နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၁/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညား အောင်မိုးနှင့် ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစည်းအဝေးအဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေး အရ ဆန္ဒပြမှုများရှိလာကြောင်း၊ တာဝန်ယူရသည့်အခြေအနေအား အကြိမ်ကြိမ် ရှင်းလင်း ပြောကြားထားသော်လည်း နားလည်သဘောပေါက်သူများရှိသကဲ့သို့ နားမလည် သူများလည်းရှိကြောင်း၊ ယခုအခါဆူပူသောင်းကျန်းမှုများမှတစ်ဆင့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်လာကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများ၏ နယ်မြေများ အတွင်းဖောက်ခွဲ ဖျက်ဆီးရေးသင်တန်းများတက်ရောက်ခြင်း၊ မတရားအသင်းအဖြစ်ကြေငြာ ထားသည့် CRPH၊ NUG၊ PDF များဖွဲ့စည်း၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ပြီး ဖျက်ဆီးရေးလမ်းကြောင်း ပေါ်သို့ ရောက်ရှိလာကြကြောင်း၊ ပြည်သူများလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ပြည်သူ့လုံခြုံရေး စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းစဉ် ကာလကတည်းကပင် ရာနှုန်းပြည့်ငြိမ်းချမ်းရေးရရှိသည့် ဒီမိုကရေစီဖြင့်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခများအကြားမှပင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၁ ခုနှစ်တွင်ငြိမ်းချမ်းရေး အတွက်ဖိတ်ခေါ်၍ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ NCA လက်မှတ်မရေးထိုးမီကာလအတွင်း Gentleman Aggrement များဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သဘောတူညီချက်များရယူ ဆောင်ရွက်ခဲ့သည်များလည်းရှိကြောင်း။

မိမိတို့အနေဖြင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဝင်ရောက် တာဝန်ယူခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အား ဖျက်သိမ်းခြင်းမရှိကြောင်း၊ ၁၉၅၈ ခုနှစ်အိမ်စောင့်အစိုးရလက်ထက်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုဖျက်သိမ်းခြင်းမရှိဘဲ အခြေခံဥပဒေအား ပြင်ဆင်ချက်များဖြင့်သာ နိုင်ငံတော်အား တာဝန်ယူဆောင်ရွက်ပြီး ရွေးချယ်ခံအစိုးရ ဖဆပလကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ တာဝန်ယူချိန်ကာလ အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းခြင်းနှင့် ကတိကဝတ်ပေးထားသည့်အတိုင်း သန့်ရှင်းသည့်ရွေးကောက်ပွဲကျင်းပ၍ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာသည့်အချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအား ဖျက်သိမ်းခဲ့ပြီး တပ်မတော်မှ ဗဟိုဦးစီးစနစ်ဖြင့် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ် ရေး အာဏာများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် လမ်းစဉ်ပါတီအစိုးရက ဆိုရှယ်လစ်စနစ်ဖြင့်တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်တောင်းဆိုမှုများအရ နိုင်ငံ၏အုပ်ချုပ်မှုယန္တရားများ ပျက်စီးခဲ့ရပြီးတပ်မတော်မှ ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။

မိမိတို့ယခုတာဝန်ယူ ဆောင်ရွက်နေခြင်းသည် အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာ ထိန်း ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် အာမခံချက်ရှိစေရန် အတွက် ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပါတီပေါင်း ၉၀ ကျော်ရှိကြောင်း၊ အခြားနိုင်ငံများတွင် မိမိတို့နိုင်ငံကဲ့သို့ ပါတီများစွာမရှိကြောင်း၊ ပါတီများဖွဲ့စည်းရာတွင် နိုင်ငံရေးကိုအခြေခံသည့်ပါတီ၊ ဒေသကိုအခြေခံသည့်ပါတီ၊ တိုင်းရင်းသားကို အခြေခံသည့် ပါတီများရှိကြောင်း၊ နိုင်ငံရေးဆောင်ရွက်ရာတွင် သဘောထားကွဲလွဲနေ၍မရဘဲ စည်းလုံး ညီညွတ်မှုရှိစွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ညီညွတ်မှုမရှိပါက တည်ငြိမ်းအေးချမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် နိုင်ငံရေးဆောင်ရွက်သူများ၊ မီဒီယာများအနေဖြင့် သတင်းမှားများကို သွေးထိုးလှုံ့ဆော်မှုများမပြုလုပ်ရန်လိုကြောင်း၊ လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်လိုအပ်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း။

မိမိတို့ကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာ ပေါများစေရန်၊ ယိမ်းယိုင်နေသည့် စီးပွားရေးများပြန်လည် ကောင်းမွန်အောင်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ပစ်ပယ်ထား၍မရကြောင်း၊ ကျေးလက်စီးပွားရေးမြှင့်တင်ရေး အတွက် ပြည်နယ်နှင့်တိုင်း ဆင်းရဲချမ်းသာကွာဟမှုကို လျှော့ချရေးဆောင်ရွက်ရာတွင် ပြည်နယ်များကိုဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစိုက်ပျိုးရေးမှာ ဆန်စပါး၊ ပဲနှင့် ဆီထွက်သီးနှံများဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ထို့အတူရပ်နားထားသည့် ပြည်တွင်းကုန် ထုတ်လုပ်ရေးစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက်လည်း တွန်းအားပေးဆောင်ရွက် ရန်လိုကြောင်း၊ စက်မှုကုန်ကြမ်းများ ထုတ်လုပ်နိုင်သည့် ဝါနှင့် ဝါးစိုက်ပျိုးရေးလုပ်ငန်းများ ကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသများတွင်လည်း အုန်းစိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်၍ အုန်းထွက်ပစ္စည်းများ ထုတ်လုပ်ကာ နိုင်ငံတကာသို့တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ၏ဝင်ငွေတိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိစေရေး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကိုအကျိုးရှိစွာအသုံးချ၍ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ အလားတူ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “ညီညွတ်ခြင်းသည် အင်အား” ဆိုသည့်အတိုင်း အစိုးရ၊ ပါတီများနှင့် နိုင်ငံသားအားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရာတွင် လုံခြုံရေးကိုထိရောက်စွာဆောင်ရွက်ပေးရေးကိစ္စ၊ အချို့မြို့နယ်များတွင် စစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြန်နိုင်ရေး၊ မသမာသည့်ရည်ရွယ်ချက်ဖြင့် ငွေကြေးအမြောက်အများကို လက်ဝယ်ထိန်းသိမ်းထားရှိသူများအား စိစစ်ဖော်ထုတ် အရေးယူနိုင်ရေး၊ မီဒီယာတုံ့ပြန်မှု လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထု၏ လုံခြုံမှုအတွက် ပြည်သူ့ အင်အားဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ ဘဏ်လုပ်ငန်းစနစ်နှင့် ငွေကြေးစီးဆင်းမှုကို ထိခိုက်အောင်ဆောင်ရွက်နေသူများအား ရှာဖွေဖော်ထုတ်အရေးယူရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသအလိုက် ရပ်/ကျေး ဉက္ကဋ္ဌနှင့်အဖွဲဝင်များ၊ မိသားစုဝင်များ လုံခြုံရေး အတွက် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးရေး၊ လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုး တိုးတက်စေရန် ဌာနအလိုက်အလုပ် ရုံဆွေးနွေးပွဲများစဉ်ဆက်မပြတ် ဆောင်ရွက်ပေး နိုင်ရေး၊ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် စီမံကိန်းတစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ တောင်ပေါ်ဒေသများတွင် ကုန်းမြင့် လယ်ယာဖော်ထုတ်ရေး၊ ဌာနများအလိုက် လစ်လပ် သွားသည့် ရာထူးနေရာများတွင် ပြန်လည်ဖြည့်ဆည်းခန့်ထားနိုင်ရေး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိန်းမြို့နယ် အတွင်း တရားမဝင်ရွှေသတ္တုတူးဖော်နေမှုများအား ထိန်းသိမ်းပေးနိုင်ရေးနှင့် သောက်သုံးရေ အခက်အခဲ ရှိသည့်ကျေးရွာများ၌ စက်ရေတွင်းများ တူးဖော်ပေးနိုင်ရေးတို့ကို ဆွေးနွေး တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက ဘဏ်လုပ်ငန်း များနှင့် ငွေကြေးစီးဆင်းမှုများကို ပြည်သူလူထုယုံကြည်မှုရှိအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်၏ အခွန်စနစ်နှင့်ပတ်သက်၍ ဉပဒေနှင့်အညီဆောင်ရွက်လျက် ရှိကြောင်း၊ရပ်/ကျေးဉက္ကဋ္ဌများနှင့်ပတ်သက်၍ လုံခြုံရေးအတွက် စီမံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားရမည်ဖြစ်ကြောင်း၊ မြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်နိုင်ရေးအတွက် စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မီဒီယာတုံ့ပြန် မှုလျင်မြန်စေရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ NGO၊ INGO များနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများအနေဖြင့် ပြန်လည်စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန် လိုကြောင်း၊ ဝန်ကြီးဌာနအလိုက် လစ်လပ်ဝန်ထမ်းများပြန်လည် ခန့်ထားရေးနှင့်ပတ်သက်၍ နိုင်ငံ့ ဝန်ထမ်းဉပဒေ၊ နည်းဉပဒေ၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ များနှင့်အညီပြန်လည်စိစစ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒေသအလိုက် လိုအပ်ချက်များ နှင့်စပ်လျဉ်း၍ ပြည်နယ်များ၏ လိုအပ်ချက်ကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။

“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် အတိုင်း စာသင်ကျောင်းမှ အမျိုးသားစည်းကမ်းများကို ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ပညာသင်ကြားရေးကိုသာ အလေးထားစေလိုကြောင်း၊ သူ့နေရာနှင့်သူသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိကအားဖြင့် ပြည်သူများ အနေဖြင့် ဥပဒေကိုနားလည်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တက္ကသိုလ်၊ ကောလိပ်များတွင် ဥပဒေပညာရပ်များ သင်ကြားရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေအားလေးစားလိုက်နာခြင်းမရှိပါက တရားဥပဒေစိုးမိုးရေး မဖြစ်နိုင်သကဲ့သို့ လွတ်လပ်ပြီးတရားမျှတသည့် သန့်ရှင်းသည့် ဒီမိုကရေစီစနစ်မဖြစ်နိုင် ကြောင်း၊ နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးအတွက် ပညာတတ်များ ပေါကြွယ်ဝအောင် ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူများပညာတတ်ဖြစ်စေရေးသည် အရေးကြီးသဖြင့် အထူးအလေးအနက်ထား ဆောင်ရွက်ရမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်ရှိမှသာ နိုင်ငံကြီးပွားတိုးတက်မည်ဖြစ်ပြီး နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်ရှိရန်အတွက် ပညာရေးတွင် အခြေခံကောင်းရန်လိုအပ် ကြောင်း၊ ပြည်သူလူထု လက်ရှိအချိန်တွင်ကြုံတွေ့နေရသည့် စီးပွားရေးနှင့် စားသောက်ရေး များအဆင်ပြေစေရန်အတွက် စားရေရိက္ခာများ ပေါများအောင် ဆောင်ရွက်နေချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်လိုအပ်သည်များကို အကြံပြုဆွေးနွေး တိုက်တွန်း ပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝး (၁၁/၂၀၂၁)သို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ ေမ ၂၄

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၁၁/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္း တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ေဒါက္တာ ဗညား ေအာင္မိုးႏွင့္ ဦးေ႐ႊႀကိမ္း၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး တို႔ တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အစည္းအေဝးအဖြင့္အမွာစကား ေျပာၾကားရာတြင္ မိမိတို႔တာဝန္ယူၿပီးေနာက္ပိုင္း ႏိုင္ငံေရး အရ ဆႏၵျပမႈမ်ားရွိလာေၾကာင္း၊ တာဝန္ယူရသည့္အေျခအေနအား အႀကိမ္ႀကိမ္ ရွင္းလင္း ေျပာၾကားထားေသာ္လည္း နားလည္သေဘာေပါက္သူမ်ားရွိသကဲ့သို႔ နားမလည္ သူမ်ားလည္းရွိေၾကာင္း၊ ယခုအခါဆူပူေသာင္းက်န္းမႈမ်ားမွတစ္ဆင့္ အဖ်က္အေမွာင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္လာေၾကာင္း၊ လက္နက္ကိုင္ေသာင္းက်န္းသူမ်ား၏ နယ္ေျမမ်ား အတြင္းေဖာက္ခြဲ ဖ်က္ဆီးေရးသင္တန္းမ်ားတက္ေရာက္ျခင္း၊ မတရားအသင္းအျဖစ္ေၾကျငာ ထားသည့္ CRPH၊ NUG၊ PDF မ်ားဖြဲ႕စည္း၍ အၾကမ္းဖက္လုပ္ငန္းမ်ားေဆာင္႐ြက္ၿပီး ဖ်က္ဆီးေရးလမ္းေၾကာင္း ေပၚသို႔ ေရာက္ရွိလာၾကေၾကာင္း၊ ျပည္သူမ်ားလုံၿခဳံေရးအတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ အဖြဲ႕အစည္းမ်ားပူးေပါင္း၍ ျပည္သူ႔လုံၿခဳံေရး စနစ္ျဖင့္ ပူးေပါင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

၂၀၁၁ ခုႏွစ္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ စတင္ေလွ်ာက္လွမ္းစဥ္ ကာလကတည္းကပင္ ရာႏႈန္းျပည့္ၿငိမ္းခ်မ္းေရးရရွိသည့္ ဒီမိုကေရစီျဖင့္ေဆာင္႐ြက္ခဲ့ျခင္း မဟုတ္ဘဲ လက္နက္ကိုင္ပဋိပကၡမ်ားအၾကားမွပင္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ၂၀၁၁ ခုႏွစ္တြင္ၿငိမ္းခ်မ္းေရး အတြက္ဖိတ္ေခၚ၍ ညႇိႏႈိင္းေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္တြင္ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ကို လက္မွတ္ ေရးထိုးႏိုင္ခဲ့ေၾကာင္း၊ NCA လက္မွတ္မေရးထိုးမီကာလအတြင္း Gentleman Aggrement မ်ားျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ သေဘာတူညီခ်က္မ်ားရယူ ေဆာင္႐ြက္ခဲ့သည္မ်ားလည္းရွိေၾကာင္း။

မိမိတို႔အေနျဖင့္ လိုအပ္ခ်က္အရ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ဝင္ေရာက္ တာဝန္ယူျခင္းျဖစ္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)အား ဖ်က္သိမ္းျခင္းမရွိေၾကာင္း၊ ၁၉၅၈ ခုႏွစ္အိမ္ေစာင့္အစိုးရလက္ထက္တြင္ ပါလီမန္ဒီမိုကေရစီစနစ္ကိုဖ်က္သိမ္းျခင္းမရွိဘဲ အေျခခံဥပေဒအား ျပင္ဆင္ခ်က္မ်ားျဖင့္သာ ႏိုင္ငံေတာ္အား တာဝန္ယူေဆာင္႐ြက္ၿပီး ေ႐ြးခ်ယ္ခံအစိုးရ ဖဆပလကို ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း၊ တာဝန္ယူခ်ိန္ကာလ အတြင္း လက္နက္ကိုင္ပဋိပကၡမ်ားေျဖရွင္းျခင္းႏွင့္ ကတိကဝတ္ေပးထားသည့္အတိုင္း သန႔္ရွင္းသည့္ေ႐ြးေကာက္ပြဲက်င္းပ၍ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း၊ ၁၉၆၂ ခုႏွစ္ ေတာ္လွန္ေရးေကာင္စီ တက္လာသည့္အခ်ိန္တြင္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒအား ဖ်က္သိမ္းခဲ့ၿပီး တပ္မေတာ္မွ ဗဟိုဦးစီးစနစ္ျဖင့္ ဥပေဒျပဳေရး၊ တရားစီရင္ေရးႏွင့္ အုပ္ခ်ဳပ္ ေရး အာဏာမ်ားျဖင့္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ၁၉၇၄ ခုႏွစ္တြင္ ၁၉၇၄ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒျဖင့္ လမ္းစဥ္ပါတီအစိုးရက ဆိုရွယ္လစ္စနစ္ျဖင့္တာဝန္ယူေဆာင္႐ြက္ခဲ့ေၾကာင္း၊ ၁၉၈၈ ခုႏွစ္တြင္ ပါတီစုံဒီမိုကေရစီစနစ္ေတာင္းဆိုမႈမ်ားအရ ႏိုင္ငံ၏အုပ္ခ်ဳပ္မႈယႏၲရားမ်ား ပ်က္စီးခဲ့ရၿပီးတပ္မေတာ္မွ ဝင္ေရာက္ထိန္းသိမ္းေဆာင္႐ြက္ခဲ့ရေၾကာင္း။

မိမိတို႔ယခုတာဝန္ယူ ေဆာင္႐ြက္ေနျခင္းသည္ အာဏာသိမ္းျခင္းမဟုတ္ဘဲ အာဏာ ထိန္း ေဆာင္႐ြက္ေနျခင္းသာ ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္ အာမခံခ်က္ရွိေစရန္ အတြက္ ထိန္းသိမ္းေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ပါတီေပါင္း ၉၀ ေက်ာ္ရွိေၾကာင္း၊ အျခားႏိုင္ငံမ်ားတြင္ မိမိတို႔ႏိုင္ငံကဲ့သို႔ ပါတီမ်ားစြာမရွိေၾကာင္း၊ ပါတီမ်ားဖြဲ႕စည္းရာတြင္ ႏိုင္ငံေရးကိုအေျခခံသည့္ပါတီ၊ ေဒသကိုအေျခခံသည့္ပါတီ၊ တိုင္းရင္းသားကို အေျခခံသည့္ ပါတီမ်ားရွိေၾကာင္း၊ ႏိုင္ငံေရးေဆာင္႐ြက္ရာတြင္ သေဘာထားကြဲလြဲေန၍မရဘဲ စည္းလုံး ညီၫြတ္မႈရွိစြာျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ညီၫြတ္မႈမရွိပါက တည္ၿငိမ္းေအးခ်မ္းေရး လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ အခက္အခဲမ်ားျဖစ္ေပၚေစမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရွိေစရန္အတြက္ ႏိုင္ငံေရးေဆာင္႐ြက္သူမ်ား၊ မီဒီယာမ်ားအေနျဖင့္ သတင္းမွားမ်ားကို ေသြးထိုးလႈံ႕ေဆာ္မႈမ်ားမျပဳလုပ္ရန္လိုေၾကာင္း၊ လုံၿခဳံေရးအရတည္ၿငိမ္ ေအးခ်မ္းမႈရွိရန္အတြက္ တိုင္းရင္းသားလက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းရန္လိုအပ္သျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း။

မိမိတို႔ေကာင္စီအေနျဖင့္ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေစရန္ႏွင့္ ႏိုင္ငံအတြင္း စားေရရိကၡာ ေပါမ်ားေစရန္၊ ယိမ္းယိုင္ေနသည့္ စီးပြားေရးမ်ားျပန္လည္ ေကာင္းမြန္ေအာင္ေဆာင္႐ြက္ ေပးရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံရွိ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းခန႔္သည္ ေက်းလက္ေန ျပည္သူမ်ားျဖစ္သျဖင့္ ေက်းလက္ေနျပည္သူမ်ား၏ စီးပြားေရးလုပ္ငန္းမ်ားျဖစ္သည့္ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားကို ပစ္ပယ္ထား၍မရေၾကာင္း၊ ေက်းလက္စီးပြားေရးျမႇင့္တင္ေရး အတြက္ ျပည္နယ္ႏွင့္တိုင္း ဆင္းရဲခ်မ္းသာကြာဟမႈကို ေလွ်ာ့ခ်ေရးေဆာင္႐ြက္ရာတြင္ ျပည္နယ္မ်ားကိုဦးစားေပးေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အဓိကစိုက္ပ်ိဳးေရးမွာ ဆန္စပါး၊ ပဲႏွင့္ ဆီထြက္သီးႏွံမ်ားျဖစ္ေၾကာင္း၊ ေဒသႏွင့္ကိုက္ညီသည့္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္လိုအပ္ေၾကာင္း၊ ထို႔အတူရပ္နားထားသည့္ ျပည္တြင္းကုန္ ထုတ္လုပ္ေရးစက္႐ုံမ်ား ျပန္လည္လည္ပတ္ႏိုင္ေရးအတြက္လည္း တြန္းအားေပးေဆာင္႐ြက္ ရန္လိုေၾကာင္း၊ စက္မႈကုန္ၾကမ္းမ်ား ထုတ္လုပ္ႏိုင္သည့္ ဝါႏွင့္ ဝါးစိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ကိုလည္း အားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပင္လယ္ကမ္း႐ိုးတန္းေဒသမ်ားတြင္လည္း အုန္းစိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္၍ အုန္းထြက္ပစၥည္းမ်ား ထုတ္လုပ္ကာ ႏိုင္ငံတကာသို႔တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ႏိုင္ငံ၏ဝင္ေငြတိုးတက္ေရးအတြက္ စဥ္းစားေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

လွ်ပ္စစ္ဓာတ္အားဖူလုံစြာရရွိေစေရး ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ျဖစ္သည့္ ေရအားလွ်ပ္စစ္ ဓာတ္အားထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားရန္လိုအပ္ၿပီး သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈမရွိေအာင္ အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ေရကိုအက်ိဳးရွိစြာအသုံးခ်၍ လွ်ပ္စစ္ဓာတ္အားဖူလုံစြာရရွိႏိုင္မွသာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မည္ ျဖစ္ေၾကာင္း၊ အလားတူ ျမစ္ေရတင္လုပ္ငန္းမ်ားေဆာင္႐ြက္၍ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို တိုးတက္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ “ညီၫြတ္ျခင္းသည္ အင္အား” ဆိုသည့္အတိုင္း အစိုးရ၊ ပါတီမ်ားႏွင့္ ႏိုင္ငံသားအားလုံး ညီညီၫြတ္ၫြတ္ျဖင့္ ေဆာင္႐ြက္ျခင္းျဖင့္ ႏိုင္ငံ၏လိုအပ္ခ်က္ မ်ားကို ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ေဒါက္တာ ဗညားေအာင္မိုးႏွင့္ ဦးေ႐ႊႀကိမ္းတို႔က အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ ရာတြင္ လုံၿခဳံေရးကိုထိေရာက္စြာေဆာင္႐ြက္ေပးေရးကိစၥ၊ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ စစ္အုပ္ခ်ဳပ္ ေရးအမိန႔္ထုတ္ျပန္ႏိုင္ေရး၊ မသမာသည့္ရည္႐ြယ္ခ်က္ျဖင့္ ေငြေၾကးအေျမာက္အမ်ားကို လက္ဝယ္ထိန္းသိမ္းထားရွိသူမ်ားအား စိစစ္ေဖာ္ထုတ္ အေရးယူႏိုင္ေရး၊ မီဒီယာတုံ႔ျပန္မႈ လ်င္ျမန္သြက္လက္စြာ ေဆာင္႐ြက္ႏိုင္ေရး၊ ျပည္သူလူထု၏ လုံၿခဳံမႈအတြက္ ျပည္သူ႔ အင္အားျဖင့္ ဖြဲ႕စည္းေဆာင္႐ြက္ႏိုင္ေရး၊ ဘဏ္လုပ္ငန္းစနစ္ႏွင့္ ေငြေၾကးစီးဆင္းမႈကို ထိခိုက္ေအာင္ေဆာင္႐ြက္ေနသူမ်ားအား ရွာေဖြေဖာ္ထုတ္အေရးယူေရး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ေဒသအလိုက္ ရပ္/ေက်း ဉကၠ႒ႏွင့္အဖြဲဝင္မ်ား၊ မိသားစုဝင္မ်ား လုံၿခဳံေရး အတြက္ အကာအကြယ္ေပးႏိုင္ရန္ ေဆာင္႐ြက္ေပးေရး၊ လူ႔စြမ္းအားအရင္း အျမစ္မ်ားဖြံ႕ၿဖိဳး တိုးတက္ေစရန္ ဌာနအလိုက္အလုပ္ ႐ုံေဆြးေႏြးပြဲမ်ားစဥ္ဆက္မျပတ္ ေဆာင္႐ြက္ေပး ႏိုင္ေရး၊ရခိုင္ျပည္နယ္အတြင္း ေသာက္သုံးေရ လုံေလာက္စြာရရွိေရးအတြက္ စီမံကိန္းတစ္ရပ္ ခ်မွတ္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရး၊ ေတာင္ေပၚေဒသမ်ားတြင္ ကုန္းျမင့္ လယ္ယာေဖာ္ထုတ္ေရး၊ ဌာနမ်ားအလိုက္ လစ္လပ္ သြားသည့္ ရာထူးေနရာမ်ားတြင္ ျပန္လည္ျဖည့္ဆည္းခန႔္ထားႏိုင္ေရး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မိုးမိတ္ခ႐ိုင္ မဘိန္းၿမိဳ႕နယ္ အတြင္း တရားမဝင္ေ႐ႊသတၱဳတူးေဖာ္ေနမႈမ်ားအား ထိန္းသိမ္းေပးႏိုင္ေရးႏွင့္ ေသာက္သုံးေရ အခက္အခဲ ရွိသည့္ေက်း႐ြာမ်ား၌ စက္ေရတြင္းမ်ား တူးေဖာ္ေပးႏိုင္ေရးတို႔ကို ေဆြးေႏြး တင္ျပၾကသည္။

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဉကၠ႒က ဘဏ္လုပ္ငန္း မ်ားႏွင့္ ေငြေၾကးစီးဆင္းမႈမ်ားကို ျပည္သူလူထုယုံၾကည္မႈရွိေအာင္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ ႏိုင္ငံေတာ္၏ အခြန္စနစ္ႏွင့္ပတ္သက္၍ ဉပေဒႏွင့္အညီေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ရပ္/ေက်းဉကၠ႒မ်ားႏွင့္ပတ္သက္၍ လုံၿခဳံေရးအတြက္ စီမံေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း၊ လူ႔စြမ္းအား အရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဝန္ႀကီးဌာနမ်ားအလိုက္ အလုပ္႐ုံေဆြးေႏြးပြဲမ်ား က်င္းပသြားရမည္ျဖစ္ေၾကာင္း၊ ၿမိဳ႕နယ္အခ်ိဳ႕တြင္ စစ္အုပ္ခ်ဳပ္ေရး အမိန႔္ထုတ္ျပန္ႏိုင္ေရးအတြက္ စိစစ္ေပးသြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔အစိုးရအေနျဖင့္ မီဒီယာတုံ႔ျပန္ မႈလ်င္ျမန္ေစေရးအတြက္ ဘက္ေပါင္းစုံမွ စဥ္းစားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံအတြင္းရွိ NGO၊ INGO မ်ားႏွင့္ ၎တို႔၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို သက္ဆိုင္ရာ ဝန္ႀကီး ဌာနမ်ားအေနျဖင့္ ျပန္လည္စိစစ္ၾကပ္မတ္ ေဆာင္႐ြက္သြားရန္ လိုေၾကာင္း၊ ဝန္ႀကီးဌာနအလိုက္ လစ္လပ္ဝန္ထမ္းမ်ားျပန္လည္ ခန႔္ထားေရးႏွင့္ပတ္သက္၍ ႏိုင္ငံ့ ဝန္ထမ္းဉပေဒ၊ နည္းဉပေဒ၊ ဝန္ထမ္းစည္းမ်ဥ္း၊ စည္းကမ္း၊ မ်ားႏွင့္အညီျပန္လည္စိစစ္ ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ ေဒသအလိုက္ လိုအပ္ခ်က္မ်ား ႏွင့္စပ္လ်ဥ္း၍ ျပည္နယ္မ်ား၏ လိုအပ္ခ်က္ကို ဦးစားေပးျဖည့္ဆည္း ေဆာင္႐ြက္ေပး သြားမည္ျဖစ္ေၾကာင္း။

“အမ်ိဳးသားစည္းကမ္းအစ စာသင္ေက်ာင္းက” ဆိုသည့္ အတိုင္း စာသင္ေက်ာင္းမွ အမ်ိဳးသားစည္းကမ္းမ်ားကို ေဆာင္႐ြက္ေပးႏိုင္ရန္ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ ေက်ာင္းစည္းကမ္းမ်ားကို လိုက္နာရန္လိုေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအေနျဖင့္ ပညာသင္ၾကားေရးကိုသာ အေလးထားေစလိုေၾကာင္း၊ သူ႔ေနရာႏွင့္သူသာ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ တရားဥပေဒစိုးမိုးေရးအတြက္ အဓိကအားျဖင့္ ျပည္သူမ်ား အေနျဖင့္ ဥပေဒကိုနားလည္ရန္ အေရးႀကီးေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္ တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ ဥပေဒပညာရပ္မ်ား သင္ၾကားေရး ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ ဥပေဒအားေလးစားလိုက္နာျခင္းမရွိပါက တရားဥပေဒစိုးမိုးေရး မျဖစ္ႏိုင္သကဲ့သို႔ လြတ္လပ္ၿပီးတရားမွ်တသည့္ သန႔္ရွင္းသည့္ ဒီမိုကေရစီစနစ္မျဖစ္ႏိုင္ ေၾကာင္း၊ ႏိုင္ငံအတြင္းတရားဥပေဒစိုးမိုးေရးအတြက္ ပညာတတ္မ်ား ေပါႂကြယ္ဝေအာင္ ေဆာင္႐ြက္ျခင္းႏွင့္ အသိပညာေပးျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားပညာတတ္ျဖစ္ေစေရးသည္ အေရးႀကီးသျဖင့္ အထူးအေလးအနက္ထား ေဆာင္႐ြက္ရမည့္ ကိစၥရပ္တစ္ခုျဖစ္ေၾကာင္း၊ ႏိုင္ငံသားတိုင္း ႏိုင္ငံေကာင္းေအာင္ ေဆာင္႐ြက္လိုသည့္စိတ္ဓာတ္ရွိမွသာ ႏိုင္ငံႀကီးပြားတိုးတက္မည္ျဖစ္ၿပီး ႏိုင္ငံေကာင္းေအာင္ ေဆာင္႐ြက္လိုသည့္စိတ္ဓာတ္ရွိရန္အတြက္ ပညာေရးတြင္ အေျခခံေကာင္းရန္လိုအပ္ ေၾကာင္း၊ ျပည္သူလူထု လက္ရွိအခ်ိန္တြင္ႀကဳံေတြ႕ေနရသည့္ စီးပြားေရးႏွင့္ စားေသာက္ေရး မ်ားအဆင္ေျပေစရန္အတြက္ စားေရရိကၡာမ်ား ေပါမ်ားေအာင္ ေဆာင္႐ြက္ေနခ်ိန္တြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္လိုအပ္သည္မ်ားကို အႀကံျပဳေဆြးေႏြး တိုက္တြန္း ေပးၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

 

 

 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။