တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော်၊ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လာအုိျပည္သူ႕တပ္မေတာ္၊ လာအုိ အမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lt. Gen. Chansamone Chanyalath အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိေဇယ်ာသီရိ ဗိမာန္ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိအမ်ိဳးသားကာကြယ္ေရး ၀န္ႀကီးတုိ႔သည္ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို လုိက္လံၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီးႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔သည္ အခမ္းအနားတက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားကို အျပန္အလွန္မိတ္ဆက္ေပးၾကသည္။

အဆိုပါဂုဏ္ျပဳႀကဳိဆိုပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီးခင္ေအာင္ျမင့္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံ ဆုိင္ရာ လာအုိႏုိင္ငံသံအမတ္ႀကီး H.E. Mr. Lyying SAYAXANG ၊ လာအုိျပည္သူ႕ တပ္မေတာ္မွ အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာလာအုိႏုိင္ငံစစ္သံမွဴးတုိ႔ တက္ေရာက္ ၾကသည္။

ထုိ႔ေနာက္ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီးသည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြး ၾကသည္။

ထုိသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-လာအုိ ႏွစ္ႏုိင္ငံသည္ အိမ္နီးခ်င္းမိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံယဥ္ေက်းမႈႏွင့္ သမုိင္းအေၾကာင္းအရာမ်ားတူညီမႈ ရွိေၾကာင္း၊ ရခုိင္ျပည္နယ္ အတြင္းျဖစ္ပြားခဲ့သည့္ ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားျဖစ္ပြားၿပီးေနာက္ အေျခအေနမွန္မ်ားကုိသိရွိၿပီး ႏုိင္ငံတကာ မ်က္ႏွာစာတြင္ ျမန္မာႏုိင္ငံဘက္မွရပ္တည္ေဆာင္ရြက္ေပးသည့္အတြက္အထူးပင္ ေက်းဇူးတင္ရွိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ဧည့္သည္ေတာ္၀န္ႀကီးက ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားႏွင့္ ပတ္သက္၍ မိမိတုိ႔အေနျဖင့္မ်ားစြာစိတ္မေကာင္း ျဖစ္ရပါေၾကာင္း၊ ျမန္မာႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္မွေျဖရွင္း ေဆာင္ရြက္ေနမႈမ်ားကုိလည္း နားလည္သိရွိေထာက္ခံပါေၾကာင္း၊ ယခုကဲ့သုိ႔ခ်စ္ၾကည္ေရးခရီးစဥ္ လာေရာက္ျခင္းျဖင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပုိမုိတုိး တက္လာမည္ျဖစ္ေၾကာင္းေျပာၾကားၿပီး လာအုိျပည္သူ႕တပ္မေတာ္၏ ႏုိင္ငံေတာ္ ကာကြယ္ေရးတာ၀န္ မ်ားထမ္းေဆာင္ေနမႈအေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ပူးေပါင္း ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ေဆြးေႏြးေျပာၾကားသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိလာအုိႏုိင္ငံသုိ႔ခ်စ္ၾကည္ေရး ခရီးလာေရာက္စဥ္က လာအုိ ႏုိင္ငံ၏ဖြံ႕ၿဖိဳးတုိးတက္မႈမ်ားကုိေတြ႕ျမင္ခဲ့ရေၾကာင္း၊ လာအုိျပည္သူ႕တပ္မေတာ္၏ ႏုိင္ငံ့အက်ိဳးျပဳလုပ္ငန္း မ်ားေဆာင္ရြက္ေနမႈကိုသိရွိရသည့္အတြက္ လည္းဂုဏ္ယူပါေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္လည္း ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ကုိအဓိကထားေဆာင္ရြက္လ်က္ရွိၿပီး လြတ္လပ္ေရးျပန္လည္မဆုံး႐ႈံးေစရန္၊ အခ်ဳပ္အျခာအာဏာမဆုံး႐ႈံးေစရန္ႏွင့္ တုိင္းရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲေစရန္အတြက္ ဒို႔တာ၀န္ အေရး(၃)ပါးကုိ ဦးထိပ္ထားကာကြယ္ေစာင့္ေရွာက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ႏုိင္ရန္အတြက္ မိမိတုိ႔ တပ္မေတာ္ကုိ စြမ္းရည္၊ စြမ္းအားရွိေသာ ေခတ္မီတပ္မေတာ္ Standard Army ျဖစ္ေအာင္ တည္ေဆာက္ လ်က္ရွိေၾကာင္း၊ လြပ္လပ္ေရးရရွိၿပီးေနာက္ပုိင္း ျပည္တြင္းေသာင္းက်န္းမႈမ်ားကုိ တပ္မေတာ္မွႏွိမ္နင္းခဲ့ရၿပီး ယခုအခ်ိန္တြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းလ်က္ရွိ ေၾကာင္းရွင္းလင္း ေျပာၾကားသည္။

ဆက္လက္ၿပီး ျမန္မာ့တပ္မေတာ္ေနျဖင့္ အိမ္နီးခ်င္းႏုိင္ငံမ်ား၏တပ္မေတာ္မ်ား ႏွင့္ ခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္း ေဆာင္ရြက္မႈမ်ားျပဳလုပ္ခဲ့သည့္အတြက္ နယ္စပ္ေဒသ မ်ားတြင္ ျပႆနာမ်ားမရွိေတာ့ေၾကာင္း၊ ျမန္မာ-လာအုိ ႏွစ္ႏုိင္ငံနယ္စပ္ ေဒသသည္ လည္းတည္ၿငိမ္ေအးခ်မ္းလ်က္ရွိေၾကာင္းေျပာၾကားသည္။ယင္းေနာက္ ျမန္မာႏုိင္ငံ ၏ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနခ်ိန္တြင္ ရခုိင္ျပည္နယ္အတြင္း အၾကမ္းဖက္ တုိက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း၊ ျဖစ္စဥ္အမွန္မ်ားအား ႏုိင္ငံတကာမွ မသိရွိသျဖင့္ သိရွိေအာင္ေဆာင္ရြက္ ေနေၾကာင္းရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္မႈႏွင့္ အဆင့္ အလုိက္ဆက္သြယ္ေဆာင္ရြက္ျခင္း၊ တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႔မ်ားႏွင့္ အားကစားအဖြဲ႔မ်ား၊ သင္တန္းသား မ်ားအျပန္အလွန္ ေစလႊတ္ျခင္းျဖင့္ တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံေရး ခုိင္မာတုိးတက္ေအာင္ေဆာင္ ရြက္ႏုိင္မည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတြင္ မူးယစ္ေဆး၀ါးျပႆနာႏွင့္ လူကုန္ကူးမႈျပႆနာ မ်ားမျဖစ္ေပၚေစေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေစရန္အတြက္ တပ္မေတာ္ႏွစ္ရပ္ၾကားပူးေပါင္း ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ သဘာ၀ေဘးအႏၲရာယ္မ်ားက်ေရာက္ခ်ိန္တြင္ အျပန္အလွန္အကူ အညီေပးေရးဆုိင္ရာ ကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္အတြင္း ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္ တုိက္ခုိက္မႈမ်ားေၾကာင့္ နယ္ေျမတည္ၿငိမ္မႈပ်က္ျပားၿပီး တပ္မေတာ္မွ ေျဖရွင္း ေဆာင္ရြက္ခဲ့မႈအေျခအေနမ်ား အားရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္း ဖလွယ္ေဆြးေႏြး ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ား ႏွင့္အတူစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။

ဆက္လက္ၿပီး လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံ၊ လာအုိျပည္သူ႕တပ္မေတာ္ ႏွင့္ ျပည္ေထာင္စု သမၼတႏုိင္ငံေတာ္၊ ျမန္မာ့တပ္မေတာ္တုိ႔အၾကား ပူးေပါင္းေဆာင္ရြက္ ေရးဆုိင္ရာ နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထုိးျခင္းအခမ္းအနားအားက်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lt. Gen. Chansamone Chanyalath ႏွင့္ လာအုိျပည္သူ႕တပ္မေတာ္မွအရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ ျပည္သူ႕စစ္ႏွင့္နယ္ျခားတပ္မ်ား ၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကား ေရးမွဴး ဗုိလ္ခ်ဳပ္ထင္ေမာ္ထြန္းႏွင့္ လာအုိျပည္သူ႕တပ္မေတာ္ စစ္ဦးစီးဌာန၏ ဒုတိယအႀကီးအကဲ Brig. Gen. SINGSAVATH PHOMMASAK တုိ႔က လာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံ၊ လာအုိျပည္သူ႕ တပ္မေတာ္ ႏွင့္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၊ ျမန္မာ့တပ္မေတာ္တုိ႔အၾကား ပူးေပါင္းေဆာင္ရြက္ေရး ဆုိင္ရာ နားလည္မႈ စာခြၽန္လႊာအား လက္မွတ္ေရးထုိးခဲ့ၾကၿပီး အျပန္အလွန္လဲလွယ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော်၊ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နို၀င်ဘာ – ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော်၊ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိ ဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသားကာကွယ်ရေး ၀န်ကြီးတို့သည်ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အခမ်းအနားတက်ရောက်လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများကို အပြန်အလှန်မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများတက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG ၊ လာအိုပြည်သူ့ တပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာလာအိုနိုင်ငံစစ်သံမှူးတို့ တက်ရောက် ကြသည်။

ထို့နောက် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးသည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေး ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-လာအို နှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် သမိုင်းအကြောင်းအရာများတူညီမှု ရှိကြောင်း၊ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အခြေအနေမှန်များကိုသိရှိပြီး နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှရပ်တည်ဆောင်ရွက်ပေးသည့်အတွက်အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

ယင်းနောက် ဧည့်သည်တော်ဝန်ကြီးက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့်များစွာစိတ်မကောင်း ဖြစ်ရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်မှဖြေရှင်း ဆောင်ရွက်နေမှုများကိုလည်း နားလည်သိရှိထောက်ခံပါကြောင်း၊ ယခုကဲ့သို့ချစ်ကြည်ရေးခရီးစဉ် လာရောက်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုး တက်လာမည်ဖြစ်ကြောင်းပြောကြားပြီး လာအိုပြည်သူ့တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးတာဝန် များထမ်းဆောင်နေမှုအခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြောကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိလာအိုနိုင်ငံသို့ချစ်ကြည်ရေး ခရီးလာရောက်စဉ်က လာအို နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကိုတွေ့မြင်ခဲ့ရကြောင်း၊ လာအိုပြည်သူ့တပ်မတော်၏ နိုင်ငံ့အကျိုးပြုလုပ်ငန်း များဆောင်ရွက်နေမှုကိုသိရှိရသည့်အတွက် လည်းဂုဏ်ယူပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုအဓိကထားဆောင်ရွက်လျက်ရှိပြီး လွတ်လပ်ရေးပြန်လည်မဆုံးရှုံးစေရန်၊ အချုပ်အခြာအာဏာမဆုံးရှုံးစေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန်အတွက် ဒို့တာဝန် အရေး(၃)ပါးကို ဦးထိပ်ထားကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တပ်မတော်ကို စွမ်းရည်၊ စွမ်းအားရှိသော ခေတ်မီတပ်မတော် Standard Army ဖြစ်အောင် တည်ဆောက် လျက်ရှိကြောင်း၊ လွပ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်းသောင်းကျန်းမှုများကို တပ်မတော်မှနှိမ်နင်းခဲ့ရပြီး ယခုအချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိ ကြောင်းရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး မြန်မာ့တပ်မတော်နေဖြင့် အိမ်နီးချင်းနိုင်ငံများ၏တပ်မတော်များ နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ခဲ့သည့်အတွက် နယ်စပ်ဒေသ များတွင် ပြဿနာများမရှိတော့ကြောင်း၊ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ဒေသသည် လည်းတည်ငြိမ်အေးချမ်းလျက်ရှိကြောင်းပြောကြားသည်။ယင်းနောက် မြန်မာနိုင်ငံ ၏ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်တွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်အမှန်များအား နိုင်ငံတကာမှ မသိရှိသဖြင့် သိရှိအောင်ဆောင်ရွက် နေကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှုနှင့် အဆင့် အလိုက်ဆက်သွယ်ဆောင်ရွက်ခြင်း၊ တပ်မတော် ယဉ်ကျေးမှုအဖွဲ့များနှင့် အားကစားအဖွဲ့များ၊ သင်တန်းသား များအပြန်အလှန် စေလွှတ်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေး ခိုင်မာတိုးတက်အောင်ဆောင် ရွက်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် မူးယစ်ဆေးဝါးပြဿနာနှင့် လူကုန်ကူးမှုပြဿနာ များမဖြစ်ပေါ်စေရေးနှင့် တည်ငြိမ်အေးချမ်းစေရန်အတွက် တပ်မတော်နှစ်ရပ်ကြားပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များကျရောက်ချိန်တွင် အပြန်အလှန်အကူ အညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နယ်မြေတည်ငြိမ်မှုပျက်ပြားပြီး တပ်မတော်မှ ဖြေရှင်း ဆောင်ရွက်ခဲ့မှုအခြေအနေများ အားရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက်လာကြသူများ နှင့်အတူစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လာအိုပြည်သူ့တပ်မတော် နှင့် ပြည်ထောင်စု သမ္မတနိုင်ငံတော်၊ မြန်မာ့တပ်မတော်တို့အကြား ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားအားကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath နှင့် လာအိုပြည်သူ့တပ်မတော်မှအရာရှိကြီးများတက်ရောက်ကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူး ဗိုလ်ချုပ်ထင်မော်ထွန်းနှင့် လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန၏ ဒုတိယအကြီးအကဲ Brig. Gen. SINGSAVATH PHOMMASAK တို့က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ တပ်မတော် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။