တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်ဒိုနီးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Gatot Nurmantyo နှင့်တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ – ၆

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) တက်ရောက်ရန်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အင်ဒိုနီးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Gatot Nurmantyo နှင့်ယနေ့နံနက်ပိုင်းတွင် IMPACT Exhibition Center ရှိ ဧည့်ခန်းမ၌တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများက လုံခြုံရေးစခန်းများအား အင်အားသုံးအကြမ်းဖက်တိုက်ခိုက်ခဲ့မှုနှင့် ဒေသခံတိုင်းရင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့မှုအခြေအနေများ၊ အဆိုပါအကြမ်းဖက်မှုများအား တပ်မတော်မှအတတ်နိုင်ဆုံး ထိခိုက်မှု နည်းစွာဖြင့် ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊ ၎င်းအကြမ်းဖက်ဘင်္ဂါလီများအနက် လူ ၂၀၀၀ ကျော်အား ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါဖော်ထုတ်ရရှိသူများသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်ထွက်ပြေးသွားမှု အခြေအနေများ၊ အဆိုပါအခြေအနေများအား မီဒီယာများမှ မိမိတို့အားစွပ်စွဲပြောကြား၍ သတင်းမှားများ ထုတ်လွှင့်နေမှုအခြေအနေများ၊ မိမိတို့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများအား ဓာတ်ပုံများပြသ၍ ရှင်းလင်းပြောကြားသည်။

အင်ဒိုနီးရှားတပ်မတေ်ာကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ဖြစ်ရပ်မှန်များအား ရှင်းလင်းပြောကြားပေးသည့် အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ အင်ဒိုနီးရှားပြည်သူများအား ပြန်လည်ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း၊ မိမိပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှုရန်မှကာကွယ်ရေးသည် ကမ္ဘာပေါ်တွင်ရှိသည့် တပ်မတော်သား တိုင်း၏ တာဝန်ဖြစ်ကြောင်း၊ လူမျိုးရေးမခွဲခြားဘဲ တပ်မတော်မှကူညီစောင့်ရှောက်ပေးနေမှုများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ထိုသို့ဆောင်ရွက်နေမှုများအား ကမ္ဘာကသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော် တက်ရောက်ပြီး၊ အင်ဒိုနီးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အင်ဒိုနီးရှားတပ်မတော်မှအရာရှိကြီးများ တက်ရောက်ခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ အင္ဒိုနီးရွားႏိုင္ငံ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ General Gatot Nurmantyo ႏွင့္ေတြ႕ဆုံ ေဆြးေႏြး

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၆

ထုိင္းႏုိင္ငံတြင္က်င္းပျပဳလုပ္သည့္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆုိင္ရာျပပြဲ (Defence & Security 2017) တက္ေရာက္ရန္ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ အင္ဒုိနီးရွားႏုိင္ငံ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Gatot Nurmantyo ႏွင့္ယေန႔နံနက္ပုိင္းတြင္ IMPACT Exhibition Center ရွိ ဧည့္ခန္းမ၌ေတြ႕ဆုံေဆြးေႏြးသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရခုိင္ျပည္နယ္အတြင္း ဘဂၤါလီမ်ားက လုံၿခဳံေရးစခန္းမ်ားအား အင္အားသုံးအၾကမ္းဖက္တုိက္ခုိက္ခဲ့မႈႏွင့္ ေဒသခံတုိင္းရင္းသားမ်ားအား ရက္စက္စြာ သတ္ျဖတ္ခဲ့မႈအေျခအေနမ်ား၊ အဆုိပါအၾကမ္းဖက္မႈမ်ားအား တပ္မေတာ္မွအတတ္ႏုိင္ဆုံး ထိခုိက္မႈ နည္းစြာျဖင့္ ေျဖရွင္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ၎အၾကမ္းဖက္ဘဂၤါလီမ်ားအနက္ လူ ၂၀၀၀ ေက်ာ္အား ေဖာ္ထုတ္ႏုိင္ခဲ့ၿပီး အဆုိပါေဖာ္ထုတ္ရရွိသူမ်ားသည္ ဘဂၤလားေဒ့ရွ္ဘက္သုိ႔ တိမ္းေရွာင္ထြက္ေျပးသြားမႈ အေျခအေနမ်ား၊ အဆုိပါအေျခအေနမ်ားအား မီဒီယာမ်ားမွ မိမိတုိ႔အားစြပ္စြဲေျပာၾကား၍ သတင္းမွားမ်ား ထုတ္လႊင့္ေနမႈအေျခအေနမ်ား၊ မိမိတုိ႔အေနျဖင့္ အေကာင္းဆုံးျဖစ္ေအာင္ ေျဖရွင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ဓာတ္ပုံမ်ားျပသ၍ ရွင္းလင္းေျပာၾကားသည္။

အင္ဒုိနီးရွားတပ္မေတ္ာကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔ ျဖစ္ရပ္မွန္မ်ားအား ရွင္းလင္းေျပာၾကားေပးသည့္ အတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ အင္ဒုိနီးရွားျပည္သူမ်ားအား ျပန္လည္ရွင္းလင္းေျပာၾကားမည္ျဖစ္ေၾကာင္း၊ မိမိျပည္သူမ်ားအား အၾကမ္းဖက္တုိက္ခုိက္မႈရန္မွကာကြယ္ေရးသည္ ကမၻာေပၚတြင္ရွိသည့္ တပ္မေတာ္သား တုိင္း၏ တာ၀န္ျဖစ္ေၾကာင္း၊ လူမ်ိဳးေရးမခြဲျခားဘဲ တပ္မေတာ္မွကူညီေစာင့္ေရွာက္ေပးေနမႈမ်ားအား ေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ ထုိသုိ႔ေဆာင္ရြက္ေနမႈမ်ားအား ကမၻာကသိရွိေအာင္ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္သင့္ပါေၾကာင္း ျပန္လည္ေဆြးေႏြးေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္ တက္ေရာက္ၿပီး၊ အင္ဒုိနီးရွားတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ အင္ဒုိနီးရွားတပ္မေတာ္မွအရာရွိႀကီးမ်ား တက္ေရာက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။