နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၀/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၀/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့သည် ကြားကာလတာဝန်ယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သဖြင့် အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်၍ရသည်များကို နိုင်ငံအတွက် ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးစဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ်တွင် အခြေခံပြီးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မဲစားရင်းမှားယွင်း မှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ၂ ခုတွင် စစ်ဆေးဆောင်ရွက်ပြီးဖြစ်ပြီး မဲမသမာမှုများနှင့် အရေးယူဆောင်ရွက်မည့်အခြေအနေများအား နိုင်ငံသို့ အသိပေးသွားမည် ဖြစ်ကြောင်း။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်ပြီး ကမ္ဘာပေါ်တွင်ကူးစက်မှု နှုန်းများ မြင့်တက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ကူးစက်မှုနှုန်းအနေဖြင့် ယခုအခါ မေလ ၁ ရက်နေ့မှစ၍ ဆေးစစ်နိုင်မှုအရေအတွက်၏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိသဖြင့် မိမိတို့ နိုင်ငံအနေဖြင့်လည်း သတိထားဆောင်ရွက်ရမည်ဖြစ်ပြီး COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အချို့ စည်းကမ်းချက်များကိုလျှော့ပေါ့ပေး၍မရသေးကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ၁ သန်း ၉ သိန်းကျော် ထိုးနှံပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ဆက်လက်ဝယ်ယူရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ တက္ကသိုလ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး Social Distancing ကိုလည်း COVID-19 စည်းကမ်းအတိုင်း စံနမူနာပြ ဆောင်ရွက်သွားမည်ဆိုပါက COVID-19 ကာကွယ်ရေးအတွက်လည်း အထောက်အကူပြု မည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ပညာသင်ကြားလျက် ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့နိုင်ငံတွင် COVID – 19 ကြောင့် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး စီးပွားရေးနှင့် ပညာရေးတွင် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ COVID-19 ကြောင့် ကျဆင်းနေသည့် စီးပွားရေးအား ပြန်လည်ကုစားရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလဆန်း ပိုင်းမှစ၍ ကောလာဟလများထုတ်လွှင့်ပြီး ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်သည်အထိ ပြုလုပ်လာကြကြောင်း၊ ယခုနောက်ပိုင်း ဆူပူမှုများအရှိန်ကျလာ သော်လည်း ဘဏ်များထိခိုက်အောင် နိုင်ငံရေးအရ ဆောင်ရွက်လာသည်များရှိသဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စီးပွားရေးကျဆင်း လျက်ရှိကြောင်း၊ စီးပွားရေး လုပ်ငန်းများတွင် မဖြစ်မနေဆောင်ရွက်နေရသည့် လုပ်ငန်းမှာစားသောက်ကုန်လုပ်ငန်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်အားသာချက်ရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တွင် အရည်အသွေးပြည့်မီ၍ အထွက်နှုန်းကောင်းမွန်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များ ရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးမွေးမြူရန်လို ကြောင်း၊ စိုက်ပျိုးရေးသီးနှံများ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သုတေသနပြု စီမံဆောင်ရွက်လျက်ရှိကြောင်း။

ဆီထွက်သီးနှံသည်လည်း နိုင်ငံ၏အဓိကပို့ကုန်များတွင် ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူတစ်ဦးနှုန်းပျမ်းမျှဆီစားသုံးမှုသည် တစ်နှစ်လျှင် ၄ ဒသမ ၅ ပိဿာခန့်ရှိသဖြင့် စားသုံးမှု များပြားနေသေးကြောင်း၊ ပြည်တွင်း၌ စားသုံးဆီဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ပြည်ပမှဆီများ တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေများစွာ ကုန်ကျလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်သည့် ဒေသများတွင် ဆီထွက်သီးနှံများအောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ ဆီအထွက်နှုန်းတိုးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးနှင့် ကိုက်ညီစေရန် ဆီစားသုံးမှုလျှော့ချနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးနှင့် ညီညွတ်သည့် ဆီများစားသုံးနိုင်ရေး အတွက်လည်း ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများတွင် ပြန်လည်သန့်စင်ထားသည့် ဆီများမဖြစ်စေဘဲ အရည်အသွေးအာမခံနိုင်မှုရှိစေရေးအတွက် စနစ်တကျကြပ်မတ် ဆောင်ရွက် ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄၂ နှစ်သာရှိသဖြင့် အိမ်နီးချင်း နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆီများအလွန် အကျွံစားသုံးမှု၊ ဟင်းချိုမှုန့် စားသုံးမှု၊ မူးယစ်ဆေးဝါး၊ အရက်နှင့် ဆေးလိပ်သောက်သုံး မှုများကိုအသိတရားဖြင့် ထိန်းသိမ်းနိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများ၏ သက်တမ်းသည် ကမ္ဘာပေါ်တွင် စံချိန်မီသည့် လူ့သက်တမ်းဖြစ်စေရေးအတွက် အာဟာရပြည့်ဝသည့် စားသောက်ကုန်များ အား ဈေးနှုန်းသက်သာစွာဖြင့်ရရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာသည့်နေထိုင် စားသောက်မှုပုံစံ နေထိုင်စားသောက်နိုင်ရေးအတွက် အသိပညာ ပေးခြင်းများကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည့် တိရိစ္ဆာန်အစာများအား ပြည်ပနိုင်ငံများမှ တင်သွင်း နေရမှုများရှိကြောင်း၊ နိုင်ငံအတွင်း တိရိစ္ဆာန်အစာများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ ပေါများစွာရှိသဖြင့် တိရိစ္ဆာန်အစာစပ်လုပ်ငန်းများဆောင်ရွက်၍ ပြည်တွင်း၌လုံလောက်အောင် ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှဝယ်ယူသုံးစွဲမှုများလျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စားသောက်ကုန်များအား ပြည်တွင်း၌ သက်သာသော ဈေးနှုန်းများဖြင့် ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ကုန်ဈေးနှုန်း များအား ပြည်သူများဈေးသက်သက်သာသာဖြင့် စားသုံးနိုင်ရေးဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။

နိုင်ငံအတွက် အဓိကကျသည့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် SME နှင့် သမဝါယမလုပ်ငန်းများကို ဖေါ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လျက် ရှိသည့် စက်မှုနိုင်ငံကြီးများ၌ပင် သမဝါယမလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် SME နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကို အားပေးရန်လိုပြီး ထုတ်ကုန်များအား သမဝါယမစနစ်ဖြင့် တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် ကုန်ထုတ် လုပ်သူများအတွက် အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ပြည်သူများအသိပညာမြင့်မားရေးနှင့်ပတ်သက်၍ ပညာတတ်မြောက်ရန်လိုအပ်ပြီး “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟု ပညာရေးဆောင်ပုဒ်ရှိကြောင်း၊ အသိ တရားနှင့် အမျိုးသားရေးစိတ်ဓာတ်ရှိအောင် ပြောကြားထားခြင်းပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်း မသင်မနေရအခြေခံပညာများကို သင်ကြားရမည် ဖြစ်သည် ဟု ပြဌာန်းထားကြောင်း၊ သို့ဖြစ်၍နိုင်ငံသားတိုင်း ပညာသင်ကြားခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ပညာ ရည် မြင့်မားရေးကို ဦးစားပေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ ထိထိ‌ရောက်ရောက် ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်ရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအား ၎င်းတို့ရရှိထားသည့် ဘွဲ့အရည်အချင်း များအလိုက် ထောက်ပံ့ကြေးများပေးအပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အခါစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ဆောင်ရွက်ချိန်တွင် အနှောင့်အယှက်ပြုလုပ် ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း၊ သင်ရိုးညွှန်းတန်းများနှင့်ပတ်သက်၍ ယခင်အစိုးရများကရေးဆွဲအတည်ပြုခဲ့သည့် အမျိုးသား ပညာရည်မြင့်မားရေးအနှစ်(၃၀)နှစ်ရှည်စီမံကိန်း အတိုင်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ စာသင်ကျောင်းများပြန်လည် မဖွင့်လှစ်နိုင်ရေး နှောင့်ယှက်ဆောင်ရွက်နေမှုများ သည် တိုင်းပြည်ဖျက်နေသည့် လုပ်ရပ်ဖြစ်ပြီး ဆိုးရွားသော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အဆိုပါ အဖျက်လုပ်ငန်းဆောင်ရွက်နေမှုများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ် သွားရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များနှင့် နိုင်ငံရေးဆိုင်ရာထိုးနှက် ချက်များကြောင့် အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်ပြီး CDM တွင်ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမ များ အနေဖြင့်လည်း သက်ဆိုင်ရာကျောင်းများသို့ ဆက်သွယ်သတင်းပို့စေလိုကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာ၊ ဆရာမများ လိုအပ်ချက်ရှိပါကဖြည့်တင်းနိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်စီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံကောင်းကျိုးအတွက် အဓိကထား ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ယခင်အစိုးရလက်ထက်တွင် ငှားရမ်းအသုံးပြုခဲ့သည့် နိုင်ငံခြားသား အကြံပေး များ ငှားရမ်းစရိတ်နှင့် နိုင်ငံတော်လုံခြုံရေး ကျိုးပေါက်မှုကိစ္စရပ်များကို ပြန်လည်စုံစမ်းဖော် ထုတ်သွားရေး၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးအစီအမံများ ချမှတ်၍ ပြည်သူလူထုနှင့် လုံခြုံရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် ကျောင်းသားများ၏ အနာဂတ်ကို နှောက်ယှက်ဖျက်ဆီးသူများအား ထိရောက်စွာ ဖော်ထုတ် အရေးယူရေး၊ ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးနှင့် ပြည်သူများ ယုံကြည်မှုရှိလာအောင်ဆောင်ရွက်ရေး၊ ဆိုလာလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရေး၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အာမခံချက် ရှိစေရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ပြဋ္ဌာန်းပေးရေး၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ ကျောင်းများတွင် အရည်အသွေးပြည့်ဝသည့် အားကစားနည်းပြများ ထပ်မံခန့် ထားရေး၊ မောင်တောနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင် ရေး၊ မြို့ရွာများ အမှိုက်သိမ်းစနစ်နှင့် ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်း များ စနစ်တကျရှိစေရေး၊ ဆီထွက်သီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေနှင့် စိုက်ပျိုးနည်း စနစ်များ ပံ့ပိုးပေးရေး၊ အခြေခံပညာစာသင်ကျောင်းများတွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး ပညာရပ်များ ထည့်သွင်းသင်ကြားပေးရေး၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများနှင့် ဝေးလံခေါင်ဖျား ဒေသများတွင် ကျေးလက်ကျန်းမာရေးဌာနများ၊ ဆေးကုသရေးစင်တာများ ဖွင့်လှစ်ပေးရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ကူညီထောက်ပံ့ပေးရေး၊ မော်လမြိုင်-ရေး-ထားဝယ် မီးရထားလမ်း ပြေးဆွဲနိုင်ရေး၊ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှုအပေါ် တိကျထိရောက်စွာ တုံ့ပြန် ဆောင်ရွက်ရေး၊ တစ်နှစ်တာပြက္ခဒိန်တွင် အများပြည်သူ ရုံးပိတ်ရက် သတ်မှတ်ခြင်းကိစ္စ တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အားကစားကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာ့အားကစား ပြန်လည် မြှင့်တင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပွဲကြည့်စင်နှင့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းများ တည်ဆောက်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မိုးလုံလေလုံအားကစားရုံများ၊ ဒိုင်ဗင်ထိုးစင်ပါ ရေကူးကန်များတည်ဆောက်ပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်း မြင့်မားလာစေရန် အားကစားသမားများအတွက် ကြံ့ခိုင်ရေး နည်းပြများနှင့် အားကစားစနစ်နည်းပြများခန့်အပ်ပြီး လေ့ကျင့်ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူလူထု ကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်များအလိုက် လမ်းလျှောက်နိုင်သည့် ဧရိယာများသတ်မှတ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် အားကစားနည်းပြ ကာယဆရာများ ခန့်အပ်နိုင်ရေးအတွက် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များတွင် ကာယဆရာများ ပိုမိုလေ့ကျင့်မွေးထုတ် ပေးရမည်ဖြစ်ကြောင်း။

စာပေသင်ကြားရေးနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများတွင် ကောင်းမွန်စွာ စာပေသင်ကြားပေးနိုင်မှသာ ကျောင်းသားကျောင်းသူများအနေဖြင့် အဆင့်မြင့် ပညာရပ်များ ကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အနေဖြင့် အခြေခံပညာအဆင့်တွင် အလေးထား၍ လေ့ကျင့်သင်ကြားပေးရန် လိုအပ် ကြောင်း။

အလားတူမြို့ရွာ စည်ပင်သာယာရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှိုက်သိမ်းစနစ် ကောင်းမွန်ပြီး ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်၍ လူထုကိုအသိပညာပေးပြီး ပြည်သူလူထု ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသည့် ဌာနများအနေဖြင့် လည်း အမှိုက်စွန့်ပစ်သည့်စနစ်နှင့် အမှိုက်သိမ်းသည့်စနစ်တို့ကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရန်လိုကြောင်း။

စားသုံးဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆီထွက်သီးနှံများကြိတ်ခွဲရာတွင် အဆင့်မြင့် နည်းပညာများအသုံးပြုနိုင်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ အထွက် နှုန်းတိုးအောင် ဆောင်ရွက်ပေးရမည့်အပြင် မျိုးကောင်းမျိုးသန့်၊ မြေဩဇာနှင့် နည်းပညာများ ထောက်ပံ့ပေးရန်လိုကြောင်း၊ အထွက်နှုန်းတိုး၍ နည်းပညာမြင့် ထုတ်ကုန် များ ထုတ်လုပ်နိုင်မှသာ စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေပိုမိုရရှိမည်ဖြစ်ပြီး လူမှုဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့်စပ်လျဉ်း၍ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသည် မြန်မာ့ပညာရေးစနစ်အတွက် ခေတ်အဆက်ဆက်များစွာ အထောက် အကူပြုခဲ့ကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အဆင်ပြေစွာ ပညာသင်ကြား နိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာဝန်၊ သူနာပြုများ ခန့်ထားရေးနှင့်ပတ်သက်၍ လိုအပ်လျက်ရှိသည့် နေရာဒေသများတွင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း၊ အများပြည်သူရုံးပိတ်ရက်များ သတ်မှတ်ရာတွင် လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် မျှော်မှန်းကာလုပ်ငန်းဆောင်ရွက်မှုများ မထိခိုက်အောင် နိုင်ငံတကာ နှင့် နှိုင်းယှဉ်စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၁၀/၂၀၂၁)သို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ ေမ ၁၀

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝး (၁၀/၂၀၂၁)ကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ေဒါက္တာဗညားေအာင္မိုး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဦးေ႐ႊႀကိမ္း၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးတို႔ တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဖြင့္ အမွာစကားေျပာၾကားရာတြင္ မိမိတို႔သည္ ၾကားကာလတာဝန္ယူသည့္ အဖြဲ႕အစည္းတစ္ခု ျဖစ္သျဖင့္ အခ်ိန္တိုအတြင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္၍ရသည္မ်ားကို ႏိုင္ငံအတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ ဦးစားေပးစဥ္းစားေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္အေပၚတြင္ အေျခခံၿပီးေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း၊ မဲစားရင္းမွားယြင္း မႈမ်ားႏွင့္ပတ္သက္၍ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ၂ ခုတြင္ စစ္ေဆးေဆာင္႐ြက္ၿပီးျဖစ္ၿပီး မဲမသမာမႈမ်ားႏွင့္ အေရးယူေဆာင္႐ြက္မည့္အေျခအေနမ်ားအား ႏိုင္ငံသို႔ အသိေပးသြားမည္ ျဖစ္ေၾကာင္း။

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးႏွင့္ပတ္သက္ၿပီး ကမာၻေပၚတြင္ကူးစက္မႈ ႏႈန္းမ်ား ျမင့္တက္လ်က္ရွိေသာ္လည္း မိမိတို႔ႏိုင္ငံတြင္ ကူးစက္မႈႏႈန္းအေနျဖင့္ ယခုအခါ ေမလ ၁ ရက္ေန႔မွစ၍ ေဆးစစ္ႏိုင္မႈအေရအတြက္၏ ၁ ရာခိုင္ႏႈန္းမွ ၂ ရာခိုင္ႏႈန္း ခန႔္သာ ရွိေၾကာင္း၊ သို႔ေသာ္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ကူးစက္မႈႏႈန္းျမင့္တက္လ်က္ရွိသျဖင့္ မိမိတို႔ ႏိုင္ငံအေနျဖင့္လည္း သတိထားေဆာင္႐ြက္ရမည္ျဖစ္ၿပီး COVID-19 ႏွင့္ပတ္သက္၍ ထုတ္ျပန္ထားသည့္ အခ်ိဳ႕ စည္းကမ္းခ်က္မ်ားကိုေလွ်ာ့ေပါ့ေပး၍မရေသးေၾကာင္း၊ COVID-19 ကာကြယ္ေဆးထိုးႏွံမႈႏွင့္ပတ္သက္၍ မိမိတို႔ႏိုင္ငံတြင္ ၁ သန္း ၉ သိန္းေက်ာ္ ထိုးႏွံၿပီး ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးမ်ား ဆက္လက္ဝယ္ယူရရွိႏိုင္ေရးအတြက္လည္း ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခုအခါ တကၠသိုလ္၊ ေကာလိပ္မ်ား ျပန္လည္ဖြင့္လွစ္သင္ၾကား ေပးလ်က္ရွိၿပီး Social Distancing ကိုလည္း COVID-19 စည္းကမ္းအတိုင္း စံနမူနာျပ ေဆာင္႐ြက္သြားမည္ဆိုပါက COVID-19 ကာကြယ္ေရးအတြက္လည္း အေထာက္အကူျပဳ မည္ျဖစ္ေၾကာင္း၊ တကၠသိုလ္၊ ေကာလိပ္မ်ားမွ ဆရာ၊ ဆရာမမ်ားႏွင့္ ပညာသင္ၾကားလ်က္ ရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကိုလည္း COVID-19 ကာကြယ္ေဆးထိုးႏွံေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

မိမိတို႔ႏိုင္ငံတြင္ COVID – 19 ေၾကာင့္ လုပ္ငန္းမ်ား ရပ္တန႔္ခဲ့ရၿပီး စီးပြားေရးႏွင့္ ပညာေရးတြင္ ထိခိုက္ဆုံးရႈံးမႈမ်ားရွိခဲ့ေၾကာင္း၊ COVID-19 ေၾကာင့္ က်ဆင္းေနသည့္ စီးပြားေရးအား ျပန္လည္ကုစားေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေဖေဖာ္ဝါရီလဆန္း ပိုင္းမွစ၍ ေကာလာဟလမ်ားထုတ္လႊင့္ၿပီး ဆႏၵျပမႈမ်ားမွတစ္ဆင့္ အၾကမ္းဖက္လုပ္ရပ္မ်ား ေဆာင္႐ြက္သည္အထိ ျပဳလုပ္လာၾကေၾကာင္း၊ ယခုေနာက္ပိုင္း ဆူပူမႈမ်ားအရွိန္က်လာ ေသာ္လည္း ဘဏ္မ်ားထိခိုက္ေအာင္ ႏိုင္ငံေရးအရ ေဆာင္႐ြက္လာသည္မ်ားရွိသျဖင့္ မိမိတို႔အေနျဖင့္ ထိန္းသိမ္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ COVID-19 ေရာဂါျဖစ္ပြားမႈ ေၾကာင့္ တစ္ကမာၻလုံး အတိုင္းအတာျဖင့္ စီးပြားေရးက်ဆင္း လ်က္ရွိေၾကာင္း၊ စီးပြားေရး လုပ္ငန္းမ်ားတြင္ မျဖစ္မေနေဆာင္႐ြက္ေနရသည့္ လုပ္ငန္းမွာစားေသာက္ကုန္လုပ္ငန္း ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္အားသာခ်က္ရွိေသာ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ျဖစ္ထြန္းေစေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား တြင္ အရည္အေသြးျပည့္မီ၍ အထြက္ႏႈန္းေကာင္းမြန္ၿပီး ျပည္တြင္း၊ ျပည္ပေဈးကြက္မ်ား ရရွိႏိုင္သည့္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ား စိုက္ပ်ိဳးေမြးျမဴရန္လို ေၾကာင္း၊ စိုက္ပ်ိဳးေရးသီးႏွံမ်ား မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားရရွိေရးအတြက္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဌာနမွ သုေတသနျပဳ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း။

ဆီထြက္သီးႏွံသည္လည္း ႏိုင္ငံ၏အဓိကပို႔ကုန္မ်ားတြင္ ပါဝင္ေၾကာင္း၊ မိမိတို႔ႏိုင္ငံရွိ လူတစ္ဦးႏႈန္းပ်မ္းမွ်ဆီစားသုံးမႈသည္ တစ္ႏွစ္လွ်င္ ၄ ဒသမ ၅ ပိႆာခန႔္ရွိသျဖင့္ စားသုံးမႈ မ်ားျပားေနေသးေၾကာင္း၊ ျပည္တြင္း၌ စားသုံးဆီဖူလုံေအာင္ထုတ္လုပ္ႏိုင္ျခင္းမရွိသျဖင့္ ျပည္ပမွဆီမ်ား တင္သြင္းေနရမႈေၾကာင့္ ႏိုင္ငံျခားေငြမ်ားစြာ ကုန္က်လ်က္ရွိေၾကာင္း၊ ျပည္တြင္းစားသုံးဆီ ဖူလုံစြာရရွိႏိုင္ေရး ေဆာင္႐ြက္ရမည္ျဖစ္သျဖင့္ ဆီထြက္သီးႏွံမ်ား စိုက္ပ်ိဳးႏိုင္သည့္ ေဒသမ်ားတြင္ ဆီထြက္သီးႏွံမ်ားေအာင္ျမင္ျဖစ္ထြန္းေအာင္ေဆာင္႐ြက္၍ ဆီအထြက္ႏႈန္းတိုးေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားက်န္းမာေရးႏွင့္ ကိုက္ညီေစရန္ ဆီစားသုံးမႈေလွ်ာ့ခ်ႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန ႏွင့္ ျပန္ၾကားေရးဝန္ႀကီးဌာနတို႔မွ ပညာေပးလုပ္ငန္းမ်ားအား စဥ္ဆက္မျပတ္ ေဆာင္႐ြက္ ရမည္ ျဖစ္ေၾကာင္း၊ ျပည္သူမ်ားက်န္းမာေရးႏွင့္ ညီၫြတ္သည့္ ဆီမ်ားစားသုံးႏိုင္ေရး အတြက္လည္း ျပည္ပမွ တင္သြင္းသည့္ စားသုံးဆီမ်ားတြင္ ျပန္လည္သန႔္စင္ထားသည့္ ဆီမ်ားမျဖစ္ေစဘဲ အရည္အေသြးအာမခံႏိုင္မႈရွိေစေရးအတြက္ စနစ္တက်ၾကပ္မတ္ ေဆာင္႐ြက္ ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ ၆၇ ဒသမ ၄၂ ႏွစ္သာရွိသျဖင့္ အိမ္နီးခ်င္း ႏိုင္ငံမ်ားတြင္ အနိမ့္ဆုံးျဖစ္သည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ က်န္းမာေရးကို ထိခိုက္ေစႏိုင္သည့္ ဆီမ်ားအလြန္ အကြၽံစားသုံးမႈ၊ ဟင္းခ်ိဳမႈန႔္ စားသုံးမႈ၊ မူးယစ္ေဆးဝါး၊ အရက္ႏွင့္ ေဆးလိပ္ေသာက္သုံး မႈမ်ားကိုအသိတရားျဖင့္ ထိန္းသိမ္းႏိုင္ေရး ၾကပ္မတ္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံရွိ ျပည္သူမ်ား၏ သက္တမ္းသည္ ကမာၻေပၚတြင္ စံခ်ိန္မီသည့္ လူ႔သက္တမ္းျဖစ္ေစေရးအတြက္ အာဟာရျပည့္ဝသည့္ စားေသာက္ကုန္မ်ား အား ေဈးႏႈန္းသက္သာစြာျဖင့္ရရွိေအာင္ ေဆာင္႐ြက္ေပးျခင္းႏွင့္ က်န္းမာသည့္ေနထိုင္ စားေသာက္မႈပုံစံ ေနထိုင္စားေသာက္ႏိုင္ေရးအတြက္ အသိပညာ ေပးျခင္းမ်ားကို ေဆာင္႐ြက္ ေပးရမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံတြင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိရာ ေမြးျမဴေရး လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ လိုအပ္သည့္ တိရိစာၦန္အစာမ်ားအား ျပည္ပႏိုင္ငံမ်ားမွ တင္သြင္း ေနရမႈမ်ားရွိေၾကာင္း၊ ႏိုင္ငံအတြင္း တိရိစာၦန္အစာမ်ား ထုတ္လုပ္ႏိုင္ေရးအတြက္ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား ေပါမ်ားစြာရွိသျဖင့္ တိရိစာၦန္အစာစပ္လုပ္ငန္းမ်ားေဆာင္႐ြက္၍ ျပည္တြင္း၌လုံေလာက္ေအာင္ ထုတ္လုပ္ျခင္းျဖင့္ ျပည္ပမွဝယ္ယူသုံးစြဲမႈမ်ားေလွ်ာ့ခ်ႏိုင္ၿပီး ႏိုင္ငံျခားေငြသုံးစြဲမႈမ်ား ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ စားေသာက္ကုန္မ်ားအား ျပည္တြင္း၌ သက္သာေသာ ေဈးႏႈန္းမ်ားျဖင့္ ဖူလုံေအာင္ထုတ္လုပ္ႏိုင္ျခင္းျဖင့္ စားေသာက္ကုန္ေဈးႏႈန္း မ်ားအား ျပည္သူမ်ားေဈးသက္သက္သာသာျဖင့္ စားသုံးႏိုင္ေရးေဆာင္႐ြက္ႏိုင္မည္ျဖစ္ ေၾကာင္း။

ႏိုင္ငံအတြက္ အဓိကက်သည့္ စီးပြားေရးလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္အတြက္ SME ႏွင့္ သမဝါယမလုပ္ငန္းမ်ားကို ေဖၚေဆာင္ေပးရမည္ျဖစ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္လ်က္ ရွိသည့္ စက္မႈႏိုင္ငံႀကီးမ်ား၌ပင္ သမဝါယမလုပ္ငန္းမ်ားကို က်ယ္က်ယ္ျပန္႔ျပန႔္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အလိုက္ SME ႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ကို အားေပးရန္လိုၿပီး ထုတ္ကုန္မ်ားအား သမဝါယမစနစ္ျဖင့္ တိုက္႐ိုက္ေရာင္းခ်ႏိုင္ျခင္းျဖင့္ ကုန္ထုတ္ လုပ္သူမ်ားအတြက္ အက်ိဳးမ်ားစြာျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း။

ျပည္သူမ်ားအသိပညာျမင့္မားေရးႏွင့္ပတ္သက္၍ ပညာတတ္ေျမာက္ရန္လိုအပ္ၿပီး “အမ်ိဳးသားစည္းကမ္းအစ စာသင္ေက်ာင္းက” ဟု ပညာေရးေဆာင္ပုဒ္ရွိေၾကာင္း၊ အသိ တရားႏွင့္ အမ်ိဳးသားေရးစိတ္ဓာတ္ရွိေအာင္ ေျပာၾကားထားျခင္းပင္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒတြင္ ႏိုင္ငံသားတိုင္း မသင္မေနရအေျခခံပညာမ်ားကို သင္ၾကားရမည္ ျဖစ္သည္ ဟု ျပဌာန္းထားေၾကာင္း၊ သို႔ျဖစ္၍ႏိုင္ငံသားတိုင္း ပညာသင္ၾကားခြင့္ဆုံးရႈံးမႈမရွိေစေရးႏွင့္ ပညာ ရည္ ျမင့္မားေရးကို ဦးစားေပးေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း။

ပညာရည္ျမႇင့္တင္ေရးႏွင့္ပတ္သက္၍ ထိထိ‌ေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ေရး စီမံ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဆရာ၊ ဆရာမမ်ားအား ၎တို႔ရရွိထားသည့္ ဘြဲ႕အရည္အခ်င္း မ်ားအလိုက္ ေထာက္ပံ့ေၾကးမ်ားေပးအပ္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခု အခါစာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ေဆာင္႐ြက္ခ်ိန္တြင္ အေႏွာင့္အယွက္ျပဳလုပ္ ျခင္းႏွင့္ ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္လာသည္ကို ေတြ႕ရွိရေၾကာင္း၊ မိမိတို႔အေနျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာတတ္ေျမာက္ေစရန္အတြက္ ရည္႐ြယ္ဖြင့္လွစ္ျခင္းျဖစ္ ေၾကာင္း၊ သင္႐ိုးၫႊန္းတန္းမ်ားႏွင့္ပတ္သက္၍ ယခင္အစိုးရမ်ားကေရးဆြဲအတည္ျပဳခဲ့သည့္ အမ်ိဳးသား ပညာရည္ျမင့္မားေရးအႏွစ္(၃၀)ႏွစ္ရွည္စီမံကိန္း အတိုင္းေဆာင္႐ြက္ေနျခင္းျဖစ္ ေၾကာင္း၊ စာသင္ေက်ာင္းမ်ားျပန္လည္ မဖြင့္လွစ္ႏိုင္ေရး ေႏွာင့္ယွက္ေဆာင္႐ြက္ေနမႈမ်ား သည္ တိုင္းျပည္ဖ်က္ေနသည့္ လုပ္ရပ္ျဖစ္ၿပီး ဆိုး႐ြားေသာ လုပ္ေဆာင္ခ်က္ျဖစ္ေၾကာင္း၊ အဆိုပါ အဖ်က္လုပ္ငန္းေဆာင္႐ြက္ေနမႈမ်ားကို ထိထိေရာက္ေရာက္ ထိန္းသိမ္းကာကြယ္ သြားရန္လိုေၾကာင္း၊ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ အားနည္းခ်က္မ်ားႏွင့္ ႏိုင္ငံေရးဆိုင္ရာထိုးႏွက္ ခ်က္မ်ားေၾကာင့္ အထင္အျမင္လြဲမွားမႈမ်ားျဖစ္ေပၚၿပီး CDM တြင္ပါဝင္ခဲ့သည့္ ဆရာ၊ ဆရာမ မ်ား အေနျဖင့္လည္း သက္ဆိုင္ရာေက်ာင္းမ်ားသို႔ ဆက္သြယ္သတင္းပို႔ေစလိုေၾကာင္း၊ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ ဆရာ၊ ဆရာမမ်ား လိုအပ္ခ်က္ရွိပါကျဖည့္တင္းႏိုင္ေရး အတြက္လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားအေနျဖင့္ ႏိုင္ငံအတြက္ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ဘက္ေပါင္းစုံမွ စဥ္းစားေဆာင္႐ြက္ရန္လိုေၾကာင္း၊ ႏိုင္ငံေကာင္းက်ိဳးအတြက္ အဓိကထား ေဆာင္႐ြက္ၾကရန္ လိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ေဒါက္တာဗညားေအာင္မိုး၊ ဦးေ႐ႊႀကိမ္းႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးတို႔က ယခင္အစိုးရလက္ထက္တြင္ ငွားရမ္းအသုံးျပဳခဲ့သည့္ ႏိုင္ငံျခားသား အႀကံေပး မ်ား ငွားရမ္းစရိတ္ႏွင့္ ႏိုင္ငံေတာ္လုံၿခဳံေရး က်ိဳးေပါက္မႈကိစၥရပ္မ်ားကို ျပန္လည္စုံစမ္းေဖာ္ ထုတ္သြားေရး၊ တကၠသိုလ္၊ ေကာလိပ္ႏွင့္ အေျခခံေက်ာင္းမ်ား ဖြင့္လွစ္ခ်ိန္တြင္ ေက်ာင္းသား ေက်ာင္းသူမ်ား စိတ္ေအးခ်မ္းသာစြာ ပညာသင္ၾကားႏိုင္ေရးအတြက္ လုံၿခဳံေရးအစီအမံမ်ား ခ်မွတ္၍ ျပည္သူလူထုႏွင့္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ား ပူးေပါင္းေဆာင္႐ြက္ေရး၊ တိုင္းျပည္ႏွင့္ ေက်ာင္းသားမ်ား၏ အနာဂတ္ကို ေႏွာက္ယွက္ဖ်က္ဆီးသူမ်ားအား ထိေရာက္စြာ ေဖာ္ထုတ္ အေရးယူေရး၊ ဘဏ္လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕စြာ လည္ပတ္ႏိုင္ေရးႏွင့္ ျပည္သူမ်ား ယုံၾကည္မႈရွိလာေအာင္ေဆာင္႐ြက္ေရး၊ ဆိုလာလွ်ပ္စစ္ ထုတ္လုပ္ေရးလုပ္ငန္းမ်ားႏွင့္ စပ္လ်ဥ္း၍ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈအနည္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေရး၊ ျပည္တြင္း ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား အာမခံခ်က္ ရွိေစေရးအတြက္ လိုအပ္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ဥပေဒ၊ နည္းဥပေဒ၊ အမိန႔္၊ ၫႊန္ၾကားခ်က္မ်ား ျပ႒ာန္းေပးေရး၊ တကၠသိုလ္၊ ေကာလိပ္ႏွင့္ အေျခခံပညာ ေက်ာင္းမ်ားတြင္ အရည္အေသြးျပည့္ဝသည့္ အားကစားနည္းျပမ်ား ထပ္မံခန႔္ ထားေရး၊ ေမာင္ေတာနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း အဆင္ေျပေခ်ာေမြ႕စြာ အသုံးျပဳႏိုင္ ေရး၊ ၿမိဳ႕႐ြာမ်ား အမႈိက္သိမ္းစနစ္ႏွင့္ ေရစီးေရလာေကာင္းမြန္ေရး ေရႏုတ္ေျမာင္း မ်ား စနစ္တက်ရွိေစေရး၊ ဆီထြက္သီးႏွံမ်ားအတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြႏွင့္ စိုက္ပ်ိဳးနည္း စနစ္မ်ား ပံ့ပိုးေပးေရး၊ အေျခခံပညာစာသင္ေက်ာင္းမ်ားတြင္ သိပၸံနည္းက် စိုက္ပ်ိဳးေရး ပညာရပ္မ်ား ထည့္သြင္းသင္ၾကားေပးေရး၊ တနသၤာရီတိုင္းေဒသႀကီးရွိ ကြၽန္းမ်ားႏွင့္ ေဝးလံေခါင္ဖ်ား ေဒသမ်ားတြင္ ေက်းလက္က်န္းမာေရးဌာနမ်ား၊ ေဆးကုသေရးစင္တာမ်ား ဖြင့္လွစ္ေပးေရး၊ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ားကို ကူညီေထာက္ပံ့ေပးေရး၊ ေမာ္လၿမိဳင္-ေရး-ထားဝယ္ မီးရထားလမ္း ေျပးဆြဲႏိုင္ေရး၊ မဟုတ္မမွန္သတင္းမ်ား ထုတ္လႊင့္ေနမႈအေပၚ တိက်ထိေရာက္စြာ တုံ႔ျပန္ ေဆာင္႐ြက္ေရး၊ တစ္ႏွစ္တာျပကၡဒိန္တြင္ အမ်ားျပည္သူ ႐ုံးပိတ္ရက္ သတ္မွတ္ျခင္းကိစၥ တို႔ႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးတင္ျပၾကသည္။

 

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အားကစားက႑ႏွင့္ပတ္သက္ၿပီး ျမန္မာ့အားကစား ျပန္လည္ ျမႇင့္တင္ေရးအတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြးၿပီးျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ပြဲၾကည့္စင္ႏွင့္ မီတာ ၄၀၀ ေျပးလမ္းပါ ေဘာလုံးကြင္းမ်ား တည္ေဆာက္ေပးရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ျပင္ မိုးလုံေလလုံအားကစား႐ုံမ်ား၊ ဒိုင္ဗင္ထိုးစင္ပါ ေရကူးကန္မ်ားတည္ေဆာက္ေပးရန္ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ မိမိတို႔ႏိုင္ငံ၏ အားကစားအဆင့္အတန္း ျမင့္မားလာေစရန္ အားကစားသမားမ်ားအတြက္ ႀကံ့ခိုင္ေရး နည္းျပမ်ားႏွင့္ အားကစားစနစ္နည္းျပမ်ားခန႔္အပ္ၿပီး ေလ့က်င့္ေဆာင္႐ြက္ႏိုင္ေရး စီမံ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ျပင္ ျပည္သူလူထု က်န္းမာေရးလႈပ္ရွားမႈမ်ား ေဆာင္႐ြက္ ႏိုင္ရန္အတြက္ ၿမိဳ႕နယ္မ်ားအလိုက္ လမ္းေလွ်ာက္ႏိုင္သည့္ ဧရိယာမ်ားသတ္မွတ္ ျပဳလုပ္ေပးရန္ လိုအပ္ေၾကာင္း၊ စာသင္ေက်ာင္းမ်ားတြင္ အားကစားနည္းျပ ကာယဆရာမ်ား ခန႔္အပ္ႏိုင္ေရးအတြက္ သက္ဆိုင္ရာတကၠသိုလ္၊ ေကာလိပ္မ်ားတြင္ ကာယဆရာမ်ား ပိုမိုေလ့က်င့္ေမြးထုတ္ ေပးရမည္ျဖစ္ေၾကာင္း။

စာေပသင္ၾကားေရးႏွင့္ပတ္သက္၍ အေျခခံပညာေက်ာင္းမ်ားတြင္ ေကာင္းမြန္စြာ စာေပသင္ၾကားေပးႏိုင္မွသာ ေက်ာင္းသားေက်ာင္းသူမ်ားအေနျဖင့္ အဆင့္ျမင့္ ပညာရပ္မ်ား ကို ေကာင္းမြန္စြာ ေလ့က်င့္သင္ၾကားႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဆရာ၊ ဆရာမမ်ား အေနျဖင့္ အေျခခံပညာအဆင့္တြင္ အေလးထား၍ ေလ့က်င့္သင္ၾကားေပးရန္ လိုအပ္ ေၾကာင္း။

အလားတူၿမိဳ႕႐ြာ စည္ပင္သာယာေရး ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ အမႈိက္သိမ္းစနစ္ ေကာင္းမြန္ၿပီး ေရႏုတ္ေျမာင္းမ်ား ေရစီးေရလာေကာင္းမြန္ေစရန္ ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ အမႈိက္စြန႔္ပစ္မႈႏွင့္ပတ္သက္၍ လူထုကိုအသိပညာေပးၿပီး ျပည္သူလူထု ပူးေပါင္းပါဝင္လာေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ တာဝန္ရွိသည့္ ဌာနမ်ားအေနျဖင့္ လည္း အမႈိက္စြန႔္ပစ္သည့္စနစ္ႏွင့္ အမႈိက္သိမ္းသည့္စနစ္တို႔ကို ပိုမိုေကာင္းမြန္လာေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း။

စားသုံးဆီထုတ္လုပ္မႈႏွင့္ပတ္သက္၍ ဆီထြက္သီးႏွံမ်ားႀကိတ္ခြဲရာတြင္ အဆင့္ျမင့္ နည္းပညာမ်ားအသုံးျပဳႏိုင္ေအာင္ စီမံေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ဆီထြက္သီးႏွံမ်ား အထြက္ ႏႈန္းတိုးေအာင္ ေဆာင္႐ြက္ေပးရမည့္အျပင္ မ်ိဳးေကာင္းမ်ိဳးသန႔္၊ ေျမဩဇာႏွင့္ နည္းပညာမ်ား ေထာက္ပံ့ေပးရန္လိုေၾကာင္း၊ အထြက္ႏႈန္းတိုး၍ နည္းပညာျမင့္ ထုတ္ကုန္ မ်ား ထုတ္လုပ္ႏိုင္မွသာ စိုက္ပ်ိဳးသည့္ ေတာင္သူမ်ား ဝင္ေငြပိုမိုရရွိမည္ျဖစ္ၿပီး လူမႈဘဝ တိုးတက္ျမင့္မားလာမည္ျဖစ္ေၾကာင္း။

ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ားႏွင့္စပ္လ်ဥ္း၍ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္းမ်ားသည္ ျမန္မာ့ပညာေရးစနစ္အတြက္ ေခတ္အဆက္ဆက္မ်ားစြာ အေထာက္ အကူျပဳခဲ့ေၾကာင္း၊ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား အဆင္ေျပစြာ ပညာသင္ၾကား ႏိုင္ေရးအတြက္ လိုအပ္သည္မ်ားကို ပံ့ပိုးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဆရာဝန္၊ သူနာျပဳမ်ား ခန႔္ထားေရးႏွင့္ပတ္သက္၍ လိုအပ္လ်က္ရွိသည့္ ေနရာေဒသမ်ားတြင္ ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ သက္ဆိုင္ရာက်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာနႏွင့္ ေပါင္းစပ္ညႇိႏႈိင္းေပးသြားမည္ျဖစ္ေၾကာင္း၊ အမ်ားျပည္သူ႐ုံးပိတ္ရက္မ်ား သတ္မွတ္ရာတြင္ လည္း ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ေမွ်ာ္မွန္းကာလုပ္ငန္းေဆာင္႐ြက္မႈမ်ား မထိခိုက္ေအာင္ ႏိုင္ငံတကာ ႏွင့္ ႏႈိင္းယွဥ္စဥ္းစားေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။