နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၄

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက် အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ နိုင်ငံတော်ကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ နံနက်ပိုင်းတွင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစု များ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့အထိ တပ်မတော်အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေများအရ နိုင်ငံတော်၏ တာဝန်များကို တာဝန် ယူဆောင်ရွက်ခဲ့ရသည်မှာ ၂ လကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအခြေအနေသို့ မရောက်ရှိမီကာလများအတွင်း မိမိအနေဖြင့် တပ်နယ် အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောဆိုမှုများလုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်တစ်ခု တိုးတက်ရန် အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေး ချမ်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်အတွက် ပါတီစုံဒီမိုကရေစီစနစ် မှန်ကန်ပါက အေးချမ်းမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ တွင် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူကရွေးခြယ်ခြင်းဖြစ်သဖြင့် မှန်မှန် ကန်ကန်ဖြင့် လုပ်ဆောင်ပါက ကောင်းမွန်မည်ဖြစ်ပြီး မှန်ကန်မှု မရှိပါက အတိုက်အခံများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမျှတပြီး ရိုးသားသည့် နိုင်ငံရေးဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း။

ရွေးကောက်ပွဲ မတိုင်မီကာလများကို ပြန်လည်လေ့လာကြည့်ပါက ပါတီ မဲဆွယ်စည်းရုံးရေးများလုပ်ဆောင်ရာတွင်လည်း ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တရားမျှတမှုများ မရှိခဲ့သည်ကို သံသယဖြစ်စရာများ တွေ့ရှိရကြောင်း၊ ပါတီ၏မူဝါဒများကြေညာ၍မဲဆွယ်စည်းရုံးရာ၌ပင် ဆင်ဆာဖြတ်တောက်မှုများ ရှိလာ ခဲ့ပြီး COVID-19 အကြောင်းပြ၍ အမိန့်မျိုးစုံထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်ပေးရန် ကြုံသည့်နေရာတိုင်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး လုပ်ဆောင်ပေးရန် အဓိက ထား ဦးတည်၍ ပြောကြားခဲ့ကြောင်း။

ဒီမိုကရေစီအစိုးရသက်တမ်း ပထမ ၅ နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ဦးသိန်းစိန် အစိုးရသည် အထိုက်အလျောက်အောင်မြင်မှုများ ရရှိအောင် လုပ်ဆောင် နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရကြောင်း၊ တပ်မတော်နှင့် လက်တွဲ၍ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၄ နှစ်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်သည်အထိ လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အသစ် တက်လာသည့် အစိုးရသည်လည်း ပြည်သူ လူထု မျှော်လင့်ထားသည့်အတိုင်းအတာအထိ စွမ်းဆောင်မှုများ မလုပ်ဆောင် နိုင်ခဲ့သည့် အပြင် ဥပဒေနှင့် မလျော်ညီသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့သည် ကိုပင် တွေ့ရှိလာရကြောင်း။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရခြင်းကို စိတ်ပျက်လာကြပြီး မဲမပေးကြရေး လှုံ့ဆော်မှုများကို လုပ်ဆောင်လာခဲ့ကြကြောင်း၊ ဒီမိုကရေစီစနစ်တွင် မဲ မပေးပါက မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးများ နစ်နာမည်ဖြစ်သဖြင့် မိမိအနေဖြင့် ရောက်သည့် နေရာတိုင်းတွင် အားလုံးဆန္ဒမဲပေးကြစေရေး နှင့် မိမိ ဒေသနှင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည့်သူ၊ ဥပဒေကို နားလည်မည့်သူ ၊ စေတနာ ထား၍ အုပ်ချုပ်နိုင်မည့်သူ ကိုရွေးခြယ်မဲပေးကြစေရေး အမြဲတိုက်တွန်းပြောဆိုခဲ့ ကြောင်း။ ရွေးကောက်ပွဲပြုလုပ်ပြီး မဲရလဒ်များထွက်ပေါ်လာသည့် အချိန်တွင် မသင်္ကာဖွယ်ရာ ရလဒ်များ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ စစ်ဆေးခဲ့ရာတွင် လည်း စုစုပေါင်း သံသယဖြစ်ဖွယ် မဲမသမာမှု ၁၀ သန်း ကျော်အထိ ရှိခဲ့သည်ကို တွေ့ရှိ ရကြောင်း၊ ထိုသို့ မဲစာရင်းမှားယွင်းနေမှုများကို ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်းဖြေရှင်းပေးခြင်းမရှိသည့် အပြင် နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန်အထိ ကြိုးပမ်းလာမှုများကိုပါ လုပ်ဆောင်လာခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ်ကြေညာကာ ယာယီ သမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏ တာဝန်ကို တပ်မတော်က ခေတ္တ တာဝန်ယူထိန်းသိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်း ဆောင် ရွက် လျက်ရှိကြောင်း၊ မဲစာရင်းများကြီးမားစွာ မှားယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းသည် ဒီမိုကရေစီကို ပျက်ရယ်ပြုခြင်း၊ စော်ကားခြင်းဖြစ်သဖြင့် မည်သို့မျှ လက်ခံ၍ ရ နိုင်မည်မဟုတ်ကြောင်း၊လက်ရှိအချိန်တွင် အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းများကို မြို့နယ်တစ်ခုချင်းစီအလိုက် အသေးစိတ် စစ်ဆေးလျက်ရှိပြီး စစ်ဆေးမှုများ အားလုံးပြီးစီးပါက ပေါင်းချုပ် စာရင်းကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှုများကို လည်း စစ်ဆေးတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံတိုးတက်စေရေးအတွက် ဦးတည်ချက် ၉ ရပ် ချမှတ်ကာ လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ အဓိက လုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး စွမ်းရည်စွမ်းအား နှင့် ပြည့်စုံသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့ တစ်ဦးတစ်ယောက်ချင်း၏ နေထိုင်ပြောဆိုလုပ်ကိုင်မှုများမှ တစ်ဆင့် တပ်မတော်၏ ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်သဖြင့် တစ်ဦးချင်း စွမ်းရည်မြင့်မားစေရေး လေ့ကျင့်ရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်ကြ မည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေးအတွက် လည်း လုပ်သင့်လုပ်ထိုက်သည့် ကိုယ်လက်လှုပ်ရှားအားကစားနှင့် စာပေဖတ်ရှု လေ့လာခြင်းများကို မိမိသာမက မိမိ၏ မိသားစုများကိုပါ လုပ်ဆောင်တတ်စေ ရန် လေ့ကျင့်တိုက်တွန်းကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းစနစ်တကျရှိပြီး အမိန့် နာခံတတ်သည့် တပ်မတော်ဖြစ်သည်နှင့်အညီ ညီညွတ်မျှတသည့် အုပ်ချုပ်မှု အဆင့်ဆင့် ရှိရမည်ဖြစ်ပြီး လူမှုရေးအရ နှင့် အုပ်ချုပ်ရေးအရ အုပ်ချုပ်ခြင်းကို ခွဲခြားသိမြင်ကာ ဦးဆောင်ဦးရွက်ပြုနိုင်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ် ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် သည် မကွေးတပ်နယ်ရှိ နယ်မြေခံ လေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ တပ်မတော်မှ နိုင်ငံတော်၏ တာဝန် အရပ် ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် နှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လျက် ရှိသည် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် က စားသောက်ဖွယ်ရာများကို ပေးအပ်ရာ လေတပ်စခန်း ဌာနချုပ်မှူး က လက်ခံရယူခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးညွန့်ဖေ သည် မကွေးတက္ကသိုလ်နှင့် မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍ ပညာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ COVID-19 ရောဂါဖြစ်ပေါ်မှုကြောင့် ကျောင်းများပိတ်ထားရသဖြင့် တိုင်းပြည် နစ်နာသည်သာမက မိဘများနှင့် ကာယကံရှင်ကျောင်းသား၊ ကျောင်းသူ များပါ နစ်နာကသဖြင့် မကြာမီတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သင်ကြားမှုသင်ယူမှု အထောက်အကူ ပြုပစ္စည်းများကို စနစ်တကျထိန်းသိမ်းထားရှိရန်နှင့် လိုအပ်သည်များကို တင်ပြတောင်းခံသွားရန်လိုအပ်သည့် အခြေအနေများ၊ လက်ရှိတွင် ဆရာ၊ ဆရာမ များကို အဆင့်မြှင့်တင်ရေးသင်တန်းများ ပို့ချပေးလျက်ရှိသည့် အခြေအနေများ၊ မိမိတို့တာဝန်ကျသည် ကျေးရွာများ၌ လျှပ်စစ်မီးမရ၊ ရေမရ သည့် နေရာ များဖြစ်ပါ က ဆိုလာစနစ်ဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေး တင်ပြကြရန်နှင့် ပြည်သူတို့၏ လိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း သည်လည်း မကွေးတိုင်းဒေသကြီးရှိ ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူ့ဆေးရုံကြီးတို့မှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးသွားရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံ ကြည့်ရှု၍အားပေး စကားပြောကြားခဲ့ ကြောင်းနှင့် အသစ်ထပ်မံဆောက်လုပ်ထားရှိသည့် ဆေးရုံသစ်ကြီးအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ မေကြးတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၄

တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ပါ ျပ႒ာန္းခ်က္ မ်ားႏွင့္အညီ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရ အေရးေပၚ အေျခအေနအျဖစ္ေၾကညာကာ ယာယီသမၼတ၏ တာဝန္လႊဲအပ္ခ်က္ အရ ႏိုင္ငံေတာ္၏တာဝန္ကို တပ္မေတာ္က ေခတၱတာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကိုဖြဲ႕စည္းကာ ႏိုင္ငံေတာ္ကို ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး၊ ၿငိမ္းခ်မ္းေရး အဘက္ဘက္မွ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔ နံနက္ပိုင္းတြင္ မေကြးတပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦး ႏွင့္ မေကြးတပ္နယ္မွ အရာရွိ၊ စစ္သည္မိသားစု မ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ ယေန႔အထိ တပ္မေတာ္အေနျဖင့္ ျဖစ္ေပၚလာေသာ အေျခအေနမ်ားအရ ႏိုင္ငံေတာ္၏ တာဝန္မ်ားကို တာဝန္ ယူေဆာင္႐ြက္ခဲ့ရသည္မွာ ၂ လေက်ာ္ကာလသို႔ ေရာက္ရွိလာခဲ့ၿပီ ျဖစ္ေၾကာင္း၊ ယခုအေျခအေနသို႔ မေရာက္ရွိမီကာလမ်ားအတြင္း မိမိအေနျဖင့္ တပ္နယ္ အသီးသီးသို႔ သြားေရာက္၍ ႏိုင္ငံေတာ္တြင္ ျဖစ္ေပၚေနသည့္ အေျခအေနမ်ားကို ရွင္းလင္းေျပာဆိုမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း၊ တိုင္းျပည္တစ္ခု တိုးတက္ရန္ အတြက္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအး ခ်မ္းရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္အတြက္ ပါတီစုံဒီမိုကေရစီစနစ္ မွန္ကန္ပါက ေအးခ်မ္းမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီ တြင္ ျပည္သူ႔ကိုယ္စားလွယ္မ်ားကို ျပည္သူကေ႐ြးျခယ္ျခင္းျဖစ္သျဖင့္ မွန္မွန္ ကန္ကန္ျဖင့္ လုပ္ေဆာင္ပါက ေကာင္းမြန္မည္ျဖစ္ၿပီး မွန္ကန္မႈ မရွိပါက အတိုက္အခံမ်ား ပိုမိုမ်ားျပားလာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တရားမွ်တၿပီး ႐ိုးသားသည့္ ႏိုင္ငံေရးျဖစ္ရန္လိုအပ္မည္ျဖစ္ေၾကာင္း။

ေ႐ြးေကာက္ပြဲ မတိုင္မီကာလမ်ားကို ျပန္လည္ေလ့လာၾကည့္ပါက ပါတီ မဲဆြယ္စည္း႐ုံးေရးမ်ားလုပ္ေဆာင္ရာတြင္လည္း ပါတီမ်ား၏ ေျပာဆိုလုပ္ပိုင္ခြင့္ႏွင့္ ပတ္သက္၍ တရားမွ်တမႈမ်ား မရွိခဲ့သည္ကို သံသယျဖစ္စရာမ်ား ေတြ႕ရွိရေၾကာင္း၊ ပါတီ၏မူဝါဒမ်ားေၾကညာ၍မဲဆြယ္စည္း႐ုံးရာ၌ပင္ ဆင္ဆာျဖတ္ေတာက္မႈမ်ား ရွိလာ ခဲ့ၿပီး COVID-19 အေၾကာင္းျပ၍ အမိန႔္မ်ိဳးစုံထုတ္ျပန္ခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ မိမိအေနျဖင့္ လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ေရး ေဆာင္႐ြက္ေပးရန္ ႀကဳံသည့္ေနရာတိုင္းတြင္ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း၊ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရး လုပ္ေဆာင္ေပးရန္ အဓိက ထား ဦးတည္၍ ေျပာၾကားခဲ့ေၾကာင္း။

ဒီမိုကေရစီအစိုးရသက္တမ္း ပထမ ၅ ႏွစ္အတြင္း လုပ္ေဆာင္ခဲ့သည့္ ဦးသိန္းစိန္ အစိုးရသည္ အထိုက္အေလ်ာက္ေအာင္ျမင္မႈမ်ား ရရွိေအာင္ လုပ္ေဆာင္ ႏိုင္ခဲ့ေသာ္လည္း စိန္ေခၚမႈမ်ားစြာျဖင့္ ရင္ဆိုင္ခဲ့ရေၾကာင္း၊ တပ္မေတာ္ႏွင့္ လက္တြဲ၍ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၿပီး ၄ ႏွစ္အတြင္း တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ခ်ဳပ္ဆိုႏိုင္သည္အထိ လုပ္ေဆာင္ ႏိုင္ခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္တြင္ အသစ္ တက္လာသည့္ အစိုးရသည္လည္း ျပည္သူ လူထု ေမွ်ာ္လင့္ထားသည့္အတိုင္းအတာအထိ စြမ္းေဆာင္မႈမ်ား မလုပ္ေဆာင္ ႏိုင္ခဲ့သည့္ အျပင္ ဥပေဒႏွင့္ မေလ်ာ္ညီသည့္ လုပ္ေဆာင္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္ ကိုပင္ ေတြ႕ရွိလာရေၾကာင္း။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ဆႏၵမဲေပးရျခင္းကို စိတ္ပ်က္လာၾကၿပီး မဲမေပးၾကေရး လႈံ႕ေဆာ္မႈမ်ားကို လုပ္ေဆာင္လာခဲ့ၾကေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ မဲ မေပးပါက မိမိတို႔တစ္ဦးတစ္ေယာက္ခ်င္းစီ၏ အခြင့္အေရးမ်ား နစ္နာမည္ျဖစ္သျဖင့္ မိမိအေနျဖင့္ ေရာက္သည့္ ေနရာတိုင္းတြင္ အားလုံးဆႏၵမဲေပးၾကေစေရး ႏွင့္ မိမိ ေဒသႏွင့္ တိုင္းျပည္ကို အက်ိဳးျပဳႏိုင္မည့္သူ၊ ဥပေဒကို နားလည္မည့္သူ ၊ ေစတနာ ထား၍ အုပ္ခ်ဳပ္ႏိုင္မည့္သူ ကိုေ႐ြးျခယ္မဲေပးၾကေစေရး အၿမဲတိုက္တြန္းေျပာဆိုခဲ့ ေၾကာင္း။ ေ႐ြးေကာက္ပြဲျပဳလုပ္ၿပီး မဲရလဒ္မ်ားထြက္ေပၚလာသည့္ အခ်ိန္တြင္ မသကၤာဖြယ္ရာ ရလဒ္မ်ား ျဖစ္ေပၚလာခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ စစ္ေဆးခဲ့ရာတြင္ လည္း စုစုေပါင္း သံသယျဖစ္ဖြယ္ မဲမသမာမႈ ၁၀ သန္း ေက်ာ္အထိ ရွိခဲ့သည္ကို ေတြ႕ရွိ ရေၾကာင္း၊ ထိုသို႔ မဲစာရင္းမွားယြင္းေနမႈမ်ားကို ေျဖရွင္းေပးရန္ အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့ေသာ္လည္းေျဖရွင္းေပးျခင္းမရွိသည့္ အျပင္ ႏိုင္ငံေတာ္၏ အာဏာကို အဓမၼရယူရန္အထိ ႀကိဳးပမ္းလာမႈမ်ားကိုပါ လုပ္ေဆာင္လာခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရ အေရးေပၚအေျခအေနအျဖစ္ေၾကညာကာ ယာယီ သမၼတ၏ တာဝန္လႊဲအပ္ခ်က္အရ ႏိုင္ငံေတာ္၏ တာဝန္ကို တပ္မေတာ္က ေခတၱ တာဝန္ယူထိန္းသိမ္းၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကိုဖြဲ႕စည္း ေဆာင္ ႐ြက္ လ်က္ရွိေၾကာင္း၊ မဲစာရင္းမ်ားႀကီးမားစြာ မွားယြင္းမႈျဖစ္ေပၚခဲ့ျခင္းသည္ ဒီမိုကေရစီကို ပ်က္ရယ္ျပဳျခင္း၊ ေစာ္ကားျခင္းျဖစ္သျဖင့္ မည္သို႔မွ် လက္ခံ၍ ရ ႏိုင္မည္မဟုတ္ေၾကာင္း၊လက္ရွိအခ်ိန္တြင္ အသစ္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္ စု ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ မဲစာရင္းမ်ားကို ၿမိဳ႕နယ္တစ္ခုခ်င္းစီအလိုက္ အေသးစိတ္ စစ္ေဆးလ်က္ရွိၿပီး စစ္ေဆးမႈမ်ား အားလုံးၿပီးစီးပါက ေပါင္းခ်ဳပ္ စာရင္းကို ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ အဂတိလိုက္စားမႈမ်ားကို လည္း စစ္ေဆးေတြ႕ရွိရသျဖင့္ ဆက္လက္စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ႏွင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဘက္စုံတိုးတက္ေစေရးအတြက္ ဦးတည္ခ်က္ ၉ ရပ္ ခ်မွတ္ကာ လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ တပ္မေတာ္၏ အဓိက လုပ္ငန္းတာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ျဖစ္ၿပီး စြမ္းရည္စြမ္းအား ႏွင့္ ျပည့္စုံသည့္ တပ္မေတာ္ျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

မိမိတို႔ တစ္ဦးတစ္ေယာက္ခ်င္း၏ ေနထိုင္ေျပာဆိုလုပ္ကိုင္မႈမ်ားမွ တစ္ဆင့္ တပ္မေတာ္၏ ဂုဏ္ကို ျမႇင့္တင္ၾကရမည္ျဖစ္သျဖင့္ တစ္ဦးခ်င္း စြမ္းရည္ျမင့္မားေစေရး ေလ့က်င့္ေရးလုပ္ငန္းမ်ားကို အေလးထားလုပ္ေဆာင္ၾက မည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ က်န္းမာႀကံ့ခိုင္ေရး၊ ပညာရည္ျမင့္မားေရးအတြက္ လည္း လုပ္သင့္လုပ္ထိုက္သည့္ ကိုယ္လက္လႈပ္ရွားအားကစားႏွင့္ စာေပဖတ္ရႈ ေလ့လာျခင္းမ်ားကို မိမိသာမက မိမိ၏ မိသားစုမ်ားကိုပါ လုပ္ေဆာင္တတ္ေစ ရန္ ေလ့က်င့္တိုက္တြန္းၾကရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းစနစ္တက်ရွိၿပီး အမိန႔္ နာခံတတ္သည့္ တပ္မေတာ္ျဖစ္သည္ႏွင့္အညီ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္မႈ အဆင့္ဆင့္ ရွိရမည္ျဖစ္ၿပီး လူမႈေရးအရ ႏွင့္ အုပ္ခ်ဳပ္ေရးအရ အုပ္ခ်ဳပ္ျခင္းကို ခြဲျခားသိျမင္ကာ ဦးေဆာင္ဦး႐ြက္ျပဳႏိုင္ရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားကို ေပးအပ္ ရာ တာဝန္ရွိသူတစ္ဦးက လက္ခံရယူသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္ အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

အလားတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ သည္ မေကြးတပ္နယ္ရွိ နယ္ေျမခံ ေလတပ္စခန္းဌာနခ်ဳပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သြားေရာက္ေတြ႕ဆုံ၍ လက္ရွိႏိုင္ငံေရး ျဖစ္ေပၚေျပာင္းလဲမႈ အေျခအေနမ်ား၊ တပ္မေတာ္မွ ႏိုင္ငံေတာ္၏ တာဝန္ အရပ္ ရပ္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ ႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္ခဲ့ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းကာ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္လ်က္ ရွိသည္ အေျခအေနမ်ားကို အက်ယ္တဝင့္ ရွင္းလင္းမွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ က စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္ရာ ေလတပ္စခန္း ဌာနခ်ဳပ္မႉး က လက္ခံရယူခဲ့ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ႏွင့္အတူ လိုက္ပါလာသည့္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးၫြန႔္ေဖ သည္ မေကြးတကၠသိုလ္ႏွင့္ မေကြးၿမိဳ႕ အမွတ္(၁)အေျခခံပညာ အထက္တန္းေက်ာင္းတို႔သို႔ သြားေရာက္၍ ပညာေရးဝန္ထမ္းမ်ားႏွင့္ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံကာ COVID-19 ေရာဂါျဖစ္ေပၚမႈေၾကာင့္ ေက်ာင္းမ်ားပိတ္ထားရသျဖင့္ တိုင္းျပည္ နစ္နာသည္သာမက မိဘမ်ားႏွင့္ ကာယကံရွင္ေက်ာင္းသား၊ ေက်ာင္းသူ မ်ားပါ နစ္နာကသျဖင့္ မၾကာမီတြင္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရး စီစဥ္ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ သင္ၾကားမႈသင္ယူမႈ အေထာက္အကူ ျပဳပစၥည္းမ်ားကို စနစ္တက်ထိန္းသိမ္းထားရွိရန္ႏွင့္ လိုအပ္သည္မ်ားကို တင္ျပေတာင္းခံသြားရန္လိုအပ္သည့္ အေျခအေနမ်ား၊ လက္ရွိတြင္ ဆရာ၊ ဆရာမ မ်ားကို အဆင့္ျမႇင့္တင္ေရးသင္တန္းမ်ား ပို႔ခ်ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ မိမိတို႔တာဝန္က်သည္ ေက်း႐ြာမ်ား၌ လွ်ပ္စစ္မီးမရ၊ ေရမရ သည့္ ေနရာ မ်ားျဖစ္ပါ က ဆိုလာစနစ္ျဖင့္ ကူညီေဆာင္႐ြက္ေပးႏိုင္ေရး တင္ျပၾကရန္ႏွင့္ ျပည္သူတို႔၏ လိုအပ္ခ်က္မ်ားကို ဝိုင္းဝန္းကူညီ ေဆာင္႐ြက္ေပးသြားရန္ လိုအပ္သည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာၾကားခဲ့သည္။

အလားတူ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာ သက္ခိုင္ဝင္း သည္လည္း မေကြးတိုင္းေဒသႀကီးရွိ ကုသေရးႏွင့္ ျပည္သူ႔ က်န္းမာေရးဌာနမွ ဝန္ထမ္းမ်ားႏွင့္ ျပည္သူ႔ေဆး႐ုံႀကီးတို႔မွ ဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီး သြားေရာက္ေတြ႕ဆုံ၍ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို အျပည့္အဝေဆာင္႐ြက္ေပးသြားရန္လိုအပ္သည့္ အေျခအေနမ်ားကို ေဆြးေႏြးေျပာၾကားခဲ့သည္။ ထို႔ေနာက္ ေဆး႐ုံတက္ေရာက္ ကုသမႈခံယူလ်က္ရွိသည့္ ေဒသခံျပည္သူမ်ား၏ က်န္းမာေရးတိုးတက္မႈ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ ၾကည့္ရႈ၍အားေပး စကားေျပာၾကားခဲ့ ေၾကာင္းႏွင့္ အသစ္ထပ္မံေဆာက္လုပ္ထားရွိသည့္ ေဆး႐ုံသစ္ႀကီးအား လိုက္လံ ၾကည့္ရႈခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။