တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော်၊ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လာအုိျပည္သူ႕တပ္မေတာ္၊ လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး Lt. Gen. Chansamone Chanyalath အား ယေန႔ညပုိင္းတြင္ ေနျပည္ေတာ္ရွိ ေရႊနန္းေတာ္ ဟုိတယ္၌ ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံသည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူဇနီးေဒၚၾကဴၾကဴလွ၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီး ႏွင့္အတူဇနီး Lt. Col. Mrs. Khamsone Chanyalath ၊ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိ ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Lyying SAYAXANG ၊ လာအုိျပည္သူ႕တပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီးႏွင့္ဇနီး တုိ႕အား ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိအမ်ိဳးသား ကာကြယ္ေရး၀န္ႀကီးတုိ႔သည္ ႏႈတ္ခြန္းဆက္စကားမ်ား အသီးသီးေျပာၾကား၍ တက္ေရာက္လာၾကသူမ်ားႏွင့္ အတူ ဂုဏ္ျပဳညစာကို အတူတကြသုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈ ေအာက္ ျမ၀တီေတးဂီတအဖြဲ႕က ေတးသီခ်င္းမ်ား၊ အကပေဒသာမ်ားျဖင့္ သီဆိုကျပေဖ်ာ္ေျဖၾကၿပီး ညစာ သုံးေဆာင္အၿပီးတြင္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကသည္။ ထို႔ေနာက္ သီဆိုကျပေဖ်ာ္ေျဖၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားအား ဂုဏ္ျပဳပန္းျခင္းမ်ား အသီးသီးေပးအပ္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။

လာအုိအမ်ိဳးသားကာကြယ္ေရး၀န္ႀကီး ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ သူရဲေကာင္းဗိမာန္သုိ႔ သြားေရာက္၍ အထိမ္းအမွတ္ေက်ာက္တုိင္ေရွ႕၌ ဂုဏ္ျပဳ ပန္းျခင္းခ်ကာ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ရင္း အသက္စြန္႔လႊတ္ခဲ့ရသည့္ သူရဲေကာင္းမ်ားကို အေလးျပဳၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော်၊ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ နို၀င်ဘာ – ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော်၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး Lt. Gen. Chansamone Chanyalath အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး နှင့်အတူဇနီး Lt. Col. Mrs. Khamsone Chanyalath ၊ မြန်မာနိုင်ငံဆိုင်ရာ လာအို နိုင်ငံသံအမတ်ကြီး H.E. Mr. Lyying SAYAXANG ၊ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးနှင့်ဇနီး တို့အား ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးတို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြား၍ တက်ရောက်လာကြသူများနှင့် အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ညစာ သုံးဆောင်အပြီးတွင် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်သို့ သွားရောက်၍ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြု ပန်းခြင်းချကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့ရသည့် သူရဲကောင်းများကို အလေးပြုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။