တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ – ၁၁

တပ်မတော်(ကြည်း၊ရေ၊လေ)အတွက်လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်၀သည့် ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် တပ်မတော်ဆေးတက္ကသိုလ်၏ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါတပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၇၁ ဗိုလ်လောင်း ပြည့်ဖြိုးဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၆၀ ဗိုလ်လောင်း ဇေယျာမင်းလွင်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၈၁ ဗိုလ်လောင်း လင်းပြည့်ဖြိုး တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့် သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာ၌ ယနေ့မှစ၍ တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် တပ်အသီးသီးရှိ တပ်မတော်သားများ၊ တပ်မိသားစုဝင်များ၏ ကျန်းမာရေးနှင့် အသိပညာပေးရေး မူလလုပ်ငန်းတာဝန်များအပြင် တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးကာကွယ် စောင့်ရှောက်မှု၊ ကျန်းမာရေးအသိပညာ ပေးဖြန့်ဝေမှု၊ ဖြစ်ပေါ်လာသည့် ရောဂါကုသပေးမှု စသည့်တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ကြရတော့မည်ဖြစ်ကြောင်း၊ တပ်မတော်သားကောင်း၊ စစ်သားကောင်းတစ်ယောက် ဖြစ်ရန်အတွက် မိမိတို့အပေါ်ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရန် အမြဲ တမ်းကြိုးစားအားထုတ်နေရန်လိုအပ်ကြောင်း၊ ထိုသို့ကြိုးစားအားထုတ်ခြင်းဖြင့် မိမိ ဘ၀အတွက်လည်း အောင်မြင်တိုးတက်မှုများ ရရှိစေမည်ဖြစ်ကြောင်း၊ တပ်မတော်သား တစ်ဦးအနေဖြင့် စည်းကမ်းလိုက်နာခြင်းနှင့်ကျန်းမာကြံ့ခိုင်အောင် နေထိုင်ခြင်းတို့သည် အရေးကြီးသည့် ကြိုးစားအားထုတ်မှုများဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှု အားကောင်းမှ သာလျင် အထက်အောက် အပြန်အလှန်ယုံကြည်လေးစားမှုရှိလာပြီး တာဝန်ထမ်းဆောင်ရာတွင် စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိမှသာ စွမ်းရည်ထက်မြက်သည့် တပ်မတော်သားကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း။

တပ်မတော်သားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန် မိမိတို့ဆန္ဒဖြင့် တာဝန်ထမ်းဆောင်ကြသူများဖြစ်သည့်အတွက် မွန်မြတ်သည့် အခြေခံစိတ်ဓာတ် ကောင်းများရှိပြီးဖြစ်ကြောင်း၊ ယင်းအခြေခံစိတ်ဓာတ်ကောင်းများကို ခိုင်မာအောင်တည်ဆောက် ကာ ကျန်းမာကြံ့ခိုင်ရန်၊ ကျွမ်းကျင်မှုရှိရန်၊ ရဲစွမ်းသတ္တိ ရှိရန်ဆိုသည့် စစ်သားကောင်းတို့၏ စွမ်းရည်များပြည့်စုံအောင် လေ့ကျင့်နေကြရန်လိုကြောင်း၊ တပ်မတော်တစ်ခု၏ စံသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုတို့ပင် ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံမှု၊ အထက်အောက် အပြန်အလှန်လေးစားမှုများနှင့် စစ်သားကောင်းစိတ်ဓာတ် မွေးမြူကြရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း စည်းကမ်းကောင်းမွန်မှုရှိမှသာ မိမိတို့ တပ်မတော်အင်အားခိုင်မာမည်၊ စွမ်းဆောင်ရည်ထက်မြက်မြင့်မားမည်၊ ပြည်သူ ကအားကိုး နိုင်ငံတော်ကအားထားရသည့် တပ်မတော် ဖြစ်လာမည်ပင်ဖြစ်ကြောင်း၊ ထို့ပြင် ဆရာဝန်ကောင်းစိတ်ဓာတ်ပါ ပြည့်စုံနေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအပြင် ဆရာဝန်များလိုက်နာရမည့်ကျင့်ဝတ်များ ကိုလည်း သိရှိလိုက်နာကျင့်သုံးကြရန်လိုအပ်ကြောင်း။

တပ်မတော်ဆေးတက္ကသိုလ်ကို စတင်ထူထောင်ဖွင့်လှစ်ကတည်းက သင်ကြားမှု စနစ်များ၊ အုပ်ချုပ်ထောက်ပံ့မှုစနစ်များ စနစ်တကျချမှတ်ပြီး ဆောင်ရွက်ခဲ့သည့်အတွက် ယခုလိုအောင်မြင်စွာ လေ့ကျင့်ပေးနိုင်သည့် တက္ကသိုလ်တစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခု၏စနစ်ကောင်း၍ပင်ဖြစ်ကြောင်း၊ အလားတူမကြာခင် သွားရောက်တာဝန်ထမ်းဆောင်ရမည့် တပ်မတော်ဆေးရုံများ၊ စစ်မြေပြင်ဆေးတပ်ရင်းများ တွင်လည်း ဆေးပညာနှင့်ပတ်သက်သည့် ကုသရေးစနစ်များ၊ ကြိုတင်ကာကွယ်ရေးစနစ်များ၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် စနစ်များရှိပြီးသားဖြစ်ကြောင်း၊ ယင်းသို့ စနစ်များ ကောင်းမွန်နေ၍သာ မိမိတို့ တပ်မတော်သား အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်နှင့်မှီခိုသူများကို ထိရောက်သည့် ဆေးအကာအကွယ်ကောင်းစွာပေးနိုင်နေခြင်းဖြစ်ကြောင်း၊ ထိုအရာတွင် သာမက တိုင်းရင်းသားပြည်သူလူထုအတွက် ကျန်းမာရေး ဆောင်ရွက်မှုများ၊ သဘာ၀ဘေး အန္တရာယ်ကာကွယ်ရေးများတွင် ကူညီကယ်ဆယ်စောင့်ရှောက်ရေးများ ကောင်းစွာ ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် ချမှတ်ထားသည့် စနစ်ကောင်းဖြစ်ရန် အတွက် စီမံချက်များချမှတ် အကောင်အထည်ဖော်ရသည့် အစဉ်အလာကောင်းများရှိကြောင်း၊ ထို့ကြောင့် ဆေးကုသရေးကိစ္စရပ်များသာမက ကျန်သည့်အရေးကြီးသောကိစ္စရပ်များတွင် ကြိုတင်မျှော်တွေးပြီး စနစ်တကျ ချမှတ်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့လျှင် ထိရောက်သည့် အောင်မြင်မှုများရနိုင်မည် မဟုတ်ကြောင်းကို သတိထားကြရန်လိုကြောင်း။

“သမားဇာနည် အောင်စစ်သည်” ဟုခေါ်သည့် ဆေးဘက်ဆိုင်ရာ ပညာသည် စစ်ခေါင်းဆောင်များဖြစ်သည့်အတွက် မိမိတို့တတ်အပ်၊ သင်ယူအပ်သည့် ပညာရပ် ပိုင်းဆိုင်ရာများကို ဆင့်ကဲဆင့်ကဲကြိုးစားသင်ယူပြီး Professional ဖြစ်အောင် လေ့ကျင့်သင်ယူနေရမည်ဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင်လည်း ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ဆေးသိပ္ပံပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးနေ ကြရမည်ပင် ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် ဆေးဘက် ဆိုင်ရာပညာရှင်များ အဖြစ် ဆက်လက်ရပ်တည်နိုင်မည်ပင်ဖြစ်ကြောင်း၊ ထို့ပြင် စစ်ဘက်ခေါင်းဆောင်များ ဖြစ်သည့်အတွက် ခေါင်းဆောင်မှုပညာရပ်များကိုလေ့လာပြီး လက်တွေ့အသုံးချသွားရမည် ဖြစ်ကြောင်း၊ တပ်အသီးသီးတွင် ပြန်တမ်းဝင်အရာရှိ ဆရာဝန်ဆေးမှူး ခေါင်းဆောင်ငယ်များ အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် သင်တန်းကာလအတွင်း ခေါင်းဆောင်မှုသဘောတရားနှင့် နည်းလမ်းများကို သင်ကြားလေ့ကျင့်စေခဲ့ကြောင်း၊ ကျောင်းကသင်ကြားပေးလိုက်သည့် စစ်ပညာ၊ ခေါင်းဆောင်မှုပညာရပ်များသည် အခြေခံသဘောမျှသာဖြစ်ပြီး ကျန်သည့် ပညာရပ်များကို မိမိတို့ကိုယ်တိုင် လက်တွေ့နယ်ပယ်တွင် ထပ်မံဆည်းပူးသင်ယူသွားရမည် ပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုနယ်ပယ်ဟူသည် ကျယ်ပြောလှသောကြောင့် မိမိတို့ဖြတ်သန်း ရမည့် နယ်ပယ်အသီးသီးတွင် စာတွေ့လက်တွေ့သီအိုရီများကို ကောင်းစွာအသုံးချပြီး ပေးအပ်လာသည့်ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် တာဝန်ထမ်းဆောင် ကြသည့်အခါ မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သည့် ခေါင်းဆောင်မှုပေးရန်လိုအပ်ကြောင်း၊ မိမိဦးဆောင်တာဝန်ယူရသည့်အဖွဲ့အစည်း၏ ရည်မှန်းချက်တာဝန် (သို့မဟုတ်) လိုလားချက်များကို ပြီးမြောက်အောင် မိမိ လက်အောက်ငယ်သားများကို ဦးဆောင်ပြီး ကျေပွန်စွာဆောင်ရွက်နိုင်သူ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကြိုးစားအားထုတ်မှု၊ ရိုးသားမှု၊ စိတ်ရင်းစေတနာကောင်းထားရှိမှု၊ ရောင့်ရဲတင်းတိမ် နိုင်မှု၊ လူ့သဘောသဘာ၀တို့ကို နားလည်နိုင်မှုတို့ဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် အမှတ်စဉ်(၁)မှ အမှတ်စဉ်(၂၀)အထိ တပ်မတော်သားဆရာဝန်များစွာ မွေးထုတ်ပေးခဲ့ပြီး တပ်မတော်၏ အဓိကလုပ်ငန်း တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ မိသားစု ဝင်များ၏ ကျန်းမာကြံ့ခိုင်ရေးနှင့်ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း၊ ယင်းသည် နိုင်ငံတော်အတွက် ဆေးဝန်ထမ်းလိုအပ်ချက်ကို တစ်ထောင့်တစ်နေရာမှ ပါဝင်ဖြည့်ဆည်းပေးခြင်း ဖြစ်သကဲ့သို့ တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားဘ၀ရှင်သန်အောင်မြင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တိုင်းရင်းသားဒေသများအပါအဝင် နယ်စပ်ဒေသအစွန်အဖျားမကျန် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ပေးနေ ကြောင်း၊ ယခုလိုဆောင်ရွက်ပေးခြင်းသည် တပ်မတော်၏အဓိကလုပ်ငန်းတာဝန်များမှ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ကို တာဝန်သိသိ၊ စေတနာရှိရှိ လုပ်ဆောင်နေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သားဆေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တတ်မြောက်ထားသည့် ဆေးပညာရပ်များ နှင့်ပြည်သူများကို အခမဲ့ဆေးဝါးကုသပေးပြီး ကာကွယ်စောင့်ရှောက်ပေးခြင်းသည် ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် ဆိုသည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်တစ်ရပ်ကို အောင်မြင်စွာထမ်းဆောင် နေကြခြင်း၊ ပြည်သူကိုကျေးဇူးဆပ်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ တိုင်းရင်းသားများ အများစုနေထိုင်သည့်နယ်စွန်နယ်ဖျား အသီးသီးတွင် ကျန်းမာရေး၊ ပညာရေး နှင့်လမ်းပန်းဆက်သွယ်ရေးများနှင့်ပတ်သက်ပြီး လိုအပ်ချက်များရှိနေဆဲဖြစ်သည့် အတွက် မိမိတို့တတ်စွမ်းသည့် ဆေးပညာရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး ကြရမည်ဖြစ်ကြောင်း။

ကမ္ဘာ့ကပ်ရောဂါ COVID-19 သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါမိမိတို့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အနှံ့ ပျံ့နှံ့ဖြစ်ပွားလျက်ရှိကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သည့်ဆွေးနွေးညှိနှိုင်းပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်တစ်ရပ်လုံး COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် သတိပေးမိန့်ထုတ်ပြန်ခဲ့ပြီး ကူးစက်ရောဂါ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များကိုတွက်ဆကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း။

ပြည်သူလူထုအတွင်း ရောဂါပြန့်ပွားနေမှုကို တစ်ဖက်တစ်လမ်းက ကာကွယ်နိုင် ရေးအတွက် လူမျိုး၊ ဘာသာခွဲခြားခြင်းမပြုဘဲ ပိုးသတ်ဆေးဖျန်းခြင်း၊ အသိပညာပေးခြင်း၊ လိုအပ်သည့်ဆေးဝါး၊ အထောက်အကူပစ္စည်းများ ကူညီထောက်ပံ့ခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနေသည့်အပြင် ရောဂါကူးစက်မှုကို အချိန်နှင့် တစ်ပြေးညီသိရှိရန်အတွက် တပ်မတော်သားများနှင့် မိသားစုများ သာမက စစ်မှုထမ်းဟောင်း များနှင့် နိုင်ငံအတွင်းတွင်ရှိသည့် တိုင်းရင်းသားပြည်သူများကိုပါ တပ်မတော်ဆေးရုံကြီးများ တွင်ရှိသည့် ရောဂါရှာဖွေကုသရေးစက်ကြီးများဖြင့် ကူညီစစ်ဆေးဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ကြပြီး ပြန်လည်ရောက်ရှိလာသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများကိုလည်း တပ်မတော် အနေဖြင့် COVID-19 စောင့်ကြည့်ရေးဌာနများ ဖွင့်လှစ်ပေးပြီးနေရေး၊ စားရေးအစ အစစအရာရာတာဝန်ယူ လက်ခံစောင့်ရှောက် ပေးနေသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် COVID-19 အရေးနှင့်ပတ်သက်ပြီး ဘက်စုံ၊ ထောင့်စုံကနေ နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ကြိုတင်မျှော်တွေးစဉ်းစားကာ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း။

တပ်မတော်ဆေးတပ်ဖွဲ့ဝင်များသည် တပ်မတော်ကဖွင့်လှစ်ထားသည့် COVID-19 ကုသရေးဆေးရုံများ၊ ကုသရေးစင်တာများတွင်သာမက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သား Volunteer များနှင့်ပူးပေါင်းပြီး ပါဝင်ကူညီပေးနေသည်များကို လက်တွေ့ကျစွာတွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၁ “ နိုင်ငံတော်တွင် နိုင်ငံ တော်နှင့်နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မ တော်က ကူညီဆောင်ရွက်ရမည်” ဆိုသည့်အတိုင်း အမျိုးသားရေးတာဝန်အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်ဆိုသည့် အသိ ဖြင့် အင်တိုက်အားတိုက်ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကျောင်းဆင်း အရာရှိများအနေဖြင့်လည်း ယခုကဲ့သို့မွန်မြတ်သည့်လုပ်ငန်းစဉ်များတွင် ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာပါဝင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာ ကြံ့ခိုင်မှုသည် အဓိကနေရာကပါဝင်လျက်ရှိကြောင်း၊ “အာရောဂျံ၊ ပရမံ၊ လာဘံ” ဆိုသည့် စကားနှင့်အညီ ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာမှပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်သည့်အတွက် လူတိုင်းသည် သက်ရှည်ကျန်းမာခြင်းကို လိုလားကြောင်း၊ သို့သော်လည်း မွေးကင်းစအရွယ်ကလေး သေဆုံးခြင်းများ၊ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းတို့တွင် မကျန်းမာခြင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် သေဆုံးရခြင်းများကို ကြုံတွေ့နေကြရပြီး သက်တမ်းစေ့နေထိုင်ရခြင်း မရှိသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်သာရှိပြီး တိုးတက်သည့် နိုင်ငံအချို့၏မျှော်မှန်း သက်တမ်းသည် အသက် ၈၀ ကျော်ခန့်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် တစ်ခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက များစွာတိုတောင်းပြီး ကျန်းမာရေး အရ အားနည်းချက်များရှိနေသည်ကို ရိုးရှင်းစွာမြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း မိမိတို့နိုင်ငံ၊ မိမိတို့တိုင်းရင်းသားပြည်သူလူထုအတွက် တပ်မတော်အနေဖြင့် တတ်နိုင် သည့်ဘက်မှ ပြည်သူလူထုကျန်းမာရေးအတွက် လိုအပ်သည့်စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။

ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးအသိပညာ ပေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ထိရောက်သည့်ကုသမှုပေးခြင်းများကို စေတနာထားပြီး ဆေးတပ်ဖွဲ့၏ပင်မတာဝန်တစ်ရပ်အနေဖြင့် ခံယူလုပ်ဆောင်သွားကြ ရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့တတ်ကျွမ်းသည့်ဆေးပညာရပ်နှင့် ပြည်သူလူထုအပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင် ခြင်းလည်းဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခုခိုင်မာ အားကောင်းပြီး မယိုင်မလဲရပ်တည်သွားနိုင် ရန် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းရန်လည်းလိုအပ်ကြောင်း၊ ထိုသို့ခိုင်မာအားကောင်း နေရန်အတွက် တပ်ရင်း၊တပ်ဖွဲ့၊ ဆေးရုံနှင့်ဆေးတပ်အသီးသီးတွင် တာဝန်ထမ်းဆောင် ကြရမည့်ကျောင်းဆင်းအရာရှိများအနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များကို ညီအစ်ကို မောင်နှမစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ကျန်းမာရေးဆိုင်ရာ ကုသကာကွယ်ပေးမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိများရရှိစေရန် ကျန်းမာရေးဆိုင်ရာပညာပေးမှုများကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ခင်မင်တွယ်တာမှုများ တိုးပွားလာ မည်ဖြစ်ပြီး ကျစ်လျစ်ခိုင်မာသည့်တပ်တွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည်ဖြစ် ကြောင်း။

မိမိတို့တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော တစ်ခုတည်းသောတပ်မတော်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်သည့်အပြင် ပြည်သူများ၏ နေ့စဉ်လူမှုဘ၀လုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အနာဂတ်ကောင်းမွန်အောင် မိမိတို့တပ်မတော်သည် ပြည်သူများနှင့်လက်တွဲပြီး တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်နှင့် ပြည်သူတစ်သားတည်း ဖြစ်လာမှသာ တပ်ပြင်စည်းရုံးရေးသည်လည်း ခိုင်မာအားကောင်း လာမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် ဆေးဝါးကုသမှုတွင် ကျန်းမာရေးဝန်ထမ်းများ၏ ပြုမူဆက်ဆံမှုသည် အရေးကြီးပြီး ပြုံးပြုံးရွှင်ရွှင်၊ နွေးထွေးကြင်နာစွာ ပြုမူဆက်ဆံခြင်းဖြင့် လူနာ၏ရောဂါ သက်သာမှုကိုဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ် တွင် တာဝန်ထမ်းဆောင်သည့်အခါ ရိုးသားကြိုးစားမှုတို့ကို ရှေ့တန်းတင်ပြီး အကျင့်စာရိတ္တ ကောင်းကောင်း၊ စေတနာပါပါဖြင့် ပြည်သူလူထုကို နွေးထွေးကြင်နာစွာမေတ္တာထားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း။

တပ်မတော်ဆေးတက္ကသိုလ်၏ ကောင်းမြတ်သည့် အစဉ်အလာများကို စောင့်ထိန်းပြီး နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သား အားလုံး ကျန်းမာကြံ့ခိုင်ပြီး ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်အောင် မိမိတို့တတ်ကျွမ်းသည့် ဆေးပညာရပ်များနှင့် စောင့်ရှောက်ကာကွယ်သွားကြရန်လိုကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်သည့် ဆေးပညာရပ်များကို အခြေခံပြီး အဆင့်မြင့်ဆေးသိပ္ပံ ပညာရပ်များကို အဆင့်ဆင့်လေ့လာဆည်းပူးကာ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ဆေးသိပ္ပံပညာရှင်များဖြစ်လာအောင် ဆက်လက်ကြိုးပမ်း သွားကြရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်း၊ ကျန်းမာကြံ့ခိုင်အောင် နေထိုင်ခြင်းတို့ဖြင့် အမြဲကြိုးစားအားထုတ်၍ ဆေးပညာဆိုင်ရာကျင့်ဝတ်များကို တိကျစွာလိုက်နာပြီး စစ်ဘက် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်ပေါင်းစပ်ကာ မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကို မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်အောင် နေထိုင်သွားကြရန်လိုကြောင်း ဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) မှ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကိုတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြား ခဲ့သည်။

ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်စွာအောင်မြင် ခဲ့ကြသည့်အတွက် မိဘများနှင့်ထပ်တူဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိဘများအနေ ဖြင့် လက်ရှိမိမိတို့နိုင်ငံတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများအရ ကျောင်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသော်လည်း ဝမ်းမြောက် ဂုဏ်ယူနေကြမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ခြင်းသည် သင်တန်းကာ လ ၇ နှစ်တာကာလပတ်လုံး စာတွေ့လက်တွေ့ ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက် ခဲ့သည့် ရလဒ်ပင်ဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် အခြား Academy များ ထက်ထူးခြားပြီး စာတွေ့သီအိုရီသင်တန်းကာလ ၆ နှစ်၊ ဆေးရုံများတွင် လက်တွေ့ကာလ ၁ နှစ်သင်ကြားခဲ့ရကြောင်း၊ လူတို့၏သဘောသဘာ၀အရ မိမိကိုယ် ကိုယ်ထိန်းသိမ်းနိုင်မှုမရှိပါက အောင်မြင်မှုရရှိမည်မဟုတ်ဘဲ သင်တန်းကာလရှည် တစ်လျှောက်လုံး မိမိကိုယ်ကိုယ် ထိန်းသိမ်းကြိုးစားခဲ့သည့်ရလဒ်ကို ဆက်လက်ထိန်းသိမ်းပြီး ခေါင်းဆောင်ကောင်း၊ ဆရာဝန်ကောင်း၊ စစ်သားကောင်းဖြစ်ရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ထို့ပြင် စိတ်ကောင်း၊ နှလုံးကောင်းမွေးမြူကြရန်နှင့် မိမိကိုယ်ကိုယ်ကျန်းမာ အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်လည်း “ရိုးဂုဏ်ကို စောင့်ထိန်းပါ” ဟူသည့် မြန်မာစကားနှင့်အညီ မှန်မှန်ကန်ကန် စည်းကမ်းတကျဖြင့် သွားလာနေထိုင် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်မှ သင်ကြားပေးလိုက်သည့် ပညာရပ်များကို အသုံးချ၍ မိမိတို့တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ထိတွေ့နေရသည့် မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်၊ ကျန်းမာရေး အသိပညာပေးရန်နှင့် မိမိအလုပ်ကို အောင်မြင်အောင်၊ ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်မည် ဖြစ်ကြောင်းနှင့် တိုင်းပြည်ကောင်းရာကောင်းကျိုးကိုဆောင်ရွက် ပေးနိုင်သည့် တပ်မတော်သားကောင်းများဖြစ်ကြပြီး ဘ၀တစ်လျှောက်လုံးအောင်မြင်တိုးတက် ကြပါစေကြောင်းဖြင့် ဆုမွန်ကောင်းအမှာစကားပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၁)သင္တန္းဆင္း ဂုဏ္ျပဳ စစ္ေရးျပအခမ္းအနားက်င္းပျပဳလုပ္

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၁

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အတြက္လိုအပ္ေသာ လက္႐ုံးရည္၊ ႏွလုံးရည္ ျပည့္၀သည့္ ေဆးသိပၸံပညာရွင္အရာရွိေကာင္းမ်ား ေမြးထုတ္ေပးရန္ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိသည့္ တပ္မေတာ္ေဆးတကၠသိုလ္၏ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ အဆိုပါတပ္မေတာ္ေဆးတကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္တက္ေရာက္၍ မိန႔္ခြန္းေျပာၾကားၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ မဂၤလာဒုံတပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ခြဲ၏ အေလးျပဳျခင္းကိုခံယူၿပီး တပ္မေတာ္ ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၇၁ ဗိုလ္ေလာင္း ျပည့္ၿဖိဳးဝင္း၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၆၀ ဗိုလ္ေလာင္း ေဇယ်ာမင္းလြင္၊ စာေပထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၅၄၈၁ ဗိုလ္ေလာင္း လင္းျပည့္ၿဖိဳး တို႔အား ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္ သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိန႔္ခြန္းေျပာၾကားရာ၌ ယေန႔မွစ၍ တာဝန္က်ရာေဒသႏွင့္ တာဝန္ထမ္းေဆာင္ရမည့္ တပ္အသီးသီးရွိ တပ္မေတာ္သားမ်ား၊ တပ္မိသားစုဝင္မ်ား၏ က်န္းမာေရးႏွင့္ အသိပညာေပးေရး မူလလုပ္ငန္းတာဝန္မ်ားအျပင္ တိုင္းရင္းသားျပည္သူလူထု၏ က်န္းမာေရးကာကြယ္ ေစာင့္ေရွာက္မႈ၊ က်န္းမာေရးအသိပညာ ေပးျဖန႔္ေဝမႈ၊ ျဖစ္ေပၚလာသည့္ ေရာဂါကုသေပးမႈ စသည့္တာဝန္မ်ားကို လက္ဆင့္ကမ္း ထမ္းေဆာင္ၾကရေတာ့မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားေကာင္း၊ စစ္သားေကာင္းတစ္ေယာက္ ျဖစ္ရန္အတြက္ မိမိတို႔အေပၚေပးအပ္လာသည့္တာဝန္မ်ားကို ေက်ပြန္ေအာင္ထမ္းေဆာင္ႏိုင္ရန္ အၿမဲ တမ္းႀကိဳးစားအားထုတ္ေနရန္လိုအပ္ေၾကာင္း၊ ထိုသို႔ႀကိဳးစားအားထုတ္ျခင္းျဖင့္ မိမိ ဘ၀အတြက္လည္း ေအာင္ျမင္တိုးတက္မႈမ်ား ရရွိေစမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သား တစ္ဦးအေနျဖင့္ စည္းကမ္းလိုက္နာျခင္းႏွင့္က်န္းမာႀကံ့ခိုင္ေအာင္ ေနထိုင္ျခင္းတို႔သည္ အေရးႀကီးသည့္ ႀကိဳးစားအားထုတ္မႈမ်ားျဖစ္ေၾကာင္း၊ စည္းကမ္းလိုက္နာမႈ အားေကာင္းမွ သာလ်င္ အထက္ေအာက္ အျပန္အလွန္ယုံၾကည္ေလးစားမႈရွိလာၿပီး တာဝန္ထမ္းေဆာင္ရာတြင္ စည္းလုံးညီၫြတ္စြာ တာဝန္ထမ္းေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း၊ က်န္းမာႀကံ့ခိုင္မႈရွိမွသာ စြမ္းရည္ထက္ျမက္သည့္ တပ္မေတာ္သားေကာင္းတစ္ဦး ျဖစ္လာမည္ျဖစ္ေၾကာင္း။

တပ္မေတာ္သားတိုင္းသည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို ထမ္းေဆာင္ရန္ မိမိတို႔ဆႏၵျဖင့္ တာဝန္ထမ္းေဆာင္ၾကသူမ်ားျဖစ္သည့္အတြက္ မြန္ျမတ္သည့္ အေျခခံစိတ္ဓာတ္ ေကာင္းမ်ားရွိၿပီးျဖစ္ေၾကာင္း၊ ယင္းအေျခခံစိတ္ဓာတ္ေကာင္းမ်ားကို ခိုင္မာေအာင္တည္ေဆာက္ ကာ က်န္းမာႀကံ့ခိုင္ရန္၊ ကြၽမ္းက်င္မႈရွိရန္၊ ရဲစြမ္းသတၱိ ရွိရန္ဆိုသည့္ စစ္သားေကာင္းတို႔၏ စြမ္းရည္မ်ားျပည့္စုံေအာင္ ေလ့က်င့္ေနၾကရန္လိုေၾကာင္း၊ တပ္မေတာ္တစ္ခု၏ စံသည္ စစ္စည္းကမ္းေကာင္းမြန္မႈႏွင့္ အမိန႔္နာခံတတ္မႈတို႔ပင္ ျဖစ္ေၾကာင္း၊ စည္းကမ္းလိုက္နာမႈ၊ အမိန႔္နာခံမႈ၊ အထက္ေအာက္ အျပန္အလွန္ေလးစားမႈမ်ားႏွင့္ စစ္သားေကာင္းစိတ္ဓာတ္ ေမြးျမဴၾကရန္ လိုအပ္ေၾကာင္း၊ တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္း စည္းကမ္းေကာင္းမြန္မႈရွိမွသာ မိမိတို႔ တပ္မေတာ္အင္အားခိုင္မာမည္၊ စြမ္းေဆာင္ရည္ထက္ျမက္ျမင့္မားမည္၊ ျပည္သူ ကအားကိုး ႏိုင္ငံေတာ္ကအားထားရသည့္ တပ္မေတာ္ ျဖစ္လာမည္ပင္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ဆရာဝန္ေကာင္းစိတ္ဓာတ္ပါ ျပည့္စုံေနရန္လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္သားမ်ား လိုက္နာရမည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအျပင္ ဆရာဝန္မ်ားလိုက္နာရမည့္က်င့္ဝတ္မ်ား ကိုလည္း သိရွိလိုက္နာက်င့္သုံးၾကရန္လိုအပ္ေၾကာင္း။

တပ္မေတာ္ေဆးတကၠသိုလ္ကို စတင္ထူေထာင္ဖြင့္လွစ္ကတည္းက သင္ၾကားမႈ စနစ္မ်ား၊ အုပ္ခ်ဳပ္ေထာက္ပံ့မႈစနစ္မ်ား စနစ္တက်ခ်မွတ္ၿပီး ေဆာင္႐ြက္ခဲ့သည့္အတြက္ ယခုလိုေအာင္ျမင္စြာ ေလ့က်င့္ေပးႏိုင္သည့္ တကၠသိုလ္တစ္ခုအျဖစ္ ေပၚထြန္းလာခဲ့ျခင္း ျဖစ္ေၾကာင္း၊ တကၠသိုလ္တစ္ခု၏စနစ္ေကာင္း၍ပင္ျဖစ္ေၾကာင္း၊ အလားတူမၾကာခင္ သြားေရာက္တာဝန္ထမ္းေဆာင္ရမည့္ တပ္မေတာ္ေဆး႐ုံမ်ား၊ စစ္ေျမျပင္ေဆးတပ္ရင္းမ်ား တြင္လည္း ေဆးပညာႏွင့္ပတ္သက္သည့္ ကုသေရးစနစ္မ်ား၊ ႀကိဳတင္ကာကြယ္ေရးစနစ္မ်ား၊ အေရးေပၚအေျခအေနတြင္ ေဆာင္႐ြက္ရမည့္ စနစ္မ်ားရွိၿပီးသားျဖစ္ေၾကာင္း၊ ယင္းသို႔ စနစ္မ်ား ေကာင္းမြန္ေန၍သာ မိမိတို႔ တပ္မေတာ္သား အရာရွိ၊ စစ္သည္မ်ား၊ မိသားစုဝင္ႏွင့္မွီခိုသူမ်ားကို ထိေရာက္သည့္ ေဆးအကာအကြယ္ေကာင္းစြာေပးႏိုင္ေနျခင္းျဖစ္ေၾကာင္း၊ ထိုအရာတြင္ သာမက တိုင္းရင္းသားျပည္သူလူထုအတြက္ က်န္းမာေရး ေဆာင္႐ြက္မႈမ်ား၊ သဘာ၀ေဘး အႏၲရာယ္ကာကြယ္ေရးမ်ားတြင္ ကူညီကယ္ဆယ္ေစာင့္ေရွာက္ေရးမ်ား ေကာင္းစြာ ေဆာင္႐ြက္ ႏိုင္ခဲ့သည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္တြင္ ခ်မွတ္ထားသည့္ စနစ္ေကာင္းျဖစ္ရန္ အတြက္ စီမံခ်က္မ်ားခ်မွတ္ အေကာင္အထည္ေဖာ္ရသည့္ အစဥ္အလာေကာင္းမ်ားရွိေၾကာင္း၊ ထို႔ေၾကာင့္ ေဆးကုသေရးကိစၥရပ္မ်ားသာမက က်န္သည့္အေရးႀကီးေသာကိစၥရပ္မ်ားတြင္ ႀကိဳတင္ေမွ်ာ္ေတြးၿပီး စနစ္တက် ခ်မွတ္ေဆာင္႐ြက္ႏိုင္ျခင္းမရွိခဲ့လွ်င္ ထိေရာက္သည့္ ေအာင္ျမင္မႈမ်ားရႏိုင္မည္ မဟုတ္ေၾကာင္းကို သတိထားၾကရန္လိုေၾကာင္း။

“သမားဇာနည္ ေအာင္စစ္သည္” ဟုေခၚသည့္ ေဆးဘက္ဆိုင္ရာ ပညာသည္ စစ္ေခါင္းေဆာင္မ်ားျဖစ္သည့္အတြက္ မိမိတို႔တတ္အပ္၊ သင္ယူအပ္သည့္ ပညာရပ္ ပိုင္းဆိုင္ရာမ်ားကို ဆင့္ကဲဆင့္ကဲႀကိဳးစားသင္ယူၿပီး Professional ျဖစ္ေအာင္ ေလ့က်င့္သင္ယူေနရမည္ျဖစ္ေၾကာင္း၊ လက္ေတြ႕နယ္ပယ္တြင္လည္း ေခတ္ႏွင့္အညီ ဖြံ႕ၿဖိဳးတိုးတက္ေနသည့္ ေဆးသိပၸံပညာရပ္မ်ားကို ဆက္လက္ေလ့လာဆည္းပူးေန ၾကရမည္ပင္ ျဖစ္ေၾကာင္း၊ သို႔မွသာ ႏိုင္ငံတကာႏွင့္ရင္ေပါင္တန္းႏိုင္သည့္ ေဆးဘက္ ဆိုင္ရာပညာရွင္မ်ား အျဖစ္ ဆက္လက္ရပ္တည္ႏိုင္မည္ပင္ျဖစ္ေၾကာင္း၊ ထို႔ျပင္ စစ္ဘက္ေခါင္းေဆာင္မ်ား ျဖစ္သည့္အတြက္ ေခါင္းေဆာင္မႈပညာရပ္မ်ားကိုေလ့လာၿပီး လက္ေတြ႕အသုံးခ်သြားရမည္ ျဖစ္ေၾကာင္း၊ တပ္အသီးသီးတြင္ ျပန္တမ္းဝင္အရာရွိ ဆရာဝန္ေဆးမႉး ေခါင္းေဆာင္ငယ္မ်ား အျဖစ္ တာဝန္ထမ္းေဆာင္ႏိုင္ရန္ သင္တန္းကာလအတြင္း ေခါင္းေဆာင္မႈသေဘာတရားႏွင့္ နည္းလမ္းမ်ားကို သင္ၾကားေလ့က်င့္ေစခဲ့ေၾကာင္း၊ ေက်ာင္းကသင္ၾကားေပးလိုက္သည့္ စစ္ပညာ၊ ေခါင္းေဆာင္မႈပညာရပ္မ်ားသည္ အေျခခံသေဘာမွ်သာျဖစ္ၿပီး က်န္သည့္ ပညာရပ္မ်ားကို မိမိတို႔ကိုယ္တိုင္ လက္ေတြ႕နယ္ပယ္တြင္ ထပ္မံဆည္းပူးသင္ယူသြားရမည္ ပင္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈနယ္ပယ္ဟူသည္ က်ယ္ေျပာလွေသာေၾကာင့္ မိမိတို႔ျဖတ္သန္း ရမည့္ နယ္ပယ္အသီးသီးတြင္ စာေတြ႕လက္ေတြ႕သီအိုရီမ်ားကို ေကာင္းစြာအသုံးခ်ၿပီး ေပးအပ္လာသည့္ရည္မွန္းခ်က္တာဝန္မ်ားကို ေက်ပြန္ေအာင္ ေဆာင္႐ြက္သြားၾကရ မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လက္ေတြ႕လုပ္ငန္းခြင္နယ္ပယ္တြင္ တာဝန္ထမ္းေဆာင္ ၾကသည့္အခါ မိမိတို႔ကြပ္ကဲအုပ္ခ်ဳပ္ရသည့္ တပ္ဖြဲ႕ဝင္မ်ားအေပၚ မွန္ကန္သည့္ ေခါင္းေဆာင္မႈေပးရန္လိုအပ္ေၾကာင္း၊ မိမိဦးေဆာင္တာဝန္ယူရသည့္အဖြဲ႕အစည္း၏ ရည္မွန္းခ်က္တာဝန္ (သို႔မဟုတ္) လိုလားခ်က္မ်ားကို ၿပီးေျမာက္ေအာင္ မိမိ လက္ေအာက္ငယ္သားမ်ားကို ဦးေဆာင္ၿပီး ေက်ပြန္စြာေဆာင္႐ြက္ႏိုင္သူ ျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ေကာင္းမ်ား ျဖစ္လာေစရန္ ႀကိဳးစားအားထုတ္မႈ၊ ႐ိုးသားမႈ၊ စိတ္ရင္းေစတနာေကာင္းထားရွိမႈ၊ ေရာင့္ရဲတင္းတိမ္ ႏိုင္မႈ၊ လူ႔သေဘာသဘာ၀တို႔ကို နားလည္ႏိုင္မႈတို႔ျဖင့္ေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

တပ္မေတာ္ေဆးတကၠသိုလ္အေနျဖင့္ အမွတ္စဥ္(၁)မွ အမွတ္စဥ္(၂၀)အထိ တပ္မေတာ္သားဆရာဝန္မ်ားစြာ ေမြးထုတ္ေပးခဲ့ၿပီး တပ္မေတာ္၏ အဓိကလုပ္ငန္း တာဝန္ျဖစ္သည့္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္၊ ေလ့က်င့္ေရးတာဝန္ႏွင့္ ျပည္သူ႔ အက်ိဳးျပဳလုပ္ငန္းတာဝန္မ်ားကို ထမ္းေဆာင္ေနသည့္ တပ္မေတာ္သားမ်ား၊ မိသားစု ဝင္မ်ား၏ က်န္းမာႀကံ့ခိုင္ေရးႏွင့္ေဒသခံျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေနေၾကာင္း၊ ယင္းသည္ ႏိုင္ငံေတာ္အတြက္ ေဆးဝန္ထမ္းလိုအပ္ခ်က္ကို တစ္ေထာင့္တစ္ေနရာမွ ပါဝင္ျဖည့္ဆည္းေပးျခင္း ျဖစ္သကဲ့သို႔ တိုင္းရင္းသားျပည္သူတို႔၏ လူမႈစီးပြားဘ၀ရွင္သန္ေအာင္ျမင္ေရးအတြက္ က်န္းမာေရးက႑ကို တတ္ႏိုင္သမွ် ျဖည့္ဆည္းေဆာင္႐ြက္ေပးျခင္းပင္ျဖစ္ေၾကာင္း။

မိမိတို႔တပ္မေတာ္အေနျဖင့္ ႏိုင္ငံတစ္ဝန္း တိုင္းရင္းသားေဒသမ်ားအပါအဝင္ နယ္စပ္ေဒသအစြန္အဖ်ားမက်န္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ေဆာင္ေပးေန ေၾကာင္း၊ ယခုလိုေဆာင္႐ြက္ေပးျခင္းသည္ တပ္မေတာ္၏အဓိကလုပ္ငန္းတာဝန္မ်ားမွ ျပည္သူ႔အက်ိဳးျပဳ လုပ္ငန္းတာဝန္ကို တာဝန္သိသိ၊ ေစတနာရွိရွိ လုပ္ေဆာင္ေနျခင္းပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားေဆးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ မိမိတို႔တတ္ေျမာက္ထားသည့္ ေဆးပညာရပ္မ်ား ႏွင့္ျပည္သူမ်ားကို အခမဲ့ေဆးဝါးကုသေပးၿပီး ကာကြယ္ေစာင့္ေရွာက္ေပးျခင္းသည္ ျပည္သူလူထုအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ေပးရန္ ဆိုသည့္ ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္တစ္ရပ္ကို ေအာင္ျမင္စြာထမ္းေဆာင္ ေနၾကျခင္း၊ ျပည္သူကိုေက်းဇူးဆပ္ေနျခင္း ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ တိုင္းရင္းသားမ်ား အမ်ားစုေနထိုင္သည့္နယ္စြန္နယ္ဖ်ား အသီးသီးတြင္ က်န္းမာေရး၊ ပညာေရး ႏွင့္လမ္းပန္းဆက္သြယ္ေရးမ်ားႏွင့္ပတ္သက္ၿပီး လိုအပ္ခ်က္မ်ားရွိေနဆဲျဖစ္သည့္ အတြက္ မိမိတို႔တတ္စြမ္းသည့္ ေဆးပညာရပ္မ်ားႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈေပး ၾကရမည္ျဖစ္ေၾကာင္း။

ကမာၻ႔ကပ္ေရာဂါ COVID-19 သည္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလတြင္ စတင္ျဖစ္ပြားခဲ့ၿပီး ယခုအခါမိမိတို႔ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔အႏွံ႔ ပ်ံ႕ႏွံ႔ျဖစ္ပြားလ်က္ရွိေၾကာင္း၊ မိမိတို႔ တပ္မေတာ္အေနျဖင့္ ေရာဂါစတင္ျဖစ္ပြားခ်ိန္ကတည္းက မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ၿပီး လိုအပ္သည့္ေဆြးေႏြးညႇိႏႈိင္းျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း၊ တပ္မေတာ္တစ္ရပ္လုံး COVID-19 ေရာဂါႀကိဳတင္ကာကြယ္ေရးအတြက္ သတိေပးမိန႔္ထုတ္ျပန္ခဲ့ၿပီး ကူးစက္ေရာဂါ ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္အက်ိဳးဆက္မ်ားကိုတြက္ဆကာ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း။

ျပည္သူလူထုအတြင္း ေရာဂါျပန႔္ပြားေနမႈကို တစ္ဖက္တစ္လမ္းက ကာကြယ္ႏိုင္ ေရးအတြက္ လူမ်ိဳး၊ ဘာသာခြဲျခားျခင္းမျပဳဘဲ ပိုးသတ္ေဆးဖ်န္းျခင္း၊ အသိပညာေပးျခင္း၊ လိုအပ္သည့္ေဆးဝါး၊ အေထာက္အကူပစၥည္းမ်ား ကူညီေထာက္ပံ့ျခင္းစသည့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို လုပ္ေဆာင္ေပးေနသည့္အျပင္ ေရာဂါကူးစက္မႈကို အခ်ိန္ႏွင့္ တစ္ေျပးညီသိရွိရန္အတြက္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုမ်ား သာမက စစ္မႈထမ္းေဟာင္း မ်ားႏွင့္ ႏိုင္ငံအတြင္းတြင္ရွိသည့္ တိုင္းရင္းသားျပည္သူမ်ားကိုပါ တပ္မေတာ္ေဆး႐ုံႀကီးမ်ား တြင္ရွိသည့္ ေရာဂါရွာေဖြကုသေရးစက္ႀကီးမ်ားျဖင့္ ကူညီစစ္ေဆးေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပည္ပကို သြားေရာက္အလုပ္လုပ္ကိုင္ၾကၿပီး ျပန္လည္ေရာက္ရွိလာသည့္ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားကိုလည္း တပ္မေတာ္ အေနျဖင့္ COVID-19 ေစာင့္ၾကည့္ေရးဌာနမ်ား ဖြင့္လွစ္ေပးၿပီးေနေရး၊ စားေရးအစ အစစအရာရာတာဝန္ယူ လက္ခံေစာင့္ေရွာက္ ေပးေနသည္ကိုလည္း ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ COVID-19 အေရးႏွင့္ပတ္သက္ၿပီး ဘက္စုံ၊ ေထာင့္စုံကေန ႏိုင္ငံေတာ္ႏွင့္ ျပည္သူ လူထုအတြက္ ႀကိဳတင္ေမွ်ာ္ေတြးစဥ္းစားကာ ကူညီေဆာင္႐ြက္ ေပးလ်က္ရွိေၾကာင္း။

တပ္မေတာ္ေဆးတပ္ဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္ကဖြင့္လွစ္ထားသည့္ COVID-19 ကုသေရးေဆး႐ုံမ်ား၊ ကုသေရးစင္တာမ်ားတြင္သာမက က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနမွ က်န္းမာေရးဝန္ထမ္းမ်ား၊ အရပ္သား Volunteer မ်ားႏွင့္ပူးေပါင္းၿပီး ပါဝင္ကူညီေပးေနသည္မ်ားကို လက္ေတြ႕က်စြာေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ ေဆာင္႐ြက္ေပးျခင္းသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၄၁ “ ႏိုင္ငံေတာ္တြင္ ႏိုင္ငံ ေတာ္ႏွင့္ႏိုင္ငံသားမ်ားအတြက္ ေဘးအႏၲရာယ္မ်ား က်ေရာက္လာလွ်င္ တပ္မ ေတာ္က ကူညီေဆာင္႐ြက္ရမည္” ဆိုသည့္အတိုင္း အမ်ိဳးသားေရးတာဝန္အေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ျပည္သူလူထုကို ကာကြယ္ေစာင့္ေရွာက္ရန္တာဝန္ရွိသည္ဆိုသည့္ အသိ ျဖင့္ အင္တိုက္အားတိုက္ကူညီ ေဆာင္႐ြက္ေပးေနျခင္းျဖစ္ေၾကာင္း၊ ေက်ာင္းဆင္း အရာရွိမ်ားအေနျဖင့္လည္း ယခုကဲ့သို႔မြန္ျမတ္သည့္လုပ္ငန္းစဥ္မ်ားတြင္ က်ရာ အခန္းက႑မွ တက္ႂကြစြာပါဝင္ ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ႏိုင္ငံသူ ႏိုင္ငံသားမ်ား၏ က်န္းမာ ႀကံ့ခိုင္မႈသည္ အဓိကေနရာကပါဝင္လ်က္ရွိေၾကာင္း၊ “အာေရာဂ်ံ၊ ပရမံ၊ လာဘံ” ဆိုသည့္ စကားႏွင့္အညီ က်န္းမာျခင္းသည္လာဘ္ႀကီးတစ္ပါးျဖစ္ၿပီး က်န္းမာမွပညာ သင္ၾကားႏိုင္မည္၊ က်န္းမာမွအလုပ္လုပ္ႏိုင္မည္ျဖစ္သည့္အတြက္ လူတိုင္းသည္ သက္ရွည္က်န္းမာျခင္းကို လိုလားေၾကာင္း၊ သို႔ေသာ္လည္း ေမြးကင္းစအ႐ြယ္ကေလး ေသဆုံးျခင္းမ်ား၊ လူငယ္ပိုင္းႏွင့္ လူလတ္ပိုင္းတို႔တြင္ မက်န္းမာျခင္းႏွင့္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးရျခင္းမ်ားကို ႀကဳံေတြ႕ေနၾကရၿပီး သက္တမ္းေစ့ေနထိုင္ရျခင္း မရွိသည္ကိုလည္း ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ ၆၆ ႏွစ္သာရွိၿပီး တိုးတက္သည့္ ႏိုင္ငံအခ်ိဳ႕၏ေမွ်ာ္မွန္း သက္တမ္းသည္ အသက္ ၈၀ ေက်ာ္ခန႔္ရွိသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ တစ္ျခားႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ပါက မ်ားစြာတိုေတာင္းၿပီး က်န္းမာေရး အရ အားနည္းခ်က္မ်ားရွိေနသည္ကို ႐ိုးရွင္းစြာျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္လည္း မိမိတို႔ႏိုင္ငံ၊ မိမိတို႔တိုင္းရင္းသားျပည္သူလူထုအတြက္ တပ္မေတာ္အေနျဖင့္ တတ္ႏိုင္ သည့္ဘက္မွ ျပည္သူလူထုက်န္းမာေရးအတြက္ လိုအပ္သည့္ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေနျခင္းျဖစ္ေၾကာင္း။

ျပည္သူမ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ က်န္းမာေရးအသိပညာ ေပးျခင္း၊ ေရာဂါႀကိဳတင္ကာကြယ္ျခင္း၊ ထိေရာက္သည့္ကုသမႈေပးျခင္းမ်ားကို ေစတနာထားၿပီး ေဆးတပ္ဖြဲ႕၏ပင္မတာဝန္တစ္ရပ္အေနျဖင့္ ခံယူလုပ္ေဆာင္သြားၾက ရမည္ျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ မိမိတို႔တတ္ကြၽမ္းသည့္ေဆးပညာရပ္ႏွင့္ ျပည္သူလူထုအေပၚ က်န္းမာေရး ေစာင့္ေရွာက္မႈေပးျခင္းသည္ ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ ျခင္းလည္းျဖစ္ေၾကာင္း၊ အဖြဲ႕အစည္းတစ္ခုခိုင္မာ အားေကာင္းၿပီး မယိုင္မလဲရပ္တည္သြားႏိုင္ ရန္ အဖြဲ႕အစည္းအတြင္း စည္းလုံးညီၫြတ္ေရး ခိုင္မာအားေကာင္းရန္လည္းလိုအပ္ေၾကာင္း၊ ထိုသို႔ခိုင္မာအားေကာင္း ေနရန္အတြက္ တပ္ရင္း၊တပ္ဖြဲ႕၊ ေဆး႐ုံႏွင့္ေဆးတပ္အသီးသီးတြင္ တာဝန္ထမ္းေဆာင္ ၾကရမည့္ေက်ာင္းဆင္းအရာရွိမ်ားအေနျဖင့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ားကို ညီအစ္ကို ေမာင္ႏွမစိတ္ဓာတ္၊ မိသားစုစိတ္ဓာတ္ျဖင့္ က်န္းမာေရးဆိုင္ရာ ကုသကာကြယ္ေပးမႈမ်ားကို ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး က်န္းမာေရးအသိ၊ က်န္းမာေရး သတိမ်ားရရွိေစရန္ က်န္းမာေရးဆိုင္ရာပညာေပးမႈမ်ားကိုလည္း ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ သို႔မွသာ အျပန္အလွန္ေလးစားမႈ၊ ယုံၾကည္မႈ၊ ခင္မင္တြယ္တာမႈမ်ား တိုးပြားလာ မည္ျဖစ္ၿပီး က်စ္လ်စ္ခိုင္မာသည့္တပ္တြင္း စည္းလုံးညီၫြတ္ေရးကို တည္ေဆာက္ႏိုင္မည္ျဖစ္ ေၾကာင္း။

မိမိတို႔တပ္မေတာ္သည္ ျပည္သူၾကားက ေပါက္ဖြားလာသည့္ တိုင္းရင္းသား ေပါင္းစုံျဖင့္ ဖြဲ႕စည္းထားေသာ တစ္ခုတည္းေသာတပ္မေတာ္ျဖစ္သည့္အတြက္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ေပးရမည္ ျဖစ္သည့္အျပင္ ျပည္သူမ်ား၏ ေန႔စဥ္လူမႈဘ၀လုံၿခဳံေရးကိုပါ ဘက္ေပါင္းစုံက ကူညီေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္၏အနာဂတ္ေကာင္းမြန္ေအာင္ မိမိတို႔တပ္မေတာ္သည္ ျပည္သူမ်ားႏွင့္လက္တြဲၿပီး တစ္ဖက္တစ္လမ္းမွ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ တပ္ႏွင့္ ျပည္သူတစ္သားတည္း ျဖစ္လာမွသာ တပ္ျပင္စည္း႐ုံးေရးသည္လည္း ခိုင္မာအားေကာင္း လာမည္ျဖစ္ေၾကာင္း၊ ျပည္သူလူထုအေပၚ ေဆးဝါးကုသမႈတြင္ က်န္းမာေရးဝန္ထမ္းမ်ား၏ ျပဳမူဆက္ဆံမႈသည္ အေရးႀကီးၿပီး ၿပဳံးၿပဳံး႐ႊင္႐ႊင္၊ ေႏြးေထြးၾကင္နာစြာ ျပဳမူဆက္ဆံျခင္းျဖင့္ လူနာ၏ေရာဂါ သက္သာမႈကိုျဖစ္ေစႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ လက္ေတြ႕လုပ္ငန္းခြင္နယ္ပယ္ တြင္ တာဝန္ထမ္းေဆာင္သည့္အခါ ႐ိုးသားႀကိဳးစားမႈတို႔ကို ေရွ႕တန္းတင္ၿပီး အက်င့္စာရိတၱ ေကာင္းေကာင္း၊ ေစတနာပါပါျဖင့္ ျပည္သူလူထုကို ေႏြးေထြးၾကင္နာစြာေမတၱာထားၿပီး လုပ္ကိုင္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း။

တပ္မေတာ္ေဆးတကၠသိုလ္၏ ေကာင္းျမတ္သည့္ အစဥ္အလာမ်ားကို ေစာင့္ထိန္းၿပီး ႏိုင္ငံေတာ္၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားျပည္သူလူထုအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ေဆးဝန္ထမ္းတပ္ဖြဲ႕၏ ရည္မွန္းခ်က္ျဖစ္သည့္ က်န္းမာႀကံ့ခိုင္ တိုက္ႏိုင္ရန္ ဆိုသည့္ ေဆာင္ပုဒ္အတိုင္း ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္ထမ္းေဆာင္ေနၾကသည့္ တပ္မေတာ္သား အားလုံး က်န္းမာႀကံ့ခိုင္ၿပီး ေပးအပ္သည့္တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ႏိုင္ေအာင္ မိမိတို႔တတ္ကြၽမ္းသည့္ ေဆးပညာရပ္မ်ားႏွင့္ ေစာင့္ေရွာက္ကာကြယ္သြားၾကရန္လိုေၾကာင္း၊ တပ္မေတာ္ေဆးတကၠသိုလ္က သင္ၾကားေပးလိုက္သည့္ ေဆးပညာရပ္မ်ားကို အေျခခံၿပီး အဆင့္ျမင့္ေဆးသိပၸံ ပညာရပ္မ်ားကို အဆင့္ဆင့္ေလ့လာဆည္းပူးကာ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္က အားထားရသည့္ ေဆးသိပၸံပညာရွင္မ်ားျဖစ္လာေအာင္ ဆက္လက္ႀကိဳးပမ္း သြားၾကရန္လိုေၾကာင္း၊ စည္းကမ္းလိုက္နာျခင္း၊ က်န္းမာႀကံ့ခိုင္ေအာင္ ေနထိုင္ျခင္းတို႔ျဖင့္ အၿမဲႀကိဳးစားအားထုတ္၍ ေဆးပညာဆိုင္ရာက်င့္ဝတ္မ်ားကို တိက်စြာလိုက္နာၿပီး စစ္ဘက္ ေခါင္းေဆာင္မႈအဂၤါရပ္မ်ားႏွင့္ေပါင္းစပ္ကာ မိမိကြပ္ကဲရသည့္တပ္ဖြဲ႕ကို မွန္ကန္သည့္ ေခါင္းေဆာင္မႈေပးႏိုင္ေသာ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေအာင္ ေနထိုင္သြားၾကရန္လိုေၾကာင္း ျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရ စည္သူ မင္းေအာင္လႈိင္သည္ ဗိုလ္ေလာင္းတပ္ခြဲ၏ အေလးျပဳျခင္းကို ခံယူၿပီး စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္ေဆးတကၠသိုလ္ ဧည့္ခန္းမေဆာင္၌ တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁) မွ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္းမ်ားကိုေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကား ခဲ့သည္။

ဂုဏ္ျပဳအမွာစကား ေျပာၾကားရာတြင္ ယခုကဲ့သို႔ ထူးခြၽန္စြာေအာင္ျမင္ ခဲ့ၾကသည့္အတြက္ မိဘမ်ားႏွင့္ထပ္တူဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ မိဘမ်ားအေန ျဖင့္ လက္ရွိမိမိတို႔ႏိုင္ငံတြင္ COVID-19 ေရာဂါကူးစက္ျဖစ္ပြားမႈအေျခအေနမ်ားအရ ေက်ာင္းဆင္းပြဲအခမ္းအနားသို႔ တက္ေရာက္ႏိုင္ျခင္းမရွိေသာ္လည္း ဝမ္းေျမာက္ ဂုဏ္ယူေနၾကမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ ထူးခြၽန္ဆုမ်ားရရွိခဲ့ျခင္းသည္ သင္တန္းကာ လ ၇ ႏွစ္တာကာလပတ္လုံး စာေတြ႕လက္ေတြ႕ ဘက္ေပါင္းစုံမွ ႀကိဳးစားေဆာင္႐ြက္ ခဲ့သည့္ ရလဒ္ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္ေဆးတကၠသိုလ္အေနျဖင့္ အျခား Academy မ်ား ထက္ထူးျခားၿပီး စာေတြ႕သီအိုရီသင္တန္းကာလ ၆ ႏွစ္၊ ေဆး႐ုံမ်ားတြင္ လက္ေတြ႕ကာလ ၁ ႏွစ္သင္ၾကားခဲ့ရေၾကာင္း၊ လူတို႔၏သေဘာသဘာ၀အရ မိမိကိုယ္ ကိုယ္ထိန္းသိမ္းႏိုင္မႈမရွိပါက ေအာင္ျမင္မႈရရွိမည္မဟုတ္ဘဲ သင္တန္းကာလရွည္ တစ္ေလွ်ာက္လုံး မိမိကိုယ္ကိုယ္ ထိန္းသိမ္းႀကိဳးစားခဲ့သည့္ရလဒ္ကို ဆက္လက္ထိန္းသိမ္းၿပီး ေခါင္းေဆာင္ေကာင္း၊ ဆရာဝန္ေကာင္း၊ စစ္သားေကာင္းျဖစ္ရန္ႏွင့္ စိတ္ဓာတ္၊ စည္းကမ္းေကာင္းေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

ထို႔ျပင္ စိတ္ေကာင္း၊ ႏွလုံးေကာင္းေမြးျမဴၾကရန္ႏွင့္ မိမိကိုယ္ကိုယ္က်န္းမာ ေအာင္ ေနထိုင္ၾကရမည္ျဖစ္ေၾကာင္း၊ တာဝန္ထမ္းေဆာင္ရာတြင္လည္း “႐ိုးဂုဏ္ကို ေစာင့္ထိန္းပါ” ဟူသည့္ ျမန္မာစကားႏွင့္အညီ မွန္မွန္ကန္ကန္ စည္းကမ္းတက်ျဖင့္ သြားလာေနထိုင္ လုပ္ကိုင္ၾကရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္မွ သင္ၾကားေပးလိုက္သည့္ ပညာရပ္မ်ားကို အသုံးခ်၍ မိမိတို႔တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ားႏွင့္ ထိေတြ႕ေနရသည့္ မိဘျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္႐ြက္ေပးရန္၊ က်န္းမာေရး အသိပညာေပးရန္ႏွင့္ မိမိအလုပ္ကို ေအာင္ျမင္ေအာင္၊ ေပးအပ္သည့္တာဝန္ကိုေက်ပြန္စြာ ထမ္းေဆာင္ရန္လိုအပ္မည္ ျဖစ္ေၾကာင္းႏွင့္ တိုင္းျပည္ေကာင္းရာေကာင္းက်ိဳးကိုေဆာင္႐ြက္ ေပးႏိုင္သည့္ တပ္မေတာ္သားေကာင္းမ်ားျဖစ္ၾကၿပီး ဘ၀တစ္ေလွ်ာက္လုံးေအာင္ျမင္တိုးတက္ ၾကပါေစေၾကာင္းျဖင့္ ဆုမြန္ေကာင္းအမွာစကားေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။