တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) သို့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ – ၆

အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ IMPACT Exhibition Center ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံပေါင်း ၄၀ ကျော်မှတပ်မတော်အကြီးအကဲများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့်နေရာသို့ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen.Prawit Wongsuwon က အဖွင့်မိန့်ခွန်း ပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော်အကြီးအကဲများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးသည်။

ထို့နောက် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) ဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည်ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့အတူ နိုင်ငံပေါင်း ၄၀ ကျော်မှ တပ်မတော်အကြီးအကဲများသည်လည်း ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ထို့နောက်နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Gen.Prawit Wongsuwon က တည်ခင်းဧည့်ခံသည့် နေလယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

၎င်းနောက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြခန်းများအတွင်း ဆက်လက်ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) တွင် နိုင်ငံပေါင်း ၃၀ ကျော်မှပြခန်း ပေါင်း ၄၀၀ ကျော် ပြသထားရှိကြောင်း သိရှိရသည်။

ထို့နောက်ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanchaiyan Srisuwan က တည်ခင်းဧည့်ခံသည့် ညစားစားပွဲသို့တက် ရောက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အာဆီယံႏိုင္ငံမ်ား၏ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆိုင္ရာျပပြဲ (Defence & Security 2017) သို႔ တက္ေရာက္

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၆

အာဆီယံႏုိင္ငံမ်ား၏ ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆုိင္ရာျပပြဲ (Defence & Security 2017) ဖြင့္ပြဲ အခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ IMPACT Exhibition Center ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕ႏွင့္ ႏုိင္ငံေပါင္း ၄၀ ေက်ာ္မွတပ္မေတာ္အႀကီးအကဲမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားျပဳလုပ္မည့္ေနရာသုိ႔ေရာက္ရွိရာ ထုိင္းဘုရင့္တပ္မေတာ္မွအရာရွိႀကီးမ်ားႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ ထိုင္းႏုိင္ငံဒုတိယ၀န္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရး၀န္ႀကီးျဖစ္သူ Gen.Prawit Wongsuwon က အဖြင့္မိန္႔ခြန္း ေျပာၾကားၿပီး အခမ္းအနား တက္ေရာက္လာၾကသည့္ တပ္မေတာ္အႀကီးအကဲမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးသည္။

ထို႔ေနာက္ အာဆီယံႏုိင္ငံမ်ား၏ ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆုိင္ရာျပပြဲ (Defence & Security 2017) ဖြင့္ပြဲ အခမ္းအနားတက္ေရာက္လာသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ျပခန္းမ်ားအတြင္း ခင္းက်င္းျပသထားသည့္ ကာကြယ္ေရးဆုိင္ရာ စစ္လက္နက္ပစၥည္းမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။

ထုိ႔အတူ ႏုိင္ငံေပါင္း ၄၀ ေက်ာ္မွ တပ္မေတာ္အႀကီးအကဲမ်ားသည္လည္း ျပခန္းမ်ားအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၾကသည္။ ထုိ႔ေနာက္ေန႔လယ္ပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းႏုိင္ငံဒုတိယ၀န္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရး၀န္ႀကီးျဖစ္သူ Gen.Prawit Wongsuwon က တည္ခင္းဧည့္ခံသည့္ ေနလယ္စာစားပြဲသုိ႔ တက္ေရာက္ခဲ့သည္။

၎ေနာက္ မြန္းလြဲပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ျပခန္းမ်ားအတြင္း ဆက္လက္ၾကည့္႐ႈေလ့လာခဲ့ၾကသည္။ အဆုိပါကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆုိင္ရာျပပြဲ (Defence & Security 2017) တြင္ ႏုိင္ငံေပါင္း ၃၀ ေက်ာ္မွျပခန္း ေပါင္း ၄၀၀ ေက်ာ္ ျပသထားရွိေၾကာင္း သိရွိရသည္။

ထုိ႔ေနာက္ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tanchaiyan Srisuwan က တည္ခင္းဧည့္ခံသည့္ ညစားစားပြဲသုိ႔တက္ ေရာက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။