နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက် ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက် ကြပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဒေသ ဆိုင်ရာ အထွေထွေအချက်အလက်များ၊ မြို့တော်သန့်ရှင်းသာယာလှပရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ နိုင်ငံရေး ဖြစ်ပေါ်ပြောင်း လဲမှု အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိအနေဖြင့် အရပ် ဘက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ယာယီသမ္မတ၏ တာဝန်လွှဲအပ်မှု နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူဆောင်ရွက်နေရခြင်းကို ပြော ကြားခဲ့ကြောင်း၊ ထိုသို့ပြောကြားမှုများကို သတင်းထုတ်ပြန်ခဲ့သော်လည်း နိုင်ငံ့ ဝန်ထမ်းအချို့အနေဖြင့် တပ်မတော်၏ အမျိုးသား နိုင်ငံရေးတာဝန်ထမ်းဆောင် ခြင်းနှင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းကို သိရှိနားလည်မှုများ မရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်သို့ပင်ဖြစ်စေ ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး မိမိ၏ နိုင်ငံ့ဝန်ထမ်း လုပ်ငန်း တာဝန်များနှင့် ပါတီနိုင်ငံရေးကို ခွဲခြားသိမြင်ရမည် ဖြစ်ကြောင်း၊ မိမိ၏ နိုင်ငံ့ဝန်ထမ်းတာဝန်များကို သစ္စာရှိစွာဖြင့် တာဝန်ထမ်း ဆောင်ရမည်ကို သိရှိ နားလည် ရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာမှု အခြေအနေများအရ အစိုးရကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုများ၊ မသမာသောသူများ ၏ ခြိမ်းခြောက် မှုများအရ တာဝန်ဝတ္တရားလစ်ဟင်းမှုများကို နားလည်နိုင်သော် လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊ မိမိတစ်ဦး တစ်ယောက် ၏ ပါတီနိုင်ငံရေး ခံစား ချက်များကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြား ကဏ္ဍပေါင်းစုံတွင် နစ်နာမှုများ မဖြစ်ပေါ်စေလိုကြောင်းဖြင့် ဦးစွာ ပြောကြား သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်လာ ရသည့် နောက်ခံအကြောင်းအရာများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် မိမိ တို့နိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ပေါ်လာစေရေး မိမိတို့နိုင်ငံလူဦးရေ၏ ၉၂.၄၈ သန်းကျော် မဲပေးအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့် အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း၊ ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရသည် နိုင်ငံတော်ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် အခက်အခဲများကြားမှ ကြိုးပမ်းလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့်များကို ပူးပေါင်းကူညီလုပ်ဆောင်ပေးခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း အကောင်အထည်ဖော်ဆောင်ပေးနိုင်ခဲ့ ကြောင်း၊ သို့သော်လည်း ဒီမိုကရေစီသက်တမ်းနုနယ်ပြီး အဘက်ဘက်မှ ဖိအား များ၊ အခက်အခဲများကြောင့် အချို့နေရာများတွင် ပြည်သူလူထုလိုလားသည့် များတွင် လိုအပ်ချက်များရှိခဲ့ကြောင်း။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် ၂၀၁၂ ခုနှစ်တွင် အတိုက်အခံပါတီအဖြစ် ရပ်တည်နေသော NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်နိုင်စေရေး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခဲ့ ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန်ပြောဆိုမှုများ၊ ဝေဖန် ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ မတိုင်မီက ပြည်သူလူထုသို့ မဲဆွယ် စည်းရုံးပြီး ပေးအပ်ထားသည့် ကတိကဝတ်များနှင့်လည်း အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ကြောင်း၊ ထို့ပြင် အမျိုးသားရေးစရိုက်လက္ခဏာ ကိုထိခိုက် စေနိုင်သည့် လုပ်ဆောင်မှုများ၊ ဥပဒေပြင်ဆင်ခြင်းများ၊ ပယ်ဖျက်ခြင်းများကို ပါ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိရကြောင်း။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် မဲပေးခဲ့ကြ သည့် အစိုးရများအပေါ် အလွှာအသီးသီး၏ ခံစားချက်များကိုမူတည်၍ အစိုးရ ၏လုပ်ဆောင်ချက်များအပေါ်မှာ အားမလိုအားမရ ဖြစ်လာသည့်အတွက် ရွေးကောက်ပွဲလုပ်ရန်ရှိလာသည့်အခါ ရွေးကောက်ပွဲအပေါ် စိတ်ပျက်ပြီး မဲမပေး ချင်သောစိတ်များ ဖြစ်လာကြသည်ကို လေ့လာတွေ့ရပြီး No Vote မဲမပေး ကြရေး လှုပ်ရှားမှုများ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲ လုပ်သည့် အခါတွင် ရန်ကုန် တစ်မြို့နယ်လုံး၌ ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်းကျော် ခန့် သာရှိသည်ကို သိရှိရပြီး ပြည်သူ့ကိုယ်စားလှယ်စစ်စစ်မဖြစ်နိုင်သည်ကို တွေ့ရှိ ကြရမည် ဖြစ်ကြောင်း။

အဆိုပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ သည် မပြုလုပ်ပါကလည်း ရသည့်အခြေအနေတွင်ဖြစ်ပြီး NLD အစိုးရ အနေဖြင့် ပြည်သူလူထု၏ ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ စိတ်ပါဝင်စားမှု နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအပေါ် အကဲစမ်းမှု တစ်ခုပင်ဖြစ်ခဲ့ကြောင်း၊ ၎င်းတို့အနေ ဖြင့် ရွေးကောက်ပွဲတွင် မဲပေးသူမရှိ၊ မဲမရရှိပါက နိုင်ငံရေးအရ သိက္ခာကျမည်ဖြစ်သဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီများဖွဲ့စည်း လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေအပေါ်တွင် ကျော်လွန်၍ အမိန့်အမျိုးမျိုး ကို ထုတ်ပြန်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ခဲ့ ချိန်တွင် မိမိတို့ တပ်မတော်သားများအနေဖြင့် ပြည်သူများနှင့်အတူ ပြင်ပ မဲရုံ များတွင် သတ်မှတ်စည်းကမ်းချက်များ၊ COVID-19 ထုတ်ပြန်ချက်များနှင့်အညီ မဲပေးခဲ့ကြောင်း၊ ထို့နောက် မဲစာရင်းရလဒ်များ ထုတ်ပြန်ကြေညာခဲ့ချိန်တွင် မဲ မသမာမှုများဖြစ်ပေါ်နိုင်သည်ကို သတိပြုမိခဲ့ပြီး ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် များနှင့် ပါတီများ၏ တောင်းဆိုချက်များအရ တပ်မတော်က မဲစာရင်းများ စစ်ဆေးခဲ့ရာတွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀ သန်းကျော်ထိ ရှိနေ သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ စစ်ဆေးတွေ့ရှိမှုများကိုလည်း နေ့စဉ် ထုတ်ပြန်ပေးခဲ့ကြောင်း။

ထိုသို့မဲစာရင်းများကြီးမားစွာမှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေး ရန် တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသည့် အပြင် တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ခေါ်ယူ၍ နိုင်ငံ တော်၏ အာဏာကို အဓမ္မရယူရန်အထိ လုပ်ဆောင်လာခဲ့သဖြင့် နိုင်ငံတော် ကို နိုင်ငံရေးအရအရေးပေါ်အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန် လွှဲအပ်ချက် အရ တရားဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင် နေခြင်းပင်ဖြစ်ကြောင်း။

ထို့နောက် တပ်မတော်သည် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ် ဘဲ ဒီမိုကရေစီစနစ်ခိုင်မာစေရေး ဥပဒေနှင့် အညီလုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်နေသည့် အခြေအနေ များနှင့် ပတ်သက်၍ ဒီမိုကရေစီစနစ်နှင့်အညီ အုပ်ချုပ်မှုလုပ်ငန်းများ ပုံမှန်အ တိုင်း ဖြစ်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်ဘက်၊ အရပ်ဘက်မျှတအောင် ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကောင်စီဥက္ကဋ္ဌများကို အရပ်သားများဖြင့်သာ ဖွဲ့စည်းပေးခဲ့ကြောင်း၊ လုပ်ရည် ကိုင်ရည်ရှိပြီး အရည်အချင်းရှိသူများကို ရွေးခြယ်တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ် ကြောင်း။

စတင်တာဝန်ယူပြီးသည့်နောက်ပိုင်း ပထမပတ်တာကာလအတွင်း တည် ငြိမ်အေးချမ်းခဲ့သော်လည်း ဒုတိယပတ်မှစ၍ ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်လာ ခဲ့ကြောင်း၊ ဆန္ဒပြမှုများတွင် ရိုးသားစွာဖြင့် NLD ကို ဆန္ဒမဲပေးခဲ့ကြသူ များနှင့် မဲမသမာမှုများဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ကြသူများ၊ လှုံ့ဆော်သွေးထိုး သူများဟူ၍ အမျိုးအစားနှစ်ခုပါဝင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံရေးအမြတ်ထုတ်သူများ၏ လှုံ့ဆော်သွေးထိုးမှုများကြောင့် ငြိမ်းချမ်း စွာဆန္ဒပြမှုများမှတစ်ဆင့် ဆူပူအကြမ်းဖက်မှု၊ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေ ချိုးဖောက်မှု၊ လက်နက်ကိုင်အကြမ်းဖက်သည့် အဆင့်တို့သို့ ကူးစက်အသွင်ပြောင်း လာခဲ့သည်ကိုတွေ့ရှိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန် ဆောင်ရွက်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအလိုက် အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့်သာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင် ဆူပူဆန္ဒပြမှုများ လျော့နည်းကာ ပုံမှန်အနေအထားအတိုင်း ပြန်လည် သွားလာလှုပ်ရှားလည်ပတ်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် သန့်ရှင်းသည့် ဒီမိုကရေစီဖြစ်စေရေး၊ ရိုးသားသည့် ဒီမိုကရေစီဖြစ်စေရေးကိုသာ လိုလားပါကြောင်း၊ လက်ရှိဖြစ်ပေါ်ခဲ့သည့် မဲမသမာ မှုများသည့် အလွန်ဆိုးရွားသည့် ဖြစ်စဉ်ဖြစ်ပြီး ရိုးရိုးဖြေလျှင်အောင်သည့် စာမေး ပွဲကို မတန်တဆ အမှတ်များလိုချင်သဖြင့် မရိုးသားသောနည်းလမ်းဖြင့် စာမေးပွဲ ဖြေဆိုသည်နှင့် တူနေကြောင်း၊ ၁၉၅၆ ခုနှစ် ဟယ်ရီတန်အရေးအခင်းကဲ့သို့ ဖြစ်ပြီး လွှတ်တော်အဖွဲ့အစည်းသည် “ ဟယ်ရီတန်ကြောင့် စာမေးပွဲအောင်သလို ” လုပ်၍ မရဘဲ မဲမသမာခြင်းသည် ဒီမိုကရေစီစနစ်၊ ပြည်သူ့ဆန္ဒကို ပျက်ရယ်ပြုခြင်း၊ ဖျက်ဆီးခြင်းပင်ဖြစ်ပါကြောင်း။

ဆက်လက်ပြီး စီးပွားရေး၊ ပညာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နှင့် ပတ်သက်၍ ယခင်အစိုးရအဆက်ဆက်လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ၊ စီမံကိန်းများမှ ဒေသအတွက် အကျိုးရှိမည့် လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း နေထိုင်သည့် ပြည်သူလူထု၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဦးစားပေးဖြေရှင်းပေးရန်လို ကြောင်း၊ ဥပမာအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ မိုးတွင်းကာလ မြို့တွင်း၌ ရေကြီး၊ ရေလျှံမှု မဖြစ်ရေး၊ ယာဉ်စည်းကမ်း လိုက်နာရေး၊ ခြောက်သွေ့ရာသီ၌ သုံးရေ လုံလောက်ရေး စသည့် လက်တွေ့ပြည်သူဘဝကို အကျိုးရှိစေမည်ကို ဦးစားပေးဆောင်ရွက်ရန်လို ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး ဆန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ သည့် နိုင်ငံတစ်ခုတွင် ဆန် မလုံလောက်သည့် ဒေသများရှိနေသည်ကို အဖြေရှာကြရမည်ဖြစ်ကြောင်း၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများကို ပြင်ပမှ ဝယ်ယူ သုံးစွဲနေမှုများအား လျော့ချရန်လိုပြီး ပြည်တွင်း၌ ထုတ်လုပ်သုံးစွဲနိုင်မှသာလျင် တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း။

ထို့အပြင်တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ တိုင်းပြည်အတွက် လက်တွေ့ကျ သော ထုတ်ကုန်ကဏ္ဍမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးခေတ်မီတိုးတက်အောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ သွင်းအား စုကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးထုတ်ကုန်များအရည် အသွေး မြှင့်တင်ရန်လိုအပ်ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင်လည်း ပစ္စည်းချင်း တူလျင် ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိမှု၊ သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးကောင်းမွန်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် များကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ကြရန်လိုကြောင်း။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး ကဏ္ဍ သည်အရေးကြီးကြောင်း၊ နိုင်ငံ့ပညာရေးအတွက် ကျောင်းဆရာ၊ ဆရာမများ ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးကြောင်း၊ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍများကိုအားပေးရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များနှင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်ပေါ်လာစေ ရေးအတွက် ပညာရေးကိုအားပေးရမည်ဖြစ်ပြီး ကောင်းမွန်သည့် လက်ဆင့်ကမ်း အမွေများကို ပေးခဲ့ရမည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတာဝန် ဝတ္တရားကိုသိရှိပြီး မိမိတာဝန် ကို ကျေပွန်ရန်လိုကြောင်း၊ တိုင်းပြည်အတွက်အလုပ်လုပ်ရမည်ဖြစ်ပြီး မိမိ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်မှသာလျင် လုပ်ဖော်ကိုင်ဖက် များနှင့် ပြည်သူက လေးစားမည်ဖြစ်ကြောင်း၊ မိမိတိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးအတွက် တစ်ဦးချင်းအသိစိတ်ဓာတ်များကောင်းမွန်စွာဖြင့် နိုင်ငံ့တာဝန် များကို ကျေပွန်အောင် ဝိုင်းဝန်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ရန္ကုန္တိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၁၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ ရန္ကုန္တိုင္း ေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၌ သြားေရာက္ေတြ႕ဆုံ အမွာစကား ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ရန္ကုန္တိုင္း ေဒသႀကီး စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးလွစိုး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ ရန္ကုန္တိုင္း ေဒသ ႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား တက္ ေရာက္ ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား ရန္ကုန္တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးလွစိုးႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ တိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားက တစ္ဦးခ်င္း မိတ္ဆက္ ၾကၿပီး တိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးလွစိုးႏွင့္ ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌးတို႔က ရန္ကုန္တိုင္းေဒသႀကီးအတြင္း လူမႈေရး၊ စီးပြားေရး၊ က်န္းမာ ေရး၊ ေဒသဖြံၿဖိဳးတိုးတက္ေရး လုပ္ငန္းေဆာင္႐ြက္မႈ အေျခအေနမ်ား၊ ေဒသ ဆိုင္ရာ အေထြေထြအခ်က္အလက္မ်ား၊ ၿမိဳ႕ေတာ္သန႔္ရွင္းသာယာလွပေရး ဆိုင္ရာမ်ားကို ရွင္းလင္း တင္ျပသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ား၊ ႏိုင္ငံေရး ျဖစ္ေပၚေျပာင္း လဲမႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ မိမိအေနျဖင့္ အရပ္ ဘက္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံ၍ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲ တြင္ ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားအရ ယာယီသမၼတ၏ တာဝန္လႊဲအပ္မႈ ႏွင့္အညီ ႏိုင္ငံေတာ္၏ တာဝန္မ်ားကို တာဝန္ယူေဆာင္႐ြက္ေနရျခင္းကို ေျပာ ၾကားခဲ့ေၾကာင္း၊ ထိုသို႔ေျပာၾကားမႈမ်ားကို သတင္းထုတ္ျပန္ခဲ့ေသာ္လည္း ႏိုင္ငံ့ ဝန္ထမ္းအခ်ိဳ႕အေနျဖင့္ တပ္မေတာ္၏ အမ်ိဳးသား ႏိုင္ငံေရးတာဝန္ထမ္းေဆာင္ ျခင္းႏွင့္ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရ အေရးေပၚအေျခအေနေၾကညာခဲ့ျခင္းကို သိရွိနားလည္မႈမ်ား မရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ မည္သို႔ပင္ျဖစ္ေစ ပါတီႏိုင္ငံေရးကင္းရွင္းရမည္ျဖစ္ၿပီး မိမိ၏ ႏိုင္ငံ့ဝန္ထမ္း လုပ္ငန္း တာဝန္မ်ားႏွင့္ ပါတီႏိုင္ငံေရးကို ခြဲျခားသိျမင္ရမည္ ျဖစ္ေၾကာင္း၊ မိမိ၏ ႏိုင္ငံ့ဝန္ထမ္းတာဝန္မ်ားကို သစၥာရွိစြာျဖင့္ တာဝန္ထမ္း ေဆာင္ရမည္ကို သိရွိ နားလည္ ရမည္ျဖစ္ေၾကာင္း၊ ျဖစ္ေပၚလာမႈ အေျခအေနမ်ားအရ အစိုးရကို ဆန႔္က်င္သည့္ CDM လႈပ္ရွားမႈမ်ား၊ မသမာေသာသူမ်ား ၏ ၿခိမ္းေျခာက္ မႈမ်ားအရ တာဝန္ဝတၱရားလစ္ဟင္းမႈမ်ားကို နားလည္ႏိုင္ေသာ္ လည္း ဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရန္လိုေၾကာင္း၊ မိမိတစ္ဦး တစ္ေယာက္ ၏ ပါတီႏိုင္ငံေရး ခံစား ခ်က္မ်ားေၾကာင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ ပညာေရး၊ က်န္းမာေရးႏွင့္ အျခား က႑ေပါင္းစုံတြင္ နစ္နာမႈမ်ား မျဖစ္ေပၚေစလိုေၾကာင္းျဖင့္ ဦးစြာ ေျပာၾကား သည္။

ထို႔ေနာက္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ား ျဖစ္ေပၚလာ ရသည့္ ေနာက္ခံအေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္အေနျဖင့္ မိမိ တို႔ႏိုင္ငံတြင္ ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္တေနၾကသည့္ ပါတီစုံ ဒီမိုကေရစီစနစ္ ခိုင္ခိုင္မာမာျဖစ္ေပၚလာေစေရး မိမိတို႔ႏိုင္ငံလူဦးေရ၏ ၉၂.၄၈ သန္းေက်ာ္ မဲေပးအတည္ျပဳထားသည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ႏွင့္ အညီ ပါတီစုံဒီမိုကေရစီစနစ္ကို ပုံေဖာ္ခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပေပးႏိုင္ခဲ့ေၾကာင္း၊ ဦးသိန္းစိန္ ဦးေဆာင္ သည့္ အစိုးရသည္ ႏိုင္ငံေတာ္ကို ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈ ေရး အဘက္ဘက္မွ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ အခက္အခဲမ်ားၾကားမွ ႀကိဳးပမ္းလုပ္ေဆာင္ခဲ့သည္ကို ေတြ႕ရွိၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း လိုအပ္သည့္မ်ားကို ပူးေပါင္းကူညီလုပ္ေဆာင္ေပးခဲ့ေၾကာင္း၊ NCA လက္မွတ္ေရးထိုးႏိုင္သည္အထိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကိုလည္း အေကာင္အထည္ေဖာ္ေဆာင္ေပးႏိုင္ခဲ့ ေၾကာင္း၊ သို႔ေသာ္လည္း ဒီမိုကေရစီသက္တမ္းႏုနယ္ၿပီး အဘက္ဘက္မွ ဖိအား မ်ား၊ အခက္အခဲမ်ားေၾကာင့္ အခ်ိဳ႕ေနရာမ်ားတြင္ ျပည္သူလူထုလိုလားသည့္ မ်ားတြင္ လိုအပ္ခ်က္မ်ားရွိခဲ့ေၾကာင္း။

၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ NLD ပါတီအေနျဖင့္ ေ႐ြးေကာက္ပြဲ တြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္း မရွိခဲ့ဘဲ ဦးသိန္းစိန္ ဦးေဆာင္သည့္ အစိုးရအေနျဖင့္ ၂၀၁၂ ခုႏွစ္တြင္ အတိုက္အခံပါတီအျဖစ္ ရပ္တည္ေနေသာ NLD ပါတီကို ၾကားျဖတ္ေ႐ြးေကာက္ပြဲ ဝင္ေရာက္ႏိုင္ေစေရး ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒကို ျပင္ဆင္ေပးခဲ့ ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ အစိုးရသစ္တစ္ရပ္ တက္လာခဲ့ၿပီး ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္ခဲ့ရာတြင္ အစိုးရ၏လုပ္ေဆာင္ခ်က္မ်ားအေပၚတြင္ ေဝဖန္ေျပာဆိုမႈမ်ား၊ ေဝဖန္ ေထာက္ျပမႈမ်ား မ်ားစြာျဖစ္ေပၚခဲ့ၿပီး တိုင္းျပည္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ဘက္ေပါင္းစုံတြင္ ထိုက္သင့္သေလာက္ တိုးတက္မႈမ်ား မျဖစ္ေပၚခဲ့ေၾကာင္း၊ ေ႐ြးေကာက္ပြဲ မတိုင္မီက ျပည္သူလူထုသို႔ မဲဆြယ္ စည္း႐ုံးၿပီး ေပးအပ္ထားသည့္ ကတိကဝတ္မ်ားႏွင့္လည္း အလြဲလြဲ အေခ်ာ္ေခ်ာ္ ျဖစ္ခဲ့ေၾကာင္း၊ ထို႔ျပင္ အမ်ိဳးသားေရးစ႐ိုက္လကၡဏာ ကိုထိခိုက္ ေစႏိုင္သည့္ လုပ္ေဆာင္မႈမ်ား၊ ဥပေဒျပင္ဆင္ျခင္းမ်ား၊ ပယ္ဖ်က္ျခင္းမ်ားကို ပါ လုပ္ေဆာင္လာခဲ့သည္ကို ေတြ႕ရွိရေၾကာင္း။

ထို႔ေၾကာင့္ ျပည္သူလူထုအေနျဖင့္ ၎တို႔၏ ဆႏၵအေလ်ာက္ မဲေပးခဲ့ၾက သည့္ အစိုးရမ်ားအေပၚ အလႊာအသီးသီး၏ ခံစားခ်က္မ်ားကိုမူတည္၍ အစိုးရ ၏လုပ္ေဆာင္ခ်က္မ်ားအေပၚမွာ အားမလိုအားမရ ျဖစ္လာသည့္အတြက္ ေ႐ြးေကာက္ပြဲလုပ္ရန္ရွိလာသည့္အခါ ေ႐ြးေကာက္ပြဲအေပၚ စိတ္ပ်က္ၿပီး မဲမေပး ခ်င္ေသာစိတ္မ်ား ျဖစ္လာၾကသည္ကို ေလ့လာေတြ႕ရၿပီး No Vote မဲမေပး ၾကေရး လႈပ္ရွားမႈမ်ား ျဖစ္လာသည္ကို ေတြ႕ရွိၾကရမည္ျဖစ္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီေ႐ြးေကာက္ပြဲ လုပ္သည့္ အခါတြင္ ရန္ကုန္ တစ္ၿမိဳ႕နယ္လုံး၌ ဆႏၵမဲေပးသူ ၁၄ ရာခိုင္ႏႈန္းေက်ာ္ ခန႔္ သာရွိသည္ကို သိရွိရၿပီး ျပည္သူ႔ကိုယ္စားလွယ္စစ္စစ္မျဖစ္ႏိုင္သည္ကို ေတြ႕ရွိ ၾကရမည္ ျဖစ္ေၾကာင္း။

အဆိုပါ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ေ႐ြးေကာက္ပြဲ သည္ မျပဳလုပ္ပါကလည္း ရသည့္အေျခအေနတြင္ျဖစ္ၿပီး NLD အစိုးရ အေနျဖင့္ ျပည္သူလူထု၏ ေ႐ြးေကာက္ပြဲအေပၚ ျပည္သူလူထု၏ စိတ္ပါဝင္စားမႈ ႏွင့္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲအေပၚ အကဲစမ္းမႈ တစ္ခုပင္ျဖစ္ခဲ့ေၾကာင္း၊ ၎တို႔အေန ျဖင့္ ေ႐ြးေကာက္ပြဲတြင္ မဲေပးသူမရွိ၊ မဲမရရွိပါက ႏိုင္ငံေရးအရ သိကၡာက်မည္ျဖစ္သျဖင့္ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးေကာ္မတီမ်ားဖြဲ႕စည္း လုပ္ေဆာင္ခဲ့သည္ကို ေတြ႕ရွိရ မည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲဥပေဒအေပၚတြင္ ေက်ာ္လြန္၍ အမိန႔္အမ်ိဳးမ်ိဳး ကို ထုတ္ျပန္ခဲ့သည္ကို ေတြ႕ျမင္ၾကရမည္ျဖစ္ ေၾကာင္း၊ ေ႐ြးေကာက္ပြဲျပဳလုပ္ခဲ့ ခ်ိန္တြင္ မိမိတို႔ တပ္မေတာ္သားမ်ားအေနျဖင့္ ျပည္သူမ်ားႏွင့္အတူ ျပင္ပ မဲ႐ုံ မ်ားတြင္ သတ္မွတ္စည္းကမ္းခ်က္မ်ား၊ COVID-19 ထုတ္ျပန္ခ်က္မ်ားႏွင့္အညီ မဲေပးခဲ့ေၾကာင္း၊ ထို႔ေနာက္ မဲစာရင္းရလဒ္မ်ား ထုတ္ျပန္ေၾကညာခဲ့ခ်ိန္တြင္ မဲ မသမာမႈမ်ားျဖစ္ေပၚႏိုင္သည္ကို သတိျပဳမိခဲ့ၿပီး ေ႐ြးေကာက္ပြဲဝင္ကိုယ္စားလွယ္ မ်ားႏွင့္ ပါတီမ်ား၏ ေတာင္းဆိုခ်က္မ်ားအရ တပ္မေတာ္က မဲစာရင္းမ်ား စစ္ေဆးခဲ့ရာတြင္ မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္းေပါင္း ၁၀ သန္းေက်ာ္ထိ ရွိေန သည္ကို စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း၊ စစ္ေဆးေတြ႕ရွိမႈမ်ားကိုလည္း ေန႔စဥ္ ထုတ္ျပန္ေပးခဲ့ေၾကာင္း။

ထိုသို႔မဲစာရင္းမ်ားႀကီးမားစြာမွားယြင္းမႈမ်ားကို ေျဖရွင္းေဆာင္႐ြက္ေပး ရန္ တာဝန္ရွိသူအဆင့္ဆင့္သို႔ တင္ျပခဲ့ေသာ္လည္း ေျဖရွင္းေပးျခင္းမရွိသည့္ အျပင္ တတိယအႀကိမ္လႊတ္ေတာ္ကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔တြင္ေခၚယူ၍ ႏိုင္ငံ ေတာ္၏ အာဏာကို အဓမၼရယူရန္အထိ လုပ္ေဆာင္လာခဲ့သျဖင့္ ႏိုင္ငံေတာ္ ကို ႏိုင္ငံေရးအရအေရးေပၚအေျခအေနအျဖစ္ေၾကညာကာ ယာယီသမၼတ၏ တာဝန္ လႊဲအပ္ခ်က္ အရ တရားဥပေဒႏွင့္အညီ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ထမ္းေဆာင္ ေနျခင္းပင္ျဖစ္ေၾကာင္း။

ထို႔ေနာက္ တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အာဏာကို သိမ္းယူျခင္းမဟုတ္ ဘဲ ဒီမိုကေရစီစနစ္ခိုင္မာေစေရး ဥပေဒႏွင့္ အညီလုပ္ေဆာင္ခဲ့ျခင္းျဖစ္သျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းေဆာင္႐ြက္ေနသည့္ အေျခအေန မ်ားႏွင့္ ပတ္သက္၍ ဒီမိုကေရစီစနစ္ႏွင့္အညီ အုပ္ခ်ဳပ္မႈလုပ္ငန္းမ်ား ပုံမွန္အ တိုင္း ျဖစ္ေစေရးအတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို တပ္ဘက္၊ အရပ္ဘက္မွ်တေအာင္ ဖြဲ႕စည္းခဲ့ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ေကာင္စီဥကၠ႒မ်ားကို အရပ္သားမ်ားျဖင့္သာ ဖြဲ႕စည္းေပးခဲ့ေၾကာင္း၊ လုပ္ရည္ ကိုင္ရည္ရွိၿပီး အရည္အခ်င္းရွိသူမ်ားကို ေ႐ြးျခယ္တာဝန္ေပးအပ္ခဲ့ျခင္း ျဖစ္ ေၾကာင္း။

စတင္တာဝန္ယူၿပီးသည့္ေနာက္ပိုင္း ပထမပတ္တာကာလအတြင္း တည္ ၿငိမ္ေအးခ်မ္းခဲ့ေသာ္လည္း ဒုတိယပတ္မွစ၍ ဆႏၵျပမႈမ်ား စတင္ျဖစ္ေပၚလာ ခဲ့ေၾကာင္း၊ ဆႏၵျပမႈမ်ားတြင္ ႐ိုးသားစြာျဖင့္ NLD ကို ဆႏၵမဲေပးခဲ့ၾကသူ မ်ားႏွင့္ မဲမသမာမႈမ်ားျဖစ္ေပၚေအာင္လုပ္ေဆာင္ခဲ့ၾကသူမ်ား၊ လႈံ႕ေဆာ္ေသြးထိုး သူမ်ားဟူ၍ အမ်ိဳးအစားႏွစ္ခုပါဝင္ေနသည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ထိုသို႔ ႏိုင္ငံေရးအျမတ္ထုတ္သူမ်ား၏ လႈံ႕ေဆာ္ေသြးထိုးမႈမ်ားေၾကာင့္ ၿငိမ္းခ်မ္း စြာဆႏၵျပမႈမ်ားမွတစ္ဆင့္ ဆူပူအၾကမ္းဖက္မႈ၊ မင္းမဲ့စ႐ိုက္ဆန္သည့္ ဥပေဒ ခ်ိဳးေဖာက္မႈ၊ လက္နက္ကိုင္အၾကမ္းဖက္သည့္ အဆင့္တို႔သို႔ ကူးစက္အသြင္ေျပာင္း လာခဲ့သည္ကိုေတြ႕ရွိရၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရး (Martial Law) ထုတ္ျပန္ ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားအေနျဖင့္ ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားအလိုက္ အနည္းဆုံးအင္အား၊ အနိမ့္ဆုံးအဆင့္ျဖင့္သာ ထိန္းထိန္းသိမ္းသိမ္းလုပ္ေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ဆူပူဆႏၵျပမႈမ်ား ေလ်ာ့နည္းကာ ပုံမွန္အေနအထားအတိုင္း ျပန္လည္ သြားလာလႈပ္ရွားလည္ပတ္လ်က္ရွိသည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္အေနျဖင့္ သန႔္ရွင္းသည့္ ဒီမိုကေရစီျဖစ္ေစေရး၊ ႐ိုးသားသည့္ ဒီမိုကေရစီျဖစ္ေစေရးကိုသာ လိုလားပါေၾကာင္း၊ လက္ရွိျဖစ္ေပၚခဲ့သည့္ မဲမသမာ မႈမ်ားသည့္ အလြန္ဆိုး႐ြားသည့္ ျဖစ္စဥ္ျဖစ္ၿပီး ႐ိုး႐ိုးေျဖလွ်င္ေအာင္သည့္ စာေမး ပြဲကို မတန္တဆ အမွတ္မ်ားလိုခ်င္သျဖင့္ မ႐ိုးသားေသာနည္းလမ္းျဖင့္ စာေမးပြဲ ေျဖဆိုသည္ႏွင့္ တူေနေၾကာင္း၊ ၁၉၅၆ ခုႏွစ္ ဟယ္ရီတန္အေရးအခင္းကဲ့သို႔ ျဖစ္ၿပီး လႊတ္ေတာ္အဖြဲ႕အစည္းသည္ “ ဟယ္ရီတန္ေၾကာင့္ စာေမးပြဲေအာင္သလို ” လုပ္၍ မရဘဲ မဲမသမာျခင္းသည္ ဒီမိုကေရစီစနစ္၊ ျပည္သူ႔ဆႏၵကို ပ်က္ရယ္ျပဳျခင္း၊ ဖ်က္ဆီးျခင္းပင္ျဖစ္ပါေၾကာင္း။

ဆက္လက္ၿပီး စီးပြားေရး၊ ပညာေရး၊ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရး ႏွင့္ ပတ္သက္၍ ယခင္အစိုးရအဆက္ဆက္လုပ္ေဆာင္ခဲ့သည့္ လုပ္ငန္းမ်ား၊ စီမံကိန္းမ်ားမွ ေဒသအတြက္ အက်ိဳးရွိမည့္ လုပ္ငန္းမ်ားကို ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ ေဒသတြင္း ေနထိုင္သည့္ ျပည္သူလူထု၏ ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားကို ဦးစားေပးေျဖရွင္းေပးရန္လို ေၾကာင္း၊ ဥပမာအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၌ မိုးတြင္းကာလ ၿမိဳ႕တြင္း၌ ေရႀကီး၊ ေရလွ်ံမႈ မျဖစ္ေရး၊ ယာဥ္စည္းကမ္း လိုက္နာေရး၊ ေျခာက္ေသြ႕ရာသီ၌ သုံးေရ လုံေလာက္ေရး စသည့္ လက္ေတြ႕ျပည္သူဘဝကို အက်ိဳးရွိေစမည္ကို ဦးစားေပးေဆာင္႐ြက္ရန္လို ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေမြးျမဴေရးကို အဓိကလုပ္ကိုင္သည့္ ႏိုင္ငံတစ္ခုျဖစ္ၿပီး ဆန္ကို ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔လ်က္ရွိ သည့္ ႏိုင္ငံတစ္ခုတြင္ ဆန္ မလုံေလာက္သည့္ ေဒသမ်ားရွိေနသည္ကို အေျဖရွာၾကရမည္ျဖစ္ေၾကာင္း၊ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ လူသုံးကုန္ ပစၥည္းမ်ားကို ျပင္ပမွ ဝယ္ယူ သုံးစြဲေနမႈမ်ားအား ေလ်ာ့ခ်ရန္လိုၿပီး ျပည္တြင္း၌ ထုတ္လုပ္သုံးစြဲႏိုင္မွသာလ်င္ တိုင္းျပည္အတြက္ အက်ိဳးရွိမည္ျဖစ္ေၾကာင္း။

ထို႔အျပင္တိုင္းျပည္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ ထုတ္ကုန္ ပစၥည္းမ်ားထုတ္လုပ္ႏိုင္ရန္လိုအပ္ေၾကာင္း၊ တိုင္းျပည္အတြက္ လက္ေတြ႕က် ေသာ ထုတ္ကုန္က႑မွာ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးက႑ျဖစ္သျဖင့္ စိုက္ပ်ိဳး ေမြးျမဴေရးေခတ္မီတိုးတက္ေအာင္ လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း၊ သြင္းအား စုေကာင္းေအာင္ ေဆာင္႐ြက္ျခင္းျဖင့္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားအရည္ အေသြး ျမႇင့္တင္ရန္လိုအပ္ေၾကာင္း၊ ကုန္ပစၥည္းမ်ားထုတ္လုပ္ရာတြင္လည္း ပစၥည္းခ်င္း တူလ်င္ ေဈးႏႈန္းသက္သာရမည္၊ ေဈးႏႈန္းခ်င္းတူပါက အရည္အေသြးပိုမို ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ တိုင္းျပည္ စီးပြားေရး ဖြံ႕ၿဖိဳး တိုးတက္မႈအတြက္ အေျခခံလိုအပ္ခ်က္မ်ားျဖစ္သည့္ လွ်ပ္စစ္ဓာတ္အားရရွိမႈ၊ သယ္ယူပို႔ေဆာင္ေရး ဆက္သြယ္ေရးေကာင္းမြန္မႈႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ မ်ားကို တိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ၾကရန္လိုေၾကာင္း။

လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပညာေရး က႑ သည္အေရးႀကီးေၾကာင္း၊ ႏိုင္ငံ့ပညာေရးအတြက္ ေက်ာင္းဆရာ၊ ဆရာမမ်ား ၏ အခန္းက႑မွာ လြန္စြာအေရးႀကီးေၾကာင္း၊ အေျခခံပညာက႑၊ အဆင့္ျမင့္ ပညာက႑မ်ားကိုအားေပးရမည္ျဖစ္ေၾကာင္း၊ အနာဂတ္တြင္ ေကာင္းမြန္ေသာ လူ႔စြမ္းအားအရင္းအျမစ္မ်ားႏွင့္ ဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံတစ္ခုျဖစ္ေပၚလာေစ ေရးအတြက္ ပညာေရးကိုအားေပးရမည္ျဖစ္ၿပီး ေကာင္းမြန္သည့္ လက္ဆင့္ကမ္း အေမြမ်ားကို ေပးခဲ့ရမည္ျဖစ္ေၾကာင္း။

ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ မိမိတာဝန္ ဝတၱရားကိုသိရွိၿပီး မိမိတာဝန္ ကို ေက်ပြန္ရန္လိုေၾကာင္း၊ တိုင္းျပည္အတြက္အလုပ္လုပ္ရမည္ျဖစ္ၿပီး မိမိ လုပ္ငန္းတာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္မွသာလ်င္ လုပ္ေဖာ္ကိုင္ဖက္ မ်ားႏွင့္ ျပည္သူက ေလးစားမည္ျဖစ္ေၾကာင္း၊ မိမိတိုင္းျပည္ႏွင့္ ျပည္သူလူထု၏ အက်ိဳးအတြက္ တစ္ဦးခ်င္းအသိစိတ္ဓာတ္မ်ားေကာင္းမြန္စြာျဖင့္ ႏိုင္ငံ့တာဝန္ မ်ားကို ေက်ပြန္ေအာင္ ဝိုင္းဝန္းထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကား ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။