည်းမှ ကြာရှည် မတည်တံ့နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်သားများသည် နေ့စဉ် သစ္စာလေးချက်ကို စောင့်သိလိုက်နာကြသည့်သူများပီပီ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှုများကို အသက်ခန္ဓာပင်မကြောရိုးအဖြစ်ထားရှိပြီး ကျစ်လစ်ခိုင်မာသည့် တပ်မတော်တစ်ရပ်ဖြစ်ရန်လိုအပ်ကြောင်း၊ စည်းကမ်းလိုက်နာစေရန် ဥပဒေနှင့် ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း၊ စစ်စည်းကမ်းကို တိကျစွာလိုက်နာရန်လိုအပ်ပြီး ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲကင်းစွာဖြင့် တရားမျှတစွာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်း များကို မဖောက်ဖျက်မိစေရန်အတွက် မိမိတို့တပ်မတော်သားများသည် စစ်သည်တော် ကျင့်ဝတ် (၆၀)နှင့်အညီ နေထိုင်ကျင့်ကြံသွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နယ်ဘက်ဥပဒေနှင့် စစ်ဘက်ဥပဒေများသာမက ဂျီနီဗာကွန်ဗင်းရှင်း အပါအဝင် စစ်ပွဲဆိုင်ရာ ဥပဒေများကိုပါ လိုက်နာရသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေ နှင့်ပတ်သက်ပြီး စစ်သည်အဆင့်အတန်းအားလုံး ရှင်းလင်းစွာ သိရှိစေရေး လေ့ကျင့် ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေနှင့်မညီဘဲ ပြစ်မှုကျူးလွန်ခဲ့လျှင် လည်း ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် မိမိတို့တပ်မတော်သာမက နိုင်ငံ၏ပုံရိပ်ကိုလည်း နိုင်ငံတကာအလယ်၌ တင့်တယ်စေမည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်ဆင်မှုဆောင်ရွက်ရာတွင် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) ကိုလည်း မိမိကိုယ်တိုင်နှင့် လက်အောက်ငယ်သားများပါ တိကျစွာလိုက်နာသွားကြရန် အထူးအလေးထားမှာကြားလိုကြောင်း။

စစ်လက်နက်ပစ္စည်းများနှင့် စစ်နည်းဗျူဟာများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိရန် လေ့ကျင့် နေရမည်ဖြစ်ပြီး လက်တွေ့စစ်မြေပြင်တွင် ရန်သူနှင့် ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန်အတွက် ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန် လေ့ကျင့်နေရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်ပေးအပ်ပါက “တုံးတိုက်တိုက် ကျားကိုက်ကိုက်” စိတ်ဓာတ်ဖြင့် ရည်မှန်းချက် အောင်မြင်ပြီး တိုက်ပွဲဝင်နိုင်ရန်အတွက် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ တစ်ဖက် တွင်လည်း ရဲစွမ်းသတ္တိရှိရမည်ဖြစ်ပြီး ရဲစွမ်းသတ္တိကို လေ့ကျင့်ရေးမှသာ ရရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်သစ်စစ်ပွဲများကို ရင်ဆိုင်နိုင်စွမ်းရှိသည့် စွမ်းရည် ထက်မြက်သည့် တပ်မတော်ဖြစ်စေရန်အတွက် “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်ကို အလေးအနက်ထား လိုက်နာပြီး လေ့ကျင့်သွားရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင် နယ်ချဲ့များကို တွန်းလှန်ချေမှုန်းရန် ခေတ်အခါ နှင့်အညီ ရင်ပေါင်တန်းနိုင်သည့် စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ်မရှိခဲ့၍ လွတ်လပ် ရေးဆုံးရှုံးခဲ့ရဖူးကြောင်း၊ တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကောင်းစွာကာကွယ်နိုင်ရန် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရန် လိုအပ်ကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ်ရှိမှသာ တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားပြည့်၀သည့် စစ်ရေးစွမ်းအား (Military Might) ကို ရရှိမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်မြင့်မားစေရန်အတွက် လေ့ကျင့်ရေးနှင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်ခြင်းဖြင့် တိုက်စွမ်းရည်မြင့်မားပြီး စစ်ဆင် ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပိုမိုအစွမ်းထက်အဆင့်မြင့်သည့် စစ်လက်နက် ပစ္စည်းများ၊ ယာဉ်ယန္တရားများကို ဖြည့်တင်းခြင်း၊ အဆင့်မြှင့်တင်ခြင်းအပြင် ထိထိ ရောက်ရောက် အသုံးချပြီး တိုက်ပွဲဝင်နိုင်မှသာ တိုက်စွမ်းအားကို ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင် တန်းနိုင်သည့် ခေတ်မီတပ်မတော် (Standard Army)အဖြစ် မျှော်မှန်းဆောင်ရွက်ချိန်တွင် တပ်မတော်၏ တိုးတက်ပြောင်းလဲဆောင်ရွက်နေမှုများနှင့်အညီ အံဝင်ဂွင်ကျဖြစ်ရန် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး ယင်းတာဝန်ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ ဆောင်ရွက်သွားရမည်ပင်ဖြစ်ကြောင်း၊ တပ်မတော်၏ သမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံတော်၏ အချုပ်အခြာတည်တံ့ခိုင်မြဲရေးအတွက် တိုက်ပွဲပေါင်းများစွာကို အသက် သွေးချွေးပေါင်းများစွာ ရင်းနှီးပြီး ကာကွယ်စောင့်ရှောက်ခဲ့ဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူ များအပေါ် ဘေးအန္တရာယ်များနှင့် ကြုံတွေ့လာတိုင်း ရှေ့မှ မားမားမတ်မတ်ရပ်တည် ကာကွယ်ခဲ့ခြင်းကြောင့် နိုင်ငံက အားထားယုံကြည်ပြီး ပြည်သူကအားကိုးလေးစားရသည့် တပ်မတော်ဖြစ်ရန် ကာကွယ်ရေး တာဝန်များကို ယခုထက်မက ကျေပွန်စွာထမ်းဆောင် ရမည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်သည် ပြည်သူလူထုအပေါ် သဘာ၀ဘေးအန္တရာယ်ကျရောက် သည့်အချိန်တိုင်းတွင် ကာကွယ်စောင့်ရှောက်ကူညီခဲ့ကြောင်း၊ ပြည်သူများကို သဘာ၀ဘေးမှ ကာကွယ်ပေးခဲ့ရာတွင် အချို့သော အရာရှိ၊ စစ်သည်များ၏ အသက်ခန္ဓာများ ပြည်သူ့အတွက် ပေးဆပ်ခဲ့ရကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် မည်သည့်အချိန်၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေမျိုး၌မဆို “စွန့်လွှတ်စွန့်စားမှု” အပြည့်ဖြင့် အမွန်မြတ်ဆုံး သမိုင်းပေးတာဝန်များကို ထမ်းဆောင်ရင်း ပြည်သူကိုကာကွယ်စောင့် ရှောက်ခဲ့ကြကြောင်း၊ ၎င်းအပြင် လက်ရှိ COVID-19 ကပ်ရောဂါဆိုးနှင့် ပြည်သူများ ရင်ဆိုင်တွေ့ချိန်တွင်လည်း တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူ့အတွက် ကဏ္ဍပေါင်းစုံမှ အစွမ်းကုန်ကူညီကာကွယ်စောင့်ရှောက်နေသည်ကို အထင်အရှားတွေ့ရမည်ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံနှင့်ပြည်သူ၏ ကြီးမားသည့်ကျေးဇူးကို တပ်မတော်အနေဖြင့် ပြန်လည်ပေးဆပ်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံနှင့်ပြည်သူအတွက် “အား” ဖြစ်စေပြီး နိုင်ငံအတွက် အရေးကြုံပါက အမြဲတမ်းအဆင်သင့်ရှိနေသည့် အခိုင်မာဆုံး Institution ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားကောင်းများဖြစ်သည့် မိမိတို့တပ်မတော် သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ လက်ဆင့်ကမ်းသယ်ပိုး နေကြရမည်ပင်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်သည် သမိုင်းကြောင်းလိုအပ်ချက်အရ ယနေ့အချိန်အထိ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တစိုက်မတ်မတ် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားရေးဆိုသည်မှာ တစ်မျိုးသားလုံး၏ အကျိုးစီးပွား နှင့် ဘာသာ၊ သာသနာ၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုကြောင်း၊ နိုင်ငံတော်တွင် မည်သည့် နိုင်ငံရေးစနစ်၊ မည်သည့် အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားကြရမည် ပင်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် တိုင်းရင်သားစည်းလုံးညီညွတ်ရေးအရ တည်ငြိမ်မှုရရှိစေရန်အတွက် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေကြရမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာစေနိုင်မည့် လုပ်ဆောင်ချက်မှန်သမျှကို တပ်မတော်အနေဖြင့် ပြတ်ပြတ်သားသား ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်၏အမျိုးသားနိုင်ငံရေးကို အကောင်အထည် ဖော်ရာတွင် ပြည်သူ ပြည်သားများနှင့်အတူ လက်တွဲညီညီ အစွမ်းကုန်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ အစိုးရနှစ်ဆက်တိုင်တိုင် လျှောက်လှမ်းခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသည် ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီစနစ်ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီ သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာ တွင် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ အနေဖြင့်လည်း နိုင်ငံတော်က ချမှတ်ပြဌာန်းထားသည့် စည်းကမ်းများ၊ ဥပဒေများအား လိုက်နာနိုင်မှသာ စည်းကမ်းပြည့်၀သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ထောင်နိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီ၏ သဘောသဘာ၀ဖြစ်သည့် လွတ်လပ်စွာပြောဆိုနိုင်သော ဆန္ဒထုတ်ဖော်ခွင့်များကို စည်းကမ်းနည်းလမ်းတကျ ဆောင်ရွက်တတ်ရန်လည်းလိုအပ်ကြောင်း၊ နိုင်ငံသားများ၏ သဘောဆန္ဒနှင့်အညီ မိမိ တို့ကိုယ်စား နိုင်ငံ့အကျိုးဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ပေးခြင်းသည် နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ကြောင်း၊ မိမိ ကိုယ်တိုင်ရွေးချယ်လိုက်သည့်သူသည် မိမိဒေသနှင့် နိုင်ငံကို ကောင်းမွန်စွာ အကျိုးပြုနိုင် ရန်လိုကြောင်း၊ လူရွေးမှားပါက အခက်အခဲများစွာကြုံလာမည်ဖြစ်ကြောင်း၊ ရွေးချယ် တင်မြှောက်ရာတွင်လည်း ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ရမည်၊ သမာသမတ် ရှိရမည်ဖြစ်ကြောင်း၊ မည်သို့သော နည်းလမ်းမကျဆောင်ရွက်မှုမျိုးမဆို ယုံကြည်မှုကင်းမဲ့ စေသည်ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒနှင့်အညီ နိုင်ငံတော်ကို အုပ်ချုပ်ခြင်းသည်လည်း ဒီမိုကရေစီ၏ အနှစ်သာရပင်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ တပ်မတော်အတွင်းတွင်လည်း တပ်မတော်သားများအနေဖြင့် နေ့စဉ်တန်းစီချိန်များ၊ လစဉ် ဆန္ဒဖော်ထုတ်ပွဲများနှင့် ဆွေးနွေးပွဲများတွင် မိမိဆန္ဒများ၊ အခက်အခဲများ၊ အကြံ ပြုချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြခွင့်ပေးထားခြင်းအားဖြင့် တပ်တွင်းဒီမိုကရေစီကို ယခင်ကတည်းကပင် ကျင့်သုံးလျက်ရှိသည်ကို ဖော်ပြခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော် သားများအနေဖြင့်လည်း ရွေးကောက်ပွဲတွင် မိမိနှစ်သက်ရာ ပုဂ္ဂိုလ်ကို လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အများဆန္ဒနှင့်အညီ ရွေးချယ်အပ်နှင်းခံရသည့် ပုဂ္ဂိုလ်များ၊ ပါတီအဖွဲ့အစည်း များအနေဖြင့် ခိုင်မာကောင်းမွန်သည့် အစိုးရတစ်ရပ်ကို တည်ဆောက်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးရရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်သည့် နေရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေငြိမ်းရေးကိုသာ ဦးတည်ဆောင်ရွက် နေခြင်းမျိုးမဟုတ်ဘဲ ထာ၀ရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံ တော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြိမ်ကြိမ်ဆွေးနွေး ပြီးမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထာ၀ရငြိမ်းချမ်းရေးရရှိရန် အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ Political Dialogue ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတာဝန်ကျရာ တပ်ရင်း၊တပ်ဖွဲ့ဒေသအသီးသီးတို့တွင် ထာ၀ရငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး တပ်မတော်၏သဘောထားနှင့် ကြိုးပမ်းလုပ်ဆောင်နေမှုများကို သိရှိနိုင်ရန် ဆောင်ရွက်သွားစေလိုကြောင်း။

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ သင်ခန်းစာများအရ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ် ချမှတ်ပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ ဆောင်ရွက်လျက်ရှိကြောင်း၊ NCA စာချုပ်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်သည် လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်စေရန် လမ်းခင်းပေးထားခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီ ရှင်သန်ခိုင်မာစေရေးသည်လည်း နိုင်ငံရေးနှင့်လုံခြုံရေးအရ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးရရှိသည့် အပေါ် မူတည်နေခြင်းဖြစ်ကြောင်း၊ ယနေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထား ရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော် အစိုးရ တပ်မတော်နှင့် လက်မှတ်ရေးထိုးပြီး NCA လမ်းကြောင်းပေါ်တွင် လိုက်ပါရန် လိုအပ်ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်စေခြင်းသည် လက်နက်ချခိုင်းခြင်းမဟုတ်သည်ကို နားလည်စေလိုကြောင်း၊ လက်နက်များဘေးချပြီး ဆွေးနွေးရန်၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် တိုက်တွန်းခြင်းသာ ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေးနိုင်မည့် လမ်းကြောင်းများစွာ ဖွင့်ပေးထားပြီးဖြစ်ကြောင်း၊ တပ်မတော်သားများ၏ အသက်ခန္ဓာ၊ သွေး၊ ချွေးများစွာ ပေးဆပ်နေရသည့် စစ်ပွဲများကို မလိုလားသူများသည် မိမိတို့စစ်သည်များထက်ပိုပြီး ရှိနိုင်မည်မဟုတ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ထာ၀ရငြိမ်းချမ်း ရေးကို ဖော်ဆောင်နိုင်ရန် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့် ဆန္ဒရှိမှသာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ထာ၀ရငြိမ်းချမ်းရေးကို မလွဲမသွေရရှိမည်ဖြစ်ကြောင်း။

စည်းကမ်းနှင့်ကိုယ်ကျင့်တရားကောင်းမွန်ပြီး စွမ်းရည်ထက်မြက်သည့် ခေါင်းဆောင်များဖြစ်ရန် မိမိကိုယ်ကို တည်ဆောက်သွားကြရန်လိုအပ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း စဉ်ဆက်မပြတ် လေ့ကျင့်ခြင်းဖြင့် စွမ်းရည်သုံးရပ် ပြည့်စုံသည့် တပ်မတော်တစ်ရပ်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားရန်၊ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်သွားရန်၊ “နောင်တစ်ခေတ်၏ အောင်စစ်သည်” ဟူသည့် စစ်တက္ကသိုလ်ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည်စုံ သည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းကာလ ၄ နှစ်တာကာလအတွင်း ကြိုးစားအားထုတ်ခဲ့ကြသဖြင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်ပြီး ဘ၀ တစ်လျှောက်လုံး စဉ်လက်မပြတ်ဆက်လက်ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းကာလတစ်လျှောက် စာပေပညာ၊ စစ်ပညာ တို့တွင်ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှု စသည့် အခြေခံအလေ့အကျင့်ကောင်းများကို ဆက်လက် စောင့်ထိန်းသွားကြရမည်ဖြစ်ကြောင်း၊ ယခုအမှတ်စဉ် နောက်ဆုံးနှစ်တွင် COVID-19 ရောဂါဖြစ်ပွားခဲ့သဖြင့် တစ်နှစ်ပတ်လုံးတပ်ပြင်ပသို့ ထွက်ခွင့်မရရှိဘဲ တပ်ပြင်ပလေ့ကျင့် ခန်းများကိုလည်း အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင်သာ လေ့ကျင့်ခဲ့ရသည်မှာ ထူးခြားချက် တစ်ခုဖြစ်ပြီး ယခင်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်များထက် လေ့ကျင့်ချိန်နှင့် လေ့လာ မှတ်သားချိန်များ ပိုမိုရရှိခဲ့ကြကြောင်း၊ မိမိတို့ဘ၀တွင် ကြီးပွားတိုးတက်လိုပါက ကြိုးစား အားထုတ်မှုရှိရန်နှင့် မိမိကိုယ်ကိုယ်စောင့်ထိန်းလုပ်ဆောင်ရန် အရေးကြီးကြောင်း၊ ငယ်စဉ် ဘ၀မှ လူလားမြောက်သည်အထိ ကျွေးမွေးပြုစုစောင့်ရှောက် ဆုံးမပေးခဲ့သည့် မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်သကဲ့သို့ ဗိုလ်လောင်းသင်တန်း လေးနှစ် တာ ကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များဖြစ်လာအောင် လေ့ကျင့်မွေး ထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်း မမေ့ရန်လို ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်လာ စေရန် ရည်မှန်းပြီး လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည့်အတွက် သင်ကြားပေးလိုက်သည့် ပညာများဖြင့် တာဝန်ကို သစ္စာရှိရှိကြိုးစားအားထုတ်ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးကိုဆပ်ရာ ရောက်မည်ဖြစ်ပြီး အရေးကြီးသည့် တာဝန်များထမ်းဆောင်နိုင်ရေး ရည်မှန်းချက်ရှိစွာဖြင့် ကြိုးစားသွားကြစေလိုကြောင်း၊ မိမိတို့၏ရည်မှန်းချက်များ အောင်မြင်ရေး၊ မိသားစုများ၏ ရည်မှန်းချက် မပျောက်စေရေးအတွက် မိမိကိုယ်ကိုထိန်းသိမ်းပြီး မိမိဘ၀ကိုမြှင့်တင်ကြစေလိုကြောင်း။

မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိပြီး ၎င်းလမ်းကြောင်းကိုခိုင်ခိုင်မာမာဖြစ်စေရေးနှင့် စည်းကမ်းရှိသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် စောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးလိုက်သည့် အခြေခံ ကောင်းများ၊ ကောင်းမွန်သည့် အလေ့အကျင့်များကို အသုံးချပြီး ဘ၀တစ်လျှောက်လုံး နိုင်ငံတော်၊ တပ်မတော်နှင့် မိသားစုကဂုဏ်ယူအားထားကြရသူများဖြစ်အောင် နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ်များဖြင့် ကြိုးစားအားထုတ်သွားကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

(Zawgyi Version)

“ေနာင္တစ္ေခတ္၏ ေအာင္စစ္သည္” ဟူသည့္ စစ္တကၠသိုလ္ေဆာင္ပုဒ္ႏွင့္အညီ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္ကအားထားရသည့္ လက္႐ုံးရည္၊ ႏွလုံးရည္ႏွင့္ျပည့္စုံသည့္ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားေစလို

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ – ၄

ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္ထမ္းေဆာင္ႏိုင္ရန္အတြက္ တပ္မေတာ္သားမ်ားအျဖစ္ မည္သူ႔၏တိုက္တြန္းခ်က္မွ်မပါဘဲ မိမိဆႏၵအေလွ်ာက္ ဝင္ေရာက္ထမ္းေဆာင္ သူမ်ားျဖစ္သည့္အတြက္ စစ္သားစိတ္ေမြးၿပီး စစ္သားပီသရမည္ျဖစ္ေၾကာင္း၊ ေက်ာင္းဆင္း အရာရွိငယ္၊ လူငယ္မ်ားျဖစ္၍ လုပ္ခ်င္ကိုင္ခ်င္စိတ္ႏွင့္အတူ စိတ္လိုက္ မာန္ပါမလုပ္ဘဲ မိမိကိုယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိရမည္ျဖစ္ေၾကာင္း၊ အသိတရားႏွင့္ သတိတရားကို လက္ကိုင္ထားၿပီး လုပ္ေဆာင္သြားၾကရန္မွာၾကားလိုေၾကာင္း၊

အမိစစ္တကၠသိုလ္၏ ေကာင္းျမတ္သည့္အစဥ္အလာမ်ားကို ေစာင့္ထိန္းၿပီး တာဝန္ေက်ပြန္ေသာ၊ ယုံၾကည္အားထားရေသာ အရာရွိေကာင္းမ်ားျဖစ္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ေသာ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၆၂) သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္မိန႔္ခြန္းေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး စစ္တကၠသိုလ္ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၆၂)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၃၈၇၅၊ ဗိုလ္ေလာင္း ရီေဝေအာင္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၃၇၀၉၊ ဗိုလ္ေလာင္း ထင္ေအာင္လင္း၊ စာေပထူးခြၽန္ဆု (ဝိဇၨာ)ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၃၈၈၉၊ ဗိုလ္ေလာင္း ရဲမင္းစိုး၊ စာေပထူးခြၽန္ဆု(သိပၸံ) ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၃၉၂၆၊ ဗိုလ္ေလာင္း ရႈိင္းေအာင္ေက်ာ္၊ စာေပထူးခြၽန္ဆု (ကြန္ပ်ဴတာ)ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၄၀၂၇၊ ဗိုလ္ေလာင္း သက္ႏိုင္လင္း တို႔အား ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန႔္ခြန္းေျပာၾကားရာတြင္ အမိစစ္တကၠသိုလ္ႀကီးကို ၁၉၅၄ ခုႏွစ္၊ ဩဂုတ္လ ၁ ရက္ေန႔တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး သမိုင္းအစဥ္အလာႀကီးမားသည့္ တကၠသိုလ္ႀကီးလည္းျဖစ္ေၾကာင္း၊ စစ္တကၠသိုလ္ႀကီးကို ေခတ္စနစ္ႏွင့္အညီ တိုးတက္ မႈရွိရန္ ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္ခဲ့ၾကၿပီး ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ ျပည္သူ႔သားေကာင္းရတနာမ်ား ေလ့က်င့္ေမြးထုတ္ေလ့က်င့္ေပးခဲ့ရာ ယခုဆိုလ်င္ သင္တန္း အမွတ္စဥ္(၆၂)အထိရွိခဲ့ၿပီးျဖစ္ေၾကာင္း၊ အမိစစ္တကၠသိုလ္က ေလ့က်င့္ေမြးထုတ္ေပးလိုက္သည့္ ေက်ာင္းဆင္းအရာရွိမ်ားသည္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၌ ႀကီးမားသည့္ တာဝန္မ်ားကို ထမ္းေဆာင္လ်က္ရွိၾကေၾကာင္း။

စစ္တကၠသိုလ္၏ သင္တန္းကာလ ၄ ႏွစ္အတြင္း စာေပပညာတြင္ သက္ဆိုင္ရာ ဘာသာရပ္အလိုက္ ဘြဲ႕ရရွိသည္အထိ သင္ၾကားေပးခဲ့ၿပီး စစ္ပညာတြင္ တပ္စုမႉးအဆင့္အထိ ေလ့က်င့္သင္ၾကားေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ တပ္မေတာ္အရာရွိမ်ားအတြက္ လိုအပ္သည့္ ေတြးေခၚေျမာ္ျမင္တတ္မႈ (Way of Thinking) ရွိေအာင္လည္း ေလ့က်င့္ခဲ့ၿပီးျဖစ္၍ ရွိသင့္ရွိထိုက္သည့္ ဗဟုသုတႏွင့္ စဥ္းစားဆင္ျခင္ႏိုင္စြမ္းမ်ားကို တိုးပြားရရွိခဲ့ၿပီးျဖစ္ေၾကာင္း၊ စစ္တကၠသိုလ္မွ သင္ၾကားေပးလိုက္သည့္ အသိပညာ၊ အတတ္ပညာမ်ားကို မိမိတို႔၏ အေတြ႕အႀကဳံ၊ ဗဟုသုတ၊ ထိုးထြင္းႀကံဆမႈမ်ားႏွင့္ေပါင္းစပ္ၿပီး လက္ေတြ႕နယ္ပယ္တြင္ ထိေရာက္ေအာင္ျမင္စြာ အသုံးခ်သြားရမည္ျဖစ္ေၾကာင္း၊ ယင္းသို႔ အသုံးခ်ႏိုင္ၿပီး “သစၥာ၊ သူရ၊ သိပၸ” ႏွင့္အညီ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္အေပၚ သစၥာေလးခ်က္ ဦးထိပ္႐ြက္ကာ ေလ့လာသင္ယူထားသည့္ စစ္မႈအတတ္ပညာမ်ားကို ရဲစြမ္းသတၱိႏွင့္ယွဥ္ၿပီး စည္းကမ္း စနစ္တက်လိုက္နာက်င့္သုံးမွသာလ်င္ “ေနာင္တစ္ေခတ္၏ ေအာင္စစ္သည္” ဆိုသည့္ ေဆာင္ပုဒ္အတိုင္း လက္႐ုံးရည္ႏွင့္ႏွလုံးရည္ပါ ျပည့္၀ၿပီး ႏိုင္ငံေတာ္က အားထားရသည့္ တပ္မေတာ္အရာရွိေကာင္းမ်ား ျဖစ္လာမည္ျဖစ္ေၾကာင္း၊ ေလ့လာမွတ္သားမႈႏွင့္ အေတြ႕ အႀကဳံရင့္က်က္လာသည္ႏွင့္အမွ် လက္ေအာက္မွလည္း ေခါင္းေဆာင္အျဖစ္ လက္ခံလာမည္ျဖစ္၍ အလုပ္ႏွင့္သက္ေသျပၿပီး ကြပ္ကဲဦးေဆာင္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ အသုံးႏွင့္ အျဖဳန္းကို ခြဲျခားနားလည္ၿပီး ရရွိသည့္လစာေငြမ်ားကို သင့္တင့္ေလွ်ာက္ပတ္စြာ သုံးစြဲ စုေဆာင္းတတ္ရန္လိုေၾကာင္း။

စစ္သားေကာင္းတစ္ေယာက္ျဖစ္ရန္အတြက္ ကိုယ္က်င့္တရားေကာင္းရန္ အထူး လိုအပ္ေၾကာင္း၊ ကိုယ္က်င့္တရားေကာင္းသည့္ ေခါင္းေဆာင္သည္ စည္းမ်ဥ္း၊စည္းကမ္း၊ အမိန႔္ႏွင့္ ၫႊန္ၾကားခ်က္ မ်ားကို ေလးစားလိုက္နာေၾကာင္း၊ ေကာင္းမြန္သည့္ ကိုယ္က်င့္တရား ႏွင့္အညီ လက္ေအာက္ငယ္သားမ်ားကို မွန္ကန္စြာ ေခါင္းေဆာင္ႏိုင္ရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ “သြားသင့္သည့္ေနရာကိုသာ သြားရန္၊ ေပါင္းသင့္သည့္ သူကိုသာေပါင္းရန္၊ လုပ္သင့္သည့္ အလုပ္ကိုသာလုပ္ရန္ႏွင့္ ေျပာသင့္သည္ကိုသာေျပာရန္” ဆိုသည့္ သင့္(၄)သင့္ကို လိုက္နာက်င့္သုံးၿပီး ဘ၀တစ္ေလွ်ာက္ ကိုယ္က်င့္တရားေကာင္းသည့္ အရာရွိမ်ားျဖစ္ရန္ မိမိကိုယ္ကို ထိန္းသိမ္းေနထိုင္သြားရန္ မွာၾကားလိုေၾကာင္း။

ယေန႔လူငယ္ ေနာင္ဝယ္လူႀကီး ဆိုသည့္အတိုင္း တစ္ခ်ိန္တြင္ အဆင့္ဆင့္ေသာ တာဝန္မ်ားကို ပခုံးေျပာင္းတာဝန္ထမ္းေဆာင္ၾကရမည့္သူမ်ားျဖစ္ေၾကာင္း၊ မ်က္ေမွာက္ ေခတ္သည္ Information Technology (IT) ေခတ္ျဖစ္သည္ႏွင့္အညီ ကမာၻႀကီး၏ ေန႔စဥ္တိုးတက္ေျပာင္းလဲေနမႈမ်ားကို ေခတ္ကာလအေျခအေနအရ စဥ္ဆက္မျပတ္ ေလ့လာေနရန္အေရးႀကီးေၾကာင္း၊ အက်ိဳးရွိသည့္ စာေကာင္းေပမြန္မ်ားကို ရွာေဖြဖတ္ရႈ ေနရန္လိုအပ္ေၾကာင္း၊ စာေပသည္ အသိပညာ ဗဟုသုတ ျပည့္၀ေစေရးအတြက္ မရွိမျဖစ္လိုအပ္သည့္ ေရေသာက္ျမစ္ပင္ျဖစ္ေၾကာင္း၊ စာဖတ္ျခင္းအားျဖင့္ အေတြးအေခၚ ရင့္သန္လာၿပီး လုပ္သင့္၊ မလုပ္သင့္ကို ဆင္ျခင္သုံးသပ္လာႏိုင္မည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ ငယ္မ်ားအေနျဖင့္ စစ္ေရးဆိုင္ရာမ်ားကိုသာ အာ႐ုံစိုက္ေလ့လာေန႐ုံသာမက ဆက္ႏြယ္ေနသည့္ ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ ႏိုင္ငံတကာေရးရာမ်ားကိုပါ ကြၽမ္းဝင္သိရွိရန္ အတြက္ ဖတ္ရႈေလ့လာသြားၾကရန္လိုအပ္ေၾကာင္း၊ အမိစစ္တကၠသိုလ္တြင္ ေလးႏွစ္တာကာလအတြင္း ဖတ္ရႈေလ့လာမႈ အေလ့အက်င့္ေကာင္းမ်ားရရွိေစခဲ့ၿပီး ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လုပ္ငန္းတာဝန္မ်ားကို ေဆာင္႐ြက္ရာတြင္ ဆင္ျခင္တုံတရားလက္ကိုင္ထားၿပီး လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေရးအတြက္ စာဖတ္သည့္ အေလ့အက်င့္ေကာင္းကို အၿမဲျပဳစုပ်ိဳးေထာင္သြားၾကရန္ မွာၾကားလိုေၾကာင္း၊ မိမိတို႔တပ္မေတာ္သားမ်ားအေနျဖင့္ အထက္ကေပးအပ္သည့္ ရည္မွန္းခ်က္တာဝန္မ်ားကို ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ရန္ အတြက္ ေခါင္းေဆာင္မႈေကာင္းရန္လိုအပ္ေၾကာင္း၊ ေခါင္းေဆာင္မႈဆိုသည္မွာ ပါရမီသက္သက္မဟုတ္ဘဲ လိုက္နာက်င့္သုံးအားထုတ္မွသာ ေအာင္ျမင္မႈရရွိႏိုင္မည္ျဖစ္ ေၾကာင္း၊ ေခါင္းေဆာင္တစ္ေယာက္၏စကားသည္ ငယ္သားမ်ားအတြက္ မွာၾကားခ်က္ ျဖစ္ေစႏိုင္ေသာေၾကာင့္ လုပ္ေဆာင္မႈတိုင္းတြင္ တိက်ျပတ္သားမႈႏွင့္တရားမွ်တမႈရွိရန္ လိုအပ္ေၾကာင္း။

လက္ေအာက္ကို ကြပ္ကဲေခါင္းေဆာင္ရာ၌ လူ႔သေဘာသဘာ၀ကို နားလည္ၿပီး အခက္အခဲအၾကပ္အတည္းႏွင့္ ႀကဳံလာခ်ိန္တြင္ မွတ္ေက်ာက္တင္ခံႏိုင္သည့္ ေခါင္းေဆာင္မႈအရည္အေသြးကို ျပႏိုင္ရန္လိုအပ္ေၾကာင္း၊ ကိုယ္တိုင္ကလည္း အထက္အႀကီးအကဲမ်ား၏ အမိန႔္ကိုနာခံၿပီး တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ႏိုင္သည့္ ေနာက္လိုက္ေကာင္းတစ္ေယာက္ျဖစ္ရမည္ျဖစ္ေၾကာင္း၊ ေနာက္လိုက္ေကာင္း တစ္ေယာက္သည္ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ရန္ အေျခခံအရည္အခ်င္း ပင္ျဖစ္ေၾကာင္း၊ မွ်တသည့္စိတ္ဓာတ္၊ မွန္ကန္ေသာ သေဘာထား၊ ရဲရင့္ျပတ္သားသည့္ ဆုံးျဖတ္ခ်က္၊ တာဝန္သိမႈႏွင့္ တာဝန္ယူမႈသည္ ေခါင္းေဆာင္တစ္ေယာက္၏ အရည္ အခ်င္းပင္ျဖစ္ေၾကာင္း၊ စစ္ေခါင္းေဆာင္တစ္ေယာက္၏ တာဝန္သည္ ရည္မွန္းခ်က္ တာဝန္မ်ားကို ၿပီးေျမာက္ေအာင္ျမင္ရန္ႏွင့္ လက္ေအာက္ငယ္သားမ်ားကို မိမိ၏ တာဝန္ကိုေက်ပြန္စြာ ေဆာင္႐ြက္ရျခင္းပင္ျဖစ္ေၾကာင္း၊ လက္ေအာက္ငယ္သားကို ယုံၾကည္ၿပီး ငယ္သားမ်ား၏ယုံၾကည္မႈကိုရရွိရန္ ႀကိဳးစားရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ငယ္သားမ်ား၏ အုပ္ခ်ဳပ္မႈႏွင့္သက္သာေခ်ာင္ခ်ိေရး၊ ရသင့္ရထိုက္ေသာ အခြင့္အေရး မ်ားကို ရရွိရန္အတြက္ အၿမဲစီမံေဆာင္႐ြက္ေနရန္ လိုအပ္ေၾကာင္း၊ မွန္ကန္သည့္ ေခါင္း ေဆာင္မႈ၊ မွန္ကန္သည့္အမိန႔္၊ မွန္ကန္သည့္ ဆုံးျဖတ္ခ်က္မ်ားျဖင့္ မိမိတပ္ဖြဲ႕အား စစ္ေျမျပင္တြင္ ဦးေဆာင္ႏိုင္မွသာ စစ္ေခါင္းေဆာင္ပီသေစမည္ျဖစ္ေၾကာင္း၊ ေပးအပ္ ထားသည့္ အခြင့္အာဏာကို ကိုယ္က်ိဳးအတြက္မသုံးဘဲ ကိုယ္က်ိဳးစြန႔္လႊတ္ႏိုင္သူ ျဖစ္ရ မည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ေကာင္းစိတ္ေမြးၿပီး လက္ေအာက္ငယ္သားမ်ားအေပၚတြင္ “ဖခင္သဖြယ္၊ တပ္မႉးေကာင္းသဖြယ္၊ ဆရာသမားတစ္ေယာက္သဖြယ္၊ ေဆြမ်ိဳးသားခ်င္း ရဲေဘာ္ေရာင္းရင္းသဖြယ္”ခံယူတတ္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္ မွာၾကားလိုေၾကာင္း။

စစ္စည္းကမ္းဆိုသည္မွာ တပ္မေတာ္၏ အသက္ဝိညာဥ္ျဖစ္ၿပီး တပ္မေတာ္ အား(၁၀)ပါးတြင္ (၁)ပါးအပါအဝင္ျဖစ္ေၾကာင္း၊ လက္နက္ကိုင္အဖြဲ႕အစည္းလည္းျဖစ္၊ အေရးႀကီးသည့္တာဝန္မ်ားကို ထမ္းေဆာင္ရသည့္ သဘာ၀လည္းရွိေသာ မိမိတို႔ တပ္မေတာ္အတြက္ စည္းကမ္းရွိရန္အထူးပင္လိုအပ္ေၾကာင္း၊ စည္းကမ္းရွိပါမွ တပ္မေတာ္ အင္အားခိုင္မာမည္၊ စြမ္းေဆာင္ရည္ထက္ျမက္ျမင့္မားမည္၊ ျပည္သူမ်ား၏ ယုံၾကည္ ကိုးစားမႈကို ပိုမိုခံရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းကို အေသးအဖြဲ႕ကိစၥပါမက်န္ ေလးေလး စားစား လိုက္နာၾကရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းမေကာင္းပါက မည္သည့္အဖြဲ႕အစည္းမွ ၾကာရွည္ မတည္တံ့ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔တပ္မေတာ္သားမ်ားသည္ ေန႔စဥ္ သစၥာေလးခ်က္ကို ေစာင့္သိလိုက္နာၾကသည့္သူမ်ားပီပီ စည္းကမ္းလိုက္နာမႈ၊ အမိန႔္နာခံတတ္မႈမ်ားကို အသက္ခႏၶာပင္မေၾကာ႐ိုးအျဖစ္ထားရွိၿပီး က်စ္လစ္ခိုင္မာသည့္ တပ္မေတာ္တစ္ရပ္ျဖစ္ရန္လိုအပ္ေၾကာင္း၊ စည္းကမ္းလိုက္နာေစရန္ ဥပေဒႏွင့္ ထိန္းခ်ဳပ္ထားၿပီး ျဖစ္ေၾကာင္း၊ စစ္စည္းကမ္းကို တိက်စြာလိုက္နာရန္လိုအပ္ၿပီး ပုဂၢိဳလ္စြဲ၊ ဆႏၵစြဲကင္းစြာျဖင့္ တရားမွ်တစြာ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ စစ္စည္းကမ္း မ်ားကို မေဖာက္ဖ်က္မိေစရန္အတြက္ မိမိတို႔တပ္မေတာ္သားမ်ားသည္ စစ္သည္ေတာ္ က်င့္ဝတ္ (၆၀)ႏွင့္အညီ ေနထိုင္က်င့္ႀကံသြားရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ နယ္ဘက္ဥပေဒႏွင့္ စစ္ဘက္ဥပေဒမ်ားသာမက ဂ်ီနီဗာကြန္ဗင္းရွင္း အပါအဝင္ စစ္ပြဲဆိုင္ရာ ဥပေဒမ်ားကိုပါ လိုက္နာရသည့္အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဥပေဒ ႏွင့္ပတ္သက္ၿပီး စစ္သည္အဆင့္အတန္းအားလုံး ရွင္းလင္းစြာ သိရွိေစေရး ေလ့က်င့္ ပညာေပးျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဥပေဒႏွင့္မညီဘဲ ျပစ္မႈက်ဴးလြန္ခဲ့လွ်င္ လည္း ပြင့္လင္းျမင္သာစြာ ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာျခင္းျဖင့္ မိမိတို႔တပ္မေတာ္သာမက ႏိုင္ငံ၏ပုံရိပ္ကိုလည္း ႏိုင္ငံတကာအလယ္၌ တင့္တယ္ေစမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ စစ္ဆင္မႈေဆာင္႐ြက္ရာတြင္ ထိေတြ႕တိုက္ခိုက္မႈစည္းမ်ဥ္း (Rules of Engagement-ROE) ကိုလည္း မိမိကိုယ္တိုင္ႏွင့္ လက္ေအာက္ငယ္သားမ်ားပါ တိက်စြာလိုက္နာသြားၾကရန္ အထူးအေလးထားမွာၾကားလိုေၾကာင္း။

စစ္လက္နက္ပစၥည္းမ်ားႏွင့္ စစ္နည္းဗ်ဴဟာမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္မႈရွိရန္ ေလ့က်င့္ ေနရမည္ျဖစ္ၿပီး လက္ေတြ႕စစ္ေျမျပင္တြင္ ရန္သူႏွင့္ ရင္ဆိုင္တိုက္ပြဲဝင္ႏိုင္ရန္အတြက္ ကိုယ္ခႏၶာႏွင့္ စိတ္ဓာတ္ႀကံ့ခိုင္မႈရွိရန္ ေလ့က်င့္ေနရန္လည္း လိုအပ္မည္ျဖစ္ေၾကာင္း၊ တာဝန္ေပးအပ္ပါက “တုံးတိုက္တိုက္ က်ားကိုက္ကိုက္” စိတ္ဓာတ္ျဖင့္ ရည္မွန္းခ်က္ ေအာင္ျမင္ၿပီး တိုက္ပြဲဝင္ႏိုင္ရန္အတြက္ အၿမဲေလ့က်င့္ေနရမည္ျဖစ္ေၾကာင္း၊ တစ္ဖက္ တြင္လည္း ရဲစြမ္းသတၱိရွိရမည္ျဖစ္ၿပီး ရဲစြမ္းသတၱိကို ေလ့က်င့္ေရးမွသာ ရရွိႏိုင္မည္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ေခတ္သစ္စစ္ပြဲမ်ားကို ရင္ဆိုင္ႏိုင္စြမ္းရွိသည့္ စြမ္းရည္ ထက္ျမက္သည့္ တပ္မေတာ္ျဖစ္ေစရန္အတြက္ “က်န္းမာႀကံ့ခိုင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတၱိရွိရမည္” ဆိုသည့္ ေလ့က်င့္ေရးေဆာင္ပုဒ္ကို အေလးအနက္ထား လိုက္နာၿပီး ေလ့က်င့္သြားရမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ သမိုင္းေၾကာင္းတြင္ နယ္ခ်ဲ႕မ်ားကို တြန္းလွန္ေခ်မႈန္းရန္ ေခတ္အခါ ႏွင့္အညီ ရင္ေပါင္တန္းႏိုင္သည့္ စြမ္းရည္ရွိသည့္ တပ္မေတာ္တစ္ရပ္မရွိခဲ့၍ လြတ္လပ္ ေရးဆုံးရႈံးခဲ့ရဖူးေၾကာင္း၊ တပ္မေတာ္ၿပိဳကြဲလွ်င္ ႏိုင္ငံေတာ္ၿပိဳကြဲမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံ၏လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာကို ေကာင္းစြာကာကြယ္ႏိုင္ရန္ တပ္မေတာ္သည္ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္သည့္ ေခတ္မီမ်ိဳးခ်စ္ တပ္မေတာ္ျဖစ္ရန္ လိုအပ္ေၾကာင္း၊ ေခတ္မီတပ္မေတာ္တစ္ရပ္ရွိမွသာ တိုက္စြမ္းရည္ႏွင့္ တိုက္စြမ္းအားျပည့္၀သည့္ စစ္ေရးစြမ္းအား (Military Might) ကို ရရွိမည္ျဖစ္ေၾကာင္း၊ တိုက္စြမ္းရည္ျမင့္မားေစရန္အတြက္ ေလ့က်င့္ေရးႏွင့္ လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးကို ထိထိေရာက္ေရာက္ေဆာင္႐ြက္ျခင္းျဖင့္ တိုက္စြမ္းရည္ျမင့္မားၿပီး စစ္ဆင္ ေရးကို အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း၊ ပိုမိုအစြမ္းထက္အဆင့္ျမင့္သည့္ စစ္လက္နက္ ပစၥည္းမ်ား၊ ယာဥ္ယႏၲရားမ်ားကို ျဖည့္တင္းျခင္း၊ အဆင့္ျမႇင့္တင္ျခင္းအျပင္ ထိထိ ေရာက္ေရာက္ အသုံးခ်ၿပီး တိုက္ပြဲဝင္ႏိုင္မွသာ တိုက္စြမ္းအားကို ရရွိမည္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္၏ ရည္မွန္းခ်က္ျဖစ္သည့္ ႏိုင္ငံတကာတပ္မေတာ္မ်ားႏွင့္ ရင္ေပါင္ တန္းႏိုင္သည့္ ေခတ္မီတပ္မေတာ္ (Standard Army)အျဖစ္ ေမွ်ာ္မွန္းေဆာင္႐ြက္ခ်ိန္တြင္ တပ္မေတာ္၏ တိုးတက္ေျပာင္းလဲေဆာင္႐ြက္ေနမႈမ်ားႏွင့္အညီ အံဝင္ဂြင္က်ျဖစ္ရန္ ႀကိဳးစားေဆာင္႐ြက္သြားၾကရန္ မွာၾကားလိုေၾကာင္း၊ တပ္မေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးျဖစ္ၿပီး ယင္းတာဝန္ကို ျပည္သူလူထုတစ္ရပ္လုံးႏွင့္ လက္တြဲ ေဆာင္႐ြက္သြားရမည္ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္၏ သမိုင္းေၾကာင္းတစ္ေလွ်ာက္တြင္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာတည္တံ့ခိုင္ၿမဲေရးအတြက္ တိုက္ပြဲေပါင္းမ်ားစြာကို အသက္ ေသြးေခြၽးေပါင္းမ်ားစြာ ရင္းႏွီးၿပီး ကာကြယ္ေစာင့္ေရွာက္ခဲ့ျဖစ္ေၾကာင္း၊ ႏိုင္ငံႏွင့္ ျပည္သူ မ်ားအေပၚ ေဘးအႏၲရာယ္မ်ားႏွင့္ ႀကဳံေတြ႕လာတိုင္း ေရွ႕မွ မားမားမတ္မတ္ရပ္တည္ ကာကြယ္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံက အားထားယုံၾကည္ၿပီး ျပည္သူကအားကိုးေလးစားရသည့္ တပ္မေတာ္ျဖစ္ရန္ ကာကြယ္ေရး တာဝန္မ်ားကို ယခုထက္မက ေက်ပြန္စြာထမ္းေဆာင္ ရမည္ျဖစ္ေၾကာင္း။

မိမိတို႔တပ္မေတာ္သည္ ျပည္သူလူထုအေပၚ သဘာ၀ေဘးအႏၲရာယ္က်ေရာက္ သည့္အခ်ိန္တိုင္းတြင္ ကာကြယ္ေစာင့္ေရွာက္ကူညီခဲ့ေၾကာင္း၊ ျပည္သူမ်ားကို သဘာ၀ေဘးမွ ကာကြယ္ေပးခဲ့ရာတြင္ အခ်ိဳ႕ေသာ အရာရွိ၊ စစ္သည္မ်ား၏ အသက္ခႏၶာမ်ား ျပည္သူ႔အတြက္ ေပးဆပ္ခဲ့ရေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ မည္သည့္အခ်ိန္၊ မည္သည့္ေနရာ၊ မည္သည့္အေျခအေနမ်ိဳး၌မဆို “စြန႔္လႊတ္စြန႔္စားမႈ” အျပည့္ျဖင့္ အမြန္ျမတ္ဆုံး သမိုင္းေပးတာဝန္မ်ားကို ထမ္းေဆာင္ရင္း ျပည္သူကိုကာကြယ္ေစာင့္ ေရွာက္ခဲ့ၾကေၾကာင္း၊ ၎အျပင္ လက္ရွိ COVID-19 ကပ္ေရာဂါဆိုးႏွင့္ ျပည္သူမ်ား ရင္ဆိုင္ေတြ႕ခ်ိန္တြင္လည္း တပ္မေတာ္သည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူ႔အတြက္ က႑ေပါင္းစုံမွ အစြမ္းကုန္ကူညီကာကြယ္ေစာင့္ေရွာက္ေနသည္ကို အထင္အရွားေတြ႕ရမည္ျဖစ္ေၾကာင္း၊ ယင္းသည္ ႏိုင္ငံႏွင့္ျပည္သူ၏ ႀကီးမားသည့္ေက်းဇူးကို တပ္မေတာ္အေနျဖင့္ ျပန္လည္ေပးဆပ္ေနျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံႏွင့္ျပည္သူအတြက္ “အား” ျဖစ္ေစၿပီး ႏိုင္ငံအတြက္ အေရးႀကဳံပါက အၿမဲတမ္းအဆင္သင့္ရွိေနသည့္ အခိုင္မာဆုံး Institution ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံသားေကာင္းမ်ားျဖစ္သည့္ မိမိတို႔တပ္မေတာ္ သားမ်ားသည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို ေက်ပြန္စြာ လက္ဆင့္ကမ္းသယ္ပိုး ေနၾကရမည္ပင္ျဖစ္ေၾကာင္း။

မိမိတို႔တပ္မေတာ္သည္ သမိုင္းေၾကာင္းလိုအပ္ခ်က္အရ ယေန႔အခ်ိန္အထိ ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑တြင္ တစိုက္မတ္မတ္ ပါဝင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အမ်ိဳးသားေရးဆိုသည္မွာ တစ္မ်ိဳးသားလုံး၏ အက်ိဳးစီးပြား ႏွင့္ ဘာသာ၊ သာသနာ၊ ႐ိုးရာ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းအစဥ္အလာမ်ားကို ကာကြယ္ေစာင့္ေရွာက္ျခင္းကို ဆိုလိုေၾကာင္း၊ ႏိုင္ငံေတာ္တြင္ မည္သည့္ ႏိုင္ငံေရးစနစ္၊ မည္သည့္ အစိုးရ ဦးေဆာင္သည္ျဖစ္ေစ တပ္မေတာ္အေနျဖင့္ တစ္မ်ိဳးသားလုံးႏွင့္သက္ဆိုင္သည့္ အမ်ိဳးသားေရးဝါဒျဖစ္ေသာ ဒို႔တာဝန္အေရးသုံးပါးကို ဆက္လက္ထိန္းသိမ္းသြားၾကရမည္ ပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးအရ တည္ၿငိမ္မႈႏွင့္ တိုင္းရင္သားစည္းလုံးညီၫြတ္ေရးအရ တည္ၿငိမ္မႈရရွိေစရန္အတြက္ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑တြင္ ဆက္လက္ပါဝင္ေနၾကရမည္ျဖစ္ေၾကာင္း၊ ဒို႔တာဝန္အေရးသုံးပါးကို ထိခိုက္လာေစႏိုင္မည့္ လုပ္ေဆာင္ခ်က္မွန္သမွ်ကို တပ္မေတာ္အေနျဖင့္ ျပတ္ျပတ္သားသား ကာကြယ္သြားရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္၏အမ်ိဳးသားႏိုင္ငံေရးကို အေကာင္အထည္ ေဖာ္ရာတြင္ ျပည္သူ ျပည္သားမ်ားႏွင့္အတူ လက္တြဲညီညီ အစြမ္းကုန္ေဆာင္႐ြက္သြား ရမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံအေနျဖင့္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွသည္ ဒီမိုကေရစီ လမ္းေၾကာင္းေပၚသို႔ အစိုးရႏွစ္ဆက္တိုင္တိုင္ ေလွ်ာက္လွမ္းခဲ့ၿပီးျဖစ္ေၾကာင္း၊ ယင္းသည္ ျပည္သူကေ႐ြးခ်ယ္သည့္ ပါတီစုံဒီမိုကေရစီစနစ္ပင္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံႏွင့္ ကိုက္ညီ သည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္ရာ တြင္ အားလုံးဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံသူ ႏိုင္ငံသားမ်ား အေနျဖင့္လည္း ႏိုင္ငံေတာ္က ခ်မွတ္ျပဌာန္းထားသည့္ စည္းကမ္းမ်ား၊ ဥပေဒမ်ားအား လိုက္နာႏိုင္မွသာ စည္းကမ္းျပည့္၀သည့္ ဒီမိုကေရစီႏိုင္ငံေတာ္ကို တည္ေထာင္ႏိုင္မည္ျဖစ္ ေၾကာင္း၊ ႏိုင္ငံသူ ႏိုင္ငံသားမ်ားအေနျဖင့္ ဒီမိုကေရစီ၏ သေဘာသဘာ၀ျဖစ္သည့္ လြတ္လပ္စြာေျပာဆိုႏိုင္ေသာ ဆႏၵထုတ္ေဖာ္ခြင့္မ်ားကို စည္းကမ္းနည္းလမ္းတက် ေဆာင္႐ြက္တတ္ရန္လည္းလိုအပ္ေၾကာင္း၊ ႏိုင္ငံသားမ်ား၏ သေဘာဆႏၵႏွင့္အညီ မိမိ တို႔ကိုယ္စား ႏိုင္ငံ့အက်ိဳးေဆာင္႐ြက္ေပးမည့္ ကိုယ္စားလွယ္မ်ားကို ေ႐ြးေကာက္ တင္ေျမႇာက္ေပးျခင္းသည္ ႏိုင္ငံသားမ်ား၏ ဒီမိုကေရစီအခြင့္အေရးပင္ျဖစ္ေၾကာင္း၊ မိမိ ကိုယ္တိုင္ေ႐ြးခ်ယ္လိုက္သည့္သူသည္ မိမိေဒသႏွင့္ ႏိုင္ငံကို ေကာင္းမြန္စြာ အက်ိဳးျပဳႏိုင္ ရန္လိုေၾကာင္း၊ လူေ႐ြးမွားပါက အခက္အခဲမ်ားစြာႀကဳံလာမည္ျဖစ္ေၾကာင္း၊ ေ႐ြးခ်ယ္ တင္ေျမႇာက္ရာတြင္လည္း ဒီမိုကေရစီနည္းလမ္းတက် ေဆာင္႐ြက္ရမည္၊ သမာသမတ္ ရွိရမည္ျဖစ္ေၾကာင္း၊ မည္သို႔ေသာ နည္းလမ္းမက်ေဆာင္႐ြက္မႈမ်ိဳးမဆို ယုံၾကည္မႈကင္းမဲ့ ေစသည္ဆိုသည္ကို သတိျပဳရမည္ျဖစ္ေၾကာင္း၊ ျပည္သူ႔ဆႏၵႏွင့္အညီ ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္ျခင္းသည္လည္း ဒီမိုကေရစီ၏ အႏွစ္သာရပင္ျဖစ္ေၾကာင္း၊ အလားတူ မိမိတို႔ တပ္မေတာ္အတြင္းတြင္လည္း တပ္မေတာ္သားမ်ားအေနျဖင့္ ေန႔စဥ္တန္းစီခ်ိန္မ်ား၊ လစဥ္ ဆႏၵေဖာ္ထုတ္ပြဲမ်ားႏွင့္ ေဆြးေႏြးပြဲမ်ားတြင္ မိမိဆႏၵမ်ား၊ အခက္အခဲမ်ား၊ အႀကံ ျပဳခ်က္မ်ားကို ပြင့္ပြင့္လင္းလင္း တင္ျပခြင့္ေပးထားျခင္းအားျဖင့္ တပ္တြင္းဒီမိုကေရစီကို ယခင္ကတည္းကပင္ က်င့္သုံးလ်က္ရွိသည္ကို ေဖာ္ျပျခင္းပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္ သားမ်ားအေနျဖင့္လည္း ေ႐ြးေကာက္ပြဲတြင္ မိမိႏွစ္သက္ရာ ပုဂၢိဳလ္ကို လြတ္လပ္စြာ ဆႏၵမဲေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ အမ်ားဆႏၵႏွင့္အညီ ေ႐ြးခ်ယ္အပ္ႏွင္းခံရသည့္ ပုဂၢိဳလ္မ်ား၊ ပါတီအဖြဲ႕အစည္း မ်ားအေနျဖင့္ ခိုင္မာေကာင္းမြန္သည့္ အစိုးရတစ္ရပ္ကို တည္ေဆာက္ႏိုင္ျခင္းျဖင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို အေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း။

ၿငိမ္းခ်မ္းေရးရရွိမွသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္သည့္ ေနရာတြင္ တဒဂၤၿငိမ္းခ်မ္းေရး၊ တဒဂၤျပႆနာမ်ား ေျပၿငိမ္းေရးကိုသာ ဦးတည္ေဆာင္႐ြက္ ေနျခင္းမ်ိဳးမဟုတ္ဘဲ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံ ေတာ္အစိုးရ၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အႀကိမ္ႀကိမ္ေဆြးေႏြး ၿပီးမွ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement-NCA) ကို လက္မွတ္ေရးထိုးႏိုင္ခဲ့ေၾကာင္း၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္ အတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ Political Dialogue ကို ဆက္လက္ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ မိမိတာဝန္က်ရာ တပ္ရင္း၊တပ္ဖြဲ႕ေဒသအသီးသီးတို႔တြင္ ထာ၀ရၿငိမ္းခ်မ္းေရး ႏွင့္ပတ္သက္ၿပီး တပ္မေတာ္၏သေဘာထားႏွင့္ ႀကိဳးပမ္းလုပ္ေဆာင္ေနမႈမ်ားကို သိရွိႏိုင္ရန္ ေဆာင္႐ြက္သြားေစလိုေၾကာင္း။

တပ္မေတာ္အေနျဖင့္ ေခတ္အဆက္ဆက္ျဖတ္သန္းခဲ့သည့္ အေတြ႕အႀကဳံ သင္ခန္းစာမ်ားအရ ၿငိမ္းခ်မ္းေရးမူဝါဒ ၆ ရပ္ ခ်မွတ္ၿပီး ျပည္ေထာင္စုစိတ္ဓာတ္ကို အရင္းခံကာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ NCA စာခ်ဳပ္ႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရး မူဝါဒ ၆ ရပ္သည္ လက္နက္ကိုင္လမ္းစဥ္မွသည္ ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးမွသည္ စစ္မွန္ေသာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုျဖစ္ေစရန္ လမ္းခင္းေပးထားျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံ၏ ဒီမိုကေရစီ ရွင္သန္ခိုင္မာေစေရးသည္လည္း ႏိုင္ငံေရးႏွင့္လုံၿခဳံေရးအရ တည္ၿငိမ္မႈ၊ ၿငိမ္းခ်မ္းေရးရရွိသည့္ အေပၚ မူတည္ေနျခင္းျဖစ္ေၾကာင္း၊ ယေန႔အထိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕ႏွင့္ NCA လက္မွတ္ေရးထိုးထား ရွိၿပီးျဖစ္ေၾကာင္း၊ က်န္ရွိသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ႏိုင္ငံေတာ္ အစိုးရ တပ္မေတာ္ႏွင့္ လက္မွတ္ေရးထိုးၿပီး NCA လမ္းေၾကာင္းေပၚတြင္ လိုက္ပါရန္ လိုအပ္ေၾကာင္း၊ NCA လက္မွတ္ေရးထိုးၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္ ပါဝင္ေစျခင္းသည္ လက္နက္ခ်ခိုင္းျခင္းမဟုတ္သည္ကို နားလည္ေစလိုေၾကာင္း၊ လက္နက္မ်ားေဘးခ်ၿပီး ေဆြးေႏြးရန္၊ လက္နက္ကိုင္လမ္းစဥ္ကို စြန႔္လႊတ္ရန္ တိုက္တြန္းျခင္းသာ ျဖစ္ေၾကာင္း၊ တိုင္းရင္းသားအေရးကို ႏိုင္ငံေရးအရ ေဆြးေႏြးႏိုင္မည့္ လမ္းေၾကာင္းမ်ားစြာ ဖြင့္ေပးထားၿပီးျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား၏ အသက္ခႏၶာ၊ ေသြး၊ ေခြၽးမ်ားစြာ ေပးဆပ္ေနရသည့္ စစ္ပြဲမ်ားကို မလိုလားသူမ်ားသည္ မိမိတို႔စစ္သည္မ်ားထက္ပိုၿပီး ရွိႏိုင္မည္မဟုတ္ေၾကာင္း၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ ထာ၀ရၿငိမ္းခ်မ္း ေရးကို ေဖာ္ေဆာင္ႏိုင္ရန္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ရယူလိုသည့္ ဆႏၵရွိမွသာ တိုင္းရင္းသားျပည္သူတစ္ရပ္လုံး လိုလားေတာင့္တေနသည့္ ထာ၀ရၿငိမ္းခ်မ္းေရးကို မလြဲမေသြရရွိမည္ျဖစ္ေၾကာင္း။

စည္းကမ္းႏွင့္ကိုယ္က်င့္တရားေကာင္းမြန္ၿပီး စြမ္းရည္ထက္ျမက္သည့္ ေခါင္းေဆာင္မ်ားျဖစ္ရန္ မိမိကိုယ္ကို တည္ေဆာက္သြားၾကရန္လိုအပ္ေၾကာင္း၊ “ေလ့လာ၊ ေလ့က်င့္၊ လိုက္နာ” ဆိုသည့္ ေလ့က်င့္ေရးေဆာင္ပုဒ္အတိုင္း စဥ္ဆက္မျပတ္ ေလ့က်င့္ျခင္းျဖင့္ စြမ္းရည္သုံးရပ္ ျပည့္စုံသည့္ တပ္မေတာ္တစ္ရပ္ျဖစ္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားရန္၊ အမ်ိဳးသားေရးတာဝန္ျဖစ္သည့္ ဒို႔တာဝန္အေရးသုံးပါးကို ဦးထိပ္ထားၿပီး ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ ျပည္သူအက်ိဳးျပဳလုပ္ငန္းတာဝန္မ်ားကို အေလးထားေဆာင္႐ြက္သြားရန္၊ “ေနာင္တစ္ေခတ္၏ ေအာင္စစ္သည္” ဟူသည့္ စစ္တကၠသိုလ္ေဆာင္ပုဒ္ႏွင့္ အညီ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္က အားထားရသည့္ လက္႐ုံးရည္၊ ႏွလုံးရည္ႏွင့္ ျပည္စုံ သည့္ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကို ခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ စစ္တကၠသိုလ္ေက်ာင္းဌာနခ်ဳပ္၊ ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္း ၅ ဦးကို ေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကား ေျပာၾကားသည္။

ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ သင္တန္းကာလ ၄ ႏွစ္တာကာလအတြင္း ႀကိဳးစားအားထုတ္ခဲ့ၾကသျဖင့္ ယခုကဲ့သို႔ ထူးခြၽန္ဆုမ်ားရရွိခဲ့ၾကျခင္းျဖစ္ၿပီး ဘ၀ တစ္ေလွ်ာက္လုံး စဥ္လက္မျပတ္ဆက္လက္ႀကိဳးစားအားထုတ္သြားၾကရမည္ျဖစ္ေၾကာင္း၊ သင္တန္းကာလတစ္ေလွ်ာက္ စာေပပညာ၊ စစ္ပညာ တို႔တြင္ႀကိဳးစားအားထုတ္ခဲ့မႈ၊ စည္းကမ္းေကာင္းမြန္မႈ စသည့္ အေျခခံအေလ့အက်င့္ေကာင္းမ်ားကို ဆက္လက္ ေစာင့္ထိန္းသြားၾကရမည္ျဖစ္ေၾကာင္း၊ ယခုအမွတ္စဥ္ ေနာက္ဆုံးႏွစ္တြင္ COVID-19 ေရာဂါျဖစ္ပြားခဲ့သျဖင့္ တစ္ႏွစ္ပတ္လုံးတပ္ျပင္ပသို႔ ထြက္ခြင့္မရရွိဘဲ တပ္ျပင္ပေလ့က်င့္ ခန္းမ်ားကိုလည္း အနီးပတ္ဝန္းက်င္တစ္ဝိုက္တြင္သာ ေလ့က်င့္ခဲ့ရသည္မွာ ထူးျခားခ်က္ တစ္ခုျဖစ္ၿပီး ယခင္ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္မ်ားထက္ ေလ့က်င့္ခ်ိန္ႏွင့္ ေလ့လာ မွတ္သားခ်ိန္မ်ား ပိုမိုရရွိခဲ့ၾကေၾကာင္း၊ မိမိတို႔ဘ၀တြင္ ႀကီးပြားတိုးတက္လိုပါက ႀကိဳးစား အားထုတ္မႈရွိရန္ႏွင့္ မိမိကိုယ္ကိုယ္ေစာင့္ထိန္းလုပ္ေဆာင္ရန္ အေရးႀကီးေၾကာင္း၊ ငယ္စဥ္ ဘ၀မွ လူလားေျမာက္သည္အထိ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ ဆုံးမေပးခဲ့သည့္ မိဘမ်ား၏ ေက်းဇူးကိုသိတတ္ရန္ႏွင့္ ေက်းဇူးဆပ္ရန္လိုအပ္သကဲ့သို႔ ဗိုလ္ေလာင္းသင္တန္း ေလးႏွစ္ တာ ကာလအတြင္း တပ္မေတာ္၏ ေခါင္းေဆာင္ငယ္မ်ားျဖစ္လာေအာင္ ေလ့က်င့္ေမြး ထုတ္ေပးခဲ့သည့္ တပ္မေတာ္ႏွင့္ အမိစစ္တကၠသိုလ္၏ ေက်းဇူးကိုလည္း မေမ့ရန္လို ေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္က ေနာင္တစ္ေခတ္၏ ေအာင္စစ္သည္မ်ား ျဖစ္လာ ေစရန္ ရည္မွန္းၿပီး ေလ့က်င့္ေမြးထုတ္ေပးခဲ့ျခင္းျဖစ္သည့္အတြက္ သင္ၾကားေပးလိုက္သည့္ ပညာမ်ားျဖင့္ တာဝန္ကို သစၥာရွိရွိႀကိဳးစားအားထုတ္ေဆာင္႐ြက္ျခင္း၊ မိမိကိုယ္ကိုယ္ ထိန္းထိန္းသိမ္းသိမ္းေနထိုင္ျခင္းျဖင့္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ေက်းဇူးကိုဆပ္ရာ ေရာက္မည္ျဖစ္ၿပီး အေရးႀကီးသည့္ တာဝန္မ်ားထမ္းေဆာင္ႏိုင္ေရး ရည္မွန္းခ်က္ရွိစြာျဖင့္ ႀကိဳးစားသြားၾကေစလိုေၾကာင္း၊ မိမိတို႔၏ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေရး၊ မိသားစုမ်ား၏ ရည္မွန္းခ်က္ မေပ်ာက္ေစေရးအတြက္ မိမိကိုယ္ကိုထိန္းသိမ္းၿပီး မိမိဘ၀ကိုျမႇင့္တင္ၾကေစလိုေၾကာင္း။

မိမိတို႔ႏိုင္ငံသည္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းလ်က္ ရွိၿပီး ၎လမ္းေၾကာင္းကိုခိုင္ခိုင္မာမာျဖစ္ေစေရးႏွင့္ စည္းကမ္းရွိသည့္ ဒီမိုကေရစီႏိုင္ငံ ျဖစ္ေအာင္ ေစာင့္ထိန္းၾကရမည္ျဖစ္ေၾကာင္း၊ ေလ့က်င့္သင္ၾကားေပးလိုက္သည့္ အေျခခံ ေကာင္းမ်ား၊ ေကာင္းမြန္သည့္ အေလ့အက်င့္မ်ားကို အသုံးခ်ၿပီး ဘ၀တစ္ေလွ်ာက္လုံး ႏိုင္ငံေတာ္၊ တပ္မေတာ္ႏွင့္ မိသားစုကဂုဏ္ယူအားထားၾကရသူမ်ားျဖစ္ေအာင္ ႏိုင္ငံခ်စ္စိတ္၊ တပ္မေတာ္ခ်စ္စိတ္မ်ားျဖင့္ ႀကိဳးစားအားထုတ္သြားၾကေစလိုေၾကာင္းျဖင့္ အမွာစကားေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။