တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping နှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ႏို၀င္ဘာ ၂၄

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ သမၼတ Mr. Xi Jinping ႏွင့္ ယေန႔ ညေနပုိင္းတြင္ ေပက်င္းၿမိဳ႕၊ ျပည္သူ႕ခန္းမေဆာင္ ႀကီးရွိဧည့္ခန္းမတြင္ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံ သံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္း တုိ႔တက္ေရာက္ၾကၿပီး တ႐ုတ္ႏုိင္ငံသမၼတႏွင့္အတူ တ႐ုတ္ႏုိင္ငံဗဟုိ စစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ႏွင့္တ႐ုတ္ ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွအရာရွိႀကီးမ်ားႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ထိုသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ယခုခရီးစဥ္သည္ ထူးျခားေအာင္ျမင္သည့္ခရီးစဥ္ ျဖစ္ေၾကာင္း တ႐ုတ္သမၼတ Mr. Xi Jinping က ေျပာၾကားၿပီး (၁၉)ႀကိမ္ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီ အေထြေထြညီလာခံ ေအာင္ျမင္စြာ က်င္းပႏုိင္ခဲ့ၿပီး ၂၀၅၀ ခုႏွစ္အထိ တ႐ုတ္ႏုိင္ငံဖြ႔ံၿဖိဳး တုိးတက္ေရးအတြက္ မူ၀ါဒလမ္းစဥ္မ်ားခ်မွတ္ႏိုင္မႈအေျခအေန၊ ႏွစ္ႏုိင္ငံစီးပြားေရးပူးေပါင္းေဆာင္ရြက္မႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ တပ္မေတာ္ဆက္ဆံေရးႏွင့္ အျပန္အလွန္ပူးေပါင္း ေဆာင္ရြက္ေရးဆက္လက္ေဆာင္ရြက္မည့္အေျခအေနမ်ား၊ ရခုိင္အေရးႏွင့္ပတ္သက္၍ ႏုိင္ငံတကာမ်က္ႏွာစာတြင္ တ႐ုတ္ႏုိင္ငံကျမန္မာႏုိင္ငံဘက္မွ ရပ္တည္ ေထာက္ခံ ေပးခဲ့သည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံအတြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား အျပန္အလွန္ရင္းႏွီးပြင့္လင္းစြာေဆြးေႏြးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် ယနေ့ ညနေပိုင်းတွင် ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင် ကြီးရှိဧည့်ခန်းမတွင်တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်း တို့တက်ရောက်ကြပြီး တရုတ်နိုင်ငံသမ္မတနှင့်အတူ တရုတ်နိုင်ငံဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng နှင့်တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ယခုခရီးစဉ်သည် ထူးခြားအောင်မြင်သည့်ခရီးစဉ် ဖြစ်ကြောင်း တရုတ်သမ္မတ Mr. Xi Jinping က ပြောကြားပြီး (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ၂၀၅၀ ခုနှစ်အထိ တရုတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒလမ်းစဉ်များချမှတ်နိုင်မှုအခြေအနေ၊ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်ဆက်ဆံရေးနှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံကမြန်မာနိုင်ငံဘက်မှ ရပ်တည် ထောက်ခံ ပေးခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။